Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

ဘိလပ္ေျမ ျမန္ျမန္ေျခာက္ေအာင္ ေျခာက္ေဆး ၃ဆပုိထည့္ေသာအခါ

ရန္ကုန္ေဆးရံုႀကီး အေရးေပၚဌာန၏ ခဲြစိတ္ေစာင့္ၾကည့္ေဆာင္မွာ တာ၀န္က်ေနစဥ္ လူအုပ္တစ္စု၀င္လာရာ ၀န္ထမ္းမ်ားက လူနာတစ္ေယာက္ကုိ လူနာေစာင့္တစ္ေယာက္ပဲ၀င္ဖို ့သတိေပးေတာ ့သူတို ့အားလံုး လူနာေတြျဖစ္ေၾကာင္းေျပာ၏။
ေရတြက္လိုက္ေတာ ့စုစုေပါင္း ၈ေယာက္။ ထုိေန ့မနက္ခင္း ဆရာ၀န္ေတြေရာ သူနာျပဳေတြပါ အားလံုးလႈပ္လႈပ္ရွားျဖစ္သြားၾကသည္။ ဘယ္လိုေတြျဖစ္ၾကတာလဲ ဆိုေတာ ့ ... သူတို ့အားလံုး ေဆာက္လုပ္ေရး လုပ္သားမ်ားျဖစ္ၿပီး ဘိလပ္ေျမျဖင့္ လမ္းပလက္ေဖာက္လုပ္ရာတြင္ သဲနဲ ့ဘိလပ္ေျမေဖ်ာ္စပ္ထားသည့္ အထဲသို ့ဆင္းကာ လမ္းညိွရင္းမွ ျဖစ္လာေလသည္။ ယခင္က ထုိအျဖစ္မ်ိဳး မျဖစ္ဘူးေပ။ ဘိလပ္ေျမနဲ ့စတင္ထိေတြ ့ၿပီး မိနစ္ပုိင္းအတြင္း မွာ ပူစပ္စပ္ျဖစ္လာသည္။ မခံမရပ္ႏုိင္ျဖစ္လာလို ့ ကန္ထိရိုက္ကုိေျပာေတာ ့ျမန္ျမန္ေျခာက္ေအာင္
ေျခာက္ေဆး ၃ ဆေရာထားေၾကာင္း သိၾကရေလသည္။ သို ့ေပမယ္ ့ေန ့စားလုပ္သားေတြမို ့ အလုပ္ၿပီးေျမာက္ေအာင္ သည္းခံေအာင့္အီးၿပီး ဆက္လုပ္ခဲ ့ရေလသည္။ လယ္သာ Boot ဘိနပ္အရွည္ေတြ ၀တ္ထားၾကေပမယ့္လမ္းက ျမင့္တဲ ့အတြက္ ဘိနပ္ထဲကိုပါ ဘိလပ္ေျမေတြ၀င္လာလို ့မတတ္ႏုိင္ခဲ ့ၾက။ အခ်ိဳ ့လုပ္သားမ်ား ဘိနပ္ေလာက္ငွေအာင္ မစီးႏုိင္ၾကေပ။ လမ္းခင္းၿပီးတဲ ့အခါ ေရနဲ ့ခ်က္ခ်င္းေဆးေပမယ့္ အသားေတြက ပဲ ့က်ကုန္ၿပီ။ အျပင္ေဆးခန္းမွ ေခၚ၍ေဆးထည့္သည္ဟုဆိုသည္။ သူတို ့၈ ဦးအျပင္ အျခား လုပ္သားမ်ားလည္း အလားတူ မ်ိဳ ့
ျဖစ္ၾကေသာ္လည္း မျပင္းထန္လို ့ေနခဲ ့ၾကေလသည္။ ကန္ထရိုက္ေရာ အေဆာက္အဦး
ေဆာက္လုပ္သည့္ တာ၀န္ရွိသူမ်ား ေဆးရံုသို ့လိုက္မလာခဲ ့ၾကေပ။ သူတို ့အားလံုး မႏၱေလးဘက္မွ လာေရာက္ လုပ္ကကုိင္ၾကသူမ်ားျဖစ္သည္။

အေထြေထြ၀န္ထမ္းအမ်ိဳးသမီးေလးတစ္ဦးမွ အနာကို ေဆးေပးရန္ေခၚသြားေတာ ့ က်ြန္မလည္း ကူခ်င္တယ္ဆိုၿပီး ျမန္ျမန္ၿပီးေအာင္ ေဆးမွင္ေတြ လိမ္းထားတဲ ့အနာေတြကို ကူညီေဆးေၾကာခဲ ့ၾကပါတယ္။ ေဆးမွင္ေတြက အရမ္းစဲြေနလို ့
ေတာ္ေတာ္နဲ ့မေျပာင္ေပ။ သူတို ့ခမ်ာ နာလြန္း စပ္လြန္းလို ့ေအာ္ေနၾကရွာတယ္။ အနာေတြေဆးၿပီးတဲ ့အခါ ခဲြစိတ္ဆရာ၀န္မ်ား၊ အေရးေပၚေဆးပညာ ဘဲြ ့လြန္ေက်ာင္းသားမ်ား
ႏွင့္ သူနာျပဳမ်ား၀ိုင္းၿပီး ေဆးထည့္ေပးခဲ ့
ၾကပါတယ္။





သင္ခန္းစာ
************
1. ေဆးရံုမ်ားတြင္ အနာအမ်ိဳးအစားအလုိက္ Wound Management Protocol မ်ားရွိသင့္
2. Occupational Health Safety နွင့္ စပ္လ်ဥ္း၍ ဖံြ ့ၿဖိဳးရန္လို
ဥပမာ - ျပဳစုကုသမူ ့ေတြေကာင္းမြန္စြာရရွိေရး ၊ ပုဂၢလိက လုပ္ငန္းမ်ားတြင္ ဤသို ့ လုပ္သားမ်ားအား လစ္လ်ဴရႈခံရမူ ့ႏွင့္ ထိေရာက္စြာ ကာကြယ္ေပးသည့္ အဖဲြ ့အစည္း သို ့
ေကာ္မတီမ်ား ရွိသင့္ ( ရွိေနတာ က်ြန္မ မသိတာလည္းျဖစ္ႏုိင္၊ သူတုိ ့အတြက္ ကာကြယ္ေပးတဲ ့ဥပေဒေတြလည္းရွိမယ္ထင္ပါတယ္။)

ပင္ပန္းဆင္းရဲစြာ မိသားစုဘ၀ေရွ ့ေရးအတြက္ လႈပ္ရွားရုန္းကန္ေနၾကေသာ ပညာမတတ္သူတို ့အေပၚ ဘယ္သူေသေသ ငေတမာၿပီးေရာ ဆိုသည့္အတုိင္း လက္တစ္လံုးျခား အျမတ္ထုတ္ကာ မတရား သျဖင့္ သိသိႀကီးနဲ ့က်န္းမာေရးကို ထိခုိက္ ေအာင္ ေစခိုင္းေန ၾကသူ လုပ္ငန္းရွင္မ်ားကို တရားဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူၿပီး
ေနာင္မျဖစေအာင္လည္း အသိပညာေပးေတြ တိုးျမွင့္ သင့္ေၾကာင္း အႀကံျပဳေရးသားလိုက္ရပါသည္။

ေမတၱာျဖင့္
Thida Khin
4:17pm ( 2.3.2016)
Credit Kyaw Soe Naing
.................
ဘိလပ်မြေ မြန်မြန်ခြောက်အောင် ခြောက်ဆေး ၃ဆပိုထည့်သောအခါ
************************************************************************
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန၏ ခွဲစိတ်စောင့်ကြည့်ဆောင်မှာ တာဝန်ကျနေစဉ် လူအုပ်တစ်စုဝင်လာရာ ၀န်ထမ်းများက လူနာတစ်ယောက်ကို လူနာစောင့်တစ်ယောက်ပဲဝင်ဖို ့သတိပေးတော ့သူတို ့အားလုံး လူနာတွေဖြစ်ကြောင်းပြော၏။
ရေတွက်လိုက်တော ့စုစုပေါင်း ၈ယောက်။ ထိုနေ ့မနက်ခင်း ဆရာဝန်တွေရော သူနာပြုတွေပါ အားလုံးလှုပ်လှုပ်ရှားဖြစ်သွားကြသည်။ ဘယ်လိုတွေဖြစ်ကြတာလဲ ဆိုတော ့ ... သူတို ့အားလုံး ဆောက်လုပ်ရေး လုပ်သားများဖြစ်ပြီး ဘိလပ်မြေဖြင့် လမ်းပလက်ဖောက်လုပ်ရာတွင် သဲနဲ ့ဘိလပ်မြေဖျော်စပ်ထားသည့် အထဲသို ့ဆင်းကာ လမ်းညှိရင်းမှ ဖြစ်လာလေသည်။ ယခင်က ထိုအဖြစ်မျိုး မဖြစ်ဘူးပေ။ ဘိလပ်မြေနဲ ့စတင်ထိတွေ ့ပြီး မိနစ်ပိုင်းအတွင်း မှာ ပူစပ်စပ်ဖြစ်လာသည်။ မခံမရပ်နိုင်ဖြစ်လာလို ့ ကန်ထိရိုက်ကိုပြောတော ့မြန်မြန်ခြောက်အောင်
ခြောက်ဆေး ၃ ဆရောထားကြောင်း သိကြရလေသည်။ သို ့ပေမယ် ့နေ ့စားလုပ်သားတွေမို ့ အလုပ်ပြီးမြောက်အောင် သည်းခံအောင့်အီးပြီး ဆက်လုပ်ခဲ ့ရလေသည်။ လယ်သာ Boot ဘိနပ်အရှည်တွေ ၀တ်ထားကြပေမယ့်လမ်းက မြင့်တဲ ့အတွက် ဘိနပ်ထဲကိုပါ ဘိလပ်မြေတွေဝင်လာလို ့မတတ်နိုင်ခဲ ့ကြ။ အချို ့လုပ်သားများ ဘိနပ်လောက်ငှအောင် မစီးနိုင်ကြပေ။ လမ်းခင်းပြီးတဲ ့အခါ ရေနဲ ့ချက်ချင်းဆေးပေမယ့် အသားတွေက ပဲ ့ကျကုန်ပြီ။ အပြင်ဆေးခန်းမှ ခေါ်၍ဆေးထည့်သည်ဟုဆိုသည်။ သူတို ့၈ ဦးအပြင် အခြား လုပ်သားများလည်း အလားတူ မျို ့
ဖြစ်ကြသော်လည်း မပြင်းထန်လို ့နေခဲ ့ကြလေသည်။ ကန်ထရိုက်ရော အဆောက်အဦး
ဆောက်လုပ်သည့် တာဝန်ရှိသူများ ဆေးရုံသို ့လိုက်မလာခဲ ့ကြပေ။ သူတို ့အားလုံး မန္တလေးဘက်မှ လာရောက် လုပ်ကကိုင်ကြသူများဖြစ်သည်။

အထွေထွေဝန်ထမ်းအမျိုးသမီးလေးတစ်ဦးမှ အနာကို ဆေးပေးရန်ခေါ်သွားတော ့ ကျွန်မလည်း ကူချင်တယ်ဆိုပြီး မြန်မြန်ပြီးအောင် ဆေးမှင်တွေ လိမ်းထားတဲ ့အနာတွေကို ကူညီဆေးကြောခဲ ့ကြပါတယ်။ ဆေးမှင်တွေက အရမ်းစွဲနေလို ့
တော်တော်နဲ ့မပြောင်ပေ။ သူတို ့ခမျာ နာလွန်း စပ်လွန်းလို ့အော်နေကြရှာတယ်။ အနာတွေဆေးပြီးတဲ ့အခါ ခွဲစိတ်ဆရာဝန်များ၊ အရေးပေါ်ဆေးပညာ ဘွဲ ့လွန်ကျောင်းသားများ
နှင့် သူနာပြုများဝိုင်းပြီး ဆေးထည့်ပေးခဲ ့
ကြပါတယ်။

သင်ခန်းစာ
************
1. ဆေးရုံများတွင် အနာအမျိုးအစားအလိုက် Wound Management Protocol များရှိသင့်
2. Occupational Health Safety နှင့် စပ်လျဉ်း၍ ဖွံ ့ဖြိုးရန်လို
ဥပမာ - ပြုစုကုသမူ ့တွေကောင်းမွန်စွာရရှိရေး ၊ ပုဂ္ဂလိက လုပ်ငန်းများတွင် ဤသို ့ လုပ်သားများအား လစ်လျူရှုခံရမူ ့နှင့် ထိရောက်စွာ ကာကွယ်ပေးသည့် အဖွဲ ့အစည်း သို ့
ကော်မတီများ ရှိသင့် ( ရှိနေတာ ကျွန်မ မသိတာလည်းဖြစ်နိုင်၊ သူတို ့အတွက် ကာကွယ်ပေးတဲ ့ဥပဒေတွေလည်းရှိမယ်ထင်ပါတယ်။)

ပင်ပန်းဆင်းရဲစွာ မိသားစုဘဝရှေ ့ရေးအတွက် လှုပ်ရှားရုန်းကန်နေကြသော ပညာမတတ်သူတို ့အပေါ် ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့်အတိုင်း လက်တစ်လုံးခြား အမြတ်ထုတ်ကာ မတရား သဖြင့် သိသိကြီးနဲ ့ကျန်းမာရေးကို ထိခိုက် အောင် စေခိုင်းနေ ကြသူ လုပ်ငန်းရှင်များကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူပြီး
နောင်မဖြစအောင်လည်း အသိပညာပေးတွေ တိုးမြှင့် သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

မေတ္တာဖြင့်
Thida Khin
4:17pm ( 2.3.2016)
Credit Kyaw Soe Naing

No comments:

Post a Comment