Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

ရန္ကုန္တုိင္း ၊ ပဲခူးတုိင္း ႏွင့္ မြန္ျပည္နယ္ တုိ႔တြင္ အရည္အေသြး ၊ စံခ်ိန္စံညႊန္း ျပည့္မီမႈ အာမခံခ်က္ မရွိသည့္ ေျမၾသဇာမ်ား ေတြ ့ရွိေၾကာင္း အသိေပး ေၾကညာ


    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၁၁ ရက္ (ဆင္ဟြာ)

    ရန္ကုန္ တုိင္းေဒသႀကီး အပါအဝင္ ပဲခူးတုိင္းႏွင့္ မြန္ျပည္နယ္တုိ ့တြင္ အရည္အေသြးႏွင့္ စံခ်ိန္ စံညႊန္း ျပည့္မီမႈ အာမခံခ်က္ မရွိဘဲ ေျမၾသဇာ ေကာ္မတီတြင္ မွတ္ပုံတင္ထားျခင္း မရွိသည့္ ေျမၾသဇာမ်ားကုိ ေတြ ့ရွိရသျဖင့္ စုိက္ပ်ဳိး လုပ္ကုိင္သူမ်ား ႏွင့္ ေျမၾသဇာ လုပ္ကုိင္သူမ်ား သိရွိေစရန္ ေျမၾသဇာ ေကာ္မတီမွ သတင္း ထုတ္ျပန္ခဲ့သည္။

ေျမၾသဇာ ေကာ္မတီတြင္ မွတ္ပုံတင္ထားျခင္း မရွိသည့္ ေျမၾသဇာမ်ားႏွင့္ ေတြ ့ရွိရာ ေဒသမ်ားမွာ ရန္ကုန္တုိင္း ေဒသႀကီး ၊ ရန္ကုန္ ၿမဳိ ့မတြင္ ဒုိ ့လယ္သမား (၂) ရြက္ဖ်န္း အားေဆးရည္ ၊ ေကာ့မႈးၿမဳိ ့နယ္တြင္ Enriched Compost Fertilizer Shwe Myay Si Organic Fertilizer Factory Taungoo(25)Kg ၊ ပဲခူးတုိင္း ေဒသႀကီး ေတာင္ငူၿမဳိ ့တြင္ ဟာမုိနီ ပဲမ်ဳိးစုံ အထူး ရြက္ဖ်န္းေဆး A ၊ ဟာမုိနီ ပဲမ်ဳိးစုံ အထူး ရြက္ဖ်န္းေဆး B ႏွင့္ မြန္ျပည္နယ္ က်ဳိက္မေရာ ၿမဳိ ့နယ္တြင္ Foliar Fertilizer(ယုိးဒယားစာ) (aos3) တုိ ့သည္ အရည္အေသြးႏွင့္ စံခ်ိန္စံညႊန္း ျပည့္မီမႈ အာမခံခ်က္ မရွိေၾကာင္း အသိေပး ထုတ္ျပန္ခဲ့သည္။

ထုိေျမၾသဇာမ်ားကုိ ဝယ္ယူ သုံးစြဲမိသူမ်ားမွာ သီးႏွံ အထြက္ႏႈန္းမ်ား ထိခုိက္ ေလ်ာ့နည္းၿပီး သုံးစြဲသူမ်ား အတြက္ စီးပြားေရး တြက္ေခ် မကုိက္ဘဲ ဆုံးရႈံး နစ္နာမႈမ်ား ျဖစ္ႏုိင္သျဖင့္ ေျမၾသဇာ ေကာ္မတီတြင္ မွတ္ပုံတင္ထားေသာ ေျမၾသဇာမ်ားကုိသာ ဝယ္ယူသုံးစြဲရန္ တုိက္တြန္းထားသည္။

ထုိ ့ျပင္ ေျမၾသဇာ ထုတ္လုပ္ ၊ တင္သြင္းသည့္ ကုမၼဏီ ၊ လုပ္ငန္းမ်ား ၊ ေျမၾသဇာ ေရာင္းခ်သည့္ အေရာင္းဆုိင္မ်ားသည္ ေျမၾသဇာ ေကာ္မတီတြင္ မွတ္ပုံတင္ထားျခင္း မရွိေသာ ေျမၾသဇာမ်ားကုိ ထုတ္လုပ္ျခင္း ၊ တင္သြင္းျခင္း ၊ ျဖန္ ့ျဖဴးေရာင္းခ်ျခင္းမ်ား လုံးဝ မျပဳလုပ္ရန္ႏွင့္ လုိက္နာ ေဆာင္ရြက္ျခင္း မရွိပါက ေျမၾသဇာ ဥပေဒအရ အေရးယူမည္ ျဖစ္ေၾကာင္း အသိေပး ေၾကညာထားသည္။

(Xinhua)
http://www.xinhuamyanmar.com
................


    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

    ရန်ကုန် တိုင်းဒေသကြီး အပါအဝင် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို ့တွင် အရည်အသွေးနှင့် စံချိန် စံညွှန်း ပြည့်မီမှု အာမခံချက် မရှိဘဲ မြေသြဇာ ကော်မတီတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် မြေသြဇာများကို တွေ ့ရှိရသဖြင့် စိုက်ပျိုး လုပ်ကိုင်သူများ နှင့် မြေသြဇာ လုပ်ကိုင်သူများ သိရှိစေရန် မြေသြဇာ ကော်မတီမှ သတင်း ထုတ်ပြန်ခဲ့သည်။

မြေသြဇာ ကော်မတီတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် မြေသြဇာများနှင့် တွေ ့ရှိရာ ဒေသများမှာ ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန် မြို ့မတွင် ဒို ့လယ်သမား (၂) ရွက်ဖျန်း အားဆေးရည် ၊ ကော့မှုးမြို ့နယ်တွင် Enriched Compost Fertilizer Shwe Myay Si Organic Fertilizer Factory Taungoo(25)Kg ၊ ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို ့တွင် ဟာမိုနီ ပဲမျိုးစုံ အထူး ရွက်ဖျန်းဆေး A ၊ ဟာမိုနီ ပဲမျိုးစုံ အထူး ရွက်ဖျန်းဆေး B နှင့် မွန်ပြည်နယ် ကျိုက်မရော မြို ့နယ်တွင် Foliar Fertilizer(ယိုးဒယားစာ) (aos3) တို ့သည် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီမှု အာမခံချက် မရှိကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

ထိုမြေသြဇာများကို ဝယ်ယူ သုံးစွဲမိသူများမှာ သီးနှံ အထွက်နှုန်းများ ထိခိုက် လျော့နည်းပြီး သုံးစွဲသူများ အတွက် စီးပွားရေး တွက်ချေ မကိုက်ဘဲ ဆုံးရှုံး နစ်နာမှုများ ဖြစ်နိုင်သဖြင့် မြေသြဇာ ကော်မတီတွင် မှတ်ပုံတင်ထားသော မြေသြဇာများကိုသာ ဝယ်ယူသုံးစွဲရန် တိုက်တွန်းထားသည်။

ထို ့ပြင် မြေသြဇာ ထုတ်လုပ် ၊ တင်သွင်းသည့် ကုမ္မဏီ ၊ လုပ်ငန်းများ ၊ မြေသြဇာ ရောင်းချသည့် အရောင်းဆိုင်များသည် မြေသြဇာ ကော်မတီတွင် မှတ်ပုံတင်ထားခြင်း မရှိသော မြေသြဇာများကို ထုတ်လုပ်ခြင်း ၊ တင်သွင်းခြင်း ၊ ဖြန် ့ဖြူးရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက မြေသြဇာ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment