Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 17, 2016

ကမာၻ႕အဆိပ္အျပင္းဆုံးမႈိ(၁၀)မ်ိဳး











ကမာၻ႕အဆိပ္အျပင္းဆုံးမႈိ(၁၀)မ်ိဳး


ဟာသေလးတစ္ခုထဲမွာ ဖတ္ဖူးတယ္။ သမီးျဖစ္သူက အေမ့ကုိ ေမးတယ္။ ေမေမ မႈိတုိင္း စားလုိ႕ရ
သလား-တဲ့။ အေမျဖစ္သူက ျပန္ေျဖတယ္။ မႈိတုိင္း စားလုိ႕ရပါတယ္ သမီး၊ ဒါေပမယ့္ တစ္ခ်ိဳ႕မႈိေတြက
တစ္ႀကိမ္တည္းပဲ စားလုိ႕ရတာ-တဲ့။ ဒါေၾကာင့္မုိ႕ ကမာၻေပၚမွာ စားလုိ႕ရတဲ့ မႈိက နည္းပါတယ္။ စားတာနဲ႕
ေသေစႏုိင္တဲ့ မႈိေတြကေတာ့ ဒုနဲ႕ေဒးပါဘဲ။ အခု ShweMOM ပရိသတ္ႀကီးအတြက္ ကမာၻ႕အဆိပ္အျပင္း
ဆုံး မႈိ (10) မ်ိဳးကုိ ဗဟုသုအေနနဲ႕ ေဖာ္ျပေပးလိုက္ပါတယ္။

1. Death Cap (Amanita phalloides)

1
ေသမင္းဦးထုပ္လုိ႕ တုိက္႐ုိက္ဘာသာျပန္လုိ႕ရတဲ့ Death Cap မႈိကေတာ့ ဥေရာပတစ္ခြင္မွာ အေတာ္
ေပါပါတယ္။ ၀ါက်င္က်င္ ညိဳတုိတုိနဲ႕ အပြင့္အေျခမွာ အိမ္ေဟာင္းအခြံေလးရွိတတ္ပါတယ္။ စားမိရင္
အသဲနဲ႕ ေက်ာက္ကပ္ကုိ အခ်ိန္ပုိင္းအတြင္း ထိခုိက္ေစၿပီး ခ်က္ခ်င္း ေသေစႏုိင္ပါတယ္။

2. The Destroying Angels

2
ဖ်က္ဆီးေရးနတ္မိမယ္လုိ႕ အမည္ေပးထားတဲ့ The Destroying Angels ကေတာ့ အာရွတုိက္၊ အေမရိ
ကအလယ္ပုိင္း ေတာင္အာဖရိကတုိ႕မွာ ေပါက္ေရာက္ေလ့ရွိပါတယ္။ စားမိတာနဲ႕ ေသေစႏုိင္ပါတယ္။
အျခားလကၡဏာရပ္ေတြကေတာ့ ၾကြက္တက္ျခင္း၊ ကေယာင္ေျခာက္ျခားျဖစ္ျခင္း၊ တက္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊
၀မ္းေလွ်ာျခင္းတုိ႕ကိုလည္း ျဖစ္ေစႏုိင္ပါတယ္။

3. False Morel (Gyromitra esculenta)

3
လူ႕ဦးေႏွာက္နဲ႕ ပုံစံခ်င္း ဆင္တူတဲ့ False Morel မႈိကုိေတာ့ စကင္ဒီေနဗီယား၊ ဥေရာပအေရွ႕ပုိင္းနဲ႕ အေမရိ
ကတုိက္ေျမာက္ပုိင္းတုိ႕မွာ ေႏြဦးရာသီအခ်ိန္မ်ိဳးမွာ ေတြ႕ရေလ့ရွိပါတယ္။ စားလုိက္မိတာနဲ႕ အသဲ၊ အာ႐ုံေၾကာ
ေတြရဲ႕ အလုပ္ေတြ ပုံမွန္မဟုတ္ေတာ့ဘဲ တစ္ခါတရံ ေက်ာက္ကပ္ ပ်က္စီးေစတဲ့အထိ အဆိပ္ျပင္းပါတယ္။
ပ်ိဳ႕ျခင္း၊ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း စတဲ့ေ၀ဒနာေတြကိုလည္း ေပးစြမ္းႏုိင္ပါတယ္။

4. Autumn Skullcap (Galerina marginata)

4
ျမန္မာႏုိင္ငံမွာ ေတြ႕ရေလ့ရွိတဲ့ အညိဳေရာင္ Autumn Skullcap မႈိဟာလည္း အဆိပ္ျပင္းတဲ့ မႈိတစ္မ်ိဳး ျဖစ္
ပါတယ္။ အာတိတ္နဲ႕ ၾသစေတးလ် မွာလည္း ေတြ႕ရႏုိင္ပါတယ္။ စားလုိက္မိတာနဲ႕ အသဲနဲ႕ ေသြးလည္ပတ္
မႈကို အေႏွာက္အယွက္ေပးႏုိင္သလုိ ေသေစႏုိင္တဲ့အထိ အဆိပ္ျပင္းပါတယ္။

5. Deadly Webcap (Cortinarius rubellus)

5
အညိဳညစ္ညစ္အေရာင္ သုုိ႕မဟုတ္ ေၾကးနီေရာင္ Deadly Webcap မႈိဟာ အပူပုိင္းမုတ္သုန္ေတာေတြနဲ႕
အၿမဲစိမ္းေတာေတြမွာ ေပါက္ေရာက္တတ္ပါတယ္။ မႈိရဲ႕ အစိပ္အပုိင္း နည္းနည္းကိုသာ စားမိတာနဲ႕ အဆိပ္
က သက္ေရာက္မႈရွိပါတယ္။ ထူးျခားခ်က္က အဆိပ္တက္မႈ လကၡဏာရပ္ဟာ တစ္ခါတေလ မႈိကုိ စားမိၿပီး
လုိ႕ ရက္ေတာ္ေတာ္ၾကာမွ လကၡဏာျပတာမ်ိဳး ရွိတတ္ပါတယ္။ မူးျခင္း၊ ေအာ့အန္ျခင္း၊ ဖ်ားနာျခင္း-တုိ႕ ျဖစ္
ေစႏုိင္ပါတယ္။

6. Conocybe Filaris

6
ျမန္မာႏုိင္ငံနဲ႕ အျခားအိမ္နီးနားခ်င္း ႏုိင္ငံေတြမွာ အေတြ႕ရမ်ားတဲ့ Conocybe Filaris မႈိဟာ အဆိပ္ျပင္း
တဲ့ မႈိတစ္မ်ိဳး ျဖစ္ပါတယ္။ ျမန္မာေတြကေတာ့ မႈိေျခက်င္းလုိ႕ အလြယ္ေခၚၾကတာပါ။ အေမရိကန္ အေနာက္
ေျမာက္ပုိင္းမွာလည္း ေတြ႕ရတတ္ပါတယ္။ စားမိတာနဲ႕ ျပင္လုိ႕မရတဲ့ အသဲ ပ်က္ဆီးမႈကို ျဖစ္ေစကာ အသက္
ကုိပါ ေသေစႏုိင္ပါတယ္။

7. Podostroma Cornu-damae

7
မုန္လာဥအနီနဲ႕ အနည္းငယ္ ဆင္တူတဲ့ Podostroma Cornu-damae မႈိကုိေတာ့ ဂ်ပန္ႏုိင္ငံရဲ႕ ေတာအုပ္
ေတြမွာ ေပါက္ေရာက္တတ္ပါတယ္။ စားမိတာနဲ႕ အလြန္မသက္မသာ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ၿပီး
အသက္ကုိပင္ ေသေစႏုိင္ပါတယ္။

8. Deadly Dapperling (Lepiota sp. )

8
ဥေရာပနဲ႕ ေျမာက္အေမရိက တစ္ခြင္မွာ ေတြ႕ရတတ္တဲ့ Deadly Dapperling မႈိဟာ စားမိတာနဲ႕ 80-90%
ေသေစႏုိင္တယ္လုိ႕ ဆုိပါတယ္။ အသဲကုိ လုံး၀ပ်က္ဆီးေစၿပီး စားမိတဲ့ ခဏမွာ အသက္႐ႈခ်က္ခ်င္းရပ္ကာ
ေသဆုံး ေစႏုိင္ပါတယ္။

9. Angel Wing (Pleurocybella porrigens)

9
နတ္သမီးေတာင္ပံလုိ႕ နာမည္လွလွေလး ေပးထားတဲ့ Angel Wing ဆုိတဲ့ မႈိကုိ Hemisphere ေျမာက္ပုိင္း
၀င္႐ုိးစြန္းေဒသေတြမွာ အေတြ႕ရမ်ားပါတယ္။ စြတ္စြတ္ျဖဴၿပီး အရမ္းခ်စ္ဖုိ႕ ေကာင္းသလုိ သစ္ပင္ႀကီးေတြ၊
တံတုိင္းေတြကုိ ကပ္ၿပီး ေပါက္ေရာက္ေလ့ရွိပါတယ္။ ဒါေပမယ့္ အဆိပ္ကေတာ့ ျပင္းလွၿပီး စားမိသူ 60%
ဟာ ေနမေကာင္း၊ ဖ်ားနာ ျဖစ္ၾကၿပီး၊ 17% ဟာ ေသဆုံးႏုိင္ပါတယ္။

10. Fly Agaric (Amanita muscaria)

10
အလြန္လွပတဲ့ Fly Agaric မႈိရဲ႕ ပုံစံက ႐ုိးတံျဖဴျဖဴမွာ မႈိပြင့္ဟာ ေၾကးနီေရာင္ေတာက္ေတာက္ရွိၿပီး အျဖဴ
ေရာင္အေပ်ာက္ကေလးေတြနဲ႕မုိ႕ မ်က္စိထဲမွာ ခ်စ္စဖြယ္ေလး ျဖစ္ပါတယ္။ Hemisphere ေျမာက္ပုိင္းမွာ
ေတြ႕ရေလ့ရွိၿပီး အဆိပ္ျပင္းပါတယ္။ စားမိတာနဲ႕ ေသေစႏုိ္င္သလုိ ေနမေကာင္း ဖ်ားနာ ေအာ့အန္-စတဲ့
ေရာဂါလကၡဏာေတြကိုလည္း ေပးႏုိင္ပါတယ္။
နတ္စည္ေတာ္ (ShweMOM)
.................................................................
ကမ္ဘာ့အဆိပ်အပြင်းဆုံးမှို(၁၀)မျိုး


ဟာသလေးတစ်ခုထဲမှာ ဖတ်ဖူးတယ်။ သမီးဖြစ်သူက အမေ့ကို မေးတယ်။ မေမေ မှိုတိုင်း စားလို့ရ
သလား-တဲ့။ အမေဖြစ်သူက ပြန်ဖြေတယ်။ မှိုတိုင်း စားလို့ရပါတယ် သမီး၊ ဒါပေမယ့် တစ်ချို့မှိုတွေက
တစ်ကြိမ်တည်းပဲ စားလို့ရတာ-တဲ့။ ဒါကြောင့်မို့ ကမ္ဘာပေါ်မှာ စားလို့ရတဲ့ မှိုက နည်းပါတယ်။ စားတာနဲ့
သေစေနိုင်တဲ့ မှိုတွေကတော့ ဒုနဲ့ဒေးပါဘဲ။ အခု ShweMOM ပရိသတ်ကြီးအတွက် ကမ္ဘာ့အဆိပ်အပြင်း
ဆုံး မှို (10) မျိုးကို ဗဟုသုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
1. Death Cap (Amanita phalloides)
1
သေမင်းဦးထုပ်လို့ တိုက်ရိုက်ဘာသာပြန်လို့ရတဲ့ Death Cap မှိုကတော့ ဥရောပတစ်ခွင်မှာ အတော်
ပေါပါတယ်။ ၀ါကျင်ကျင် ညိုတိုတိုနဲ့ အပွင့်အခြေမှာ အိမ်ဟောင်းအခွံလေးရှိတတ်ပါတယ်။ စားမိရင်
အသဲနဲ့ ကျောက်ကပ်ကို အချိန်ပိုင်းအတွင်း ထိခိုက်စေပြီး ချက်ချင်း သေစေနိုင်ပါတယ်။
2. The Destroying Angels
2
ဖျက်ဆီးရေးနတ်မိမယ်လို့ အမည်ပေးထားတဲ့ The Destroying Angels ကတော့ အာရှတိုက်၊ အမေရိ
ကအလယ်ပိုင်း တောင်အာဖရိကတို့မှာ ပေါက်ရောက်လေ့ရှိပါတယ်။ စားမိတာနဲ့ သေစေနိုင်ပါတယ်။
အခြားလက္ခဏာရပ်တွေကတော့ ကြွက်တက်ခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ တက်ခြင်း၊ ပျို့အန်ခြင်း၊
၀မ်းလျှောခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။
3. False Morel (Gyromitra esculenta)
3
လူ့ဦးနှောက်နဲ့ ပုံစံချင်း ဆင်တူတဲ့ False Morel မှိုကိုတော့ စကင်ဒီနေဗီယား၊ ဥရောပအရှေ့ပိုင်းနဲ့ အမေရိ
ကတိုက်မြောက်ပိုင်းတို့မှာ နွေဦးရာသီအချိန်မျိုးမှာ တွေ့ရလေ့ရှိပါတယ်။ စားလိုက်မိတာနဲ့ အသဲ၊ အာရုံကြော
တွေရဲ့ အလုပ်တွေ ပုံမှန်မဟုတ်တော့ဘဲ တစ်ခါတရံ ကျောက်ကပ် ပျက်စီးစေတဲ့အထိ အဆိပ်ပြင်းပါတယ်။
ပျို့ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ဝေဒနာတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
4. Autumn Skullcap (Galerina marginata)
4
မြန်မာနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ အညိုရောင် Autumn Skullcap မှိုဟာလည်း အဆိပ်ပြင်းတဲ့ မှိုတစ်မျိုး ဖြစ်
ပါတယ်။ အာတိတ်နဲ့ သြစတေးလျ မှာလည်း တွေ့ရနိုင်ပါတယ်။ စားလိုက်မိတာနဲ့ အသဲနဲ့ သွေးလည်ပတ်
မှုကို အနှောက်အယှက်ပေးနိုင်သလို သေစေနိုင်တဲ့အထိ အဆိပ်ပြင်းပါတယ်။
5. Deadly Webcap (Cortinarius rubellus)
5
အညိုညစ်ညစ်အရောင် သုုိ့မဟုတ် ကြေးနီရောင် Deadly Webcap မှိုဟာ အပူပိုင်းမုတ်သုန်တောတွေနဲ့
အမြဲစိမ်းတောတွေမှာ ပေါက်ရောက်တတ်ပါတယ်။ မှိုရဲ့ အစိပ်အပိုင်း နည်းနည်းကိုသာ စားမိတာနဲ့ အဆိပ်
က သက်ရောက်မှုရှိပါတယ်။ ထူးခြားချက်က အဆိပ်တက်မှု လက္ခဏာရပ်ဟာ တစ်ခါတလေ မှိုကို စားမိပြီး
လို့ ရက်တော်တော်ကြာမှ လက္ခဏာပြတာမျိုး ရှိတတ်ပါတယ်။ မူးခြင်း၊ အော့အန်ခြင်း၊ ဖျားနာခြင်း-တို့ ဖြစ်
စေနိုင်ပါတယ်။
6. Conocybe Filaris
6
မြန်မာနိုင်ငံနဲ့ အခြားအိမ်နီးနားချင်း နိုင်ငံတွေမှာ အတွေ့ရများတဲ့ Conocybe Filaris မှိုဟာ အဆိပ်ပြင်း
တဲ့ မှိုတစ်မျိုး ဖြစ်ပါတယ်။ မြန်မာတွေကတော့ မှိုခြေကျင်းလို့ အလွယ်ခေါ်ကြတာပါ။ အမေရိကန် အနောက်
မြောက်ပိုင်းမှာလည်း တွေ့ရတတ်ပါတယ်။ စားမိတာနဲ့ ပြင်လို့မရတဲ့ အသဲ ပျက်ဆီးမှုကို ဖြစ်စေကာ အသက်
ကိုပါ သေစေနိုင်ပါတယ်။
7. Podostroma Cornu-damae
7
မုန်လာဥအနီနဲ့ အနည်းငယ် ဆင်တူတဲ့ Podostroma Cornu-damae မှိုကိုတော့ ဂျပန်နိုင်ငံရဲ့ တောအုပ်
တွေမှာ ပေါက်ရောက်တတ်ပါတယ်။ စားမိတာနဲ့ အလွန်မသက်မသာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး
အသက်ကိုပင် သေစေနိုင်ပါတယ်။
8. Deadly Dapperling (Lepiota sp. )
8
ဥရောပနဲ့ မြောက်အမေရိက တစ်ခွင်မှာ တွေ့ရတတ်တဲ့ Deadly Dapperling မှိုဟာ စားမိတာနဲ့ 80-90%
သေစေနိုင်တယ်လို့ ဆိုပါတယ်။ အသဲကို လုံးဝပျက်ဆီးစေပြီး စားမိတဲ့ ခဏမှာ အသက်ရှုချက်ချင်းရပ်ကာ
သေဆုံး စေနိုင်ပါတယ်။
9. Angel Wing (Pleurocybella porrigens)
9
နတ်သမီးတောင်ပံလို့ နာမည်လှလှလေး ပေးထားတဲ့ Angel Wing ဆိုတဲ့ မှိုကို Hemisphere မြောက်ပိုင်း
၀င်ရိုးစွန်းဒေသတွေမှာ အတွေ့ရများပါတယ်။ စွတ်စွတ်ဖြူပြီး အရမ်းချစ်ဖို့ ကောင်းသလို သစ်ပင်ကြီးတွေ၊
တံတိုင်းတွေကို ကပ်ပြီး ပေါက်ရောက်လေ့ရှိပါတယ်။ ဒါပေမယ့် အဆိပ်ကတော့ ပြင်းလှပြီး စားမိသူ 60%
ဟာ နေမကောင်း၊ ဖျားနာ ဖြစ်ကြပြီး၊ 17% ဟာ သေဆုံးနိုင်ပါတယ်။
10. Fly Agaric (Amanita muscaria)
10
အလွန်လှပတဲ့ Fly Agaric မှိုရဲ့ ပုံစံက ရိုးတံဖြူဖြူမှာ မှိုပွင့်ဟာ ကြေးနီရောင်တောက်တောက်ရှိပြီး အဖြူ
ရောင်အပျောက်ကလေးတွေနဲ့မို့ မျက်စိထဲမှာ ချစ်စဖွယ်လေး ဖြစ်ပါတယ်။ Hemisphere မြောက်ပိုင်းမှာ
တွေ့ရလေ့ရှိပြီး အဆိပ်ပြင်းပါတယ်။ စားမိတာနဲ့ သေစေနို်င်သလို နေမကောင်း ဖျားနာ အော့အန်-စတဲ့
ရောဂါလက္ခဏာတွေကိုလည်း ပေးနိုင်ပါတယ်။
နတ်စည်တော် (ShweMOM)

No comments:

Post a Comment