Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

ေတာင္ကုိရီးယားအထည္ခ်ဳပ္ စက္ရံုမွာ အလုပ္ သမား ႏွစ္ေထာင္ေလာက္ ဆႏၵျပ

Myanmar Inno အထည္ခ်ဳပ္စက္ရံုက အလုပ္သမား ၂၀၀၀ ေလာက္ မတ္လ ၉ ရက္ေန႔က ဆႏၵျပေတာင္းဆိုေနစဥ္။ Photo: Kyaw Zaw Win/ RFA
ေတာင္ကိုရီးယားႏိုင္ငံသားပိုင္ Myanmar Inno  အထည္ခ်ဳပ္စက္ရံုက အလုပ္သမား ၂၀၀၀ ေလာက္က ရက္မွန္ေၾကးေပးဖို႔ ၊ အပိုဆုေၾကးနဲ႔ လုပ္သက္အလိုက္ လစာတုိးျမွင့္ေပးဖို႔တို႔ကို ဆႏၵျပေတာင္းဆုိေနၾကပါတယ္။

အစိုးရက အနည္းဆံုးလုပ္ခလစာ တစ္ရက္အတြက္ က်ပ္ ၃၆၀၀ သတ္မွတ္ျပီးေနာက္ အခ်ိန္ပို မဆင္းခိုင္းေတာ့ သလို ရက္မွန္ေၾကးေတြ၊ အပိုဆုေၾကးေတြလည္း မေပးေတာ့ဘူးလုိ႔ ဆႏၵျပအလုပ္သမတစ္ဦးက ေျပာပါတယ္။

"သူတို႔က အခုလစာေတြက အစိုးရသတ္မွတ္လိုက္တဲ့ ၃၆၀၀ ပဲေပးၿပီး က်န္တဲ့ရွားပါးစရိတ္ေတြ၊ ရက္မွန္ေၾကးေတြ၊ ႏွစ္ပတ္လည္ဆုေၾကးေငြေတြ သူတို႔ဘာမွ မေပးေတာ့ဘူး၊ တစ္လလံုးလံုး အလုပ္သမားေတြအကုန္လံုးမွ ဒီ ၁ သိန္း ၈ ေထာင္ကို ဘယ္သူကမွ ဒီခတ္ကုန္ေစ်းႏႈန္းနဲ႔ မေလာက္ငွဘူး၊ မေလာက္ငွေတာ့ မေက်နပ္ဘူး၊ သူတို႔ အိုဗာတိုင္းေတြကိုလည္း ေခၚေစခ်င္တယ္၊ သူတို႔က အိုဗာတိုင္း လည္းမေခၚႏိုင္ဘူး၊ မေခၚႏိုင္တဲ့အခါက်ေတာ့ လစာက သူမ်ားေတြနဲ႔ တန္းတူဘယ္ေတာ့မွ မရဘူး၊ စက္ရံုတိုင္း၊ စက္ရံုတိုင္း အိုဗာတိုင္ေခၚတယ္၊ ဒီစက္ရံုက်မွ အိုဗာတိုင္မေခၚတာ"

အဲဒီစက္ရံုဟာ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒံုစက္မွဳဇုန္မွာရိွတာျဖစ္ပါတယ္။ အလုပ္သမားေတြရဲ့ ေတာင္းဆို ခ်က္ေတြကို ဒီေန႔ စက္ရံုတာ၀န္ရွိသူေတြနဲ႔ ညွိႏႈိင္းေပ မယ့္ ေျပလည္မႈမရဘူးလို႔ သိရပါတယ္။  အရင္က တစ္လစာ လုပ္အားခကို အပိုဆုေၾကးအျဖစ္ တစ္နွစ္ကို ၃ ၾကိမ္ေလာက္ေပးရာ ဆုေၾကးတစ္သိန္းခန္႔ ရရွိရာကေန လက္ရွိမွာ အပိုဆုေၾကး က်ပ္ႏွစ္ေသာင္းသာ ေပးေတာ့မယ္လို႔ စက္ရံုတာ၀န္ရွိသူေတြဘက္က ေျပာဆုိတာလို႔လည္း သိရပါတယ္။

အဲဒီစက္ရံုမွာ မန္ေနဂ်ာအသစ္ တာ၀န္ယူၿပီးေနာက္ပိုင္း အရင္ ရရွိေနတဲ့ ခံစားခြင့္ေတြ မရေတာ့တာျဖစ္တယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

စက္ရံုအလုပ္သမားအားလံုးက စက္ရံုျခံ၀င္းထဲမွာ ဆႏၵျပေနတာ ဒီေန႔ ၂ရက္ေျမာက္ေန႔ ျဖစ္ပါတယ္။ အဲဒီစက္ရံုမွာ အမ်ားဆံုးလုပ္သက္ ၂၆ နွစ္ကေန အနည္းဆံုး လုပ္သက္ ၈ လအထိ ရွိၿပီး အားလံုးကို တစ္ေန႔ လုပ္ခ က်ပ္ ၃၆၀၀ နဲ႔ တေျပးညီေပးေနတာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
..........
 Myanmar Inno အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀၀ လောက် မတ်လ ၉ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်။ Photo: Kyaw Zaw Win/ RFA
တောင်ကိုရီးယားနိုင်ငံသားပိုင် Myanmar Inno  အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀၀ လောက်က ရက်မှန်ကြေးပေးဖို့ ၊ အပိုဆုကြေးနဲ့ လုပ်သက်အလိုက် လစာတိုးမြှင့်ပေးဖို့တို့ကို ဆန္ဒပြတောင်းဆိုနေကြပါတယ်။

အစိုးရက အနည်းဆုံးလုပ်ခလစာ တစ်ရက်အတွက် ကျပ် ၃၆၀၀ သတ်မှတ်ပြီးနောက် အချိန်ပို မဆင်းခိုင်းတော့ သလို ရက်မှန်ကြေးတွေ၊ အပိုဆုကြေးတွေလည်း မပေးတော့ဘူးလို့ ဆန္ဒပြအလုပ်သမတစ်ဦးက ပြောပါတယ်။

"သူတို့က အခုလစာတွေက အစိုးရသတ်မှတ်လိုက်တဲ့ ၃၆၀၀ ပဲပေးပြီး ကျန်တဲ့ရှားပါးစရိတ်တွေ၊ ရက်မှန်ကြေးတွေ၊ နှစ်ပတ်လည်ဆုကြေးငွေတွေ သူတို့ဘာမှ မပေးတော့ဘူး၊ တစ်လလုံးလုံး အလုပ်သမားတွေအကုန်လုံးမှ ဒီ ၁ သိန်း ၈ ထောင်ကို ဘယ်သူကမှ ဒီခတ်ကုန်စျေးနှုန်းနဲ့ မလောက်ငှဘူး၊ မလောက်ငှတော့ မကျေနပ်ဘူး၊ သူတို့ အိုဗာတိုင်းတွေကိုလည်း ခေါ်စေချင်တယ်၊ သူတို့က အိုဗာတိုင်း လည်းမခေါ်နိုင်ဘူး၊ မခေါ်နိုင်တဲ့အခါကျတော့ လစာက သူများတွေနဲ့ တန်းတူဘယ်တော့မှ မရဘူး၊ စက်ရုံတိုင်း၊ စက်ရုံတိုင်း အိုဗာတိုင်ခေါ်တယ်၊ ဒီစက်ရုံကျမှ အိုဗာတိုင်မခေါ်တာ"

အဲဒီစက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန်မှာရှိတာဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆို ချက်တွေကို ဒီနေ့ စက်ရုံတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေ မယ့် ပြေလည်မှုမရဘူးလို့ သိရပါတယ်။  အရင်က တစ်လစာ လုပ်အားခကို အပိုဆုကြေးအဖြစ် တစ်နှစ်ကို ၃ ကြိမ်လောက်ပေးရာ ဆုကြေးတစ်သိန်းခန့် ရရှိရာကနေ လက်ရှိမှာ အပိုဆုကြေး ကျပ်နှစ်သောင်းသာ ပေးတော့မယ်လို့ စက်ရုံတာဝန်ရှိသူတွေဘက်က ပြောဆိုတာလို့လည်း သိရပါတယ်။

အဲဒီစက်ရုံမှာ မန်နေဂျာအသစ် တာဝန်ယူပြီးနောက်ပိုင်း အရင် ရရှိနေတဲ့ ခံစားခွင့်တွေ မရတော့တာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံအလုပ်သမားအားလုံးက စက်ရုံခြံဝင်းထဲမှာ ဆန္ဒပြနေတာ ဒီနေ့ ၂ရက်မြောက်နေ့ ဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အများဆုံးလုပ်သက် ၂၆ နှစ်ကနေ အနည်းဆုံး လုပ်သက် ၈ လအထိ ရှိပြီး အားလုံးကို တစ်နေ့ လုပ်ခ ကျပ် ၃၆၀၀ နဲ့ တပြေးညီပေးနေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment