Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

စု စိတ္ဆိုးခဲ့တဲ့ေန႔

အဲ့ဒီေန႔က ညေနပိုင္းေလာက္မွာ ျပည္ကိုေရာက္တယ္။

ျပည္ရဲ့ မဂၤလာ ဂါးဒင္းဟိုတယ္မွာ ခဏေလးဝင္နားၿပီး ဗိုလ္ခ်ဳပ္ရာျပည့္ပြက်င္းပတဲ့ပြဲကို စု ဆက္ထြက္လာခဲ့ၿပီး ပြဲမွာ မိန္႔ခြန္းေျပာတယ္။

စုဟာ ဧရာဝတီဘက္ကေန ဆင္းလာတာမို႔ ခရီးေတာ့အေတာ္ပန္းေနၿပီ။

လမ္းတစ္ေလွ်ာက္မွာလည္း ျပည္သူလူထုက သိတဲ့အတိုင္းႏွဳတ္ဆက္ရတယ္ေလ။

ျပည္မွာ စု မိန္႔ခြန္းမေျပာခင္ စီစဥ္ထားတဲ့ ေဖ်ာ္ေျဖေရးတစ္ခုေႀကာင့္ စု ဟာ စိ္တ္ဆိုးခဲ့ရတယ္။

အဲ့ဒီေန႔က (၂၀၅)ခုႏွစ္ မတ္လ (၁)ရက္ေန႔

ျပည္ျမိဳ႕က NLD လူငယ္ေတြရဲ့ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရာျပည့္ အထိမ္းအမွတ္ ေတးသရုပ္ေဖာ္ ေဖ်ာ္ေျဖမႈကို NLD ဥကၠဌ ေဒၚေအာင္ဆန္းစုႀကည္က ေအာက္ပါအတိုင္း ေထာက္ျပလိုက္ပါတယ္။
ျပည္ျမိဳ႕ NLD လူငယ္ေတြက (၈)ေလးလံုးအေရးအခင္းကာလမွာ စစ္တပ္ဘက္ကလုပ္ေဆာင္ခဲ့မႈေတြ ကိုျပန္သရုပ္ျပခဲ့ျပီး NLD ကိုမဲထည့္ဖို႔ လွံဳေဆာ္တဲ့ပံုစံမ်ိဳးေတြနဲ႔ေတးသရုပ္ေဖာ္ကျပမႈေတြ လုပ္ခဲ့တာေႀကာင့္ ေဒၚေအာင္ဆန္းစုႀကည္က ေအာက္ပါအတိုင္းေျပာသြားတာပါ။

NLD လူငယ္မ်ားလုပ္ေပးတဲ့ေျဖေဖ်ာ္ေရးဟာ က်မႀကိဳက္တဲ့အပိုင္းလည္းရွိတယ္ မႀကိဳက္တဲ့ အပိုင္းလည္းရွိကပါတယ္။
ပထမပိုင္းေဖေဖ့ကိုဂုဏ္ျပဳတာ သီခ်င္းဆိုတာ က်မႀကိဳက္တယ္။ဒါဟာ ေဖေဖ႔ရဲ့ ေမြးေန႔နဲ႔ ဆီေလ်ာ္တဲ့ ကိစၶ ျဖစ္တယ္။ဒါေပမယ့္ ေနာက္ပိုင္းအစီအစဥ္ကို က်မမႀကိဳက္ဘူးဆိုတာျပတ္ျပတ္သားသားေျပာရမယ္။

လူေတြက လက္ခုပ္တီးတယ္ ႀသဘာေပးတယ္ဆိုေပမဲ့ က်မတို႔ဟာ အမ်ိဳးသားျပန္လည္ရင္ႀကားေစ႔့ေရးကို တည္ေဆာက္ေနတဲ့အခ်ိန္မွာ အတိတ္ကအျဖစ္ဆိုးေတြကို တစ္ခါျပန္လွန္ျပီးေတာ့ အခ်င္းခ်င္းႀကားမွာ စိတ္ဝမ္းကြဲမွာကို က်မတို႔ မလုပ္သင့္တဲ့ အခ်ိန္မွာ မလုပ္ရဘူး။ဒါကို က်မတို႔နားလည္ရမယ္။

က်မတို႔ဟာ တပ္မေတာ္ကို ရန္သူအေနနဲ႔ ျမင္တာမဟုတ္ပါဘူး။တပ္မေတာ္ရယ္လို႔ မဟုတ္ဘူး ဘယ္အဖြဲ႔အစည္းမဆို မတရားတဲ့ ကိစၥ ေတြ လုပ္ရင္ ႏိုင္ငံကိုနာေစတဲ့ ကိစၥေတြ လုပ္ရင္ က်မတို႔ ကန္႔ကြက္မွာဘဲ။ဘယ္လိုမွ က်မတို႔ သည္းမခံႏိုင္ဘူး။
ဒါေပမဲ့ က်မတို႔ အာဃာတေတြ ထပ္ျပီးေတာ့ ဒီႏိုင္ငံရဲ့ အနာဂတ္လမ္းကို ေလွ်ာက္သြားလို႔မျဖစ္ဘူး

အခုအခ်ိန္မွာလည္း က်မတို႔ဟာ တပ္မေတာ္နဲ႔ရင္ႀကားေစ့ေနတဲ့ အခ်ိန္ျဖစ္တယ္။ဒီႏိုင္ငံဟာ တင
ကယ္ေတာ့ ဒီမိုကေရစီ အျပည့္အဝရေသးတဲ့ႏိုင္ငံမဟုတ္ပါဘူး။

ဘာျဖစ္လို႔လဲဆိုေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒထဲမွာ တပ္မေတာ္ကို အထူးအာဏာေတြေပးထားလို႔ပါ။ဒီဥပေဒကိုျပဳၿပင္ေျပာင္းလဲဖို႔ ဥပေဒေဘာင္အတြင္းကေနႀကိဳးစားသြားမွာပါ။ဘာျဖစ္လို႔ က်မတို႔ဥပေဒေဘာင္အတြင္း ကေနသြားရလဲဆို က်မတို႔ႏိုင္ငံမနာေစခ်င္လို႔ ျပည္သူလူထုကိုမနာေစခ်င္လို႔ ေဖေဖအျမဲတမ္းေျပာပါတယ္။ ျပည္သူကိုမနာတဲ့နည္းေတြကိုအေလးထားျပီးေတာ့သံုးရမယ္တဲ့။

ေနာက္တစ္ခုက်မေျပာပါမယ္။က်မအမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ေခါင္းေဆာင္အေနနဲ႔ေျပာရမယ္။အခုအခ်ိန္ဟာ က်မတို႔ ေရြးေကာက္ပြဲအတြက္ စည္းရံုးခြင့္ရွိတဲ့ အခ်ိန္မဟုတ္ပါဘူး။ဒါေႀကာင့္မို႔လို႔ ေနာက္ပိုင္းအစီအးဥ္မွာ ေရြးေကာက္ပြဲမွာ မဲထည့္ဖို႔ဆိုတာ မလုပ္သင့္တဲ့ကိစၥျဖစ္လို႔ က်မအဖြဲ႔ခ်ဳပ္ က်မေတာင္းပန္ပါတယ္။ု
ေရြးေကာက္ပြဲမဲဆြယ္ပိုင္ခြင့္ရွိရင္ ေရြးေကာက္ပြဲေကာ္မရွင္က သတ္မွတ္မွာျဖစ္ပါတယ္။ဒီလို သတ္မွတ္ တဲ့အခ်ိန္ကေနစျပီးေတာ့ ေရြးေကာက္ပြဲမဲဆြယ္ႏိုင္ခြင့္ရွိျပီဆိုရင္ က်မတို႔မဲဆြယ္ႏိုင္ပါျပီ။ေရြးေကာက္ပြဲမွာ ႏိုင္ခ်င္တယ္။ဒါေပမယ့္ မွန္ကန္တဲ့ နည္းနဲ႔ပဲႏိုင္ခ်င္တယ္။ ဘယ္နည္းနဲ႔မဆိုႏိုင္ရင္ျပီးေရာ ဆိုတာမ်ိဳး က်မတို႔မလုပ္ပါဘူး။

ဒီလိုက်မေျပာလို႔ က်မတို႔ေဖ်ာ္ေျဖေရးအစီအစဥ္အတြက္ အားစိုက္ထားတဲ့ လူငယ္ေတြနည္းနည္းေတာ့စိတ္မေကာင္းျဖစ္မွာေပါ့။ဒါေပမယ့္ ကိုယ့္အမွားကိုယ္ ရင္ဆိုင္ႏိုင္ရမယ္။ေနာင္ဒီလိုမ်ိဳးမျဖစ္ေအာင္ လုပ္ႏိုင္ရမယ္။
ေဒၚေအာင္ဆန္းစုႀကည္

အဲ့ဒီေန႔က ျပည္ၿမိဳ႕မွာ စုရဲ့အၿပံဳးကိုလံုးဝမေတြ႔ခဲ့ရဘူး။
Saw Phoe Khwar
...................
စု စိတ်ဆိုးခဲ့တဲ့နေ့

အဲ့ဒီနေ့က ညနေပိုင်းလောက်မှာ ပြည်ကိုရောက်တယ်။

ပြည်ရဲ့ မင်္ဂလာ ဂါးဒင်းဟိုတယ်မှာ ခဏလေးဝင်နားပြီး ဗိုလ်ချုပ်ရာပြည့်ပွကျင်းပတဲ့ပွဲကို စု ဆက်ထွက်လာခဲ့ပြီး ပွဲမှာ မိန့်ခွန်းပြောတယ်။

စုဟာ ဧရာဝတီဘက်ကနေ ဆင်းလာတာမို့ ခရီးတော့အတော်ပန်းနေပြီ။

လမ်းတစ်လျှောက်မှာလည်း ပြည်သူလူထုက သိတဲ့အတိုင်းနှုတ်ဆက်ရတယ်လေ။

ပြည်မှာ စု မိန့်ခွန်းမပြောခင် စီစဉ်ထားတဲ့ ဖျော်ဖြေရေးတစ်ခုကြောင့် စု ဟာ စိ်တ်ဆိုးခဲ့ရတယ်။

အဲ့ဒီနေ့က (၂၀၅)ခုနှစ် မတ်လ (၁)ရက်နေ့

ပြည်မြို့က NLD လူငယ်တွေရဲ့ ဗိုလ်ချုပ် အောင်ဆန်းရာပြည့် အထိမ်းအမှတ် တေးသရုပ်ဖော် ဖျော်ဖြေမှုကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ထောက်ပြလိုက်ပါတယ်။
ပြည်မြို့ NLD လူငယ်တွေက (၈)လေးလုံးအရေးအခင်းကာလမှာ စစ်တပ်ဘက်ကလုပ်ဆောင်ခဲ့မှုတွေ ကိုပြန်သရုပ်ပြခဲ့ပြီး NLD ကိုမဲထည့်ဖို့ လှုံဆော်တဲ့ပုံစံမျိုးတွေနဲ့တေးသရုပ်ဖော်ကပြမှုတွေ လုပ်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းပြောသွားတာပါ။

NLD လူငယ်များလုပ်ပေးတဲ့ဖြေဖျော်ရေးဟာ ကျမကြိုက်တဲ့အပိုင်းလည်းရှိတယ် မကြိုက်တဲ့ အပိုင်းလည်းရှိကပါတယ်။
ပထမပိုင်းဖေဖေ့ကိုဂုဏ်ပြုတာ သီချင်းဆိုတာ ကျမကြိုက်တယ်။ဒါဟာ ဖေဖေ့ရဲ့ မွေးနေ့နဲ့ ဆီလျော်တဲ့ ကိစ္ဓ ဖြစ်တယ်။ဒါပေမယ့် နောက်ပိုင်းအစီအစဉ်ကို ကျမမကြိုက်ဘူးဆိုတာပြတ်ပြတ်သားသားပြောရမယ်။

လူတွေက လက်ခုပ်တီးတယ် သြဘာပေးတယ်ဆိုပေမဲ့ ကျမတို့ဟာ အမျိုးသားပြန်လည်ရင်ကြားစေ့့ရေးကို တည်ဆောက်နေတဲ့အချိန်မှာ အတိတ်ကအဖြစ်ဆိုးတွေကို တစ်ခါပြန်လှန်ပြီးတော့ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲမှာကို ကျမတို့ မလုပ်သင့်တဲ့ အချိန်မှာ မလုပ်ရဘူး။ဒါကို ကျမတို့နားလည်ရမယ်။

ကျမတို့ဟာ တပ်မတော်ကို ရန်သူအနေနဲ့ မြင်တာမဟုတ်ပါဘူး။တပ်မတော်ရယ်လို့ မဟုတ်ဘူး ဘယ်အဖွဲ့အစည်းမဆို မတရားတဲ့ ကိစ္စ တွေ လုပ်ရင် နိုင်ငံကိုနာစေတဲ့ ကိစ္စတွေ လုပ်ရင် ကျမတို့ ကန့်ကွက်မှာဘဲ။ဘယ်လိုမှ ကျမတို့ သည်းမခံနိုင်ဘူး။
ဒါပေမဲ့ ကျမတို့ အာဃာတတွေ ထပ်ပြီးတော့ ဒီနိုင်ငံရဲ့ အနာဂတ်လမ်းကို လျှောက်သွားလို့မဖြစ်ဘူး

အခုအချိန်မှာလည်း ကျမတို့ဟာ တပ်မတော်နဲ့ရင်ကြားစေ့နေတဲ့ အချိန်ဖြစ်တယ်။ဒီနိုင်ငံဟာ တင
ကယ်တော့ ဒီမိုကရေစီ အပြည့်အဝရသေးတဲ့နိုင်ငံမဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တပ်မတော်ကို အထူးအာဏာတွေပေးထားလို့ပါ။ဒီဥပဒေကိုပြုပြင်ပြောင်းလဲဖို့ ဥပဒေဘောင်အတွင်းကနေကြိုးစားသွားမှာပါ။ဘာဖြစ်လို့ ကျမတို့ဥပဒေဘောင်အတွင်း ကနေသွားရလဲဆို ကျမတို့နိုင်ငံမနာစေချင်လို့ ပြည်သူလူထုကိုမနာစေချင်လို့ ဖေဖေအမြဲတမ်းပြောပါတယ်။ ပြည်သူကိုမနာတဲ့နည်းတွေကိုအလေးထားပြီးတော့သုံးရမယ်တဲ့။

နောက်တစ်ခုကျမပြောပါမယ်။ကျမအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်အနေနဲ့ပြောရမယ်။အခုအချိန်ဟာ ကျမတို့ ရွေးကောက်ပွဲအတွက် စည်းရုံးခွင့်ရှိတဲ့ အချိန်မဟုတ်ပါဘူး။ဒါကြောင့်မို့လို့ နောက်ပိုင်းအစီအးဉ်မှာ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ဆိုတာ မလုပ်သင့်တဲ့ကိစ္စဖြစ်လို့ ကျမအဖွဲ့ချုပ် ကျမတောင်းပန်ပါတယ်။ု
ရွေးကောက်ပွဲမဲဆွယ်ပိုင်ခွင့်ရှိရင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်မှာဖြစ်ပါတယ်။ဒီလို သတ်မှတ် တဲ့အချိန်ကနေစပြီးတော့ ရွေးကောက်ပွဲမဲဆွယ်နိုင်ခွင့်ရှိပြီဆိုရင် ကျမတို့မဲဆွယ်နိုင်ပါပြီ။ရွေးကောက်ပွဲမှာ နိုင်ချင်တယ်။ဒါပေမယ့် မှန်ကန်တဲ့ နည်းနဲ့ပဲနိုင်ချင်တယ်။ ဘယ်နည်းနဲ့မဆိုနိုင်ရင်ပြီးရော ဆိုတာမျိုး ကျမတို့မလုပ်ပါဘူး။

ဒီလိုကျမပြောလို့ ကျမတို့ဖျော်ဖြေရေးအစီအစဉ်အတွက် အားစိုက်ထားတဲ့ လူငယ်တွေနည်းနည်းတော့စိတ်မကောင်းဖြစ်မှာပေါ့။ဒါပေမယ့် ကိုယ့်အမှားကိုယ် ရင်ဆိုင်နိုင်ရမယ်။နောင်ဒီလိုမျိုးမဖြစ်အောင် လုပ်နိုင်ရမယ်။
ဒေါ်အောင်ဆန်းစုကြည်

အဲ့ဒီနေ့က ပြည်မြို့မှာ စုရဲ့အပြံုးကိုလုံးဝမတွေ့ခဲ့ရဘူး။
Saw Phoe Khwar

No comments:

Post a Comment