Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 17, 2016
လိုက်ပါတယ်။
တယ်။
နတ်စည်တော် (ShweMOM)
....................................
မင်းကွတ်သီးရဲ့ အကျိုးအာနိသင်(၅)မျိုး
မင်းကွတ်သီးဟာ ဒူးရင်းသီးနဲ့အတူ တွဲဖက်စားသင့်တဲ့ သစ်သီးဖြစ်ပြီး ဘာကြောင့် တွဲဖက်
စားသင့်သလဲဆိုတာကို စောစောပိုင်းက ကျွန်တော်လည်း သဘောမပေါက်ခဲ့ပါဘူး။ နောက်
မှ ကျန်မားရေးဆောင်းပါးတစ်ခုမှာ ရေထားကို သွားတွေ့ပါတယ်။ ဒူးရင်းသီးဟာ အတက်
စာဖြစ်တယ်၊ မင်းကွတ်သီးကတော့ အကျစာဖြစ်တယ်၊ ဒါကြောင့် ဒူရင်းသီးစားပြီး မင်းကွတ်
သီးစားလိုက်တာနဲ့ ခေါင်းမူးတာ၊ သွေးတိုးတာ၊ နောက်ကျောတက်တာ ပျောက်သွားစေနိုင်
တယ်-လို့ ဖော်ပြထားပါတယ်။ အခု မင်းကွတ်သီးရဲ့ အကျိုးအာနိသင် (5)မျိုးကို ဖော်ပြပေး
လိုက်ပါတယ်။
1. ကယ်လိုရီပါမှု နည်းပါးလို့ ကျန်မားရေးအတွက် သင့်တော်ပါတယ်။
လူခန္ဓာကိုယ်မှာ ကယ်လိုရီပမာဏများရင် များသလောက် ကျန်မားရေးရှုထောင့်က ကြည့်ရင်
မကောင်းပါဘူး။ ကယ်လိုရီပမာဏများလာတာနဲ့အမျှ လောင်ကျွမ်းမှုလည်း နည်းသွားပြီး လူ
ကို ဘေးထွက်ဆိုးကျိုးတွေ ပေးပါတော့တယ်။ မင်းကွတ်သီးမှာတော့ ကိုလက်စထရောဓာတ်
လုံးဝမပါဘဲ မင်းကွတ်သီး 100 ဂရမ်မှာ ကယ်လိုရီ 63% သာ ပါ၀င်ပါတယ်။
2. သက်စောင့် ဗီတာမင် C ရဲ့ ကျေးဇူး
ဗီတာမင်မင် C ကြွယ်ဝတဲ့ အစားအစာတွေ များများ စားပေးနိုင်လေ၊ လူရဲ့ ကျန်မားရေကို ပိုပြီး
ကူညီပေးနိုင်လေလို့ သမားတော်တွေက ဆိုကြပါတယ်။ ဗီတာမင် C ဟာ အာဂန္တုဖျားနာခြင်း
မှသည် ကင်ဆာရောဂါအထိ ကာကွယ်ကုသပေးနိုင်တဲ့ ဓာတ်ဖြစ်ပါတယ်။ မင်းကွတ်သီး 100
ဂရမ်မှာ ဗီတာမင် C 12% ပါ၀င်ပါတယ်။
3. သွေးလည်ပတ်မှု စနစ်ကို ကောင်းစေပြီး သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်တယ်။
သွေးလည်ပတ်မှု ကောင်းမွန်ဖို့အတွက် သွေးကြောထဲမှာ ပိတ်နေတဲ့ အဆီခဲတွေ၊ သွေးတွင်
အဆီပါ၀င်မှု မာဏ၊ သွေးတွင်း ကိုလက်စထရောပါ၀င်မှု အတိုင်းအဆတွေကို ကောင်းကောင်း
လျှောချနိုင်မှ သွေးလည်ပတ်မှု ကောင်းမွန်စေတာ ဖြစ်ပါတယ်။ မင်းကွတ်သီးကို ပုံမှန်စားပေး
ရင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်အခြေအနေမှာ ထိန်းပေးနိုင်ပါ
တယ်။
4. ကင်ဆာကို ကာကွယ်တိုက်ဖြတ်ပေးနိုင်တယ်။
ဗီတာမင် C အပါအဝင် အမျှင်ဓာတ်နဲ့ အခြား အကျိုးပြုဓာတ်တွေ ကြွယ်ဝစွာ ပါ၀င်တဲ့ မင်းကွတ်
သီးဟာ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါခံစားနေရသူတွေ
ကိုလည်း ရောဂါအခြေအနေ သက်သာစေမှုကို ဖြစ်စေနိုင်ပါတယ်။
5. မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါကို ကာကွယ်ပေးနိုင်တယ်။
အသက်အရွယ်အရ မှတ်ဉာဏ်ချို့ယွင်းတဲ့ အယ်လ်ဇိုင်းမား ရောဂါကို မင်းကွတ်သီးစားခြင်းနဲ့
ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အဘိုးအဘွားတွေရဲ့ ပုံမှန်အစားအစာထဲမှာ မင်းကွတ်သီးဟာ
မဖြစ်မနေ ပါ၀င်သင့်တဲ့အရာပါ။
နတ်စည်တော် (ShweMOM)
No comments:
Post a Comment