Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 28, 2016

ျမစ္ဆံုစီမံကိန္း ဆက္လက္ရပ္ဆိုင္း သင့္ေၾကာင္း ကခ်င္ဝန္ႀကီး ေျပာ(မြစ်ဆုံစီမံကိန်း ဆက်လက်ရပ်ဆိုင်း သင့်ကြောင်း ကချင်ဝန်ကြီး ပြော)

ကခ်င္ျပည္နယ္ လွ်ပ္စစ္နဲ႔ စက္မႈလက္မႈဝန္ႀကီး ဦးစိုင္းေမာင္ေရႊကို ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Kyaw Myo Min/ RFA
ဧရာဝတီျမစ္ဆံုစီမံကိန္းကို လာမယ့္အစိုးရသစ္လက္ထက္မွာ ဆက္လက္ရပ္ဆိုင္း ထားသင့္တယ္လို႔ ကခ်င္ျပည္နယ္ လွ်ပ္စစ္နဲ႔ စက္မႈလက္မႈဝန္ႀကီး ဦးစိုင္းေမာင္ေရႊက ေျပာပါတယ္။

ငလ်င္လႈပ္ခတ္မႈအပါအဝင္ သဘာဝေဘးအႏၱရယ္ေတြျဖစ္လာႏိုင္တဲ႔အတြက္ ျမစ္ဆံု စီမံကိန္းကို ဆက္လက္ၿပီး ရပ္ဆုိင္းထာသင့္ေၾကာင္း ျပည္နယ္လွ်ပ္စစ္နဲ႔ စက္မႈလက္မႈ ဝန္ႀကီး ဦးစိုင္းေမာင္ေရႊက RFA နဲ႔ သီးသန္႔ေတြ႔ဆံုေမးျမန္းခဲ့ရာမွာ အခုလို ေျပာလိုက္ပါတယ္။

"ျမစ္ဆံုစီမံကိန္းနဲ႔ ပတ္သက္လို႔ကေတာ့ က်ေနာ္တို႔သေဘာထားကေတာ့ မလုပ္တာပဲ ေကာင္းပါတယ္၊ အႏၱရာယ္ရွိတာေပါ့ေလ၊ ငလ်င္လႈပ္တာတို႔ ဘာတို႔ျဖစ္ခဲ့ရင္၊ က်ေနာ့္အေနနဲ႔ကေတာ့ မလုပ္ေစခ်င္ဘူး၊ အစိုးရသစ္နဲ႔ ပတ္သက္လို႔လည္း ဒီတိုင္းပဲျဖစ္မွာပါ၊ လူထုဆႏၵအရပဲ က်ေနာ္တို႔က လိုက္ေလ်ာမယ့္ အပိုင္းေပါ့ေလ၊ လူထုက လုပ္ဆိုလည္း လုပ္ေပါ့ေလ၊ မလုပ္ဖို႔ဆိုလည္း ဒီတိုင္းပါပဲ၊ လူထုဆႏၵ သေဘာထားတိုင္းပါပဲ"

ကခ်င္ျပည္နယ္မွာ လွ်ပ္စစ္က႑အတြက္ ၿပီးခဲ႔တဲ႔ဘ႑ာေရးႏွစ္ ၂၀၁၄-၂၀၁၅ မွာ ေငြက်ပ္ ၁၄ ဘီလ်ံ ေက်ာ္နဲ႔ ဒီႏွစ္ ၂၀၁၅ -၂၀၁၆ ဘ႑ာေရးႏွစ္မွာ ၂၆ ဘီလ်ံ စုစုေပါင္း က်ပ္ ဘီလ်ံ ၄၀ ေက်ာ္ကို သံုးစြဲခဲ႔တယ္လို႔ ေျပာပါတယ္။

လက္ရွိမွာ ျမစ္ႀကီးနားခရိုင္အတြင္းက  ၉၉ မဂၢါဝပ္ထြက္ရွိတဲ႔ ခ်ီေဖြငယ္၊ ဗန္ေမာ္ခရိုင္ အတြင္းက ၂၄၀ မဂၢါဝပ္ ထြက္ရွိတဲ႔ တာပိန္ (၁) ေရအားလွ်ပ္စစ္ စီမံကိန္းေတြကေန ကခ်င္ျပည္နယ္အတြင္း လွ်ပ္စစ္ ဓါတ္အား ျဖန္႔ျဖဴးေနတာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာ ျပည္နယ္အတြင္း တစ္ရက္ လွ်ပ္စစ္ဓါတ္အားသံုးစြဲမႈမွာ မဂၢါဝပ္ ၂၀ ေက်ာ္ရွိတယ္ လို႔လည္း ေျပာပါတယ္။

လွ်ပ္စစ္ဓါတ္အား မဂၢါဝပ္ ၆၀၀၀ ထြက္ရွိမယ့္ ဧရာဝတီျမစ္ဆံုစီမံကိန္းကို ၂၀၁၁ ခုႏွစ္ စက္တင္ဘာ ၃၀ ရက္ေန႔က ႏိုင္ငံေတာ္သမၼတဦးသိန္းစိန္အမိန္႔နဲ႔ သူ႔ရဲ႕အစိုးရ သက္တမ္း ကာလအတြင္း ယာယီ ဆိုင္းငံ႔ထားပါတယ္။

ကခ်င္ျပည္နယ္ လွ်ပ္စစ္နဲ႔ စက္မႈလက္မႈဝန္ႀကီး ဦးစိုင္းေမာင္ေရႊ ကို RFA သတင္းေထာက္ ကိုေက်ာ္မ်ိဳးမင္း ေတြ႔ဆံုေမးျမန္းခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
......................

ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ဧရာဝတီမြစ်ဆုံစီမံကိန်းကို လာမယ့်အစိုးရသစ်လက်ထက်မှာ ဆက်လက်ရပ်ဆိုင်း ထားသင့်တယ်လို့ ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုအပါအဝင် သဘာဝဘေးအန္တရယ်တွေဖြစ်လာနိုင်တဲ့အတွက် မြစ်ဆုံ စီမံကိန်းကို ဆက်လက်ပြီး ရပ်ဆိုင်းထာသင့်ကြောင်း ပြည်နယ်လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းမောင်ရွှေက RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ရာမှာ အခုလို ပြောလိုက်ပါတယ်။

"မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့သဘောထားကတော့ မလုပ်တာပဲ ကောင်းပါတယ်၊ အန္တရာယ်ရှိတာပေါ့လေ၊ ငလျင်လှုပ်တာတို့ ဘာတို့ဖြစ်ခဲ့ရင်၊ ကျနော့်အနေနဲ့ကတော့ မလုပ်စေချင်ဘူး၊ အစိုးရသစ်နဲ့ ပတ်သက်လို့လည်း ဒီတိုင်းပဲဖြစ်မှာပါ၊ လူထုဆန္ဒအရပဲ ကျနော်တို့က လိုက်လျောမယ့် အပိုင်းပေါ့လေ၊ လူထုက လုပ်ဆိုလည်း လုပ်ပေါ့လေ၊ မလုပ်ဖို့ဆိုလည်း ဒီတိုင်းပါပဲ၊ လူထုဆန္ဒ သဘောထားတိုင်းပါပဲ"

ကချင်ပြည်နယ်မှာ လျှပ်စစ်ကဏ္ဍအတွက် ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် ၂၀၁၄-၂၀၁၅ မှာ ငွေကျပ် ၁၄ ဘီလျံ ကျော်နဲ့ ဒီနှစ် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၂၆ ဘီလျံ စုစုပေါင်း ကျပ် ဘီလျံ ၄၀ ကျော်ကို သုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ မြစ်ကြီးနားခရိုင်အတွင်းက  ၉၉ မဂ္ဂါဝပ်ထွက်ရှိတဲ့ ချီဖွေငယ်၊ ဗန်မော်ခရိုင် အတွင်းက ၂၄၀ မဂ္ဂါဝပ် ထွက်ရှိတဲ့ တာပိန် (၁) ရေအားလျှပ်စစ် စီမံကိန်းတွေကနေ ကချင်ပြည်နယ်အတွင်း လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ပြည်နယ်အတွင်း တစ်ရက် လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၀ ကျော်ရှိတယ် လို့လည်း ပြောပါတယ်။

လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမယ့် ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်အမိန့်နဲ့ သူ့ရဲ့အစိုးရ သက်တမ်း ကာလအတွင်း ယာယီ ဆိုင်းငံ့ထားပါတယ်။

ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေ ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment