Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ကို ကားတြင္ဆဲဆိုေရးသားခဲ့သည့္ သ႐ုပ္ေဆာင္ကို ပုဒ္မေလးခုျဖင့္အမႈဖြင့္ အေရးယူထား


 Tuesday, 01 March 2016

ရန္ကုန္တိုင္းေဒသႀကီး ကမာရြတ္ၿမိဳ႕နယ္ လွည္းတန္းခံုးေက်ာ္ တံတားေပၚတြင္ ယေန႔နံနက္ ၈ နာရီက သာသနာ႔အလံကို အလြဲသံုးစားျပဳလုပ္တပ္ဆင္၍တပ္မေတာ္ႏွင္႔ ရဲတပ္ဖြဲ႕တို႔ကို နစ္ဆန္း (MARCH) ကား၏ အေရွ႕အေနာက္တို႔တြင္ မႈတ္ေဆးျဖင့္ ဆဲဆိုေရးသားခဲ့သည့္ သ႐ုပ္ေဆာင္ထြန္းငယ္ကို ပုဒ္မသံုးခုျဖင့္အမႈဖြင့္ အေရး ယူထားေၾကာင္း ကမာရြတ္ ၿမိဳ႕မရဲ စခန္းမွရဲမွဴးေဇာ္ဝင္းက ေျပာသည္။

''သာသနာ့အလံကို အလြဲသံုး စားျပဳၿပီးေတာ့ ကားေတြမွာကပ္ထားတာေတာ႔ သာသနာေရးညိႇဳး ႏြမ္းေအာင္ လုပ္တာေပါ့။ ေနာက္ၿပီး ႏိုင္ငံေတာ္အႀကီးအကဲေတြကို ဂုဏ္သေရ ညႇိဳးႏြမ္းေအာင္ျပဳလုပ္မႈေပါ့။ စစ္ေဆးေမးျမန္းခ်က္ေတြအရေတာ့ ကားစက္ႏိႈးမရဘူး။ ဘက္ထရီကုန္သြားတယ္။ သူ႕ရဲ႕အိမ္ေထာင္ေရး လည္းအဆင္မေျပဘူး။ ေနာက္ရည္းစားနဲ႔ကလည္း အဆင္မေျပ ျဖစ္တယ္။ ေကာင္မေလးက တပ္မေတာ္သား တစ္ဦးရဲ႕ သမီးျဖစ္ေနတယ္။ သူက သ႐ုပ္ေဆာင္ မင္းသား၊ ဗီဒီယိုကလည္းမ႐ိုက္ရ ဘူး။ စိတ္ထဲမွာ ခံစားရတာနဲ႔ ကား ထဲမွာပါလာတဲ့ စပေရးဘူးကို နာမည္ေတြ တပ္ဆဲတာေပါ့''ဟု ၄င္းကေျပာသည္။

သာသနာညႇိဳးႏြမ္းေစမႈ၊ ႏိုင္ငံေတာ္အႀကီးအကဲမ်ားကိုဂုဏ္သေရ ညႇိဳးႏြမ္းေအာင္ ျပဳလုပ္မႈစသည္ တို႔ျဖင္႔ သ႐ုပ္ေဆာင္ လင္းေမာင္ (ခ)ထြန္းလင္းသိန္း(ခ)ထြန္းငယ္ ကိုကမာရြတ္ရဲစခန္းကပုဒ္မ ၂၉၄၊ ၂၉၅၊ ၅ဝ၅(ခ) တို႔ျဖင့္ အမႈဖြင့္ အေရးယူထားသကဲ့သို႔ ယာဥ္ထိန္း ရဲတပ္ဖြဲ႕က ေမာ္ေတာ္ယာဥ္ဥပေဒ ၅၈(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ ထားေၾကာင္းသိရသည္။

ေနထက္ေဝ
The Union Daily
http://uniondaily.net
..................


 Tuesday, 01 March 2016

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော် တံတားပေါ်တွင် ယနေ့နံနက် ၈ နာရီက သာသနာ့အလံကို အလွဲသုံးစားပြုလုပ်တပ်ဆင်၍တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ကို နစ်ဆန်း (MARCH) ကား၏ အရှေ့အနောက်တို့တွင် မှုတ်ဆေးဖြင့် ဆဲဆိုရေးသားခဲ့သည့် သရုပ်ဆောင်ထွန်းငယ်ကို ပုဒ်မသုံးခုဖြင့်အမှုဖွင့် အရေး ယူထားကြောင်း ကမာရွတ် မြို့မရဲ စခန်းမှရဲမှူးဇော်ဝင်းက ပြောသည်။

''သာသနာ့အလံကို အလွဲသုံး စားပြုပြီးတော့ ကားတွေမှာကပ်ထားတာတော့ သာသနာရေးညှိုး နွမ်းအောင် လုပ်တာပေါ့။ နောက်ပြီး နိုင်ငံတော်အကြီးအကဲတွေကို ဂုဏ်သရေ ညှိုးနွမ်းအောင်ပြုလုပ်မှုပေါ့။ စစ်ဆေးမေးမြန်းချက်တွေအရတော့ ကားစက်နှိုးမရဘူး။ ဘက်ထရီကုန်သွားတယ်။ သူ့ရဲ့အိမ်ထောင်ရေး လည်းအဆင်မပြေဘူး။ နောက်ရည်းစားနဲ့ကလည်း အဆင်မပြေ ဖြစ်တယ်။ ကောင်မလေးက တပ်မတော်သား တစ်ဦးရဲ့ သမီးဖြစ်နေတယ်။ သူက သရုပ်ဆောင် မင်းသား၊ ဗီဒီယိုကလည်းမရိုက်ရ ဘူး။ စိတ်ထဲမှာ ခံစားရတာနဲ့ ကား ထဲမှာပါလာတဲ့ စပရေးဘူးကို နာမည်တွေ တပ်ဆဲတာပေါ့''ဟု ၄င်းကပြောသည်။

သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်အကြီးအကဲများကိုဂုဏ်သရေ ညှိုးနွမ်းအောင် ပြုလုပ်မှုစသည် တို့ဖြင့် သရုပ်ဆောင် လင်းမောင် (ခ)ထွန်းလင်းသိန်း(ခ)ထွန်းငယ် ကိုကမာရွတ်ရဲစခန်းကပုဒ်မ ၂၉၄၊ ၂၉၅၊ ၅ဝ၅(ခ) တို့ဖြင့် အမှုဖွင့် အရေးယူထားသကဲ့သို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့က မော်တော်ယာဉ်ဥပဒေ ၅၈(က)ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်းသိရသည်။

နေထက်ဝေ
The Union Daily
http://uniondaily.net

No comments:

Post a Comment