Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

NLD အစိုးရတက္ရင္ လာဘ္ေပးလာဘ္ယူကိစၥ သည္းခံမွာ မဟုတ္ဘူးဆိုတဲ့ မႏၲေလးတိုင္း ဝန္ၾကီးခ်ဳပ္ေလာင္း


ျပည္သူ႕ေငြ အလြဲသုံးစား လုပ္သူ မည္သူမဆုိ ခြင့္လႊတ္မည္ မဟုတ္ဟု ဒီခ်ဳပ္ ကိုယ္စားလွယ္ဆုိ

NLD ဦးေဆာင္ေသာ ၅ႏွစ္တာ လႊတ္ေတာ္သက္ တမ္း ကာလ တစ္ေလွ်ာက္လံုး ျပည္သူကို သစၥာေဖာက္ သူမွန္သမွ် သည္းခံ ခြင့္လႊတ္မည္ မဟုတ္ေၾကာင္း မႏၲေလးတုိင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ျဖစ္လာမည္ဟု သတင္းထြက္ေနသူ NLD မွလႊတ္ေတာ္ ကုိယ္စား လွယ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာသည္။

”ဒီမိုကေရစီကို ေအာင္ျမင္ေအာင္ ခ်ီတက္ဖို႔ဆိုရင္ အဂတိ ကင္းရမယ္၊ လာဘ္ေပးလာဘ္ယူ တိုက္ဖ်က္ ေရးကိစၥ နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ တို႔ ဥကၠ႒လည္း အၿမဲတမ္းေျပာပါတယ္။ ဘယ္သူ႔ကိုမွ ခြင့္မလႊတ္ဘူး။ ျပည္သူ အေပၚမွာ သစၥာေဖာက္တယ္။ ျပည္သူ႔ရဲ႕ ေငြ ကို အလြဲသံုးစား လုပ္တယ္ ဆိုလို႔ရွိရင္ ဘယ္သူ႔ျဖစ္ျဖစ္ အေရးယူမယ္။ ဘယ္သူျဖစ္ျဖစ္ ဆိုတာက အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အဖြဲ႕ဝင္ေတြ လည္းပါတယ္”ဟု NLD ဗဟို ေကာ္မတီဝင္ လည္းျဖစ္သည့္ ၄င္းကဆုိသည္။

လတ္တေလာ ျဖစ္ပြားေနသည့္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ ေရးမွဴး ေရြးခ်ယ္ပြဲ ျပႆ နာမ်ားႏွင့္ ပတ္သက္၍ လည္း တည္ဆဲ အစိုးရခ် မွတ္ထားသည့္ အုပ္ခ်ဳပ္ေရးမွဴး ေရြး ခ်ယ္သည့္ ဥပေဒကို ျပင္ဆင္သည့္ ဥပေဒတစ္ရပ္ အတည္ျပဳ ထားၿပီးျဖစ္ေၾကာင္း၊ ဥပေဒ ထြက္ေပၚ လာပါ က ျပန္လည္စိစစ္ သြားမည္ျဖစ္ေၾကာင္း၊ ျပည္သူ မႏွစ္သက္ လွ်င္ လက္သင့္ခံမည္ မဟုတ္ေၾကာင္း ၄င္းက ေျပာသည္။

”စိန္ေခၚမႈေတြ အမ်ားႀကီး ရွိႏုိင္တယ္လို႔ ကြၽန္ေတာ္ တို႔သိပါတယ္။ လယ္ယာေျမ ကိစၥ၊ မူးယစ္ကိစၥ ဗဟို ကေနစီစဥ္မွာပါ။ ဗဟိုက ဒါေတြကို စဥ္းစားေနတာရွိပါ တယ္။ ေက်ာက္မ်က္ ဥပေဒက ဗဟုိမွာလည္း သတၱဳ တြင္းဥပေဒမွာ ေရးဆြဲၿပီး ျဖစ္ပါတယ္။ ဒီဥပေဒ က ျပည္သူနဲ႔ မအပ္စပ္ဘူး။ ျပည္သူအေပၚမွာ ဖိႏွိပ္တယ္။ ျပည္သူကို အကာအကြယ္ မေပးဘူး။ ျပည္သူ႔ အက်ိဳး ကိုမျဖစ္ဘူး ။ ေဒသ အက်ိဳး ကို မျဖစ္ဘူးဆိုလုိ႔ရွိရင္ ျပင္ဆင္သင့္တာကို ျပင္ဆင္ရမွာပဲ။ မၿပီးေသးတဲ႔ စီမံ ကိန္းေတြကိစၥ က်ေတာ့ သက္ဆုိင္ရာ ကြၽမ္းက်င္ ပညာ ရွင္ေတြေခၚမယ္၊ ျပည္သူလူထုထဲမွာလည္း ေလးစား အပ္တဲ႔ ပညာရွင္ေတြကို ေခၚမယ္။ ဒီစီမံကိန္း ဘာ ေၾကာင့္လဲ။ တကယ္ေရာ အက်ိဳး ရွိမလား၊ ေငြဘယ္ ေလာက္ကုန္ထား ၿပီးၿပီလဲ၊ ဒါေတြကို ျပန္ေလ႔လာ သံုး သပ္ၿပီးေတာ့ ဆက္လုပ္မယ္လို႔ စဥ္းစားထားတယ္” ဟု ၄င္းကဆိုသည္။

ZN.H
.......................
NLD အစိုးရတက်ရင် လာဘ်ပေးလာဘ်ယူကိစ္စ သည်းခံမှာ မဟုတ်ဘူးဆိုတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်လောင်း

ပြည်သူ့ငွေ အလွဲသုံးစား လုပ်သူ မည်သူမဆို ခွင့်လွှတ်မည် မဟုတ်ဟု ဒီချုပ် ကိုယ်စားလှယ်ဆို

NLD ဦးဆောင်သော ၅နှစ်တာ လွှတ်တော်သက် တမ်း ကာလ တစ်လျှောက်လုံး ပြည်သူကို သစ္စာဖောက် သူမှန်သမျှ သည်းခံ ခွင့်လွှတ်မည် မဟုတ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာမည်ဟု သတင်းထွက်နေသူ NLD မှလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

”ဒီမိုကရေစီကို အောင်မြင်အောင် ချီတက်ဖို့ဆိုရင် အဂတိ ကင်းရမယ်၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက် ရေးကိစ္စ နဲ့ ပတ်သက်ပြီး ကျွန်တော် တို့ ဥက္ကဋ္ဌလည်း အမြဲတမ်းပြောပါတယ်။ ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူး။ ပြည်သူ အပေါ်မှာ သစ္စာဖောက်တယ်။ ပြည်သူ့ရဲ့ ငွေ ကို အလွဲသုံးစား လုပ်တယ် ဆိုလို့ရှိရင် ဘယ်သူ့ဖြစ်ဖြစ် အရေးယူမယ်။ ဘယ်သူဖြစ်ဖြစ် ဆိုတာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ လည်းပါတယ်”ဟု NLD ဗဟို ကော်မတီဝင် လည်းဖြစ်သည့် ၄င်းကဆိုသည်။

လတ်တလော ဖြစ်ပွားနေသည့် မြို့နယ် အုပ်ချုပ် ရေးမှူး ရွေးချယ်ပွဲ ပြဿ နာများနှင့် ပတ်သက်၍ လည်း တည်ဆဲ အစိုးရချ မှတ်ထားသည့် အုပ်ချုပ်ရေးမှူး ရွေး ချယ်သည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေတစ်ရပ် အတည်ပြု ထားပြီးဖြစ်ကြောင်း၊ ဥပဒေ ထွက်ပေါ် လာပါ က ပြန်လည်စိစစ် သွားမည်ဖြစ်ကြောင်း၊ ပြည်သူ မနှစ်သက် လျှင် လက်သင့်ခံမည် မဟုတ်ကြောင်း ၄င်းက ပြောသည်။

”စိန်ခေါ်မှုတွေ အများကြီး ရှိနိုင်တယ်လို့ ကျွန်တော် တို့သိပါတယ်။ လယ်ယာမြေ ကိစ္စ၊ မူးယစ်ကိစ္စ ဗဟို ကနေစီစဉ်မှာပါ။ ဗဟိုက ဒါတွေကို စဉ်းစားနေတာရှိပါ တယ်။ ကျောက်မျက် ဥပဒေက ဗဟိုမှာလည်း သတ္တု တွင်းဥပဒေမှာ ရေးဆွဲပြီး ဖြစ်ပါတယ်။ ဒီဥပဒေ က ပြည်သူနဲ့ မအပ်စပ်ဘူး။ ပြည်သူအပေါ်မှာ ဖိနှိပ်တယ်။ ပြည်သူကို အကာအကွယ် မပေးဘူး။ ပြည်သူ့ အကျိုး ကိုမဖြစ်ဘူး ။ ဒေသ အကျိုး ကို မဖြစ်ဘူးဆိုလို့ရှိရင် ပြင်ဆင်သင့်တာကို ပြင်ဆင်ရမှာပဲ။ မပြီးသေးတဲ့ စီမံ ကိန်းတွေကိစ္စ ကျတော့ သက်ဆိုင်ရာ ကျွမ်းကျင် ပညာ ရှင်တွေခေါ်မယ်၊ ပြည်သူလူထုထဲမှာလည်း လေးစား အပ်တဲ့ ပညာရှင်တွေကို ခေါ်မယ်။ ဒီစီမံကိန်း ဘာ ကြောင့်လဲ။ တကယ်ရော အကျိုး ရှိမလား၊ ငွေဘယ် လောက်ကုန်ထား ပြီးပြီလဲ၊ ဒါတွေကို ပြန်လေ့လာ သုံး သပ်ပြီးတော့ ဆက်လုပ်မယ်လို့ စဉ်းစားထားတယ်” ဟု ၄င်းကဆိုသည်။

ZN.H


No comments:

Post a Comment