Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 3, 2016

အထက္အႀကီးအကဲဟုဆို၍ ကေမၻာဇဘဏ္မွကားကိုခိုးယူထြက္ေျပး


မိတၴီလာၿမိဳ႕ ေအာင္ေဇယ်ာရပ္ ကြက္ မႏၲေလးလမ္းအထြက္ ကေမၻာဇဘဏ္(၄)ေရွ႕တြင္ ေဖေဖာ္ ဝါရီ ၂၉ရက္ ည၁၁နာရီ မိနစ္ ၂ဝ ခန္႕ကဘဏ္လံုျခံဳေရးဝန္ထမ္းေက်ာ္ ၿဖိဳးေအာင္ႏွင့္မ်ဳိးမင္းဆန္းတို႕ တာ ဝန္ယူေဆာင္ရြက္ေနစဥ္ အမည္မသိ အသက္(၃၅)ႏွစ္ခန္႕ရွိ၊ လူလတ္ ပိုင္းတစ္ဦး ေရာက္ရွိလာၿပီး 'မင္း တို႕ရဲ႕အထက္အႀကီးအကဲ' ဟု ယံုၾကည္ေအာင္ေျပာဆိုၿပီး ဘဏ္ ေရွ႕တြင္ မိုးကာအုပ္၍ ရပ္ထား ေသာ YGN 6I/ ----- တိုယိုတာ ဖီလ္ဒါ၊ နက္ျပာေရာင္ကားအား ကားေသာ့ေတာင္း၍ ၿမိဳ႕တြင္းသို႕ ေမာင္းႏွင္သြားခဲ့သည္။

တာဝန္ခံမန္ေနဂ်ာႏွင့္ လံုျခံဳ ေရးဝန္ထမ္းမ်ားက မသကၤာသျဖင့္ မိတၴီလာၿမိဳ႕ အမွတ္(၂)ရဲစခန္းသို႕ တိုင္ၾကားခဲ့သည္။ သတင္းရလွ်င္ ရျခင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးထံ သတင္းေပးပို႕ခဲ့ရာ ၿမိဳ႕နယ္ရဲတပ္ ဖြဲ႕မွဴး ရဲမွဴးေမာင္ေရႊက ခ႐ိုင္ရဲတပ္ ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး စဝ္ေန လင္းကို သတင္းေပးပို႔ခဲ့ရာ ခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး၏ ဦးေဆာင္မႈ၊ ၿမိဳ႕ နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ေမာင္ေရႊ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ ေတာမ ေမာင္းတံဂိတ္၊ ျမတ္ႏိုးသူေမာင္း တံဂိတ္၊သီးကုန္းတိုးဂိတ္၊ မလႈိင္ ေမာင္းတံဂိတ္၊ တပ္ထိန္းဂိတ္၊ သေျပဝတိုးဂိတ္၊ မလႈိင္အဝင္ ကုန္း တဲေမာင္းတံဂိတ္၊ ဝမ္းတြင္းၿမိဳ႕ အလယ္ဂိတ္၊ သာစည္ၿမိဳ႕အဝင္တို႔ ကို မိတၴီလာ၊ ဝမ္းတြင္း၊ မလိႈင္၊ သာစည္ စသည့္ၿမိဳ႕နယ္မ်ားက တာဝန္ရွိေသာရဲတပ္ဖြဲ႕ဝင္မ်ားအသီး သီးေနရာယူၿပီး ပိတ္ဆို႕စစ္ေဆး ရွာေဖြခဲ့ၾကသည္။

ဤကဲ့သို႕ပိတ္ဆို႕ရွာေဖြစစ္ေဆး ရာ အဆိုပါယာဥ္သည္ သေျပဝတိုး ဂိတ္အားျဖတ္သန္း၍ မႏၲေလး ဘက္သို႕ ေမာင္းႏွင္သြားေၾကာင္း သိရသည္။

မိတၴီလာခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး စဝ္ေနလင္းသည္ သတင္းရလွ်င္ရျခင္း ခ႐ိုင္ခ်င္း ခ်ိတ္ဆက္၍ ရွာေဖြၾကရာ ယမန္ေန႕ နံနက္ ၃နာရီတြင္ အဆုိပါယာဥ္အား ေက်ာက္ဆည္ခ႐ိုင္၊ စဥ့္ကိုင္ တိုး ဂိတ္တြင္ ဖမ္းဆီးရမိခဲ့သည္။ အဆို ပါဘဏ္ကားအား ခိုးယူေမာင္း ႏွင္ထြက္ေျပးသူမွာ ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ အမွတ္ ၅၅/၅၆ ဗဟိုစည္ပင္ရပ္ကြက္ေန ေအာင္ ေက်ာ္ထြန္း(ခ)ဂ်င္ဂ်င္ရမ္း အသက္ (၃၄ႏွစ္)ျဖစ္သည္ဆို၏။ ဘဏ္ ကားအား ေမာင္းႏွင္ခိုးယူထြက္ ေျပးသူကို ခ႐ိုင္ရဲတပ္ဖြဲ႕မွဴး၏ ဦးေဆာင္မႈႏွင့္ ခ႐ိုင္ခ်င္းခ်ိတ္ဆက္ ကူညီေပးမႈေၾကာင့္ နံနက္ ၄နာရီ အတြင္း ဖမ္းဆီးရမိျခင္းျဖစ္သည္။ ကားခိုးသူအား ဘဏ္မန္ေနဂ်ာ ေဒၚတင္ေဆြေဆြဦးက တရားလို ျပဳလုပ္၍ အမွတ္(၂)ရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားရာ ရဲစခန္းက (ပ)၃၁/၂ဝ၁၆ ပုဒ္မ ၄၂ဝ ျဖင့္အမႈ ဖြင့္အေရးယူထားေၾကာင္း သိရ သည္။

တင္လႈိင္(မိတၴီလာ)
The Union Daily
http://uniondaily.net

...................................


မိတ္ထီလာမြို့ အောင်ဇေယျာရပ် ကွက် မန္တလေးလမ်းအထွက် ကမ္ဘောဇဘဏ်(၄)ရှေ့တွင် ဖေဖော် ဝါရီ ၂၉ရက် ည၁၁နာရီ မိနစ် ၂ဝ ခန့်ကဘဏ်လုံခြုံရေးဝန်ထမ်းကျော် ဖြိုးအောင်နှင့်မျိုးမင်းဆန်းတို့ တာ ဝန်ယူဆောင်ရွက်နေစဉ် အမည်မသိ အသက်(၃၅)နှစ်ခန့်ရှိ၊ လူလတ် ပိုင်းတစ်ဦး ရောက်ရှိလာပြီး 'မင်း တို့ရဲ့အထက်အကြီးအကဲ' ဟု ယုံကြည်အောင်ပြောဆိုပြီး ဘဏ် ရှေ့တွင် မိုးကာအုပ်၍ ရပ်ထား သော YGN 6I/ ----- တိုယိုတာ ဖီလ်ဒါ၊ နက်ပြာရောင်ကားအား ကားသော့တောင်း၍ မြို့တွင်းသို့ မောင်းနှင်သွားခဲ့သည်။

တာဝန်ခံမန်နေဂျာနှင့် လုံခြံု ရေးဝန်ထမ်းများက မသင်္ကာသဖြင့် မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ သတင်းရလျှင် ရခြင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံ သတင်းပေးပို့ခဲ့ရာ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးမောင်ရွှေက ခရိုင်ရဲတပ် ဖွဲ့မှူး ဒုတိယရဲမှူးကြီး စဝ်နေ လင်းကို သတင်းပေးပို့ခဲ့ရာ ခရိုင် ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှု၊ မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်ရွှေ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တောမ မောင်းတံဂိတ်၊ မြတ်နိုးသူမောင်း တံဂိတ်၊သီးကုန်းတိုးဂိတ်၊ မလှိုင် မောင်းတံဂိတ်၊ တပ်ထိန်းဂိတ်၊ သပြေဝတိုးဂိတ်၊ မလှိုင်အဝင် ကုန်း တဲမောင်းတံဂိတ်၊ ဝမ်းတွင်းမြို့ အလယ်ဂိတ်၊ သာစည်မြို့အဝင်တို့ ကို မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည် စသည့်မြို့နယ်များက တာဝန်ရှိသောရဲတပ်ဖွဲ့ဝင်များအသီး သီးနေရာယူပြီး ပိတ်ဆို့စစ်ဆေး ရှာဖွေခဲ့ကြသည်။

ဤကဲ့သို့ပိတ်ဆို့ရှာဖွေစစ်ဆေး ရာ အဆိုပါယာဉ်သည် သပြေဝတိုး ဂိတ်အားဖြတ်သန်း၍ မန္တလေး ဘက်သို့ မောင်းနှင်သွားကြောင်း သိရသည်။

မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စဝ်နေလင်းသည် သတင်းရလျှင်ရခြင်း ခရိုင်ချင်း ချိတ်ဆက်၍ ရှာဖွေကြရာ ယမန်နေ့ နံနက် ၃နာရီတွင် အဆိုပါယာဉ်အား ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင် တိုး ဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။ အဆို ပါဘဏ်ကားအား ခိုးယူမောင်း နှင်ထွက်ပြေးသူမှာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမှတ် ၅၅/၅၆ ဗဟိုစည်ပင်ရပ်ကွက်နေ အောင် ကျော်ထွန်း(ခ)ဂျင်ဂျင်ရမ်း အသက် (၃၄နှစ်)ဖြစ်သည်ဆို၏။ ဘဏ် ကားအား မောင်းနှင်ခိုးယူထွက် ပြေးသူကို ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုနှင့် ခရိုင်ချင်းချိတ်ဆက် ကူညီပေးမှုကြောင့် နံနက် ၄နာရီ အတွင်း ဖမ်းဆီးရမိခြင်းဖြစ်သည်။ ကားခိုးသူအား ဘဏ်မန်နေဂျာ ဒေါ်တင်ဆွေဆွေဦးက တရားလို ပြုလုပ်၍ အမှတ်(၂)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ ရဲစခန်းက (ပ)၃၁/၂ဝ၁၆ ပုဒ်မ ၄၂ဝ ဖြင့်အမှု ဖွင့်အရေးယူထားကြောင်း သိရ သည်။

တင်လှိုင်(မိတ္ထီလာ)
The Union Daily
http://uniondaily.net

No comments:

Post a Comment