Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

သမၼတေလာင္းအမည္ နာမည္ ႏွစ္လုံးတည္း ဟု ဦး၀င္းထိန္ ထပ္မံေျပာၾကား(သမ္မတလောင်းအမည် နာမည် နှစ်လုံးတည်း ဟု ဦးဝင်းထိန် ထပ်မံပြောကြား)



ေနျပည္ေတာ္စည္ပင္ရိပ္သာတြင္ ျပဳလုပ္သည့္ သမၼတေလာင္း အမည္စာရင္းႏွင့္ ပတ္သက္သည့္ အစည္းအေ၀းကို ယေန႔ည ၇ နာရီတြင္ ျပဳလုပ္ၿပီး ၇ း ၃၅ နာရီခန္႔တြင္ ၿပီးဆုံးသြားေၾကာင္း ေနျပည္ေတာ္ အေျခစိုက္ The Ladies News သတင္းေထာက္က သတင္း ေပးပို႔သည္။

NLD ထိပ္တန္းေခါင္းေဆာင္အခ်ိဳ႕သာ ျပဳလုပ္သည့္ ယေန႔အစည္းအေ၀းအၿပီးတြင္ မီဒီယာမ်ားက သမၼတေလာင္း အမည္ႏွင့္ပတ္သက္၍ ပါတီထိပ္တန္းေခါင္းေဆာင္ ဦး၀င္းထိန္ကိုေမးျမန္းရာ " မနက္ျဖန္ ၁၀ နာရီ ေက်ာ္ရင္ အတိအက်သိရမယ္ ။ နာမည္ ႏွစ္လုံးတည္း ၊ ႏွစ္လုံးတည္း " ဟုသာ ေျဖၾကားသြားသည္ ဟု ဆိုသည္။

NLD မွတင္သြင္းမည့္ ဒုသမၼတေလာင္း အမည္စာရင္းမ်ားတြင္ အမ်ိဳးသားစာဆို ဆရာႀကီးမင္းသု၀ဏ္၏ သားျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္၏ သံတမန္ေရးရာ အရာရွိ ဦးထင္ေက်ာ္ ( ဒလဘန္း ) ၊ ေဒၚေအာင္ဆန္းစုၾကည္၏ မိသားစုဆရာ၀န္ ေဒါက္တာတင္မ်ိဳး၀င္း ၊ ေဒါက္တာမ်ိဳးေအာင္ႏွင့္ က်ားေခါင္းမွ ဦးစိုင္းညြန္႔လြင္တို႔ တစ္ေျပးေနေၾကာင္း ကနဦး သတင္းမ်ားအရ သိရသည္။

ဦး၀င္းထိန္မွာလည္း နာမည္ ၂ လုံးတည္း ျဖစ္ေသာ္လည္း ေနာင္ ၅ ႏွစ္တြင္ ၄င္းသည္ ပါတီတုိးခ်ဲ႕တည္ေဆာက္ေရးကုိသာ ျပဳလုပ္မည္ဟု ေျပာၾကား ခဲ့ဖူးသည္။

ေဒါက္တာတင္မ်ိဳး၀င္း ကလည္း ၄င္းသည္ ခဲြစိတ္ဆရာ၀န္ျဖစ္သည့္အညီ ေသြးညွီနံေလး ရေနမွ ေနေပ်ာ္ စားေပ်ာ္သည္ဟု အင္တာဗ်ဴ းတစ္ခုတြင္ ေျဖၾကားခဲ့ဖူးသည္။

ေဒါက္တာမ်ိဳးေအာင္မွာ ျပည္ေထာင္စုလႊတ္ေတာ္က ဖဲြ႕စည္းမည့္ သမၼတစိစစ္ေရးအဖဲြ႕၀င္အျဖစ္ ပါ၀င္မည္ ျဖစ္ရာ NLD က တင္ေျမာက္မည့္ သမၼတေလာင္း ၂ ဦး၏ အမည္ကုိ မနက္ျဖန္ ၁၀ နာရီ ၀န္းက်င္တြင္ အတိအက်သိရမည္ ျဖစ္သည္။

ကုိေပါက္
The Ladies News
https://www.facebook.com/News.TheLadies
.....................


နေပြည်တော်စည်ပင်ရိပ်သာတွင် ပြုလုပ်သည့် သမ္မတလောင်း အမည်စာရင်းနှင့် ပတ်သက်သည့် အစည်းအဝေးကို ယနေ့ည ရ နာရီတွင် ပြုလုပ်ပြီး ရ း ၃၅ နာရီခန့်တွင် ပြီးဆုံးသွားကြောင်း နေပြည်တော် အခြေစိုက် The Ladies News သတင်းထောက်က သတင်း ပေးပို့သည်။

NLD ထိပ်တန်းခေါင်းဆောင်အချို့သာ ပြုလုပ်သည့် ယနေ့အစည်းအဝေးအပြီးတွင် မီဒီယာများက သမ္မတလောင်း အမည်နှင့်ပတ်သက်၍ ပါတီထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်ကိုမေးမြန်းရာ " မနက်ဖြန် ၁၀ နာရီ ကျော်ရင် အတိအကျသိရမယ် ။ နာမည် နှစ်လုံးတည်း ၊ နှစ်လုံးတည်း " ဟုသာ ဖြေကြားသွားသည် ဟု ဆိုသည်။

NLD မှတင်သွင်းမည့် ဒုသမ္မတလောင်း အမည်စာရင်းများတွင် အမျိုးသားစာဆို ဆရာကြီးမင်းသုဝဏ်၏ သားဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိ ဦးထင်ကျော် ( ဒလဘန်း ) ၊ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ၊ ဒေါက်တာမျိုးအောင်နှင့် ကျားခေါင်းမှ ဦးစိုင်းညွန့်လွင်တို့ တစ်ပြေးနေကြောင်း ကနဦး သတင်းများအရ သိရသည်။

ဦးဝင်းထိန်မှာလည်း နာမည် ၂ လုံးတည်း ဖြစ်သော်လည်း နောင် ၅ နှစ်တွင် ၄င်းသည် ပါတီတိုးချဲ့တည်ဆောက်ရေးကိုသာ ပြုလုပ်မည်ဟု ပြောကြား ခဲ့ဖူးသည်။

ဒေါက်တာတင်မျိုးဝင်း ကလည်း ၄င်းသည် ခွဲစိတ်ဆရာဝန်ဖြစ်သည့်အညီ သွေးညှီနံလေး ရနေမှ နေပျော် စားပျော်သည်ဟု အင်တာဗျူ းတစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။

ဒေါက်တာမျိုးအောင်မှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းမည့် သမ္မတစိစစ်ရေးအဖွဲ့ဝင်အဖြစ် ပါ၀င်မည် ဖြစ်ရာ NLD က တင်မြောက်မည့် သမ္မတလောင်း ၂ ဦး၏ အမည်ကို မနက်ဖြန် ၁၀ နာရီ ၀န်းကျင်တွင် အတိအကျသိရမည် ဖြစ်သည်။

ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment