Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

Valentine’s Day ျမန္မာႏုိင္ငံမွာ ဘာေၾကာင့္ ေရပန္းစားေနသလဲ


နယူးရီးယားၿပီးလို႔ တပတ္ေလာက္ေနတာနဲ႔ လူမႈကြန္ရက္အြန္လိုင္းေပၚမွာ တာစူေနၾကတာကေတာ့ ေဖေဖာ္၀ါရီလ ၁၄ ရက္မွာက်ေရာက္မယ့္ ခ်စ္သူမ်ားေန႔ပဲြေတာ္ပါပဲ။ စီးပြားေရးလုပ္ငန္းရွင္မ်ားကလည္း အခိ်န္ကိုက္လံႈ႕ေဆာ္လာၾကသလို လူငယ္အမ်ားစုကလည္း ႀကိဳတင္ တက္ၾကြစိုင္းျပင္းေနၾကတာ ေတြ႕ျမင္ေနရပါတယ္။
ကြ်န္ေတာ္တို႔နိုင္ငံကို ခ်စ္သူမ်ားေန႔ဆိုၿပီး စတင္ေရာက္ရိွလာတာ ၁၉၉၆-၉၇ ေလာက္ကလို႔ ထင္မွတ္ပါတယ္။ ခ်စ္သူမ်ားေန႔ဆိုၿပီး ေတးစီးရီးေတြစတင္ထုတ္လုပ္ျဖန္႔ခိ်ရာကေန သီခ်င္းေခြမ်ားေပါက္ၿပီး လူငယ္ထုၾကား ပိုမို သိရိွေရပန္းစားလာခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။ အရင္က အေနာက္တိုင္းနိုင္ငံေတြမွာသာ ေခတ္စားခဲ့တဲ့ ခ်စ္သူမ်ားေန႔ဟာ စီးပြားေရးသမားေတြရဲ႕ လံႈ႕ေဆာ္ဖန္တီးမႈကေန အာရွကို ကူးစက္လာၿပီး ေနာက္ပိုင္း ျမန္မာနိုင္ငံထိ ေရာက္ရိွလာတာပဲ ျဖစ္ပါတယ္။

ဒီခ်စ္သူမ်ားေန႔ က်င္းပတာနဲ႔ပတ္သက္ၿပီး မေျပာခင္ ခ်စ္သူမ်ားေန႔ေပၚေပါက္လာပံုေလးကို ေျပာျပခ်င္ပါတယ္။ အမွန္အတိုင္းေျပာရရင္ ယေန႔ထိ ကြ်န္ေတာ္တို႔နိုင္ငံကလူငယ္ေတြဟာ ခ်စ္သူမ်ားေန႔ဆိုတာ ဘယ္လိုျဖစ္ေပၚလာတယ္ဆိုတာသိတဲ့သူ အင္မတန္နည္းမယ္ ထင္ပါတယ္။ ဒါေၾကာင့္ ကြ်န္ေတာ္ဖတ္ဖူးခဲ့တဲ့ ဆရာအတၱေက်ာ္ေရးထားတဲ့ ေဆာင္းပါးထဲမွ ဗယ္လင္တိုင္းေဒး ေပၚေပါက္လာပံုေလးကို ယေန႔လူ ငယ္မ်ားသိေအာင္ အက်ဥ္းခ်ဳပ္ အရင္ေျပာျပခ်င္ပါတယ္။
ခရစ္ယာန္အာဇာနည္ေတြထဲမွာ ဗယ္လင္ထိုင္းဆိုတဲ့ နာမည္နဲ႔သူေတြမေရမတြက္နိုင္ေအာင္ မ်ားျပားလွတယ္။ အဲဒီ့ထဲကမွ ဒ႑ာရီလာ ဗယ္လင္ထိုင္းဘဲြ႕ခံသူေတာ္စင္တပါးအေၾကာင္းကေတာ့ ဒီလိုပါ။ စစ္တပ္ကို ခဲ်႕ထြင္ခ်င္တာမို႔ အရြယ္ေရာက္သူအမ်ဳိးသားေတြကို အိမ္ေထာင္ျပဳခြင့္ပိတ္ပင္ထားတဲ့ ေရာမဧကရာဇ္ ဒုတိယေျမာက္ ခေလာဒစ္ယပ္(စ္)ရဲ့ အမိန့္ကိုဖီဆန္ျပီး လူငယ္ေလးေတြကို လွ်ဳိ႕၀ွက္လက္ထပ္ေပးခဲ့ဖူးတယ္လို့ အဆိုရိွပါတယ္။ ဒါကို ဘုရင္ႀကီးသိသြားေတာ့ သူ႔ကိုဖမ္းဆီးၿပီး ေထာင္သြင္းအက်ဥ္းခ် ကြပ္မ်က္လိုက္ပါေတာ့တယ္။ ဒါက သိပ္မခိုင္လံုလွတဲ့ ပါးစပ္ရာဇ၀င္ပါ။

သူ႔ထက္ နည္းနည္းေလးပိုခိုင္လံုတဲ့ ဒ႑ာရီမွာက်ေတာ့ ဘုရင္ခေလာဒစ္ယပ္(စ္)က ဘုန္းေတာ္ႀကီးဗယ္လင္ထိုင္းကို ခရစ္ယာန္ဘာသာ၀င္ျဖစ္လို႔မို႔ တရားစဲြဆိုၿပီး ကိုယ္ေတာ္တိုင္ အမႈစစ္ခဲ့တယ္လို႔ အဆိုရိွပါတယ္။ အမႈစစ္ရင္းက ဘုန္းေတာ္ႀကီးကို ဘုရင္က အထင္ႀကီးသြားၿပီး Paganism လို႔ ခရစ္ယာန္ဘာသာ၀င္ေတြကေခၚတဲ့ ဗာဟီရ၀ါဒကို ကူးေျပာင္းမယ္ဆိုရင္ျဖင့္ အသက္ကိုခ်မ္းသာေပးမယ္လို႔ ကမ္းလွမ္းခဲ့ပါသတဲ့။ ဘုန္းေတာ္ႀကီးဗယ္လင္ထိုင္းက အဲလိုကမ္းလွမ္းတာကို ျငင္းပယ္ၿပီး ဘုရင္ကိုသာ ခရစ္ယာန္ဘာသာေျပာင္းဖို႔ တိုက္တြန္းပါတယ္။ ဒါနဲ႔ပဲ ေနာက္ဆံုးမွာ သူ႔ကိုဘုရင္က ကြပ္မ်က္လိုက္ပါတယ္။ မကြယ္လြန္ခင္မွာ ဘုန္းေတာ္ႀကီးဗယ္လင္ထိုင္းဟာ ေထာင္မွဴးရဲ႕သမီးေလး မ်က္စိကြယ္ေနတာကို သူ႔တန္ခိုးနဲ႔ စကၡဳနွစ္ကြင္း အလင္းရေအာင္ ကုသေပးခဲ့ပါေသးသတဲ့။
အဲဒါကိုပဲ သမိုင္းအေျခခံတစက္မွမပါတဲ့ စီးပြားေရးသမားမ်ားက ၀ါဒျဖန္႔လိုက္တဲ့အခါ ဇာတ္ကနည္းနည္းပိုနာသြားတယ္။ အဲဒီ့ဘုန္းႀကီး ဗယ္လင္ထိုင္းကိုမကြပ္မ်က္ခင္ ညဦးပိုင္းမွာသူက သူခ်စ္တဲ့မိန္းကေလးလို႔လည္းဆိုရဲ႕၊ တခ်ဳိ႕ကလည္း သူနဲ႔ခင္သြားၿပီး သူကပဲ မ်က္စိျမင္ေအာင္ ကုေပးခဲ့တဲ့ ေထာင္မွဴးရဲ႕သမီးေလးလို႔လည္းဆိုရဲ႕၊ တခ်ဳိ႕ကလည္း အဲဒီ့နွစ္ေယာက္စလံုးပါလို႔ ေျပာၾကရဲ႕၊ အဲ . . . အဲဒီ့မိန္းကေလးေတြဆီကို ကမၻာ့ပထမဆံုး ဗယ္လင္ထိုင္းကတ္ျပားေလးကို ဘုန္းေတာ္ႀကီးက စေရးခဲ့ တာျဖစ္သြားတယ္။ ေသခါနီးမွာတမ္းစာေလးေပါ့ခင္ဗ်ာ။ စာရဲ႕အဆံုးမွာေတာ့ မင္းရဲ႕ဗယ္လင္ထိုင္းထံမွ အဂၤလိပ္လိုေတာ့ From Your Valentine ေပါ့၊ အဲလိုေလးေရးထားပါသတဲ့။ ဘာသမိုင္းအေထာက္အထားမွမရိွဘဲ လိုရာေတြးကာ ခဲ်႕လိုက္ၾကတာပါ။

ကဲ ဒါပါပဲ။ ဗယ္လင္တိုင္းေဒး ေပၚေပါက္လာပံုကိုၾကည့္ရင္ ဘာသမိုင္းအေထာက္အထားမွမရိွဘဲ လိုရာေတြးကာ ခဲ်႕လိုက္ၾကတယ္ဆိုတာ ထင္ရွားေနပါတယ္။ ပထမပိုင္းကေတာ့ ကဗ်ာေလးေတြေရးပို႔တာတို႔၊ ပို႔စ္ကတ္ေလးေတြ အခ်င္းခ်င္း အမွတ္တရပို႔ၾကတာတို႔ လုပ္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းက်ေတာ့ ေခ်ာကလက္ေတြ၊ နွင္းဆီပန္းေတြ လက္ေဆာင္ေပးတာေတြ ေခတ္စားလာပါတယ္။ ၁၉၈၀ ေနာက္ပိုင္းမွာ ေတာ့ စီးပြားေရးလုပ္ငန္းရွင္ေတြက ေဈးကြက္တခုအျဖစ္ ျမင္လာၾကျပီး စိန္ရတနာေတြ၊ ေရႊထည္စၥည္းေတြနဲ႔ အျခားလူသံုးကုန္ပစၥည္းေတြပါ လက္ေဆာင္ေပးတဲ့ အေလ့အထမ်ား ေပၚေပါက္လာေအာင္ လုပ္ေဆာင္ လာၾကပါေတာ့တယ္။
အထက္ပါအေၾကာင္းအရာမ်ားကို ၾကည့္ျခင္းအားျဖင့္ ဗယ္လင္တိုင္းေဒးဆိုတာ ဘယ္သူေတြရဲ႕စနက္ေၾကာင့္ ခုလိုေပၚေပါက္ထင္ရွားလာသလဲဆိုတာ ေတြ႕ရမွာပါ။
ယေန႔ျမန္မာနိုင္ငံက ကြ်န္ေတာ္တို႔ လူငယ္မ်ားဟာလည္း ဘုမသိဘာမသိနဲ႔ေရာေရာင္ၿပီး စီးပြားေရးသမားေတြရဲ႕ မိႈင္းသြင္းခံေနရပါတယ္။ခ်စ္သူမ်ားေန႔ေရာက္တာနဲ႔ လူငယ္ေတြဟာ ပိုက္ဆံေတြေသာက္ေသာက္လဲဲ အကုန္ခံၿပီးလက္ေဆာင္ေတြ ေပးၾကပါေတာ့တယ္။

အဓိက,ကေတာ့ ဗယ္လင္တိုင္းေဒးဆိုတာ စီးပြားေရးလုပ္ငန္းရွင္ေတြရဲ့ သူတို႔ကုန္ပစၥည္းေတြေရာင္းခ်ရေရးအတြက္ လူငယ္ေတြကို အသံုးခ်လိုက္တာပါပဲ။ အဲဒီေန႔အတြက္ စီးပြားေရးလုပ္ငန္းေတြဟာ သူတို႔ရဲ႕ ပစၥည္းေတြ ျပတ္ထြက္သြားသည္အထိ ေရာင္းခ်ရပါတယ္။ ေခ်ာကလက္တို့၊ ပန္းစည္းတို့ဆိုရင္ ေဈးနွစ္ဆ သံုးဆေလာက္အထိ တက္သြားပါတယ္။ ကြ်န္ေတာ္တို႔ မနၱေလးက တကၠသိုလ္မိန္းလမ္းျဖစ္ တဲ့ ၇၃ လမ္းေပၚဆိုရင္ လက္ေဆာင္ပစၥည္းအမ်ဳိးမ်ဳိးေရာင္းခ်တဲ့ ဆိုင္ေတြဟာ တိုးမေပါက္ေအာင္ပါပဲ။ လူငယ္ေတြဟာလည္း နွေျမာရေကာင္းမွန္းမသိေတာ့ဘဲ သူ႔ထက္ငါအၿပိဳင္အဆိုင္ လက္ေဆာင္ပစၥည္းေတြေပးၾကပါေတာ့တယ္။ စီးပြားေရးသမားေတြအတြက္ေတာ့ တကယ့္လာဘ္ရႊင္တဲ့ ရက္ရာဇာရက္ႀကီးပါပဲ။
ခ်စ္သူမ်ားေန႔မွာ ပို႔စ္စကတ္ေတြ၊ ေခ်ာကလက္ေတြ၊ ပန္းစည္းေတြ ေပးတာေလာက္ကေတာ့ ဘာကိစၥမွမရိွပါ။ ကိစၥရိွတာကေတာ့ ဒီဗယ္လင္တိုင္းေဒးေန႔မွာ ခ်စ္သူစံုတဲြေတြ ဟိုတယ္တည္းခိုခန္းသြားၿပီး ခ်စ္ပဲြ၀င္ၾကတာပါပဲ။ ဘယ္သူကမ်ားအစျပဳခဲ့လဲေတာ့ မသိပါ။ ဟုတ္သလား မဟုတ္သလားဆိုတာကေတာ့ အဲ့ဒီဗယ္လင္တိုင္းေဒးမွာ ျမန္မာနိုင္ငံမွာရိွတဲ့ ဟိုတယ္တည္းခိုခန္းေတြ၊ အခန္းလြတ္မရိွေအာင္ အားေပးၾကတာက သက္ေသခံေနပါတယ္။

အဲ့ဒီရက္မတိုင္ခင္ တပတ္ေလာက္ကတည္းက ႀကိဳတင္အခန္းမွာၾကလို႔ အခန္းအားလံုးကုန္ပါတယ္လို႔ အသိဟိုတယ္၀န္ထမ္းတဦးက ေျပာျပဖူးပါတယ္။
ဒါ့အျပင္ ခ်စ္သူမ်ားေန႔မွာ ေဆးဆိုင္ေတြမွာ ကိုယ္၀န္တားေဆးေတြ၊ လိင္စိတ္ၾကြေဆးေတြ အရမ္းေရာင္းရတယ္လို႔လည္း သိရပါတယ္။ လာ၀ယ္ၾကသူေတြထဲမွာ လူငယ္ေတြမ်ားျပီး အရြယ္မေရာက္ေသးတဲ့ လူငယ္ေတြေတာင္ ပါတယ္လို႔သိရပါတယ္။

တည့္တည့္ေျပာရရင္ေတာ့ ခ်စ္သူမ်ားေန႔မွာ ျမန္မာအမ်ဳိးသမီးေကာင္းေလးေတြ ပန္းေကာင္းအညႊန္႔က်ဳိးျဖစ္ ၾကရပါတယ္။ အဲ့ဒီခ်စ္သူမ်ားေန႔မွာ ျမန္မာအမ်ဳိးသမီးငယ္ ေထာင္ဂဏန္းေက်ာ္ဟာ အပ်ဳိစင္ဘ၀ကို စြန္႔လႊတ္ၾကရတယ္လို႔ NGO အဖဲြ႕အစည္းတခုက ေျပာျပတာ ၾကားဖူးပါတယ္။ ဒါေၾကာင့္လည္း ၿမိဳ႕ျပမွာ ေနထိုင္သူ အရြယ္ေရာက္ၿပီး အမ်ဳိးသမီးငါးဦးမွာ ေလးဦးက အပ်ဳိစင္မဟုတ္ၾကေတာ့ဘူးလို႔ စစ္တမ္းတရပ္က ေဖာ္ထုတ္ခဲ့တာဟာ မျဖစ္နိုင္ဘူးလို႔ ျငင္းဖို႔ခက္ေနပါတယ္။ ၿပီးေတာ့ကြ်န္ေတာ္တို႔ ျမန္မာလူငယ္အမ်ားစုဟာ က်န္းမာေရးဗဟုသုတနဲ႔ပတ္သက္ျပီး အင္မတန္ အားနည္းပါတယ္။ ဒါေၾကာင့္ အကာအကြယ္မဲ့ လိင္ဆက္ဆံၾကတာကေန ဘီပိုး၊ စီပိုးေတြ၊ ကာလသားေရာဂါေတြ၊ HIV, AIDS လို ေရာဂါမ်ဳိးေတြအထိ ကူးစက္နိုင္တယ္ဆိုတာ လူငယ္ေတြသိဖို႔လိုအပ္ပါတယ္။ ဒီေရာဂါေတြဟာ တႀကိမ္တခါဆိုျပီး ခြင့္လႊတ္နိုင္တဲ့အရာေတြ မဟုတ္ပါ။ မိမိခ်စ္သူဟာ ဘယ္ေလာက္သန္႔တယ္ဆိုတာ ဘယ္သူမွ မသိနိုင္ပါ။

ဒီခ်စ္သူမ်ားေန႔နဲ႔ပတ္သက္ၿပီး လူငယ္ေတြအသိထဲ ဘယ္ေလာက္မိႈင္းတိုက္ခံရသလဲဆိုရင္ အဲဒီေန႔မွာ မိမိခ်စ္သူအေပၚမွာ အလိုမလိုက္ရင္ဘဲ မခ်စ္သေယာင္ျဖစ္ေအာင္ လဲြမွားတဲ့အသိေတြ အသြင္းခံေနရတာပါပဲ။ အကာအကြယ္မဲ့ လိင္ဆက္ဆံၿပီး ေရာဂါေတြကူးစက္ၾက ကိုယ္၀န္ေတြရိွၾကၿပီး ေကာင္ေလးကမယူနိုင္လို႔ ဘ၀ေတြပ်က္ၾက မိမိဘာသာသတ္ေသတဲ့အထိျဖစ္ၾကနဲ႔ ခ်စ္သူမ်ားေန႔ဟာ ကြ်န္ေတာ္တို႔နိုင္ငံအတြက္ေတာ့ လူငယ္ေလးေတြ အညႊန္႔က်ဳိတဲ့ေန႔ ဘ၀ပ်က္ေစတဲ့ ေန႔ဆိုးရက္ဆိုးႀကီးလို႔ေျပာရင္ လြန္မယ္မထင္ပါ။
ယခု ေက်းလက္ေဒသေတြအထိ ဒီခ်စ္သူမ်ားေန႔ေရာဂါႀကီးဟာ ကူးစက္ပံ်႕နံွ႔ေနၿပီး အေျခခံေက်ာင္းမ်ားက ကေလးငယ္မ်ားအထိ ပါ၀င္ဆင္ႏႊဲေနၾကပါတယ္။ အဲဒီေန႔အတြက္ဆိုရင္ တႏိုင္ငံလံုးက လူငယ္အားလံုးဟာ ကဲကဲလႈပ္ ၀က္၀က္ကဲြဆင္ႏဲႊၾကတာ အားလံုးအသိပဲျဖစ္မွာပါ။ ဒါနဲ႔ကြ်န္ေတာ္လည္း အိမ္နီးခ်င္းနိုင္ငံေတြေရာက္ေနတဲ့ သူငယ္ခ်င္းအခ်ဳိ႕ကို ေမးၾကည့္ပါတယ္။

သူတို့ေရာက္ေနတဲ့ နိုင္ငံေတြမွာလည္း ကြ်န္ေတာ္တို႔နိုင္ငံလိုမ်ဳိး ဆင္ႏဲႊၾကလားေပါ့။ သူတို႔ေျပာျပတာကေတာ့ မရိွဘူးေတာ့ မဟုတ္ဘူး၊ ရိွေတာ့ရိွတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔နိုင္ငံေလာက္ မဆိုးဘူးလို႔ေျပာပါတယ္။ ကြ်န္ေတာ္တို႔ဆီကလို ေဈးေရာင္းပဲြေတာ္ႀကီးေတြလို ေရာင္းခ်ၾကတာေတြ အဲဒီေန႔မွာ အကၤ် ီဆင္တူေတြ၀တ္ၾက အရုပ္ႀကီးေတြကိုင္ၿပီး သြားၾကလာၾက အုန္းအုန္းကၽြက္ဆင္ႏဲႊၾကတာေတာ့ လံုး၀မရိွပါဘူးတဲ့။ အဲ့ဒီထက္ အံ့ၾသစရာေကာင္းတာက ကြ်န္ေတာ္တို႔နိုင္ငံလို ခ်စ္သူမ်ားေန႔ဆိုျပီး ဟိုတယ္လာၾကတဲ့အတဲြ မရိွသေလာက္ပါပဲလို႔ ဘန္ေကာက္က ဟိုတယ္တခုမွာလုပ္ေနတဲ့ သူငယ္ခ်င္းက ေျပာျပပါတယ္။
မိဘမ်ားေရာ လူငယ္မ်ားေရာ ေျပာခ်င္တာက ဒီခ်စ္သူမ်ားေန႔ကို အေၾကာင္းျပဳၿပီး ကြ်န္ေတာ္တို႔နိုင္ငံအတြက္၊ လူငယ္ေတြအတြက္ ဘယ္လိုေကာင္းက်ဳိးေတြရိွခဲ့သလဲဆိုတာ ေသခ်ာစဥ္းစားေစခ်င္ပါတယ္။
ဘာမွန္းမသိတဲ့ သူမ်ားနိုင္ငံက ခ်စ္သူမ်ားေန႔ကို ပံုတူကူးခ်ၿပီး ကြ်န္ေတာ္တို႔နိုင္ငံက လူငယ္ေတြ ဘယ္ေလာက္လမ္းမွားေရာက္ေနသလဲ၊ ဘ၀ေတြပ်က္ေနရသလဲဆိုတာ ဆင္ျခင္တံုတရားနဲ႔ စဥ္းစားေစခ်င္ပါတယ္။

အားလံုးမွာတာ၀န္ရိွပါတယ္။ မိဘမ်ားအေနနဲ႔လည္း မိမိရဲ႕သားသမီးလမ္းမွားမေရာက္ေအာင္ ထိန္းသိမ္းဖို႔လိုသလို အစိုးရအေနနဲ႔လည္း အဲဒီေန႔မွာ လူငယ္ေတြ ဟိုတယ္တည္းခိုခန္းသြားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဟိုတယ္တည္းခိုခန္းေတြကို ေသခ်ာအမိန့္ထုတ္ျပန္ပိတ္ပင္သင့္သည္။ ထို႔အတူ တာ၀န္သိလူငယ္မ်ားအေနနဲ႔လည္း ဗယ္လင္တိုင္းေဒးေန႔နဲ႔ ပတ္သက္ၿပီး လူငယ္ခ်င္းအသိေပးမႈေတြကို လက္မခံေၾကာင္း ျပသမႈေတြ စုေပါင္းၿပီး လုပ္သင့္ပါတယ္။
ကြ်န္ေတာ္တို႔လူမ်ဳိးဟာ ကမၻာေပၚမွာ အေပ်ာ္အပါးအမက္ဆံုး လူမ်ဳိးလို႔ သတ္မွတ္မယ္ဆိုရင္ မမွားနိုင္ပါ။ ဆယ္နွစ္လရာသီလံုးပဲြေတာ္ မပ်က္တဲ့အျပင္ အျခားဘာသာေတြရဲ့ ခရစၥမတ္ဆိုမတ္လိုက္တာပဲ၊ အစ္ေန႔ဆိုလည္း အစ္လိုက္တာပဲ တရုတ္နွစ္သစ္ကူးဆိုလည္း ကူးလိုက္ ၾကတာပါပဲ။ ဒါတင္အားမရ ခ်စ္သူမ်ားေန့၊ အေဖေန႔၊ အေမေန႔၊ ေဟာ္လို၀င္းေဒးဆိုၿပီးေတာင္လုပ္လိုက္ၾကေသးတယ္။ သူမ်ားေတြရဲ႕ နွစ္သစ္ကူးပဲြေတြကို ေပ်ာ္ပါးဆင္ႏဲႊၾကတာ ယဥ္ေက်းမႈအရ လက္ခံလို႔ရေပေသးတယ္။ ဒီဗယ္လင္တိုင္းေဒးကေတာ့ ကြ်န္ေတာ္တို႔နဲ႔လားလားမဆိုင္တဲ့အျပင္ မည္သည့္ေကာင္းက်ဳိးမွမေပးပါဘူး။
တိုင္းျပည္ဒီေလာက္ဆင္းရဲေနတဲ့အခိ်န္မွာ မလိုအပ္ဘဲ ပိုက္ဆံေတြ ေသာက္ေသာက္လဲ အကုန္ခံၾက လူငယ္ေလးေတြ ပန္းေကာင္း အညႊန္႔က်ဳိးျဖစ္ၾက ဘ၀ေတြပ်က္ၾကနဲ႔ ကြ်န္ေတာ္တို႔ လူငယ္ေတြဟာ စီးပြားေရးသမားေတြရဲ႕ သားေကာင္ေတြျဖစ္မွန္းမသိ ျဖစ္ေနၾကတာဟာ သနားစရာ အလြန္ပင္ေကာင္းလွပါတယ္။

အထူးသျဖင့္ လူငယ္ေတြကို စဥ္းစားဖို႔ေျပာခ်င္တာက ဘယ္ကေနဘယ္လိုေပၚေပါက္လာမွန္း မသိရတဲ့တိုင္းတပါးက ခ်စ္သူမ်ားေန႔ထက္ တန္ဖိုးထားစရာေန႔ေတြ အဲဒီရက္မတိုင္ခင္မွာ ရိွၾကတာသိေစခ်င္ပါတယ္။ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႔ဟာ ကြ်န္ေတာ္တို႔ ျပည္ေထာင္စုျမန္မာနိုင္ငံ ရယ္လို့ျဖစ္ေပၚလာေစတဲ့ ပင္လံုစာခ်ဳပ္ခ်ဳပ္ဆိုတဲ့ ျပည္ေထာင္စုေန႔ သမိုင္း၀င္ေန့ရက္ျဖစ္ပါတယ္။ ထို့အတူ ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔ဟာ ကြ်န္ေတာ္တို႔နိုင္ငံရဲ႕ လြတ္လပ္ေရးဖခင္ႀကီး အမို်းသားေခါင္းေဆာင္ၾကီး ျဖစ္လာမယ့္ ထိန္လင္းဆိုတဲ့ကေလးေလး ေမြးဖြားသန္႔စင္ခဲ့တဲ့ေန႔ျဖစ္ပါ တယ္။ သူကစာေပကိုခ်စ္တယ္၊ ကေလးေတြကိုခ်စ္တယ္၊ ဒီထက္ကြ်န္ေတာ္တို႔ တိုင္းျပည္ကိုခ်စ္တဲ့ ေယာက်ာ္းေကာင္းေယာက်ာ္းျမတ္ တေယာက္ ျဖစ္ပါတယ္။
ေနာက္ဆံုးတိုင္းျပည္နဲ႔လူမ်ဳိးအတြက္ အသက္ေပးခ်စ္ျပသြားတဲ့ ခ်စ္သူေကာင္းတေယာက္ ေယာက်ာ္းေကာင္းတေယာက္က်ေတာ့ ကြ်န္ေတာ္တို႔ေတြ ခ်စ္ဖို႔ေမ့ေနၾကျပီး ဘာမွန္းမသိတဲ့ သူမ်ားနိုင္ငံက စိန္႔ဗယ္လင္တိုင္းဆိုတဲ့ သူေတာ္စင္တေယာက္ အကြပ္မ်က္ခံရတဲ့ေန႔ကို ခ်စ္သူမ်ားေန႔ဆိုျပီး ေပ်ာ္ပဲြဆင္ႏဲႊေနၾကတာဟာ ကြ်န္ေတာ္တို႔ေတြ လမ္းလဲြေနသလားဆိုတာ . . . ။

ေက်ာ္ၾကီး(MDY)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.................


နယူးရီးယားပြီးလို့ တပတ်လောက်နေတာနဲ့ လူမှုကွန်ရက်အွန်လိုင်းပေါ်မှာ တာစူနေကြတာကတော့ ဖေဖော်ဝါရီလ ၁၄ ရက်မှာကျရောက်မယ့် ချစ်သူများနေ့ပွဲတော်ပါပဲ။ စီးပွားရေးလုပ်ငန်းရှင်များကလည်း အချိန်ကိုက်လှုံ့ဆော်လာကြသလို လူငယ်အများစုကလည်း ကြိုတင် တက်ကြွစိုင်းပြင်းနေကြတာ တွေ့မြင်နေရပါတယ်။
ကျွန်တော်တို့နိုင်ငံကို ချစ်သူများနေ့ဆိုပြီး စတင်ရောက်ရှိလာတာ ၁၉၉၆-၉၇ လောက်ကလို့ ထင်မှတ်ပါတယ်။ ချစ်သူများနေ့ဆိုပြီး တေးစီးရီးတွေစတင်ထုတ်လုပ်ဖြန့်ချိရာကနေ သီချင်းခွေများပေါက်ပြီး လူငယ်ထုကြား ပိုမို သိရှိရေပန်းစားလာခဲ့တယ်လို့ ပြောလို့ရပါတယ်။ အရင်က အနောက်တိုင်းနိုင်ငံတွေမှာသာ ခေတ်စားခဲ့တဲ့ ချစ်သူများနေ့ဟာ စီးပွားရေးသမားတွေရဲ့ လှုံ့ဆော်ဖန်တီးမှုကနေ အာရှကို ကူးစက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံထိ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

ဒီချစ်သူများနေ့ ကျင်းပတာနဲ့ပတ်သက်ပြီး မပြောခင် ချစ်သူများနေ့ပေါ်ပေါက်လာပုံလေးကို ပြောပြချင်ပါတယ်။ အမှန်အတိုင်းပြောရရင် ယနေ့ထိ ကျွန်တော်တို့နိုင်ငံကလူငယ်တွေဟာ ချစ်သူများနေ့ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာသိတဲ့သူ အင်မတန်နည်းမယ် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဖတ်ဖူးခဲ့တဲ့ ဆရာအတ္တကျော်ရေးထားတဲ့ ဆောင်းပါးထဲမှ ဗယ်လင်တိုင်းဒေး ပေါ်ပေါက်လာပုံလေးကို ယနေ့လူ ငယ်များသိအောင် အကျဉ်းချုပ် အရင်ပြောပြချင်ပါတယ်။
ခရစ်ယာန်အာဇာနည်တွေထဲမှာ ဗယ်လင်ထိုင်းဆိုတဲ့ နာမည်နဲ့သူတွေမရေမတွက်နိုင်အောင် များပြားလှတယ်။ အဲဒီ့ထဲကမှ ဒဏ္ဍာရီလာ ဗယ်လင်ထိုင်းဘွဲ့ခံသူတော်စင်တပါးအကြောင်းကတော့ ဒီလိုပါ။ စစ်တပ်ကို ချဲ့ထွင်ချင်တာမို့ အရွယ်ရောက်သူအမျိုးသားတွေကို အိမ်ထောင်ပြုခွင့်ပိတ်ပင်ထားတဲ့ ရောမဧကရာဇ် ဒုတိယမြောက် ခလောဒစ်ယပ်(စ်)ရဲ့ အမိန့်ကိုဖီဆန်ပြီး လူငယ်လေးတွေကို လျှို့ဝှက်လက်ထပ်ပေးခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။ ဒါကို ဘုရင်ကြီးသိသွားတော့ သူ့ကိုဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချ ကွပ်မျက်လိုက်ပါတော့တယ်။ ဒါက သိပ်မခိုင်လုံလှတဲ့ ပါးစပ်ရာဇဝင်ပါ။

သူ့ထက် နည်းနည်းလေးပိုခိုင်လုံတဲ့ ဒဏ္ဍာရီမှာကျတော့ ဘုရင်ခလောဒစ်ယပ်(စ်)က ဘုန်းတော်ကြီးဗယ်လင်ထိုင်းကို ခရစ်ယာန်ဘာသာဝင်ဖြစ်လို့မို့ တရားစွဲဆိုပြီး ကိုယ်တော်တိုင် အမှုစစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အမှုစစ်ရင်းက ဘုန်းတော်ကြီးကို ဘုရင်က အထင်ကြီးသွားပြီး Paganism လို့ ခရစ်ယာန်ဘာသာဝင်တွေကခေါ်တဲ့ ဗာဟီရဝါဒကို ကူးပြောင်းမယ်ဆိုရင်ဖြင့် အသက်ကိုချမ်းသာပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသတဲ့။ ဘုန်းတော်ကြီးဗယ်လင်ထိုင်းက အဲလိုကမ်းလှမ်းတာကို ငြင်းပယ်ပြီး ဘုရင်ကိုသာ ခရစ်ယာန်ဘာသာပြောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးမှာ သူ့ကိုဘုရင်က ကွပ်မျက်လိုက်ပါတယ်။ မကွယ်လွန်ခင်မှာ ဘုန်းတော်ကြီးဗယ်လင်ထိုင်းဟာ ထောင်မှူးရဲ့သမီးလေး မျက်စိကွယ်နေတာကို သူ့တန်ခိုးနဲ့ စက္ခုနှစ်ကွင်း အလင်းရအောင် ကုသပေးခဲ့ပါသေးသတဲ့။
အဲဒါကိုပဲ သမိုင်းအခြေခံတစက်မှမပါတဲ့ စီးပွားရေးသမားများက ၀ါဒဖြန့်လိုက်တဲ့အခါ ဇာတ်ကနည်းနည်းပိုနာသွားတယ်။ အဲဒီ့ဘုန်းကြီး ဗယ်လင်ထိုင်းကိုမကွပ်မျက်ခင် ညဦးပိုင်းမှာသူက သူချစ်တဲ့မိန်းကလေးလို့လည်းဆိုရဲ့၊ တချို့ကလည်း သူနဲ့ခင်သွားပြီး သူကပဲ မျက်စိမြင်အောင် ကုပေးခဲ့တဲ့ ထောင်မှူးရဲ့သမီးလေးလို့လည်းဆိုရဲ့၊ တချို့ကလည်း အဲဒီ့နှစ်ယောက်စလုံးပါလို့ ပြောကြရဲ့၊ အဲ . . . အဲဒီ့မိန်းကလေးတွေဆီကို ကမ္ဘာ့ပထမဆုံး ဗယ်လင်ထိုင်းကတ်ပြားလေးကို ဘုန်းတော်ကြီးက စရေးခဲ့ တာဖြစ်သွားတယ်။ သေခါနီးမှာတမ်းစာလေးပေါ့ခင်ဗျာ။ စာရဲ့အဆုံးမှာတော့ မင်းရဲ့ဗယ်လင်ထိုင်းထံမှ အင်္ဂလိပ်လိုတော့ From Your Valentine ပေါ့၊ အဲလိုလေးရေးထားပါသတဲ့။ ဘာသမိုင်းအထောက်အထားမှမရှိဘဲ လိုရာတွေးကာ ချဲ့လိုက်ကြတာပါ။

ကဲ ဒါပါပဲ။ ဗယ်လင်တိုင်းဒေး ပေါ်ပေါက်လာပုံကိုကြည့်ရင် ဘာသမိုင်းအထောက်အထားမှမရှိဘဲ လိုရာတွေးကာ ချဲ့လိုက်ကြတယ်ဆိုတာ ထင်ရှားနေပါတယ်။ ပထမပိုင်းကတော့ ကဗျာလေးတွေရေးပို့တာတို့၊ ပို့စ်ကတ်လေးတွေ အချင်းချင်း အမှတ်တရပို့ကြတာတို့ လုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းကျတော့ ချောကလက်တွေ၊ နှင်းဆီပန်းတွေ လက်ဆောင်ပေးတာတွေ ခေတ်စားလာပါတယ်။ ၁၉၈၀ နောက်ပိုင်းမှာ တော့ စီးပွားရေးလုပ်ငန်းရှင်တွေက ဈေးကွက်တခုအဖြစ် မြင်လာကြပြီး စိန်ရတနာတွေ၊ ရွှေထည်စ္စည်းတွေနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေပါ လက်ဆောင်ပေးတဲ့ အလေ့အထများ ပေါ်ပေါက်လာအောင် လုပ်ဆောင် လာကြပါတော့တယ်။
အထက်ပါအကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် ဗယ်လင်တိုင်းဒေးဆိုတာ ဘယ်သူတွေရဲ့စနက်ကြောင့် ခုလိုပေါ်ပေါက်ထင်ရှားလာသလဲဆိုတာ တွေ့ရမှာပါ။
ယနေ့မြန်မာနိုင်ငံက ကျွန်တော်တို့ လူငယ်များဟာလည်း ဘုမသိဘာမသိနဲ့ရောရောင်ပြီး စီးပွားရေးသမားတွေရဲ့ မှိုင်းသွင်းခံနေရပါတယ်။ချစ်သူများနေ့ရောက်တာနဲ့ လူငယ်တွေဟာ ပိုက်ဆံတွေသောက်သောက်လဲဲ အကုန်ခံပြီးလက်ဆောင်တွေ ပေးကြပါတော့တယ်။

အဓိက,ကတော့ ဗယ်လင်တိုင်းဒေးဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သူတို့ကုန်ပစ္စည်းတွေရောင်းချရရေးအတွက် လူငယ်တွေကို အသုံးချလိုက်တာပါပဲ။ အဲဒီနေ့အတွက် စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ ပစ္စည်းတွေ ပြတ်ထွက်သွားသည်အထိ ရောင်းချရပါတယ်။ ချောကလက်တို့၊ ပန်းစည်းတို့ဆိုရင် ဈေးနှစ်ဆ သုံးဆလောက်အထိ တက်သွားပါတယ်။ ကျွန်တော်တို့ မန္တလေးက တက္ကသိုလ်မိန်းလမ်းဖြစ် တဲ့ ရ၃ လမ်းပေါ်ဆိုရင် လက်ဆောင်ပစ္စည်းအမျိုးမျိုးရောင်းချတဲ့ ဆိုင်တွေဟာ တိုးမပေါက်အောင်ပါပဲ။ လူငယ်တွေဟာလည်း နှမြောရကောင်းမှန်းမသိတော့ဘဲ သူ့ထက်ငါအပြိုင်အဆိုင် လက်ဆောင်ပစ္စည်းတွေပေးကြပါတော့တယ်။ စီးပွားရေးသမားတွေအတွက်တော့ တကယ့်လာဘ်ရွှင်တဲ့ ရက်ရာဇာရက်ကြီးပါပဲ။
ချစ်သူများနေ့မှာ ပို့စ်စကတ်တွေ၊ ချောကလက်တွေ၊ ပန်းစည်းတွေ ပေးတာလောက်ကတော့ ဘာကိစ္စမှမရှိပါ။ ကိစ္စရှိတာကတော့ ဒီဗယ်လင်တိုင်းဒေးနေ့မှာ ချစ်သူစုံတွဲတွေ ဟိုတယ်တည်းခိုခန်းသွားပြီး ချစ်ပွဲဝင်ကြတာပါပဲ။ ဘယ်သူကများအစပြုခဲ့လဲတော့ မသိပါ။ ဟုတ်သလား မဟုတ်သလားဆိုတာကတော့ အဲ့ဒီဗယ်လင်တိုင်းဒေးမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်တည်းခိုခန်းတွေ၊ အခန်းလွတ်မရှိအောင် အားပေးကြတာက သက်သေခံနေပါတယ်။

အဲ့ဒီရက်မတိုင်ခင် တပတ်လောက်ကတည်းက ကြိုတင်အခန်းမှာကြလို့ အခန်းအားလုံးကုန်ပါတယ်လို့ အသိဟိုတယ်ဝန်ထမ်းတဦးက ပြောပြဖူးပါတယ်။
ဒါ့အပြင် ချစ်သူများနေ့မှာ ဆေးဆိုင်တွေမှာ ကိုယ်ဝန်တားဆေးတွေ၊ လိင်စိတ်ကြွဆေးတွေ အရမ်းရောင်းရတယ်လို့လည်း သိရပါတယ်။ လာဝယ်ကြသူတွေထဲမှာ လူငယ်တွေများပြီး အရွယ်မရောက်သေးတဲ့ လူငယ်တွေတောင် ပါတယ်လို့သိရပါတယ်။

တည့်တည့်ပြောရရင်တော့ ချစ်သူများနေ့မှာ မြန်မာအမျိုးသမီးကောင်းလေးတွေ ပန်းကောင်းအညွှန့်ကျိုးဖြစ် ကြရပါတယ်။ အဲ့ဒီချစ်သူများနေ့မှာ မြန်မာအမျိုးသမီးငယ် ထောင်ဂဏန်းကျော်ဟာ အပျိုစင်ဘဝကို စွန့်လွှတ်ကြရတယ်လို့ NGO အဖွဲ့အစည်းတခုက ပြောပြတာ ကြားဖူးပါတယ်။ ဒါကြောင့်လည်း မြို့ပြမှာ နေထိုင်သူ အရွယ်ရောက်ပြီး အမျိုးသမီးငါးဦးမှာ လေးဦးက အပျိုစင်မဟုတ်ကြတော့ဘူးလို့ စစ်တမ်းတရပ်က ဖော်ထုတ်ခဲ့တာဟာ မဖြစ်နိုင်ဘူးလို့ ငြင်းဖို့ခက်နေပါတယ်။ ပြီးတော့ကျွန်တော်တို့ မြန်မာလူငယ်အများစုဟာ ကျန်းမာရေးဗဟုသုတနဲ့ပတ်သက်ပြီး အင်မတန် အားနည်းပါတယ်။ ဒါကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံကြတာကနေ ဘီပိုး၊ စီပိုးတွေ၊ ကာလသားရောဂါတွေ၊ HIV, AIDS လို ရောဂါမျိုးတွေအထိ ကူးစက်နိုင်တယ်ဆိုတာ လူငယ်တွေသိဖို့လိုအပ်ပါတယ်။ ဒီရောဂါတွေဟာ တကြိမ်တခါဆိုပြီး ခွင့်လွှတ်နိုင်တဲ့အရာတွေ မဟုတ်ပါ။ မိမိချစ်သူဟာ ဘယ်လောက်သန့်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။

ဒီချစ်သူများနေ့နဲ့ပတ်သက်ပြီး လူငယ်တွေအသိထဲ ဘယ်လောက်မှိုင်းတိုက်ခံရသလဲဆိုရင် အဲဒီနေ့မှာ မိမိချစ်သူအပေါ်မှာ အလိုမလိုက်ရင်ဘဲ မချစ်သယောင်ဖြစ်အောင် လွဲမှားတဲ့အသိတွေ အသွင်းခံနေရတာပါပဲ။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ရောဂါတွေကူးစက်ကြ ကိုယ်ဝန်တွေရှိကြပြီး ကောင်လေးကမယူနိုင်လို့ ဘဝတွေပျက်ကြ မိမိဘာသာသတ်သေတဲ့အထိဖြစ်ကြနဲ့ ချစ်သူများနေ့ဟာ ကျွန်တော်တို့နိုင်ငံအတွက်တော့ လူငယ်လေးတွေ အညွှန့်ကျိုတဲ့နေ့ ဘဝပျက်စေတဲ့ နေ့ဆိုးရက်ဆိုးကြီးလို့ပြောရင် လွန်မယ်မထင်ပါ။
ယခု ကျေးလက်ဒေသတွေအထိ ဒီချစ်သူများနေ့ရောဂါကြီးဟာ ကူးစက်ပျံ့နှံ့နေပြီး အခြေခံကျောင်းများက ကလေးငယ်များအထိ ပါ၀င်ဆင်နွှဲနေကြပါတယ်။ အဲဒီနေ့အတွက်ဆိုရင် တနိုင်ငံလုံးက လူငယ်အားလုံးဟာ ကဲကဲလှုပ် ၀က်ဝက်ကွဲဆင်နွှဲကြတာ အားလုံးအသိပဲဖြစ်မှာပါ။ ဒါနဲ့ကျွန်တော်လည်း အိမ်နီးချင်းနိုင်ငံတွေရောက်နေတဲ့ သူငယ်ချင်းအချို့ကို မေးကြည့်ပါတယ်။

သူတို့ရောက်နေတဲ့ နိုင်ငံတွေမှာလည်း ကျွန်တော်တို့နိုင်ငံလိုမျိုး ဆင်နွှဲကြလားပေါ့။ သူတို့ပြောပြတာကတော့ မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံလောက် မဆိုးဘူးလို့ပြောပါတယ်။ ကျွန်တော်တို့ဆီကလို ဈေးရောင်းပွဲတော်ကြီးတွေလို ရောင်းချကြတာတွေ အဲဒီနေ့မှာ အင်္ကျ ီဆင်တူတွေဝတ်ကြ အရုပ်ကြီးတွေကိုင်ပြီး သွားကြလာကြ အုန်းအုန်းကျွက်ဆင်နွှဲကြတာတော့ လုံးဝမရှိပါဘူးတဲ့။ အဲ့ဒီထက် အံ့သြစရာကောင်းတာက ကျွန်တော်တို့နိုင်ငံလို ချစ်သူများနေ့ဆိုပြီး ဟိုတယ်လာကြတဲ့အတွဲ မရှိသလောက်ပါပဲလို့ ဘန်ကောက်က ဟိုတယ်တခုမှာလုပ်နေတဲ့ သူငယ်ချင်းက ပြောပြပါတယ်။
မိဘများရော လူငယ်များရော ပြောချင်တာက ဒီချစ်သူများနေ့ကို အကြောင်းပြုပြီး ကျွန်တော်တို့နိုင်ငံအတွက်၊ လူငယ်တွေအတွက် ဘယ်လိုကောင်းကျိုးတွေရှိခဲ့သလဲဆိုတာ သေချာစဉ်းစားစေချင်ပါတယ်။
ဘာမှန်းမသိတဲ့ သူများနိုင်ငံက ချစ်သူများနေ့ကို ပုံတူကူးချပြီး ကျွန်တော်တို့နိုင်ငံက လူငယ်တွေ ဘယ်လောက်လမ်းမှားရောက်နေသလဲ၊ ဘဝတွေပျက်နေရသလဲဆိုတာ ဆင်ခြင်တုံတရားနဲ့ စဉ်းစားစေချင်ပါတယ်။

အားလုံးမှာတာဝန်ရှိပါတယ်။ မိဘများအနေနဲ့လည်း မိမိရဲ့သားသမီးလမ်းမှားမရောက်အောင် ထိန်းသိမ်းဖို့လိုသလို အစိုးရအနေနဲ့လည်း အဲဒီနေ့မှာ လူငယ်တွေ ဟိုတယ်တည်းခိုခန်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဟိုတယ်တည်းခိုခန်းတွေကို သေချာအမိန့်ထုတ်ပြန်ပိတ်ပင်သင့်သည်။ ထို့အတူ တာဝန်သိလူငယ်များအနေနဲ့လည်း ဗယ်လင်တိုင်းဒေးနေ့နဲ့ ပတ်သက်ပြီး လူငယ်ချင်းအသိပေးမှုတွေကို လက်မခံကြောင်း ပြသမှုတွေ စုပေါင်းပြီး လုပ်သင့်ပါတယ်။
ကျွန်တော်တို့လူမျိုးဟာ ကမ္ဘာပေါ်မှာ အပျော်အပါးအမက်ဆုံး လူမျိုးလို့ သတ်မှတ်မယ်ဆိုရင် မမှားနိုင်ပါ။ ဆယ်နှစ်လရာသီလုံးပွဲတော် မပျက်တဲ့အပြင် အခြားဘာသာတွေရဲ့ ခရစ္စမတ်ဆိုမတ်လိုက်တာပဲ၊ အစ်နေ့ဆိုလည်း အစ်လိုက်တာပဲ တရုတ်နှစ်သစ်ကူးဆိုလည်း ကူးလိုက် ကြတာပါပဲ။ ဒါတင်အားမရ ချစ်သူများနေ့၊ အဖေနေ့၊ အမေနေ့၊ ဟော်လိုဝင်းဒေးဆိုပြီးတောင်လုပ်လိုက်ကြသေးတယ်။ သူများတွေရဲ့ နှစ်သစ်ကူးပွဲတွေကို ပျော်ပါးဆင်နွှဲကြတာ ယဉ်ကျေးမှုအရ လက်ခံလို့ရပေသေးတယ်။ ဒီဗယ်လင်တိုင်းဒေးကတော့ ကျွန်တော်တို့နဲ့လားလားမဆိုင်တဲ့အပြင် မည်သည့်ကောင်းကျိုးမှမပေးပါဘူး။
တိုင်းပြည်ဒီလောက်ဆင်းရဲနေတဲ့အချိန်မှာ မလိုအပ်ဘဲ ပိုက်ဆံတွေ သောက်သောက်လဲ အကုန်ခံကြ လူငယ်လေးတွေ ပန်းကောင်း အညွှန့်ကျိုးဖြစ်ကြ ဘဝတွေပျက်ကြနဲ့ ကျွန်တော်တို့ လူငယ်တွေဟာ စီးပွားရေးသမားတွေရဲ့ သားကောင်တွေဖြစ်မှန်းမသိ ဖြစ်နေကြတာဟာ သနားစရာ အလွန်ပင်ကောင်းလှပါတယ်။

အထူးသဖြင့် လူငယ်တွေကို စဉ်းစားဖို့ပြောချင်တာက ဘယ်ကနေဘယ်လိုပေါ်ပေါက်လာမှန်း မသိရတဲ့တိုင်းတပါးက ချစ်သူများနေ့ထက် တန်ဖိုးထားစရာနေ့တွေ အဲဒီရက်မတိုင်ခင်မှာ ရှိကြတာသိစေချင်ပါတယ်။ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ ရယ်လို့ဖြစ်ပေါ်လာစေတဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ပြည်ထောင်စုနေ့ သမိုင်းဝင်နေ့ရက်ဖြစ်ပါတယ်။ ထို့အတူ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး အမိုျးသားခေါင်းဆောင်ကြီး ဖြစ်လာမယ့် ထိန်လင်းဆိုတဲ့ကလေးလေး မွေးဖွားသန့်စင်ခဲ့တဲ့နေ့ဖြစ်ပါ တယ်။ သူကစာပေကိုချစ်တယ်၊ ကလေးတွေကိုချစ်တယ်၊ ဒီထက်ကျွန်တော်တို့ တိုင်းပြည်ကိုချစ်တဲ့ ယောကျာ်းကောင်းယောကျာ်းမြတ် တယောက် ဖြစ်ပါတယ်။
နောက်ဆုံးတိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးချစ်ပြသွားတဲ့ ချစ်သူကောင်းတယောက် ယောကျာ်းကောင်းတယောက်ကျတော့ ကျွန်တော်တို့တွေ ချစ်ဖို့မေ့နေကြပြီး ဘာမှန်းမသိတဲ့ သူများနိုင်ငံက စိန့်ဗယ်လင်တိုင်းဆိုတဲ့ သူတော်စင်တယောက် အကွပ်မျက်ခံရတဲ့နေ့ကို ချစ်သူများနေ့ဆိုပြီး ပျော်ပွဲဆင်နွှဲနေကြတာဟာ ကျွန်တော်တို့တွေ လမ်းလွဲနေသလားဆိုတာ . . . ။

ကျော်ကြီး(MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment