Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 17, 2016

အသားအေရအတြက္ ရွားေစာင္းလက္ပတ္ NOW VIEWING

အသားအေရအတြက္ ရွားေစာင္းလက္ပတ္


ရွားေစာင္းလက္ပတ္ပင္ကုိ အမ်ိဳးသမီးတုိင္း ျမင္ဖူးပါလိမ့္မယ္။ မျမင္ဖူးဘူးဆုိရင္ေတာ့ အဲဒီ
မိန္းမပ်ိဳဟာ အသားအေရအလွပနဲ႕ ပတ္သက္ရင္ ဗဟုသုတအေတာ္နည္းရွာေသးတာကိုးလုိ႕
မွတ္ခ်က္ျပဳရမွာပါ။ ရွားေစာင္းလက္ပတ္ဟာ ယခင္က အထက္ျမန္မာျပည္နဲ႕ ျမန္မာျပည္
အလယ္ပုိင္းမွာ အေလ့က်ေပါက္တဲ့ အပင္ျဖစ္ပါတယ္။ အခုေတာ့ အဖိုးတန္ အပင္ျဖစ္လုိ႕ လူ
ေတြရဲ႕ေလာဘေၾကာင့္ ရွားပါးလာပါၿပီ။ အိမ္မွာ တကူးတက စုိက္ထားရတဲ့ အေျခအေနထိ ျဖစ္
လာပါတယ္။ ရွားေစာင္းလက္ပတ္ဟာ အသားအေရကုိ ဘယ္လုိ အက်ိဳးေက်းဇူးျပဳႏုိင္သလဲ
ဆုိတာကုိ ေဖာ္ျပေပးလုိက္ပါတယ္။

1. အဓိကပါ၀င္တဲ့ အာဟာရဓာတ္ေတြ

ရွားေစာင္းလက္ပတ္မွာ အဓိကအားျဖင့္ အသားေရကုိ တုိက္႐ုိက္ အက်ိဳးျပဳႏုိင္တဲ့ ဗီတာမင္
အုပ္စုျဖစ္တဲ့ A, B1, B2, B3, B6, B12, C and E, တုိ႕အျပင္ folic acid လည္း ပါ၀င္ပါတယ္။
ရွားေစာင္းလက္ပတ္ကေန ထုတ္ထားတဲ့ ဂ်ယ္ကို အသားအေရေပၚ တုိက္႐ုိက္သုတ္လိမ္းေပး
႐ုံနဲ႕ ထိေရာက္မႈေတြ ရွိပါတယ္။

2. ေနေလာင္ဒဏ္ရာ

ေနေလာင္ျခင္းေၾကာင့္ အသားေရေပၚမွာ စြဲၿမဲေနတဲ့ အညိဳကြက္၊ အနီကြက္ေတြကို ခဏအတြင္း
ယူပစ္လုိက္သလုိ ေပ်ာက္ကင္းေအာင္ စြမ္းေဆာင္ႏုိင္တာကေတာ့ ရွားေစာသ္းလက္ပတ္ပဲ ရွိပါ
တယ္။ မယုံရင္ စမ္းၾကည့္ပါ။

3. ၀က္ၿခံ/ဆား၀က္ၿခံ/တင္းတိတ္တုိ႕အတြက္ ရန္သူေတာ္

ရွားေစာင္းလက္ပတ္ရဲ႕ အစြမ္းထက္ပုံက ႏွစ္ရွည္လမ်ား ျဖစ္ေပၚေနတဲ့ ၀က္ၿခံ/ဆား၀က္ၿခံ/တင္း
တိတ္-စတဲ့ အေရအျပားဆုိင္ရာ ေရာဂါေတြကို အထူး ႏုိင္နင္းတာပဲျဖစ္ပါတယ္။ အနည္းဆုံး မ်က္ႏွာ
ကို ေပါင္းတင္တဲ့ သေဘာမ်ိဳးနဲ႕ တစ္ရက္လွ်င္ တစ္ႀကိမ္ေလာက္ လုပ္ေပး႐ုံနဲ႕ ႏွစ္ပတ္ေလာက္အတြင္း
မွာ လုံး၀အရွင္းေပ်ာက္သြားမွာပါ။

4. အေရအေၾကာင္းတြန္႕ျခင္းကို သက္သာေစႏုိင္ပါတယ္။

အသက္ေလးဆယ္ေလာက္ဆုိ အမ်ိဳးသမီးေတြဟာ အသားေရ တင္းတင္းရင္းရင္း မရွိေတာ့ဘဲ တြန္႕
ျခင္း၊ တြဲျခင္းေတြ ျဖစ္လာပါတယ္။ ဒီလိုအေျခအေနကုိ ကာကြယ္ဖုိ႕အတြက္ ရွားေစာင္းလက္ပတ္ကုိ
ယုံၾကည္စြာ လိမ္းေပးျခင္းျဖင့္ အရြယ္တင္ ႏုပ်ိဳေစပါတယ္။

5. ဆံပင္အတြက္လည္း ေဆးပါဘဲ။

ဆံပင္ကၽြတ္ျခင္း၊ ဆံပင္ပါးျခင္း၊ အဖ်ားႏွစ္ခြျဖစ္ျခင္း စတဲ့ျပႆနာအရပ္ရပ္အတြက္လည္း ပူစရာမ
လုိပါဘူး။ ရွားေစာင္းလက္ပတ္ဂ်ယ္ကို ဆံပင္မွာ ပုံမွန္လိမ္းေပးၿပီး နာရီ၀က္ေလာက္ ပု၀ါနဲ႕ ေပါင္းေပး
ထားလုိက္ပါ။ သင့္ ဆံပင္ကိုေတာင္ သင္ မမွတ္မိႏုိင္ေတာ့တဲ့ အေျခအေနထိပါဘဲ။

6. အသားအေရ ေျခာက္ကပ္ျခင္းအတြက္ သင့္ေတာ္တယ္။

ေရဓာတ္ခန္းေျခာက္ျခင္းေၾကာင့္ ျဖစ္တဲ့ အသားအရည္ ခမ္းေျခာက္ျခင္း၊ အမ်ိဳးသမီးမ်ား ဓမၼတာလာ
ၿပီးေနာက္ပုိင္းမွာ ျဖစ္ေလ့ရွိတဲ့ အသားအေရ ေျခာက္ကပ္ကပ္ျဖစ္ျခင္းတုိ႕အတြက္လည္း ရွားေစာင္း
လက္ပတ္ကုိသာ ယုံၾကည္စြာ သုံးစြဲေပးလုိက္ပါ။
နတ္စည္ေတာ္ (ShweMOM)

..........................................
အသားအရေအတွက် ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ပင်ကို အမျိုးသမီးတိုင်း မြင်ဖူးပါလိမ့်မယ်။ မမြင်ဖူးဘူးဆိုရင်တော့ အဲဒီ
မိန်းမပျိုဟာ အသားအရေအလှပနဲ့ ပတ်သက်ရင် ဗဟုသုတအတော်နည်းရှာသေးတာကိုးလို့
မှတ်ချက်ပြုရမှာပါ။ ရှားစောင်းလက်ပတ်ဟာ ယခင်က အထက်မြန်မာပြည်နဲ့ မြန်မာပြည်
အလယ်ပိုင်းမှာ အလေ့ကျပေါက်တဲ့ အပင်ဖြစ်ပါတယ်။ အခုတော့ အဖိုးတန် အပင်ဖြစ်လို့ လူ
တွေရဲ့လောဘကြောင့် ရှားပါးလာပါပြီ။ အိမ်မှာ တကူးတက စိုက်ထားရတဲ့ အခြေအနေထိ ဖြစ်
လာပါတယ်။ ရှားစောင်းလက်ပတ်ဟာ အသားအရေကို ဘယ်လို အကျိုးကျေးဇူးပြုနိုင်သလဲ
ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
1. အဓိကပါ၀င်တဲ့ အာဟာရဓာတ်တွေ
ရှားစောင်းလက်ပတ်မှာ အဓိကအားဖြင့် အသားရေကို တိုက်ရိုက် အကျိုးပြုနိုင်တဲ့ ဗီတာမင်
အုပ်စုဖြစ်တဲ့ A, B1, B2, B3, B6, B12, C and E, တို့အပြင် folic acid လည်း ပါ၀င်ပါတယ်။
ရှားစောင်းလက်ပတ်ကနေ ထုတ်ထားတဲ့ ဂျယ်ကို အသားအရေပေါ် တိုက်ရိုက်သုတ်လိမ်းပေး
ရုံနဲ့ ထိရောက်မှုတွေ ရှိပါတယ်။
2. နေလောင်ဒဏ်ရာ
နေလောင်ခြင်းကြောင့် အသားရေပေါ်မှာ စွဲမြဲနေတဲ့ အညိုကွက်၊ အနီကွက်တွေကို ခဏအတွင်း
ယူပစ်လိုက်သလို ပျောက်ကင်းအောင် စွမ်းဆောင်နိုင်တာကတော့ ရှားစောသ်းလက်ပတ်ပဲ ရှိပါ
တယ်။ မယုံရင် စမ်းကြည့်ပါ။
3. ၀က်ခြံ/ဆားဝက်ခြံ/တင်းတိတ်တို့အတွက် ရန်သူတော်
ရှားစောင်းလက်ပတ်ရဲ့ အစွမ်းထက်ပုံက နှစ်ရှည်လများ ဖြစ်ပေါ်နေတဲ့ ၀က်ခြံ/ဆားဝက်ခြံ/တင်း
တိတ်-စတဲ့ အရေအပြားဆိုင်ရာ ရောဂါတွေကို အထူး နိုင်နင်းတာပဲဖြစ်ပါတယ်။ အနည်းဆုံး မျက်နှာ
ကို ပေါင်းတင်တဲ့ သဘောမျိုးနဲ့ တစ်ရက်လျှင် တစ်ကြိမ်လောက် လုပ်ပေးရုံနဲ့ နှစ်ပတ်လောက်အတွင်း
မှာ လုံးဝအရှင်းပျောက်သွားမှာပါ။
4. အရေအကြောင်းတွန့်ခြင်းကို သက်သာစေနိုင်ပါတယ်။
အသက်လေးဆယ်လောက်ဆို အမျိုးသမီးတွေဟာ အသားရေ တင်းတင်းရင်းရင်း မရှိတော့ဘဲ တွန့်
ခြင်း၊ တွဲခြင်းတွေ ဖြစ်လာပါတယ်။ ဒီလိုအခြေအနေကို ကာကွယ်ဖို့အတွက် ရှားစောင်းလက်ပတ်ကို
ယုံကြည်စွာ လိမ်းပေးခြင်းဖြင့် အရွယ်တင် နုပျိုစေပါတယ်။
5. ဆံပင်အတွက်လည်း ဆေးပါဘဲ။
ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း စတဲ့ပြဿနာအရပ်ရပ်အတွက်လည်း ပူစရာမ
လိုပါဘူး။ ရှားစောင်းလက်ပတ်ဂျယ်ကို ဆံပင်မှာ ပုံမှန်လိမ်းပေးပြီး နာရီဝက်လောက် ပုဝါနဲ့ ပေါင်းပေး
ထားလိုက်ပါ။ သင့် ဆံပင်ကိုတောင် သင် မမှတ်မိနိုင်တော့တဲ့ အခြေအနေထိပါဘဲ။
6. အသားအရေ ခြောက်ကပ်ခြင်းအတွက် သင့်တော်တယ်။
ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်တဲ့ အသားအရည် ခမ်းခြောက်ခြင်း၊ အမျိုးသမီးများ ဓမ္မတာလာ
ပြီးနောက်ပိုင်းမှာ ဖြစ်လေ့ရှိတဲ့ အသားအရေ ခြောက်ကပ်ကပ်ဖြစ်ခြင်းတို့အတွက်လည်း ရှားစောင်း
လက်ပတ်ကိုသာ ယုံကြည်စွာ သုံးစွဲပေးလိုက်ပါ။
နတ်စည်တော် (ShweMOM)

No comments:

Post a Comment