Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 23, 2016

ျပည္ေထာင္စု၀န္ႀကီး အဆိုျပဳခံရသူ ၂ ဦးရဲ႕ ပညာေရးေနာက္ခံျပႆ နာ


ေဒါက္တာသန္းျမင္ ့
ေရြးခ်ယ္ခံ သမၼတ ဦးထင္ေက်ာ္ကေန အစိုးရသစ္မွာ ပါ၀င္မယ့္ ျပည္ေထာင္စု၀န္ႀကီးစာရင္းကို မေန႔က လြႊတ္ေတာ္ကို တင္သြင္းခဲ့ရာမွာ အဲဒီစာရင္းမွာပါ၀င္တဲ့ ၀န္ႀကီးႏွစ္ဦးရဲ႕ ပညာေရးေနာက္ခံနဲ႔ပတ္သက္လို႔ မွန္ကန္မႈမရိွဘူးဆိုၿပီး လူမႈကြန္ယက္ေတြေပၚမွာ ေ၀ဖန္ခ်က္ေတြ ေပၚထြက္ေနပါတယ္။ ကာယကံရွင္ ႏွစ္ဦးစလံုးကေတာ့ အခုလို ေ၀ဖန္စြတ္စဲြခ်က္ေတြနဲ႔ပတ္သက္လို႔ လႊတ္ေတာ္တြင္းမွာ ကန္႔ကြက္မႈေတြ ရိွလာရင္၊ သူတို႔ဖက္က တင္ျပတဲ့အေထာက္အထားေတြအေပၚ တင္ၿပီး လႊတ္ေတာ္တခုလံုးရဲ႕ အဆံုးအျဖတ္ကို ခံယူပါ့မယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။ ကိုထက္ေအာင္က ဆက္သြယ္စံုစမ္းေမးျမန္းထားတာပါ။

အဆိုျပဳ ျပည္ေထာင္စု၀န္ႀကီးစာရင္းထဲပါ၀င္သူ ေဒါက္တာသန္းျမင္ ့နဲ႔ ဦးေက်ာ္၀င္းတို႔ ရထားတဲ့ စီးပြားေရး ေဒါက္တာဘဲြ႕ေတြနဲ႔ ပတ္သက္လို႔ ဒီဘဲြ႕ေတြ႔ေပးခဲ့တဲ့ အေမရိကန္တကၠသိုလ္ေတြဟာ မွန္ကန္မႈမရိွဘူးဆိုၿပီး လူမႈကြန္ယက္ေတြေပၚမွာ ေ၀ဖန္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနပါတယ္။ ျပည္ေထာင္စု၀န္ႀကီးအျဖစ္ အဆိုျပဳခံထားရသူ NLD ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တဦးျဖစ္တဲ့ ဦးေက်ာ္၀င္းရဲ႕ ပညာေရးေနာက္ခံမွာ သူေဒါက္တာဘဲြ႕ရခဲ့တယ္ဆိုတဲ့ Brooklyn Park University ဟာ ဆိုရင္ ႏို္င္ငံတကာမွာ ဘဲြ႔လက္မွတ္တုေတြ ထုတ္ေပးေနတဲ့ တကယ္အမွန္မရိွတဲ့ တကၠသိုလ္ဆိုၿပီး ၂၀၁၅ ခု New York Times သတင္း တရပ္ကို ကိုးကားၿပီး ေ၀ဖန္မႈေတြရိွေနတာပါ။ ဦးေက်ာ္၀င္းကေတာ့ ဒီတကၠသိုလ္ အမွန္မရိွဘူးဆိုတာ သူ႕အေနနဲ႔ ၂၀၁၅ ဒီဇင္ဘာက်မွ သိခဲ့ရၿပီး၊ အခု ျဖစ္ရပ္အတြက္ လႊြတ္ေတာ္ရဲ႕ အဆံုးအျဖတ္ကိုပဲ ခံယူပါ့မယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။

“ဦးေက်ာ္၀င္း။ ။ ဆရာက လြန္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္တုန္းက အဲဒီမွာေပါ့ အြန္လိုင္းဒီဂရီတခုကို လိုခ်င္တာေပါ့ ။ အဲဒီေတာ့ ဆရာလိုက္ရွာေတာ့ Brooklyn Park University ေတြ႔တယ္။ ေတြ႔ေတာ့ အဲဒီမွာလည္းေရးထားတာက US Economic Ensuring Department က လိုင္စင္ထုတ္ေပးတယ္ဆိုေတာ့ အန္ကယ္လည္း စိတ္ခ်တာေပါ့ေနာ္ ။ စိတ္ထဲမွာလည္းေတာ္ေတာ္လည္းမေကာင္းဘူးေပါ့ တလႈပ္လႈပ္လည္းခံစားရတယ္။ ကိုယ္ကေတာ့ ယံုၾကည္အားထားၿပီးေတာ့ လုပ္လိုက္တဲ့ ကိစၥ။

ကိုထက္ေအာင္။ ။မေန႔ကတုန္းက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ၀င္ေပါ့ေနာ္။ ဒီ အြန္လိုင္းေပၚမွာ ဆရာတို႔ Biography နဲ႔တင္ခဲ့တဲ့ဟာက ဆရာတို႔ကိုယ္တိုင္ေရးခဲ့တာလား။ ဒါမွမဟုတ္ ပါတီကေရးခဲ့တာပါလား ဆရာ။

ဦးေက်ာ္၀င္း။ ။ လႊတ္ေတာ္အမတ္ေတြအားလံုးကေပးခဲ့တာေပါ့။ ဆရာတို႔ေရးခဲ့တဲ့အထဲမွာလည္း ပါတယ္။ ဟိုတုန္းကေရးထားတဲ့ Biography ဆိုေတာ့ ဆရာလည္း အမွတ္တမဲ့နဲ႔ ေပးလိုက္တယ္၊ ပါသြားတယ္ အဲဒါျဖစ္လိမ့္မယ္။

ကိုထက္ေအာင္။ ။အဲေတာ့ဆရာ။ တကယ္လို႔မ်ား ဆရာတို႔ ဘြဲ႔နဲ႔ ပတ္သက္လို႔ ကိုယ္စားလွယ္တဦး၊ တေယာက္က ကန္႔ကြက္မယ္ဆို၇င္ ဆရာ့အေနနဲ႔ ဘာမ်ားတုန္႔ျပန္သြားမလဲဆရာ။

ဦးေက်ာ္၀င္း။ ။ ဆရာ့ရင္ထဲမွာ အခုရွိေနတာကေတာ့ ဒီတာ၀န္ေပးတဲ့အခါက်ရင္ ဒီတာ၀န္ ထမ္းေဆာင္ဖို႔အတြက္ ဆ၇ာက သာမန္လူတန္းစားပါ။ ဆရာ့အေဖ၊ အေမကလည္း လယ္ယာသမားေတြ ေတာင္သူသမားေတြျဖစ္လာတာဆိုေတာ့ ဆရာတို႔ႏိုင္ငံဆင္းရဲေနတာ၊ ဆရာတို႔အလႊာေတြ ဆင္းရဲေနတာ ဆရာ ခံစားေနရေတာ့ လုပ္ခြင္႔ရွိရင္လုပ္ေပးခ်င္တာေပါ့။ ဒါေပမယ့္ အခုလိုေပ့ါ အေၾကာင္းေၾကာင္းေၾကာင့္ ဒီလိုျဖစ္သြားရင္လည္း ဆရာစိတ္မေကာင္းဘူး ၀မ္းနည္းမယ္ ဒါပဲရွိတာေပါ့။

ကိုထက္ေအာင္။ ။ ဘြဲ႔နဲ႔ပတ္သက္လို႔ ပါတီအတြင္းမွာေကာ ဘာမ်ားေျပာဆိုတာရွိပါသလဲဆရာ။

ဦးေက်ာ္၀င္း။ ။ အဲဒါက ဒီလို ဆရာလည္းသိတာေလ ၂၀၁၅ ဒီဇင္ဘာေလာက္မွာ ဆရာလည္းသိတာ ။ ဆရာလည္း ကိုယ့္အလုပ္ကိုယ္လုပ္ဆိုေတာ့ ေက်ာင္းလည္းလွည့္မၾကည့္ျဖစ္ဘူးေပါ့ေနာ္ ။ အဲဒီေက်ာင္းက ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆိုတာ လွည့္မၾကည့္ျဖစ္ဘူးေပါ့ေနာ္။ အဲဒီက်မွ ဆရာလည္းသိတာ။ ဒါလည္း တကယ္ေျပာရင္ေတာ့ ပါတီက တကယ္ဆရာ့ကို ယံုၾကည္လို႔ သူတို႔လည္း ဆရာတင္ထားတဲ့အေပၚမွာ လက္ခံထားတယ္လို႔ ဆရာထင္တယ္။ ပါတီမွာေတာ့ ခၽြင္းခ်က္မရွိဘူးလို႔ထင္တယ္။ ျဖစ္ရင္ဆရာ့မွာ အျပစ္ရွိမယ္လို႔ထင္တယ္။

ကိုထက္ေအာင္။ ။ ဆရာ ဒီေက်ာင္းကေန PHD ကေရာ ဘယ္တုန္းက ရခဲ့ပါသလဲ ဆရာ။

ဦးေက်ာ္၀င္း။ ။ ၂၀၁၀ မွာ လက္မွတ္ထုတ္ေပးထားၿပီးေတာ့ အဲဒီ Certificate လည္းဆ၇ာ့ဆီမွာရွိတယ္။"

ျပည္ေထာင္စုအစိုးရ၀န္ႀကီးအျဖစ္ အဆိုျပဳခံရသူ NLD ျပည္သူ႔လႊတ္ေတာ္ကိုုယ္စားလွယ္ ေဒါက္တာသန္းျမင့္ရဲ႕ ပညာေရးေနာက္ခံမွာ သူေဒါက္တာဘဲြ႕ရခဲ့တဲ့ Pacific Western University ဟာဆိုရင္ အေမရိကန္အစိုးရ ပညာေရးဌာနကေန အသိအမွတ္မျပဳတဲ့ ဘဲြျဖစ္တယ္လို႕ ေ၀ဖန္သူေတြက ေထာက္ျပေနပါတယ္။ ဒီ တကၠသိုလ္ခဲြနဲ႔ ပတ္သက္လို႔ ဘဲြ႔အတုေတြ ထုတ္ေပးေနတယ္ဆိုတဲ ့စြတ္စဲြမႈေတြကို အေမရိကန္လႊတ္ေတာ္မွာ ၂၀၀၄ ခုႏွစ္က စတင္ ၾကားနာစစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္ ၂၀၀၆ ခုႏွစ္မွာေတာ့ Hawaii ျပည္နယ္ အစိုးရက ဒီတကၠသိုလ္ခဲြရဲ႕ လုပ္ငန္းေတြ အားလံုးကို ရပ္ဖုိ႔ အမိန္႔ထုတ္ခဲ့ပါတယ္။

 ေဒါက္တာသန္းျမင့္ကိုယ္တိုင္ကေတာ့ သူ႕ဖက္ကေတာ့ သူေလ့လာသင္ယူၿပီး ၁၉၉၉ ခုႏွစ္မွာ ဘဲႊလက္မွတ္ရတယ္ဆိုတဲ့ အေထာက္အထားအခိုင္ရိွၿပီး၊ ေနာက္ပိုင္းျပႆနာဟာ အေမရိကန္တကၠသိုလ္ဖက္က ျပႆနာျဖစ္တယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။

“ေဒါက္တာသန္းျမင့္။ ။ ဒီ ၈၈ ႏို၀င္ဘာမွာ ကုလသမဂၢနဲ႔ UNP Specialist နဲ႔ Salmon Islandေရာက္ေတာ့ က်ေနာ္က Further study လုပ္ဖို႔ နဂိုတည္းက ရည္ရြယ္ထားတယ္ေပါ့ေနာ္။ ဒီေတာ့ ဒီေၾကာ္ျငာကို Economic စာေစာင္မွာေတြ႔တာေလ။ ဟိုေရာက္ေတာ့ က်ေနာ္ခ်က္ခ်င္းဆက္သြယ္လိုက္ေတာ့ သူက brochure ေပးတယ္ေလ။ အဲေတာ့ California က ပညာေရးေကာင္စီက ထုတ္ေပးထားတာေပါ့ေလ။ က်ေနာ္လည္း MSC ကေနၿပီးေတာ့ က်ေနာ္တို႔ ၂ ႏွစ္တိတိေပါ့ဗ်ာ။ သူေပးတဲ့ Course guide ၊ ၁၀ ခရက္ဒစ္လားမသိဘူး လုပ္ရတယ္။ ၿပီးတဲ့အခါက်ေတာ့ က်ေနာ္ PHD ကို ထပ္လုပ္တယ္။ Doctorate ၿပီးတာက ၁၉၉၉ ကတည္းကၿပီးသြားတယ္ေပါ့ဗ်ာ။ ၿပီးသြားေတာ့ ဒါက ေက်ာင္းကေတာ့ အေပးအယူ ၊ ဟိုတုန္းကေတာ့ Online ဆိုေပမယ့္ Online မရွိဘူးခင္ဗ်၊ တယ္လီဖုန္းနဲ႔ စာတိုက္ရယ္နဲ႔ပဲလုပ္ရတာေပါ့ေလ။ လုပ္ရေတာ့ က်ေနာ္ ၁၉၉၉ ေဖဖ၀ါရီလမွာၿပီတယ္ေပါ့ေလ။ က်ေနာ္တို႔က dissertation paper လည္းတင္ရတယ္။ ခုနက သတ္မွတ္တဲ့ ဒီ ခရက္ဒစ္ေတြ အဆင့္ဆင့္လည္း၁၂ ခုေပါ့ဗ်ာ ။ အဆင့္ဆင့္လည္း သြားရတာေပါ့ေနာ္။အဲေတာ့ က်ေနာ္ PHD လုပ္တာ ၆ ႏွစ္ခြဲေလာက္ၾကာတယ္ခင္ဗ်ာ။ က်ေနာ္ သိသေလာက္ဆိုရင္ ဒီေက်ာင္းက တက္တာအမ်ားစုက ကုလသမဂၢ၀န္ထမ္းေတြရွိတယ္ဗ်။ အသက္ၾကီးေတြေပါ့ေနာ္။ ၂၀၀၂ ခုႏွစ္က အေမရိကန္မွာ ပညာေရး ဥပေဒတခုေျပာင္းလုိက္တယ္ လို႔ေျပာတယ္ခင္ဗ် ။ ေျပာင္းလိုက္ေတာ့ တခ်ိဳ႕ Institution ေတြကို လိုင္စင္ထပ္မေပးေတာ့ဘူးလို႔ေျပာတယ္။ ပိတ္လိုက္တာက လိုင္စင္ထပ္မေပးေတာ့တာလား။ ဟိုတုန္းကလုပ္တာေတြကို အသိအမွတ္မျပဳတာလား။ ဒါေတာ့က်ေနာ္မသိဘူးခင္ဗ်။

ကိုထက္ေအာင္။ ။ ဆရာတို႔ ၀န္ႀကီး အျဖစ္မေပးခင္မွာ ကန္႔ကြက္လို႔ရတယ္ဆိုေတာ့ေလ။ တကယ္လို႔မ်ား ဒီေန႔မွာ ကိုယ္စားလွယ္တဦးဦးက ဆရာတို႔ကို ကန္႔ကြက္ခဲ့တယ္ဆိုရင္ ဆရာအပါအ၀င္ အဖြဲ႔ခ်ဳပ္ဘက္က ဘာမ်ား တုန္႔ျပန္သြားဖို႔ရွိပါသလဲဆရာ။

ေဒါက္တာသန္းျမင့္။ ။ ဒါကေတာ့ ကန္႔ကြက္တယ္ဆိုတာကေတာ့ဗ်ာ ပညာနဲ႔ပတ္သက္လို႔ အေထာက္အထား မွားတယ္ဆို၇င္လည္း ပါတီက ဒါကေတာ့ က်ေနာ္တို႔ ပညာေရးအေထာက္အထားကို သက္ဆိုင္ရာ အေမရိကန္ သံရံုးကတဆင့္ ေမးမယ္ခင္ဗ်ာ။ ေမးလို႔က်ေနာ္တို႔က ဒါလုပ္ရေတာ့မွာေပါ့ေလ။ သူက ကန္႔ကြက္ရင္ defense လုပ္ရေတာ့မွာေပါ့ဗ်ာ။”

အခုလို ျဖစ္တဲ့အေျခအေနေတြနဲ႔ပတ္သက္လို႔ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ဖက္ကေတာ့ ကာယကံရွင္ေတြကို ေမးျမန္းဖို႔သာ တုန္႔ျပန္ၿပီး တစံုတရာ မွတ္ခ်က္ေပးစရာမရိွေသးဘူးလို႔ဆိုပါတယ္။ ဒါဟာ Online ေပၚမွာ ရိွေနတဲ့ ျပႆနာျဖစ္ေနၿပီး၊ လုပ္ရိုးလုပ္စဥ္ လႊတ္ေတာ္တြင္း ကန္႔ကြက္ေျပာဆိုမႈေတြ မရိွေသးဘူးလို႔ ဆိုပါတယ္။ ကန္႔ကြက္လာရင္လည္း ကာယကံရွင္ေတြဖက္က အေထာက္အထားနဲ႔ ခုခံသလို၊ ပါတီဖက္ကလည္း ကန္႔ကြက္မႈအေပၚတည္ၿပီး တုန္႔ျပန္ေဆာင္ရြက္မယ္လို႔ NLD ေျပာခြင့္ရသူက ဗီြအိုေအကို ေျပာပါတယ္။ လူမႈကြန္ယက္ေတြေပၚမွာျဖစ္ေနတဲ့ အခု ေ၀ဖန္ခ်က္ဟာ လြႊတ္ေတာ္စာမ်က္ႏွာမွာရိွတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ ေနာက္ခံရာဇ၀တ္မွတ္တမ္းေပၚမူတည္ၿပီး ရိွေနတာျဖစ္ပါတယ္။ အဆိုျပဳထားတဲ့ ျပည္ေထာင္စု၀န္ႀကီးေတြရဲ႕ ေနာက္ခံရာဇ၀င္ေတြကိုေတာ့ လြႊတ္ေတာ္တြင္း သီးျခားျဖန္႔ေ၀ရာမွာ၊ လႊတ္ေတာ္မွတ္တမ္းမွာရိွတဲ့ အခ်က္အလက္ေတြနဲ႔ တူမတူ အေသအခ်ာ မသိရေသးပါဘူး။ ျပည္ေထာင္စု၀န္ႀကီး အရည္အခ်င္းသတ္မွတ္ခ်က္မွာေတာ့ အထက္ပါ ျပႆနာနဲ႔ပတ္သက္ကို ကိုင္တြယ္ေျဖရွင္းဖို႔ ဖဲြ႔စည္းပံုပါ ေဖာ္ျပခ်က္နဲ႔ ရွင္းရွင္းလင္းလင္းမရိွေပမယ့္၊ ဒီ စြတ္စဲြခ်က္ေတြ ခိုင္လံုရင္ေတာ့ ဒီသက္ဆိုင္ရာပုဂၢိဳလ္ေတြရဲ႕ လႊတ္ေတာ္အမတ္ ရာထူးအေပၚမွာ တစံုတရာသက္ေရာက္မႈရိွနို္င္တယ္လို႔ သံုးသပ္တာေတြ ရိွပါတယ္။

ထက္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............

ဒေါက်တာသန်းမြင် ့
ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်ကနေ အစိုးရသစ်မှာ ပါ၀င်မယ့် ပြည်ထောင်စုဝန်ကြီးစာရင်းကို မနေ့က လွွှတ်တော်ကို တင်သွင်းခဲ့ရာမှာ အဲဒီစာရင်းမှာပါ၀င်တဲ့ ၀န်ကြီးနှစ်ဦးရဲ့ ပညာရေးနောက်ခံနဲ့ပတ်သက်လို့ မှန်ကန်မှုမရှိဘူးဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်ချက်တွေ ပေါ်ထွက်နေပါတယ်။ ကာယကံရှင် နှစ်ဦးစလုံးကတော့ အခုလို ဝေဖန်စွတ်စွဲချက်တွေနဲ့ပတ်သက်လို့ လွှတ်တော်တွင်းမှာ ကန့်ကွက်မှုတွေ ရှိလာရင်၊ သူတို့ဖက်က တင်ပြတဲ့အထောက်အထားတွေအပေါ် တင်ပြီး လွှတ်တော်တခုလုံးရဲ့ အဆုံးအဖြတ်ကို ခံယူပါ့မယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ကိုထက်အောင်က ဆက်သွယ်စုံစမ်းမေးမြန်းထားတာပါ။

အဆိုပြု ပြည်ထောင်စုဝန်ကြီးစာရင်းထဲပါ၀င်သူ ဒေါက်တာသန်းမြင် ့နဲ့ ဦးကျော်ဝင်းတို့ ရထားတဲ့ စီးပွားရေး ဒေါက်တာဘွဲ့တွေနဲ့ ပတ်သက်လို့ ဒီဘွဲ့တွေ့ပေးခဲ့တဲ့ အမေရိကန်တက္ကသိုလ်တွေဟာ မှန်ကန်မှုမရှိဘူးဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ပြည်ထောင်စုဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးကျော်ဝင်းရဲ့ ပညာရေးနောက်ခံမှာ သူဒေါက်တာဘွဲ့ရခဲ့တယ်ဆိုတဲ့ Brooklyn Park University ဟာ ဆိုရင် နို်င်ငံတကာမှာ ဘွဲ့လက်မှတ်တုတွေ ထုတ်ပေးနေတဲ့ တကယ်အမှန်မရှိတဲ့ တက္ကသိုလ်ဆိုပြီး ၂၀၁၅ ခု New York Times သတင်း တရပ်ကို ကိုးကားပြီး ဝေဖန်မှုတွေရှိနေတာပါ။ ဦးကျော်ဝင်းကတော့ ဒီတက္ကသိုလ် အမှန်မရှိဘူးဆိုတာ သူ့အနေနဲ့ ၂၀၁၅ ဒီဇင်ဘာကျမှ သိခဲ့ရပြီး၊ အခု ဖြစ်ရပ်အတွက် လွွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူပါ့မယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဦးကျော်ဝင်း။ ။ ဆရာက လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက အဲဒီမှာပေါ့ အွန်လိုင်းဒီဂရီတခုကို လိုချင်တာပေါ့ ။ အဲဒီတော့ ဆရာလိုက်ရှာတော့ Brooklyn Park University တွေ့တယ်။ တွေ့တော့ အဲဒီမှာလည်းရေးထားတာက US Economic Ensuring Department က လိုင်စင်ထုတ်ပေးတယ်ဆိုတော့ အန်ကယ်လည်း စိတ်ချတာပေါ့နော် ။ စိတ်ထဲမှာလည်းတော်တော်လည်းမကောင်းဘူးပေါ့ တလှုပ်လှုပ်လည်းခံစားရတယ်။ ကိုယ်ကတော့ ယုံကြည်အားထားပြီးတော့ လုပ်လိုက်တဲ့ ကိစ္စ။

ကိုထက်အောင်။ ။မနေ့ကတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ပေါ့နော်။ ဒီ အွန်လိုင်းပေါ်မှာ ဆရာတို့ Biography နဲ့တင်ခဲ့တဲ့ဟာက ဆရာတို့ကိုယ်တိုင်ရေးခဲ့တာလား။ ဒါမှမဟုတ် ပါတီကရေးခဲ့တာပါလား ဆရာ။

ဦးကျော်ဝင်း။ ။ လွှတ်တော်အမတ်တွေအားလုံးကပေးခဲ့တာပေါ့။ ဆရာတို့ရေးခဲ့တဲ့အထဲမှာလည်း ပါတယ်။ ဟိုတုန်းကရေးထားတဲ့ Biography ဆိုတော့ ဆရာလည်း အမှတ်တမဲ့နဲ့ ပေးလိုက်တယ်၊ ပါသွားတယ် အဲဒါဖြစ်လိမ့်မယ်။

ကိုထက်အောင်။ ။အဲတော့ဆရာ။ တကယ်လို့များ ဆရာတို့ ဘွဲ့နဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တဦး၊ တယောက်က ကန့်ကွက်မယ်ဆိုရင် ဆရာ့အနေနဲ့ ဘာများတုန့်ပြန်သွားမလဲဆရာ။

ဦးကျော်ဝင်း။ ။ ဆရာ့ရင်ထဲမှာ အခုရှိနေတာကတော့ ဒီတာဝန်ပေးတဲ့အခါကျရင် ဒီတာဝန် ထမ်းဆောင်ဖို့အတွက် ဆရာက သာမန်လူတန်းစားပါ။ ဆရာ့အဖေ၊ အမေကလည်း လယ်ယာသမားတွေ တောင်သူသမားတွေဖြစ်လာတာဆိုတော့ ဆရာတို့နိုင်ငံဆင်းရဲနေတာ၊ ဆရာတို့အလွှာတွေ ဆင်းရဲနေတာ ဆရာ ခံစားနေရတော့ လုပ်ခွင့်ရှိရင်လုပ်ပေးချင်တာပေါ့။ ဒါပေမယ့် အခုလိုပေ့ါ အကြောင်းကြောင်းကြောင့် ဒီလိုဖြစ်သွားရင်လည်း ဆရာစိတ်မကောင်းဘူး ၀မ်းနည်းမယ် ဒါပဲရှိတာပေါ့။

ကိုထက်အောင်။ ။ ဘွဲ့နဲ့ပတ်သက်လို့ ပါတီအတွင်းမှာကော ဘာများပြောဆိုတာရှိပါသလဲဆရာ။

ဦးကျော်ဝင်း။ ။ အဲဒါက ဒီလို ဆရာလည်းသိတာလေ ၂၀၁၅ ဒီဇင်ဘာလောက်မှာ ဆရာလည်းသိတာ ။ ဆရာလည်း ကိုယ့်အလုပ်ကိုယ်လုပ်ဆိုတော့ ကျောင်းလည်းလှည့်မကြည့်ဖြစ်ဘူးပေါ့နော် ။ အဲဒီကျောင်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာ လှည့်မကြည့်ဖြစ်ဘူးပေါ့နော်။ အဲဒီကျမှ ဆရာလည်းသိတာ။ ဒါလည်း တကယ်ပြောရင်တော့ ပါတီက တကယ်ဆရာ့ကို ယုံကြည်လို့ သူတို့လည်း ဆရာတင်ထားတဲ့အပေါ်မှာ လက်ခံထားတယ်လို့ ဆရာထင်တယ်။ ပါတီမှာတော့ ချွင်းချက်မရှိဘူးလို့ထင်တယ်။ ဖြစ်ရင်ဆရာ့မှာ အပြစ်ရှိမယ်လို့ထင်တယ်။

ကိုထက်အောင်။ ။ ဆရာ ဒီကျောင်းကနေ PHD ကရော ဘယ်တုန်းက ရခဲ့ပါသလဲ ဆရာ။

ဦးကျော်ဝင်း။ ။ ၂၀၁၀ မှာ လက်မှတ်ထုတ်ပေးထားပြီးတော့ အဲဒီ Certificate လည်းဆရာ့ဆီမှာရှိတယ်။"

ပြည်ထောင်စုအစိုးရဝန်ကြီးအဖြစ် အဆိုပြုခံရသူ NLD ပြည်သူ့လွှတ်တော်ကိုုယ်စားလှယ် ဒေါက်တာသန်းမြင့်ရဲ့ ပညာရေးနောက်ခံမှာ သူဒေါက်တာဘွဲ့ရခဲ့တဲ့ Pacific Western University ဟာဆိုရင် အမေရိကန်အစိုးရ ပညာရေးဌာနကနေ အသိအမှတ်မပြုတဲ့ ဘွဲဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြနေပါတယ်။ ဒီ တက္ကသိုလ်ခွဲနဲ့ ပတ်သက်လို့ ဘွဲ့အတုတွေ ထုတ်ပေးနေတယ်ဆိုတဲ ့စွတ်စွဲမှုတွေကို အမေရိကန်လွှတ်တော်မှာ ၂၀၀၄ ခုနှစ်က စတင် ကြားနာစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ် ၂၀၀၆ ခုနှစ်မှာတော့ Hawaii ပြည်နယ် အစိုးရက ဒီတက္ကသိုလ်ခွဲရဲ့ လုပ်ငန်းတွေ အားလုံးကို ရပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

 ဒေါက်တာသန်းမြင့်ကိုယ်တိုင်ကတော့ သူ့ဖက်ကတော့ သူလေ့လာသင်ယူပြီး ၁၉၉၉ ခုနှစ်မှာ ဘွှဲလက်မှတ်ရတယ်ဆိုတဲ့ အထောက်အထားအခိုင်ရှိပြီး၊ နောက်ပိုင်းပြဿနာဟာ အမေရိကန်တက္ကသိုလ်ဖက်က ပြဿနာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဒေါက်တာသန်းမြင့်။ ။ ဒီ ၈၈ နိုဝင်ဘာမှာ ကုလသမဂ္ဂနဲ့ UNP Specialist နဲ့ Salmon Islandရောက်တော့ ကျနော်က Further study လုပ်ဖို့ နဂိုတည်းက ရည်ရွယ်ထားတယ်ပေါ့နော်။ ဒီတော့ ဒီကြော်ငြာကို Economic စာစောင်မှာတွေ့တာလေ။ ဟိုရောက်တော့ ကျနော်ချက်ချင်းဆက်သွယ်လိုက်တော့ သူက brochure ပေးတယ်လေ။ အဲတော့ California က ပညာရေးကောင်စီက ထုတ်ပေးထားတာပေါ့လေ။ ကျနော်လည်း MSC ကနေပြီးတော့ ကျနော်တို့ ၂ နှစ်တိတိပေါ့ဗျာ။ သူပေးတဲ့ Course guide ၊ ၁၀ ခရက်ဒစ်လားမသိဘူး လုပ်ရတယ်။ ပြီးတဲ့အခါကျတော့ ကျနော် PHD ကို ထပ်လုပ်တယ်။ Doctorate ပြီးတာက ၁၉၉၉ ကတည်းကပြီးသွားတယ်ပေါ့ဗျာ။ ပြီးသွားတော့ ဒါက ကျောင်းကတော့ အပေးအယူ ၊ ဟိုတုန်းကတော့ Online ဆိုပေမယ့် Online မရှိဘူးခင်ဗျ၊ တယ်လီဖုန်းနဲ့ စာတိုက်ရယ်နဲ့ပဲလုပ်ရတာပေါ့လေ။ လုပ်ရတော့ ကျနော် ၁၉၉၉ ဖေဖဝါရီလမှာပြီတယ်ပေါ့လေ။ ကျနော်တို့က dissertation paper လည်းတင်ရတယ်။ ခုနက သတ်မှတ်တဲ့ ဒီ ခရက်ဒစ်တွေ အဆင့်ဆင့်လည်း၁၂ ခုပေါ့ဗျာ ။ အဆင့်ဆင့်လည်း သွားရတာပေါ့နော်။အဲတော့ ကျနော် PHD လုပ်တာ ၆ နှစ်ခွဲလောက်ကြာတယ်ခင်ဗျာ။ ကျနော် သိသလောက်ဆိုရင် ဒီကျောင်းက တက်တာအများစုက ကုလသမဂ္ဂဝန်ထမ်းတွေရှိတယ်ဗျ။ အသက်ကြီးတွေပေါ့နော်။ ၂၀၀၂ ခုနှစ်က အမေရိကန်မှာ ပညာရေး ဥပဒေတခုပြောင်းလိုက်တယ် လို့ပြောတယ်ခင်ဗျ ။ ပြောင်းလိုက်တော့ တချို့ Institution တွေကို လိုင်စင်ထပ်မပေးတော့ဘူးလို့ပြောတယ်။ ပိတ်လိုက်တာက လိုင်စင်ထပ်မပေးတော့တာလား။ ဟိုတုန်းကလုပ်တာတွေကို အသိအမှတ်မပြုတာလား။ ဒါတော့ကျနော်မသိဘူးခင်ဗျ။

ကိုထက်အောင်။ ။ ဆရာတို့ ၀န်ကြီး အဖြစ်မပေးခင်မှာ ကန့်ကွက်လို့ရတယ်ဆိုတော့လေ။ တကယ်လို့များ ဒီနေ့မှာ ကိုယ်စားလှယ်တဦးဦးက ဆရာတို့ကို ကန့်ကွက်ခဲ့တယ်ဆိုရင် ဆရာအပါအဝင် အဖွဲ့ချုပ်ဘက်က ဘာများ တုန့်ပြန်သွားဖို့ရှိပါသလဲဆရာ။

ဒေါက်တာသန်းမြင့်။ ။ ဒါကတော့ ကန့်ကွက်တယ်ဆိုတာကတော့ဗျာ ပညာနဲ့ပတ်သက်လို့ အထောက်အထား မှားတယ်ဆိုရင်လည်း ပါတီက ဒါကတော့ ကျနော်တို့ ပညာရေးအထောက်အထားကို သက်ဆိုင်ရာ အမေရိကန် သံရုံးကတဆင့် မေးမယ်ခင်ဗျာ။ မေးလို့ကျနော်တို့က ဒါလုပ်ရတော့မှာပေါ့လေ။ သူက ကန့်ကွက်ရင် defense လုပ်ရတော့မှာပေါ့ဗျာ။”

အခုလို ဖြစ်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက်ကတော့ ကာယကံရှင်တွေကို မေးမြန်းဖို့သာ တုန့်ပြန်ပြီး တစုံတရာ မှတ်ချက်ပေးစရာမရှိသေးဘူးလို့ဆိုပါတယ်။ ဒါဟာ Online ပေါ်မှာ ရှိနေတဲ့ ပြဿနာဖြစ်နေပြီး၊ လုပ်ရိုးလုပ်စဉ် လွှတ်တော်တွင်း ကန့်ကွက်ပြောဆိုမှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။ ကန့်ကွက်လာရင်လည်း ကာယကံရှင်တွေဖက်က အထောက်အထားနဲ့ ခုခံသလို၊ ပါတီဖက်ကလည်း ကန့်ကွက်မှုအပေါ်တည်ပြီး တုန့်ပြန်ဆောင်ရွက်မယ်လို့ NLD ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာဖြစ်နေတဲ့ အခု ဝေဖန်ချက်ဟာ လွွှတ်တော်စာမျက်နှာမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နောက်ခံရာဇဝတ်မှတ်တမ်းပေါ်မူတည်ပြီး ရှိနေတာဖြစ်ပါတယ်။ အဆိုပြုထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ နောက်ခံရာဇဝင်တွေကိုတော့ လွွှတ်တော်တွင်း သီးခြားဖြန့်ဝေရာမှာ၊ လွှတ်တော်မှတ်တမ်းမှာရှိတဲ့ အချက်အလက်တွေနဲ့ တူမတူ အသေအချာ မသိရသေးပါဘူး။ ပြည်ထောင်စုဝန်ကြီး အရည်အချင်းသတ်မှတ်ချက်မှာတော့ အထက်ပါ ပြဿနာနဲ့ပတ်သက်ကို ကိုင်တွယ်ဖြေရှင်းဖို့ ဖွဲ့စည်းပုံပါ ဖော်ပြချက်နဲ့ ရှင်းရှင်းလင်းလင်းမရှိပေမယ့်၊ ဒီ စွတ်စွဲချက်တွေ ခိုင်လုံရင်တော့ ဒီသက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ လွှတ်တော်အမတ် ရာထူးအပေါ်မှာ တစုံတရာသက်ရောက်မှုရှိနို်င်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment