မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ VOA တွေ့ဆုံမေးမြန်းခန်း


မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ဓါတ်ပုံ- ကို ထက်အောင် )
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တယောက်အနေနဲ့ စိုက်ပျိုးမွေးမြူရေး၊ ငြိမ်းချမ်းရေးနဲ့ သယံဇာတတွေကို ထိထိရောက်ရောက် ခွဲဝေသုံးစွဲရေးတို့ကို အဓိကဦးစားပေးလုပ်သွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။ NLD အစိုးရသစ်လက်ထက်မှာ တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးဌာနနဲ့ ဝန်ကြီးနေရာတွေကို လျှော့ချသွားပြီး အစိုးရကို ကျစ်လစ် ထိရောက်အောင် ဆောင်ရွက်သွားမယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်း ခန်းမှာ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။ မန္တလေးမြို့မှာ ဒေါက်တာဇော်မြင့်မောင်ကို ကိုထက်အောင်က သွားရောက်တွေ့ဆုံ မေးမြန်းထားတာဖြစ်ပါတယ်။

“ကိုထက်အောင်။ ။ဒီကနေ့မှာပဲ ဆရာ့ကို မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်တဲ့အတွက် ဆရာ့အနေနဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာ ဘယ်လို ကဏ္ဍ တွေကို အဓိက ဦးစားပေးလုပ်ဆောင်ဖို့ရှိပါသလဲခင်ဗျ။

ဒေါက်တာ ဇော်မြင့်မောင်။ ။ မြန်မာနိုင်ငံမှာ ကနေ့ ကျနော်တို့အရင်အစိုးရကလည်း ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုတာလုပ်ခဲ့တယ်။ နောက်ပြီးတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဲဒီ ၂ ခုက တွဲလျက်ပေါ့နော်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရုံမကဘူး ပြည်သူတွေ ကိုယ်ရောစိတ်ရော ၊ စိတ်နှလုံး လုံခြုံစိတ်ချမှုရှိစေဖို့ မှုတည်တာပေါ့နော်။အဲတော့ ဘယ်ကဏ္ဍတွေကိုလည်းဆိုတော့ ကျနော်တို့နိုင်ငံက စိုက်ပျိုးမွေးမြူရေး နိုင်ငံလေ။ လူ ရ၀ ရာခိုင်နှုန်းက ကျနော်တို့ ကျေးလက်တွေမှာနေတယ်။ ကျနော်တို့မှာ Heavy Industry ဆိုတဲ့ စက်မှုလုပ်ငန်း သိပ်မဖွံ့ဖြိုးသေးဘူး။ ဆင်းရဲမွဲတေမှုလျှော့ချရေးလို့လည်းပြောနေသေးတယ် လယ်တွေမြေတွေသိမ်းပြီးတော့ တောင်သူလယ်သမားတွေဘဝက ပိုပြီးတော့တောင် အခက်တွေ့နေသေးတယ်။ ဆိုတော့ ဒီကဏ္ဍကတော့ ပိုပြီးတော့ ဦးစားပေးရမယ့်အထဲမှာတော့ ပါမှာပေ့ါနော်။ နောက်တခုပြောချင်တာဘာလဲဆိုတော့ တိုင်းပြည်မှာ သေနတ်သံတွေ ကြားနေရတုန်းရှိသေးတယ်။ စစ်မတ်တွေဖြစ်နေတာရှိသေးတယ် ဒါ ဘာလဲဆိုရင်မကောင်းတဲ့အလားအလာ။ နုနယ်သေးတဲ့ ဒီမိုကရေစီက နောက်ကြောင်းပြန်သွားနိုင်တဲ့အထဲမှာ ဒီတခုပါတယ်လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ တပြိုင်နက်ထဲလုပ်ရမယ့် လုပ်ငန်းတွေက ငြိမ်းချမ်းရေးရအောင်လည်းလုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တွေရှိနေသေးတယ်။ ငြိမ်းချမ်းရေး နဲ့အတူ တိုင်းပြည်ဖွ့ံဖြိုးရေးကို တွဲလုပ်ရမယ်။ တခုပြီးမှ တခု လုပ်လို့မရတော့တဲ့အခြေအနေ။ အဲတော့ စိုက်ပျိုးမွေးမြူရေးကိုလည်းလုပ်ရမယ်။ အလားတူဘာလဲဆိုရင် ကျနော်တို့နိုင်ငံမှာ သံယံဇာတတွေတော်တော်ကုန်နေတယ်။ သံယံဇာတဆိုတာဘာပဲပြောပြော စက်မှုကဏ္ဍမှာလည်း အကျံုးဝင်တယ်။ သတ္တုကဏ္ဍမှာလည်း အကျံုးဝင်တယ်။ ကျနော်တို့နိုင်ငံမှာ သံယံဇာတကို အရှိအရှိအတိုင်းထုတ်ပြီး ရောင်းစားနေတာ။ Value Edit လုပ်နို်င်တဲ့ နည်းပညာမရှိခဲ့ဘူး။ဆိုတော့ ဒီကဏ္ဍကိုလည်း ကျနော်တို့ တပြိုင်နက်ထဲလုပ်ရမှာ။ ပြောရရင်တော့ပေါ့နော် ဒီ ၃ ခုကို ဦးစားပေးလုပ်ရမယ်အထဲမှာလည်း ဗဟိုအစိုးရမှာလည်း ပါမှာပေါ့နော်။ ဗဟိုအစိုးရရဲ့ Policy အတိုင်း တိုင်းဒေသကြီးက ဆက်လုပ်ရမှာပေါ့။

ကိုထက်အောင်။ ။ဟုတ်ကဲ့။ပြီးခဲ့တဲ့အစိုးရ သက်တမ်း၅ နှစ်အတွင်းမှာ တိုင်းဒေသကြီးလွှတ်တော် အပါအဝင် ဒီဝန်ကြီးချုပ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ဝေဖန်သံတွေဆူညံခဲ့ပါတယ်။ အဲတော့ ဆရာ့အနေနဲ့ လာမယ့် ဧပြီလဆန်းမှာ ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်တော့မယ်ဆိုတော့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ အစီအစဉ်ရှိပါသလဲခင်ဗျ။

ဒေါက်တာ ဇော်မြင့်မောင်။ ။ သတိထားမိမှာပေါ့နော်။ ၀န်ကြီးဌာန ၂၁ ဌာန လုပ်လိုက်တယ်။ ၀န်ကြီးအရေအတွက်လျှော့ချတယ်။ တိုင်းဒေသကြီးမှာလည်း အလားတူ ၀န်ကြီးအရေအတွက်လည်းလျှော့ချမယ်။ ၀န်ကြီးဌာနတွေလည်း လျှော့ချမယ်။ ပြောရရင်တော့ ကျနော်တို့က ကျစ်လစ်တဲ့အစိုးရတခုဖွဲ့မယ်။ ပြည်သူကိုတာဝန်ခံနိုင်အောင်လုပ်မယ်။ အစိုးရရဲ့ အသုံးစားရိတ်တွေကို လျှော့ချအောင်လုပ်နိုင်မယ်။ကျနော်တို့ခေါင်းဆောင်ကိုက အမြဲတမ်းမှာထားတာနော် ဒီ ၀န်ကြီးချုပ်ဆိုလို့ ၀န်ကြီးချုပ်အာဏာ ၊ ၀န်ကြီးဆိုလို့ ၀န်ကြီးအာဏာ ဒီဟာ အာဏာမဟုတ်ဘူး။ ဒါ လုပ်ပိုင်ခွင့်ပဲ ကျနော်တို့ရတာ။ ပြည်သူက လွှဲပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာ ။ ဒီလုပ်ပိုင်ခွင့် အာဏာဘောင်ထက်မကျော်ရဘူး (၁) အချက်က ။ (၂) ကဘာလဲဆိုတော့ အလွဲသုံးစားမလုပ်ရဘူး။ အာဏာကို အလွဲသုံးစားမလုပ်ရဘူး။ ကျနော်တို့ကြိုးစားရမှာ စေတနာထားပြီး စေတနာ သန့်သန့်လုပ်မယ်။ ရိုးရိုးသားသားလုပ်မယ် ကြိုးကြိုးစားစားလုပ်မယ်။ အဂတိကင်းစင်တဲ့ အစိုးရဖြစ်အောင်လုပ်မယ်။ ပြည်သူတွေရဲ့ ဆန္ဒကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်တဲ့ အစိုးရဖြစ်အောင်ကျနော်တို့ကြိုးစားရမယ်။ ဒီအတိုင်းပဲကျနော်တို့လုပ်မှာပါ။

ကိုထက်အောင်။ ။မန္တလေးတိုင်း မှာဆိုရင်လည်း ၀န်ကြီးတွေကို ဆရာ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆိုရင်တော့ ရွေးချယ်ခွင့်ရှိပါတယ်။ ဆိုတော့ ဆရာ့အနေနဲ့ မန္တလေးတိုင်း ၀န်ကြီးအနေနဲ့ ဘယ်သူ့ကို ရာထားတာရှိပါသလဲ။

ဒေါက်တာ ဇော်မြင့်မောင်။ ။ ရာထားတာ ကျနော်တို့က အခုအချိန်မှာတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောမယ်နော် ကျနော်တို့ ရာထားပြီးပြီ။ဒါကို သမ္မတဆီတင်ရတယ်။ ကျနော့်ကိုမေးတယ်။ ၀န်ကြီးဌာန ဘယ်နှစ်ဌာနရှိသလဲဆိုတော့ အရင်ကဟာထက်နည်းတယ်။ အရင်က ၉ ခုရှိတယ်။ အဲဒီတော့ ၀န်ကြီးဌာန အရေအတွက် နည်းတယ်ဆိုရင် ၀န်ကြီးအရေအတွက်လည်း နည်းမှာပါနော်။ အလားတူ ကျနော်တို့တွေကဘာလဲဆိုတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိပါတယ်။ ဘယ်ဝန်ကြီးကိုရွေးရွေး ၊ ဘာပဲရွေးရွေးပေါ့နော် ကျနော်တို့က ကျနော်တို့ ဥက္ကဋ္ဌ ဆီကို CV form နဲ့ တင်ပြီးတော့မှ အားလုံးညှိပြီးတော့မှ ဥက္ကဋ္ဌက အတည်ပြုချက်ယူပြီးတော့ ရွေးတယ်ဆိုတဲ့သဘောကို ကျနော်တို့ ပြောချင်တာပေါ့နော် ။ ဒါဘာလဲဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ၊ ၀န်ကြီးတွေပဲဖြစ်ဖြစ် အားလုံးဟာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းအောက်မှာ ၊ ပါတီရဲ့ ကြေညာစာတန်းတွေအောက်မှာပဲ ကျနော်တို့ နေထိုင်ကြရမှာပါ။ လိုက်နာကြရမှာပါ။

ကိုထက်အောင်။ ။ဆိုတော့ ဆရာ့အနေနဲ့ရွေးတဲ့အထဲမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ထဲကပဲလား ။ ဒါမှမဟုတ်တခြားပါတီတွေကရောပါမလား။ ဒါမှမဟုတ် တခြားပေါ့နော် လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့သူတွေပါမလား။

ဒေါက်တာ ဇော်မြင့်မောင်။ ။ကျနော်တို့ပေါ့ တချို့နေရာတွေမှာ ပြင်ပ ပညာရှင်တွေ ပါမှကို ဖြစ်မှာပါ။ ပါမယ် နောက်လွှတ်တော်ကိုယ်စားလှယ်ထဲက ကျန်တဲ့ဝန်ကြီးတွေရှိပါတယ်။ တခြားပါတီကဆိုတော့ ဘာပဲပြောပြော အနိုင်ရများတဲ့အခါမှာ ဒီကိစ္စက ကျနော်တို့ စဉ်းစားရမယ့် ကိစ္စပဲလေ။ အခုလောလောလပ်လပ်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေထဲကရွေးထားတယ်။ ပါတီတွေဘာတွေ specific မပြောချင်ပါဘူးနော်။

ကိုထက်အောင်။ ။ ပြင်ပပညာရှင်တွေရော ဘယ်လိုဝန်ကြီးဌာနတွေကို အဓိက ကိုင်သွားမလဲခင်ဗျ။

ဒေါက်တာ ဇော်မြင့်မောင်။ ။ အဲဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တချို့နေရာတွေက ပြင်ပက ပုဂ္ဂိုလ် မှရမှာ။ ဘာဖြစ်လို့လဲဆိုတော့ NLD က ဖိနိုပ်ခံရတဲ့ကာလတွေအများကြီးပဲ ။ ဖိနိုပ်တာကို ခံနိုင်ရည်ရှိတယ်။ ဆင်းရဲဒဏ်ကို ကောင်းကောင်းခံနိုင်တာရှိတယ်။ ကျနော်တို့မှာဘာလဲဆိုတော့ capacity building ဆိုတာမျိုးကို ကျနော်တို့ ကောင်းကောင်းမရခဲ့ဘူးခင်ဗျ။ ဆိုတော့ ကျနော်တို့မှာ အုပ်ချုပ်ရေးအတွေ့အကြံုမှာ နည်းတာတွေရှိတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်တာ၊ ဘဏ်နာရေးတွေနဲ့ ။ ဒါ ပွင့်ပွင့်လင်းလင်း ပြောရရင်ပေါ့။ အဲလို field တွေမှာ အဲလိုနယ်ပယ်တွေမှာဆိုရင်တော့ ကျနော်တို့ ပညာရှင်ကို သုံးမယ်။”

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မႏၱေလးတိုင္း၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ (ဓါတ္ပံု- ကို ထက္ေအာင္ )
မႏၱေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္တေယာက္အေနနဲ႔ စိုက္ပ်ဳိးေမြးျမဴေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ သယံဇာတေတြကို ထိထိေရာက္ေရာက္ ခဲြေဝသံုးစဲြေရးတုိ႔ကို အဓိကဦးစားေပးလုပ္သြားမယ္လုိ႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားလိုက္ပါတယ္။ NLD အစိုးရသစ္လက္ထက္မွာ တိုင္းေဒသႀကီးေတြရဲ႕ ဝန္ႀကီးဌာနနဲ႔ ဝန္ႀကီးေနရာေတြကို ေလွ်ာ့ခ်သြားၿပီး အစိုးရကို က်စ္လစ္ ထိေရာက္ေအာင္ ေဆာင္႐ြက္သြားမယ္လို႔ VOA ျမန္မာပိုင္းနဲ႔ သီးသန္႔ေမးျမန္း ခန္းမွာ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားခဲ့ပါတယ္။ မႏၱေလးၿမိဳ႕မွာ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ကိုထက္ေအာင္က သြားေရာက္ေတ႔ြဆံု ေမးျမန္းထားတာျဖစ္ပါတယ္။

“ကိုထက္ေအာင္။ ။ဒီကေန႔မွာပဲ ဆရာ့ကို မႏၱေလးတိုင္း၀န္ႀကီးခ်ဳပ္အျဖစ္ အတည္ျပဳလိုက္တဲ့အတြက္ ဆရာ့အေနနဲ႔ တာ၀န္ထမ္းေဆာင္တဲ့အခါမွာ ဘယ္လို က႑ ေတြကို အဓိက ဦးစားေပးလုပ္ေဆာင္ဖို႔ရွိပါသလဲခင္ဗ်။

ေဒါက္တာ ေဇာ္ျမင့္ေမာင္။ ။ ျမန္မာႏိုင္ငံမွာ ကေန႔ က်ေနာ္တို႔အရင္အစိုးရကလည္း ဆင္းရဲမြဲေတမႈေလွ်ာ့ခ်ေရးဆိုတာလုပ္ခဲ့တယ္။ ေနာက္ၿပီးေတာ့ တိုင္းျပည္စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္ဖို႔ အဲဒီ ၂ ခုက တြဲလ်က္ေပါ့ေနာ္။ တိုင္းျပည္ဖြံ႔ၿဖိဳးတိုးတက္ရံုမကဘူး ျပည္သူေတြ ကိုယ္ေရာစိတ္ေရာ ၊ စိတ္ႏွလံုး လံုၿခံဳစိတ္ခ်မႈရွိေစဖို႔ မႈတည္တာေပါ့ေနာ္။အဲေတာ့ ဘယ္က႑ေတြကိုလည္းဆိုေတာ့ က်ေနာ္တို႔ႏိုင္ငံက စိုက္ပ်ိဳးေမြးျမဴေရး ႏိုင္ငံေလ။ လူ ၇၀ ရာခိုင္နွဳန္းက က်ေနာ္တို႔ ေက်းလက္ေတြမွာေနတယ္။ က်ေနာ္တို႔မွာ Heavy Industry ဆိုတဲ့ စက္မႈလုပ္ငန္း သိပ္မဖြံ႕ၿဖိဳးေသးဘူး။ ဆင္းရဲမြဲေတမႈေလွ်ာ့ခ်ေရးလို႔လည္းေျပာေနေသးတယ္ လယ္ေတြေျမေတြသိမ္းၿပီးေတာ့ ေတာင္သူလယ္သမားေတြဘ၀က ပိုၿပီးေတာ့ေတာင္ အခက္ေတြ႔ေနေသးတယ္။ ဆိုေတာ့ ဒီက႑ကေတာ့ ပိုၿပီးေတာ့ ဦးစားေပးရမယ့္အထဲမွာေတာ့ ပါမွာေပ့ါေနာ္။ ေနာက္တခုေျပာခ်င္တာဘာလဲဆိုေတာ့ တိုင္းျပည္မွာ ေသနတ္သံေတြ ၾကားေနရတုန္းရွိေသးတယ္။ စစ္မတ္ေတြျဖစ္ေနတာရွိေသးတယ္ ဒါ ဘာလဲဆိုရင္မေကာင္းတဲ့အလားအလာ။ ႏုနယ္ေသးတဲ့ ဒီမိုကေရစီက ေနာက္ေၾကာင္းျပန္သြားႏိုင္တဲ့အထဲမွာ ဒီတခုပါတယ္ေလ။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ တၿပိဳင္နက္ထဲလုပ္ရမယ့္ လုပ္ငန္းေတြက ၿငိမ္းခ်မ္းေရးရေအာင္လည္းလုပ္ရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္နက္ကိုင္ေတြရွိေနေသးတယ္။ ၿငိမ္းခ်မ္းေရး နဲ႔အတူ တိုင္းျပည္ဖြ႔ံၿဖိဳးေရးကို တြဲလုပ္ရမယ္။ တခုၿပီးမွ တခု လုပ္လို႔မရေတာ့တဲ့အေျခအေန။ အဲေတာ့ စိုက္ပ်ိဳးေမြးျမဴေရးကိုလည္းလုပ္ရမယ္။ အလားတူဘာလဲဆိုရင္ က်ေနာ္တို႔ႏိုင္ငံမွာ သံယံဇာတေတြေတာ္ေတာ္ကုန္ေနတယ္။ သံယံဇာတဆိုတာဘာပဲေျပာေျပာ စက္မႈက႑မွာလည္း အက်ံဳး၀င္တယ္။ သတၱဳက႑မွာလည္း အက်ံဳး၀င္တယ္။ က်ေနာ္တို႔ႏိုင္ငံမွာ သံယံဇာတကို အရွိအရွိအတိုင္းထုတ္ၿပီး ေရာင္းစားေနတာ။ Value Edit လုပ္ႏို္င္တဲ့ နည္းပညာမရွိခဲ့ဘူး။ဆိုေတာ့ ဒီက႑ကိုလည္း က်ေနာ္တို႔ တၿပိဳင္နက္ထဲလုပ္ရမွာ။ ေျပာရရင္ေတာ့ေပါ့ေနာ္ ဒီ ၃ ခုကို ဦးစားေပးလုပ္ရမယ္အထဲမွာလည္း ဗဟိုအစိုးရမွာလည္း ပါမွာေပါ့ေနာ္။ ဗဟိုအစိုးရရဲ႕ Policy အတိုင္း တိုင္းေဒသႀကီးက ဆက္လုပ္ရမွာေပါ့။

ကိုထက္ေအာင္။ ။ဟုတ္ကဲ့။ၿပီးခဲ့တဲ့အစိုးရ သက္တမ္း၅ ႏွစ္အတြင္းမွာ တိုင္းေဒသႀကီးလႊတ္ေတာ္ အပါအ၀င္ ဒီ၀န္ႀကီးခ်ဳပ္ေတြရဲ႕ အခန္းက႑နဲ႕ ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္ေလး ေ၀ဖန္သံေတြဆူညံခဲ့ပါတယ္။ အဲေတာ့ ဆရာ့အေနနဲ႔ လာမယ့္ ဧၿပီလဆန္းမွာ ၀န္ႀကီးခ်ဳပ္အျဖစ္တာ၀န္ထမ္းေဆာင္ေတာ့မယ္ဆိုေတာ့ ဘယ္လိုျပဳျပင္ေျပာင္းလဲမႈေတြ လုပ္သြားဖို႔ အစီအစဥ္ရွိပါသလဲခင္ဗ်။

ေဒါက္တာ ေဇာ္ျမင့္ေမာင္။ ။ သတိထားမိမွာေပါ့ေနာ္။ ၀န္ႀကီးဌာန ၂၁ ဌာန လုပ္လိုက္တယ္။ ၀န္ႀကီးအေရအတြက္ေလွ်ာ့ခ်တယ္။ တိုင္းေဒသႀကီးမွာလည္း အလားတူ ၀န္ႀကီးအေရအတြက္လည္းေလွ်ာ့ခ်မယ္။ ၀န္ႀကီးဌာနေတြလည္း ေလွ်ာ့ခ်မယ္။ ေျပာရရင္ေတာ့ က်ေနာ္တို႔က က်စ္လစ္တဲ့အစိုးရတခုဖြဲ႔မယ္။ ျပည္သူကိုတာ၀န္ခံႏိုင္ေအာင္လုပ္မယ္။ အစိုးရရဲ႕ အသံုးစားရိတ္ေတြကို ေလွ်ာ့ခ်ေအာင္လုပ္ႏိုင္မယ္။က်ေနာ္တို႔ေခါင္းေဆာင္ကိုက အျမဲတမ္းမွာထားတာေနာ္ ဒီ ၀န္ႀကီးခ်ဳပ္ဆိုလို႔ ၀န္ႀကီးခ်ဳပ္အာဏာ ၊ ၀န္ႀကီးဆိုလို႔ ၀န္ႀကီးအာဏာ ဒီဟာ အာဏာမဟုတ္ဘူး။ ဒါ လုပ္ပိုင္ခြင့္ပဲ က်ေနာ္တို႔ရတာ။ ျပည္သူက လႊဲေပးထားတဲ့ လုပ္ပိုင္ခြင့္ အာဏာ ။ ဒီလုပ္ပိုင္ခြင့္ အာဏာေဘာင္ထက္မေက်ာ္ရဘူး (၁) အခ်က္က ။ (၂) ကဘာလဲဆိုေတာ့ အလြဲသံုးစားမလုပ္ရဘူး။ အာဏာကို အလြဲသံုးစားမလုပ္ရဘူး။ က်ေနာ္တို႔ႀကိဳးစားရမွာ ေစတနာထားၿပီး ေစတနာ သန္႔သန္႔လုပ္မယ္။ ရိုးရိုးသားသားလုပ္မယ္ ႀကိဳးႀကိဳးစားစားလုပ္မယ္။ အဂတိကင္းစင္တဲ့ အစိုးရျဖစ္ေအာင္လုပ္မယ္။ ျပည္သူေတြရဲ႕ ဆႏၵကို ျပည့္၀စြာအေကာင္အထည္ေဖာ္ႏိုင္တဲ့ အစိုးရျဖစ္ေအာင္က်ေနာ္တို႔ႀကိဳးစားရမယ္။ ဒီအတိုင္းပဲက်ေနာ္တို႔လုပ္မွာပါ။

ကိုထက္ေအာင္။ ။မႏၱေလးတိုင္း မွာဆိုရင္လည္း ၀န္ႀကီးေတြကို ဆရာ့အေနနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒ အရဆိုရင္ေတာ့ ေရြးခ်ယ္ခြင့္ရွိပါတယ္။ ဆိုေတာ့ ဆရာ့အေနနဲ႔ မႏၱေလးတိုင္း ၀န္ႀကီးအေနနဲ႔ ဘယ္သူ႔ကို ရာထားတာရွိပါသလဲ။

ေဒါက္တာ ေဇာ္ျမင့္ေမာင္။ ။ ရာထားတာ က်ေနာ္တို႔က အခုအခ်ိန္မွာေတာ့ က်ေနာ္တို႔ ပြင့္ပြင့္လင္းလင္းေျပာမယ္ေနာ္ က်ေနာ္တို႔ ရာထားၿပီးၿပီ။ဒါကို သမၼတဆီတင္ရတယ္။ က်ေနာ့္ကိုေမးတယ္။ ၀န္ႀကီးဌာန ဘယ္ႏွစ္ဌာနရွိသလဲဆိုေတာ့ အရင္ကဟာထက္နည္းတယ္။ အရင္က ၉ ခုရွိတယ္။ အဲဒီေတာ့ ၀န္ႀကီးဌာန အေရအတြက္ နည္းတယ္ဆိုရင္ ၀န္ႀကီးအေရအတြက္လည္း နည္းမွာပါေနာ္။ အလားတူ က်ေနာ္တို႔ေတြကဘာလဲဆိုေတာ့ က်ေနာ္တို႔ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ၇ွိပါတယ္။ ဘယ္၀န္ႀကီးကိုေရြးေရြး ၊ ဘာပဲေရြးေရြးေပါ့ေနာ္ က်ေနာ္တို႔က က်ေနာ္တို႔ ဥကၠ႒ ဆီကို CV form နဲ႔ တင္ၿပီးေတာ့မွ အားလံုးညိွၿပီးေတာ့မွ ဥကၠ႒က အတည္ျပဳခ်က္ယူၿပီးေတာ့ ေရြးတယ္ဆိုတဲ့သေဘာကို က်ေနာ္တို႔ ေျပာခ်င္တာေပါ့ေနာ္ ။ ဒါဘာလဲဆိုရင္ ပြင့္ပြင့္လင္းလင္းေျပာရရင္ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ပဲျဖစ္ျဖစ္ ၊ ၀န္ႀကီးေတြပဲျဖစ္ျဖစ္ အားလံုးဟာ ပါတီရဲ႕ စည္းမ်ဥ္းစည္းကမ္းေအာက္မွာ ၊ ပါတီရဲ႕ ေၾကညာစာတန္းေတြေအာက္မွာပဲ က်ေနာ္တို႔ ေနထိုင္ၾကရမွာပါ။ လိုက္နာၾကရမွာပါ။

ကိုထက္ေအာင္။ ။ဆိုေတာ့ ဆရာ့အေနနဲ႔ေရြးတဲ့အထဲမွာ NLD ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ ထဲကပဲလား ။ ဒါမွမဟုတ္တျခားပါတီေတြကေရာပါမလား။ ဒါမွမဟုတ္ တျခားေပါ့ေနာ္ လႊတ္ေတာ္ကိုယ္စားလွယ္မဟုတ္တဲ့သူေတြပါမလား။

ေဒါက္တာ ေဇာ္ျမင့္ေမာင္။ ။က်ေနာ္တို႔ေပါ့ တခ်ိဳ႕ေနရာေတြမွာ ျပင္ပ ပညာရွင္ေတြ ပါမွကို ျဖစ္မွာပါ။ ပါမယ္ ေနာက္လႊတ္ေတာ္ကိုယ္စားလွယ္ထဲက က်န္တဲ့၀န္ႀကီးေတြရွိပါတယ္။ တျခားပါတီကဆိုေတာ့ ဘာပဲေျပာေျပာ အႏိုင္ရမ်ားတဲ့အခါမွာ ဒီကိစၥက က်ေနာ္တို႔ စဥ္းစားရမယ့္ ကိစၥပဲေလ။ အခုေလာေလာလပ္လပ္ကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲကေရြးထားတယ္။ ပါတီေတြဘာေတြ specific မေျပာခ်င္ပါဘူးေနာ္။

ကိုထက္ေအာင္။ ။ ျပင္ပပညာရွင္ေတြေရာ ဘယ္လို၀န္ႀကီးဌာနေတြကို အဓိက ကိုင္သြားမလဲခင္ဗ်။

ေဒါက္တာ ေဇာ္ျမင့္ေမာင္။ ။ အဲဒါကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ တခ်ိဳ႕ေနရာေတြက ျပင္ပက ပုဂၢိဳလ္ မွရမွာ။ ဘာျဖစ္လို႔လဲဆိုေတာ့ NLD က ဖိႏိုပ္ခံရတဲ့ကာလေတြအမ်ားႀကီးပဲ ။ ဖိႏိုပ္တာကို ခံႏိုင္ရည္ရွိတယ္။ ဆင္းရဲဒဏ္ကို ေကာင္းေကာင္းခံႏိုင္တာရွိတယ္။ က်ေနာ္တို႔မွာဘာလဲဆိုေတာ့ capacity building ဆိုတာမ်ိဳးကို က်ေနာ္တို႔ ေကာင္းေကာင္းမရခဲ့ဘူးခင္ဗ်။ ဆိုေတာ့ က်ေနာ္တို႔မွာ အုပ္ခ်ဳပ္ေရးအေတြ႔အၾကံဳမွာ နည္းတာေတြရွိတယ္။ စီမံကိန္းေတြနဲ႔ ပတ္သက္တာ၊ ဘဏ္နာေရးေတြနဲ႔ ။ ဒါ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေပါ့။ အဲလို field ေတြမွာ အဲလိုနယ္ပယ္ေတြမွာဆိုရင္ေတာ့ က်ေနာ္တို႔ ပညာရွင္ကို သံုးမယ္။”

ထက္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)