Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 3, 2016

အစိုးရသစ္ကို ဘယ္လိုဖြဲ႕မလဲ (အစိုးရသစ်ကို ဘယ်လိုဖွဲ့မလဲ )

သမၼတသစ္ကို လႊတ္ေတာ္က ေရြးခ်ယ္ၿပီး ေနာက္ အစိုးရသစ္ ေပၚထြက္လာေတာ့မယ္
မၾကာခင္ရက္ပိုင္းအတြင္းမွာ သမၼတအသစ္ကို ေရြးခ်ယ္ တင္ေျမႇာက္ ပါေတာ့မယ္။

သမၼတသစ္က အစိုးရသစ္ကို ဖြဲ႕စည္းတဲ့အခါ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြကိုလည္း ခန္႔ အပ္မွာ ျဖစ္ပါတယ္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အေနနဲ႔ ျပည္နယ္ေတြမွာ သက္ဆိုင္ရာ တိုင္းရင္းသား လူမ်ိဳးေတြကို ဝန္ႀကီးခ်ဳပ္ အျဖစ္ ခန္႔ထားဖို႔ မူဝါဒ ခ်မွတ္ထားတယ္လို႔ ပါတီ ဗဟိုအလုပ္ အမွုေဆာင္နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေနရာ အတြက္ကိုေတာ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (SNLD) က သူတို႔ပါတီကလူကို ခန္႔ထားဖို႔ ေတာင္းဆိုထားတယ္လို႔ SNLD အတြင္းေရးမွူး စိုင္းညြန္႔လြင္က ေျပာပါတယ္။ ရခိုင္ျပည္နယ္မွာေတာ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ကလူကိုသာ ခန္႔ထားမယ္လို႔ သတင္းထြက္ေပၚပါတယ္။

အစိုးရအဖြဲ႕ကို ျပန္လည္ ဖြဲ႕စည္းရာမွာ ၀န္ႀကီးဌာနေတြကိုလည္း တခ်ိဳ႕ဖ်က္ၿပီး တခ်ိဳ႕ ပူးေပါင္းတာေတြ လုပ္မယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ အစိုးရလက္ထက္မွာ သမၼတ႐ုံး ဝန္ႀကီး ဌာနခ်ည္းပဲ ၆ ခုရွိတဲ့အတြက္ ဖ်က္တာ ေပါင္းတာေတြ လုပ္နိုင္တယ္လို႔ သုံးသပ္သူေတြက ခန္႔မွန္းၾကပါတယ္။

ျပန္ၾကားေရး ဝန္ႀကီးဌာန၊ သမဝါယမ ဝန္ႀကီးဌာန၊ အားကစား ဝန္ႀကီးဌာန တို႔လည္း အေျပာင္းအလဲ ရွိနိုင္ပါတယ္။

လက္ရွိ ဝန္ႀကီးဌာန ၃၆ ခုရွိတဲ့အနက္ ဝန္ႀကီးဌာန ၂၀ ေက်ာ္ေလာက္ အျဖစ္ ေျပာင္းလဲ ဖြဲ႕စည္းမယ္လို႔လည္း အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီက ေၾကညာထားၿပီး ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese/
......................
 သမ္မတသစ်ကို လွှတ်တော်က ရွေးချယ်ပြီး နောက် အစိုးရသစ် ပေါ်ထွက်လာတော့မယ်
မကြာခင်ရက်ပိုင်းအတွင်းမှာ သမ္မတအသစ်ကို ရွေးချယ် တင်မြှောက် ပါတော့မယ်။

သမ္မတသစ်က အစိုးရသစ်ကို ဖွဲ့စည်းတဲ့အခါ ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း ခန့် အပ်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်နယ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးတွေကို ဝန်ကြီးချုပ် အဖြစ် ခန့်ထားဖို့ မူဝါဒ ချမှတ်ထားတယ်လို့ ပါတီ ဗဟိုအလုပ် အမှုဆောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာ အတွက်ကိုတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က သူတို့ပါတီကလူကို ခန့်ထားဖို့ တောင်းဆိုထားတယ်လို့ SNLD အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလူကိုသာ ခန့်ထားမယ်လို့ သတင်းထွက်ပေါ်ပါတယ်။

အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းရာမှာ ၀န်ကြီးဌာနတွေကိုလည်း တချို့ဖျက်ပြီး တချို့ ပူးပေါင်းတာတွေ လုပ်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သမ္မတရုံး ဝန်ကြီး ဌာနချည်းပဲ ၆ ခုရှိတဲ့အတွက် ဖျက်တာ ပေါင်းတာတွေ လုပ်နိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ အားကစား ဝန်ကြီးဌာန တို့လည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။

လက်ရှိ ဝန်ကြီးဌာန ၃၆ ခုရှိတဲ့အနက် ဝန်ကြီးဌာန ၂၀ ကျော်လောက် အဖြစ် ပြောင်းလဲ ဖွဲ့စည်းမယ်လို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကြေညာထားပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/

No comments:

Post a Comment