Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 28, 2016

NLD CEC အစည္းအေ၀း ပါတီ တြင္းကိစၥသာ ေဆြးေႏြး (NLD CEC အစည်းအဝေး ပါတီ တွင်းကိစ္စသာ ဆွေးနွေး )

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးထြန္းထြန္းဟိန္ကို ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Win Ko Ko Latt/ RFA
အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဗဟုိအလုပ္အမႈေဆာင္အစည္းအေ၀းကုို ဒီကေန႔ က်င္းပခဲ့ရာမွာ၊ အစုိးရ ဖြဲ႕ေရး၊ ၅၉ (စ) ဆုိင္းငံ့ေရးကိစၥေတြ မပါ၀င္ဘဲ၊ ပါတီတြင္း ကိစၥေတြသာ ေဆြးေႏြးခဲ့တယ္လို႕ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမႈ ေဆာင္ေကာ္မတီဝင္ ဦးထြန္းထြန္းဟိန္ က ေျပာပါတယ္။

ေနျပည္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏွင္းဆီစံအိမ္မွာ NLD ဗဟိုအလုပ္အမႈ ေဆာင္ေကာ္မတီ၀င္ေတြ ရဲ႕ ေဆြးေႏြးပြဲအၿပီးမွာ ဦးထြန္းထြန္းဟိန္က သတင္းေထာက္ ေတြကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

"အခုဟာက ေကာလဟာလေတြကအမ်ားႀကီးပဲေလ၊ NLD က ၅၉ ( စ )ျပင္ဖို႔၊ ျပင္ႏိုင္ဖို႔ အမ်ားႀကီးပဲ အန္ကယ္တို႔ေျပာတာက၊ အဲ့ဒါေတြကိုအကုန္လံုး လိုက္ၿပီးေျပာေနမယ္ ဆိုရင္ေတာ့ ၿပီးဆံုးမွာမဟုတ္ဘူး၊ အန္ကယ္တို႔ ဒီေန႔ေဆြးေႏြးတာက ပံုမွန္အစည္းေဝး ပါပဲ၊ အန္ကယ္တို႔ ပါတီထဲမွာလုပ္စရာရွိတဲ့ ကိစၥေတြကို အန္ကယ္တို႔ ေဆြးေႏြးတာပဲျဖစ္ ပါတယ္"

ႏွစ္ပတ္တစ္ႀကိမ္က်င္းပတဲ့ ဗဟုိအလုပ္အမႈေဆာင္အစည္းအေ၀းကုိ NLD ပါတီဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦး၀င္းျမင့္နဲ႔ ဦး၀င္းထိန္၊ ဦးဥာဏ္ဝင္း၊ ေဒါက္တာေဒၚေမ၀င္းျမင့္၊ ေဒၚနန္းခင္ေထြးျမင့္ တုိ႔အပါအ၀င္ ဗဟုိအလုပ္ အမႈေဆာင္အဖြဲ႔ဝင္ ၁၅ ဦးလုံး တက္ေရာက္ခဲ့ၾကပါတယ္။

ေရြးေကာက္ပြဲမွာ ေနရာအမ်ားဆုံးအႏုိင္ရထားတဲ့ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ဟာ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ကေန ေရြးခ်ယ္ေပးရမယ့္ ဒုတိယ သမၼတေလာင္း ၂ ဦး တင္ေျမွာက္ခြင့္ ရရွိထားပါတယ္။

ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တပ္မေတာ္သားအစုအဖြဲ႔ တစ္ခုခ်င္းစီက ဒုတိယသမၼတေလာင္းေတြ ေရြးခ်ယ္ၿပီး အဲဒီထဲကေန ႏိုင္ငံေတာ္သမၼတ ကုိ ေရြးခ်ယ္ေပးရမွာျဖစ္ပါတယ္။

သမၼတနဲ႔ ဒုတိယေလာင္းအမည္စာရင္းေတြကုိ လာမယ့္ မတ္လ ၁၇ ေန႔မွာ ျပဳလုပ္မယ့္ သမၼတနဲ႔ ဒုတိယသမၼတေလာင္း ေရြးခ်ယ္ေရးအစုအဖြဲ႔အစည္းအေ၀းမွာ တင္သြင္းရမွာ လည္း ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
........
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကိုု ဒီကနေ့ ကျင်းပခဲ့ရာမှာ၊ အစိုးရ ဖွဲ့ရေး၊ ၅၉ (စ) ဆိုင်းငံ့ရေးကိစ္စတွေ မပါ၀င်ဘဲ၊ ပါတီတွင်း ကိစ္စတွေသာ ဆွေးနွေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ NLD ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်တွေ ရဲ့ ဆွေးနွေးပွဲအပြီးမှာ ဦးထွန်းထွန်းဟိန်က သတင်းထောက် တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အခုဟာက ကောလဟာလတွေကအများကြီးပဲလေ၊ NLD က ၅၉ ( စ )ပြင်ဖို့၊ ပြင်နိုင်ဖို့ အများကြီးပဲ အန်ကယ်တို့ပြောတာက၊ အဲ့ဒါတွေကိုအကုန်လုံး လိုက်ပြီးပြောနေမယ် ဆိုရင်တော့ ပြီးဆုံးမှာမဟုတ်ဘူး၊ အန်ကယ်တို့ ဒီနေ့ဆွေးနွေးတာက ပုံမှန်အစည်းဝေး ပါပဲ၊ အန်ကယ်တို့ ပါတီထဲမှာလုပ်စရာရှိတဲ့ ကိစ္စတွေကို အန်ကယ်တို့ ဆွေးနွေးတာပဲဖြစ် ပါတယ်"

နှစ်ပတ်တစ်ကြိမ်ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နဲ့ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့် တို့အပါအဝင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးလုံး တက်ရောက်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ နေရာအများဆုံးအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကနေ ရွေးချယ်ပေးရမယ့် ဒုတိယ သမ္မတလောင်း ၂ ဦး တင်မြှောက်ခွင့် ရရှိထားပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားအစုအဖွဲ့ တစ်ခုချင်းစီက ဒုတိယသမ္မတလောင်းတွေ ရွေးချယ်ပြီး အဲဒီထဲကနေ နိုင်ငံတော်သမ္မတ ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

သမ္မတနဲ့ ဒုတိယလောင်းအမည်စာရင်းတွေကို လာမယ့် မတ်လ ၁၇ နေ့မှာ ပြုလုပ်မယ့် သမ္မတနဲ့ ဒုတိယသမ္မတလောင်း ရွေးချယ်ရေးအစုအဖွဲ့အစည်းအဝေးမှာ တင်သွင်းရမှာ လည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment