Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

သမၼတနဲ႔ ဒုသမၼတေတြ ေရြးခ်ယ္ေရး လမ္းညႊန္ခ်က္ ျဖန္႔ေဝ


ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝး က်င္းပေနစဥ္။ Photo: RFA
ႏုိင္ငံေတာ္သမၼတနဲ႔ ဒုတိယသမၼတေတြကို ေရြးခ်ယ္ဖို႔အတြက္ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္တဲ့အခါ ပယ္မဲမျဖစ္ေအာင္ သတိထားသင့္တဲ့ အခ်က္ေတြနဲ႔ ဆႏၵမဲလက္မွတ္ပံုစံေတြကို လႊတ္ေတာ္ရံုးအသီးသီးက လႊတ္ေတာ္ကိုယ္စားလွယ္အားလံုးထံ ဒီေန႔ ျဖန္႔ေ၀လိုက္ပါတယ္။

ဆႏၵမဲေပးတဲ့အခါ ပယ္မဲမျဖစ္ေအာင္ သတိျပဳႏုိင္ဖို႔အတြက္ ျဖန္႔ေ၀တာျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ရံုး ညႊန္ၾကားေရးမွဴး ဦးကိုကိုႏုိင္ က ေျပာပါတယ္။

"ျပည္သူ႔လႊတ္ေတာ္ နညး္ဥပေဒမွာ ျပဌာန္းထားၿပီးသားပါ၊ အဲ့ဒီ သမၼတေလာင္းေရြးခ်ယ္လို႔ တစ္ဦးထက္ပိုလာရင္ ဆႏၵမဲလက္မွတ္စနစ္ကိုနဲ႔ အသံုးျပဳပါမယ္၊ ၇ ခ်က္ကေတာ့ ပယ္မဲျဖစ္မယ့္အေၾကာင္းေပါ့၊ က်န္တာကေတာ့ အမွန္ျခစ္ပါရင္ ေထာက္ခံမဲေပါ့"

ပယ္မဲျဖစ္ႏုိင္တဲ့ ဆႏၵမဲလက္မွတ္ေတြက တစ္ဦးထက္ပိုၿပီး ေထာက္ခံဆႏၵျပဳထားတဲ့ လက္မွတ္၊ ဘယ္သူ႔ကိုမွ ဆႏၵမျပဳထားတဲ့ လက္မွတ္၊ လႊတ္ေတာ္ရံုး ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ လက္မွတ္မပါတဲ့ ဆႏၵမဲလက္မွတ္ စတာေတြျဖစ္တယ္လို႔ သိရပါတယ္။

လာမယ့္ မတ္လ ၁၀ရက္ေန႔မွာ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ဳိးသားလႊတ္ေတာ္က ေရြးေကာက္ခံထားရတဲ့ ကိုယ္စားလွယ္ေတြဟာ ဒုတိယသမၼတေလာင္း အမည္စာရင္း တင္သြင္းဖို႔အတြက္ အဆုိျပဳလႊာပံုစံေတြကို လႊတ္ေတာ္ရံုးညႊန္ၾကားေရးမွဴးခ်ဳပ္ထံကေန ထုတ္ယူရမွာၿပီး လႊတ္ေတာ္အသီးသီးမွာ တင္သြင္းရမွာျဖစ္ပါတယ္။

အဲဒီေန႔မွာပဲ ႏုိင္ငံေတာ္သမၼတနဲ႔ ဒုတိယသမၼတ အရည္အခ်င္းစိစစ္ေရးအဖဲြ႔ကို အဖဲြ႔၀င္ ၇ဦးနဲ႔ ဖဲြ႔စည္းမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒုတိယသမၼတေလာင္းစာရင္းကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖဲြ႔က တစ္ဦး၊ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္အစုအဖဲြ႔က တစ္ဦးနဲ႔ လႊတ္ေတာ္ႏွစ္ရပ္ေပါင္း တပ္မေတာ္သားကိုယ္စားလွယ္ အစုအဖဲြ႔က တစ္ဦး စုစုေပါင္း ၃ဦး တင္သြင္းၾကရမွာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...........

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ Photo: RFA
နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ပယ်မဲမဖြစ်အောင် သတိထားသင့်တဲ့ အချက်တွေနဲ့ ဆန္ဒမဲလက်မှတ်ပုံစံတွေကို လွှတ်တော်ရုံးအသီးသီးက လွှတ်တော်ကိုယ်စားလှယ်အားလုံးထံ ဒီနေ့ ဖြန့်ဝေလိုက်ပါတယ်။

ဆန္ဒမဲပေးတဲ့အခါ ပယ်မဲမဖြစ်အောင် သတိပြုနိုင်ဖို့အတွက် ဖြန့်ဝေတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် က ပြောပါတယ်။

"ပြည်သူ့လွှတ်တော် နညး်ဥပဒေမှာ ပြဌာန်းထားပြီးသားပါ၊ အဲ့ဒီ သမ္မတလောင်းရွေးချယ်လို့ တစ်ဦးထက်ပိုလာရင် ဆန္ဒမဲလက်မှတ်စနစ်ကိုနဲ့ အသုံးပြုပါမယ်၊ ရ ချက်ကတော့ ပယ်မဲဖြစ်မယ့်အကြောင်းပေါ့၊ ကျန်တာကတော့ အမှန်ခြစ်ပါရင် ထောက်ခံမဲပေါ့"

ပယ်မဲဖြစ်နိုင်တဲ့ ဆန္ဒမဲလက်မှတ်တွေက တစ်ဦးထက်ပိုပြီး ထောက်ခံဆန္ဒပြုထားတဲ့ လက်မှတ်၊ ဘယ်သူ့ကိုမှ ဆန္ဒမပြုထားတဲ့ လက်မှတ်၊ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် လက်မှတ်မပါတဲ့ ဆန္ဒမဲလက်မှတ် စတာတွေဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် မတ်လ ၁၀ရက်နေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေဟာ ဒုတိယသမ္မတလောင်း အမည်စာရင်း တင်သွင်းဖို့အတွက် အဆိုပြုလွှာပုံစံတွေကို လွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ထံကနေ ထုတ်ယူရမှာပြီး လွှတ်တော်အသီးသီးမှာ တင်သွင်းရမှာဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းစိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ရဦးနဲ့ ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယသမ္မတလောင်းစာရင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က တစ်ဦးနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တစ်ဦး စုစုပေါင်း ၃ဦး တင်သွင်းကြရမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment