Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 12, 2016

ေဒၚေအာင္ဆန္းစုၾကည္ အစုိးရအဖြဲ႔မွာ မပါဝင္ပဲ ပါတီကုိသာ ဦးေဆာင္သြားဖြယ္ရွိ

အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႕ရစဥ္။ Photo: Kyaw Zaw Win/RFA
ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ NLD ပါတီအစိုးရဖြဲ႔စည္းၿပီးခ်ိန္မွာ အစုိးအဖြဲ႔ထဲမွာ မပါပဲ ပါတီဥကၠဌအျဖစ္သာ ဆက္လက္ဦးေဆာင္ တာဝန္ယူသြားႏုိင္တယ္လို႔ NLD ထိပ္ပုိင္းေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးဥာဏ္ဝင္းက RFA ကို ဒီကေန႔ ေျပာၾကားလုိက္ပါတယ္။

၂ဝ၁၅ ေရြးေကာက္ပြဲမွာ NLD ပါတီ မဲအျပတ္အသတ္ အႏုိင္ရရွိခဲ့ေပမယ့္ ပါတီဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒအရ သမၼတ တာဝန္ယူခြင့္ ကန္႔သတ္ခံထားရတာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အစိုးရအဖြဲ႔အတြင္း ပါဝင္ႏုိင္မယ့္ အလားအလာနဲ႔ ပတ္သက္ၿပီး RFA က ေမးျမန္းရာမွာ  ဦးဥာဏ္ဝင္းက အခုလုိ ေျပာၾကားခဲ့တာပါ။

"အစိုးရအဖြဲ႔မွာ တာဝန္ယူမယ္ေတာ့ က်ေနာ္ေတာ့ မၾကားရေသးဘူး"

NLD ပါတီအေနနဲ႔ သမၼတနဲ႔ ဒုတိယသမၼတ ရာထူးေနရာေတြအတြက္ မတ္လ ၁ဝ ရက္ေန႔က အမည္စာရင္း တင္သြင္းခဲ့ၿပီး၊ ျပည္သူ႔လႊတ္ေတာ္မွာ ဦးထင္ေက်ာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္မွာ ဦးဟင္နရီဗန္ထီးယူတို႔ အေရြးခ်ယ္ခံထားရပါတယ္။ တပ္မေတာ္သား ကိုယ္စားလွယ္ေတြကေတာ့ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးျမင္႔ေဆြကို တင္သြင္းထားပါတယ္။ မတ္လ ၁၄ရက္ေန႔ က်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဆက္လက္ၿပီး သမၼတနဲ႔ ဒုတိယသမၼတ ၁ နဲ႔ ဒုတိယသမၼတ ၂ တို႔ကို ဆက္လက္ေရြးခ်ယ္မွာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD ပါတီအစိုးရဖွဲ့စည်းပြီးချိန်မှာ အစိုးအဖွဲ့ထဲမှာ မပါပဲ ပါတီဥက္ကဌအဖြစ်သာ ဆက်လက်ဦးဆောင် တာဝန်ယူသွားနိုင်တယ်လို့ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သမ္မတ တာဝန်ယူခွင့် ကန့်သတ်ခံထားရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့အတွင်း ပါဝင်နိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ  ဦးဉာဏ်ဝင်းက အခုလို ပြောကြားခဲ့တာပါ။

"အစိုးရအဖွဲ့မှာ တာဝန်ယူမယ်တော့ ကျနော်တော့ မကြားရသေးဘူး"

NLD ပါတီအနေနဲ့ သမ္မတနဲ့ ဒုတိယသမ္မတ ရာထူးနေရာတွေအတွက် မတ်လ ၁ဝ ရက်နေ့က အမည်စာရင်း တင်သွင်းခဲ့ပြီး၊ ပြည်သူ့လွှတ်တော်မှာ ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်မှာ ဦးဟင်နရီဗန်ထီးယူတို့ အရွေးချယ်ခံထားရပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်သွင်းထားပါတယ်။ မတ်လ ၁၄ရက်နေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ပြီး သမ္မတနဲ့ ဒုတိယသမ္မတ ၁ နဲ့ ဒုတိယသမ္မတ ၂ တို့ကို ဆက်လက်ရွေးချယ်မှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment