Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ညီငယ္ေလး နဲ႔အတူ ဂရမ္မီ ဆုေပးပြဲ တက္ေရာက္ခဲ့တဲ့ ဂ်က္စတင္ဘီဘာ



ကမာၻတစ္၀ွမ္းက အျခား ၾကယ္ပြင့္ေတြလိုပါပဲ, Justin Bieber (ဂ်က္စတင္ဘီဘာ) ဟာလည္း ဂရမ္မီဆုေပးပြဲကုိ အေဖာ္တစ္ေယာက္ ေခၚေဆာင္လာခဲ့ပါတယ္။ ဒါေပမယ့္ သူေခၚလာတာကေတာ့ အမ်ားေမွ်ာ္လင့္ထားသလို ေကာင္မေလးတစ္ေယာက္မဟုတ္ခဲ့ပဲ သူ႔ရဲ ႔ ညီငယ္ေလး Jaxon ျဖစ္ေနခဲ့ပါတယ္။

သူတို႔ဟာ ညီအစ္ကိုအရင္းေတြျဖစ္ၾကၿပီး အသက္ ၂၁ ႏွစ္အရြယ္ ဂ်က္စတင္ဘီဘာဟာ ကင္မရာေတြ အားလံုး ေရွ ႔မွာ ညီျဖစ္သူကို အနမ္းေပးခဲ့တာေတြ႔ရပါတယ္။ Jaxon ေလးဟာလည္း အနက္ေရာင္ အေနာက္တိုင္း၀တ္စံုကို စတိုင္က်စြာ ၀တ္ဆင္ထားပါေသးတယ္။


ဂ်က္စတင္ဘီဘာ ဟာ ဂရမ္မီဆုေပးပြဲအတြက္လည္း အေစာကတည္းက ယံုၾကည္မႈ ရွိေနခဲ့ တာေၾကာင့္ မ်က္ႏွာ ေပါင္းတင္ၿပီး ႀကိဳတင္ျပင္ဆင္ထားတာ ကိုလည္း ေတြ႕ရပါတယ္။

ေနာက္ဆံုးအေခြထဲမွာပါ၀င္ခဲ့တဲ့ “Love Yourself” သီခ်င္းကို ဂစ္တာတစ္လက္ထဲနဲ႔ ေဖ်ာ္ေျဖျပခဲ့တဲ့ ဂ်က္စတင္ဘီဘာ ဟာ ဒီႏွစ္အတြက္ ဂရမ္မီဆုေပးပြဲမွာ Jack U အဖြဲ႔နဲ႔အတူ သီဆိုထားတဲ့ Where Are You Now သီခ်င္းနဲ႔ Best Dance Recording ဆုကို ရရွိခဲ့ပါတယ္။ ထိုဆုဟာ သူ႔အတြက္ ပထမဆံုး ဂရမ္မီဆု လည္း ျဖစ္ပါတယ္။

( Mario )
#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror

.................................................

ညီငယ်လေး နဲ့အတူ ဂရမ်မီ ဆုပေးပွဲ တက်ရောက်ခဲ့တဲ့ ဂျက်စတင်ဘီဘာ

ကမ္ဘာတစ်ဝှမ်းက အခြား ကြယ်ပွင့်တွေလိုပါပဲ, Justin Bieber (ဂျက်စတင်ဘီဘာ) ဟာလည်း ဂရမ်မီဆုပေးပွဲကို အဖော်တစ်ယောက် ခေါ်ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် သူခေါ်လာတာကတော့ အများမျှော်လင့်ထားသလို ကောင်မလေးတစ်ယောက်မဟုတ်ခဲ့ပဲ သူ့ရဲ ့ ညီငယ်လေး Jaxon ဖြစ်နေခဲ့ပါတယ်။

သူတို့ဟာ ညီအစ်ကိုအရင်းတွေဖြစ်ကြပြီး အသက် ၂၁ နှစ်အရွယ် ဂျက်စတင်ဘီဘာဟာ ကင်မရာတွေ အားလုံး ရှေ ့မှာ ညီဖြစ်သူကို အနမ်းပေးခဲ့တာတွေ့ရပါတယ်။ Jaxon လေးဟာလည်း အနက်ရောင် အနောက်တိုင်းဝတ်စုံကို စတိုင်ကျစွာ ၀တ်ဆင်ထားပါသေးတယ်။

ဂျက်စတင်ဘီဘာ ဟာ ဂရမ်မီဆုပေးပွဲအတွက်လည်း အစောကတည်းက ယုံကြည်မှု ရှိနေခဲ့ တာကြောင့် မျက်နှာ ပေါင်းတင်ပြီး ကြိုတင်ပြင်ဆင်ထားတာ ကိုလည်း တွေ့ရပါတယ်။

နောက်ဆုံးအခွေထဲမှာပါ၀င်ခဲ့တဲ့ “Love Yourself” သီချင်းကို ဂစ်တာတစ်လက်ထဲနဲ့ ဖျော်ဖြေပြခဲ့တဲ့ ဂျက်စတင်ဘီဘာ ဟာ ဒီနှစ်အတွက် ဂရမ်မီဆုပေးပွဲမှာ Jack U အဖွဲ့နဲ့အတူ သီဆိုထားတဲ့ Where Are You Now သီချင်းနဲ့ Best Dance Recording ဆုကို ရရှိခဲ့ပါတယ်။ ထိုဆုဟာ သူ့အတွက် ပထမဆုံး ဂရမ်မီဆု လည်း ဖြစ်ပါတယ်။

( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror


No comments:

Post a Comment