Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ဆယ့္ရွစ္ရာစုတြင္ အာရွတိုက္၏ အခ်မ္းသာဆံုး ၿမိဳ႔မ်ားစာရင္းတြင္ ထိပ္တန္းမွပါဝင္ခဲ့ေသာ ဆိပ္ကမ္းၿမိဳ႔ (သို႔မဟုတ္) ျမန္မာ့ေရွးေဟာင္း ျမိဳ႕ေတာ္ေျမာက္ဦး


ျမန္မာႏုိင္ငံ၏ ေရွးေဟာင္းၿမိဳ႕ေတာ္ မ်ားကို ေလ့လာမည္ဆုိပါလွ်င္ ျမန္မာျပည္ အေနာက္ဘက္ျခမ္း တြင္ သမိုင္းအေမြအႏွစ္ အမ်ားဆံုးတည္ရွိ ရာ ေရွးရခုိင္ဘုရင္မ်ား နန္းတည္ေနထုိင္ခဲ့ သည့္ ေျမာက္ဦးၿမိဳ႕သည္ မျဖစ္မေန သြား ေရာက္ ေလ့လာလည္ပတ္ရမည့္ ေရွးၿမိဳ႕ ေတာ္ေဟာင္းတစ္ခုပင္ ျဖစ္သည္။
ေျမာက္ဦးၿမိဳ႕သည္ ေျမာက္ဦး မင္းဆက္ကို စတင္ခဲ့ေသာ မင္းေစာမြန္က စတင္ တည္ေထာင္ခဲ့သည္ဟု ဆုိသည္။ ကုလားတန္ျမစ္ႏွင့္ ေလးၿမိဳ႕ျမစ္ၾကား၊ ေတာင္ ေၾကာ၊ ေတာင္စြယ္မ်ားကို ေနာက္ခံထား လ်က္ မဟာဗ်ဴဟာက်က် တည္ထား၏။ ၁၈ ရာစုတြင္ ဘဂၤလားပင္လယ္ေအာ္၏ အေရးအပါဆံုး ဆိပ္ကမ္းတစ္ခု ျဖစ္ခဲ့သည္။ ေပၚတူဂီ၊ နယ္သာလန္၊ အင္းဝ၊ ပဲခူး၊ အာ ေရဗီးယား၊ ပါရွား၊ အိႏိၵယတုိ႔ႏွင့္ ဆန္စပါး၊ ခ်ည္မွ်င္၊ ပတၱျမား၊ ဆင္၊ ေက်းကြၽန္၊ ျမင္း၊ ဆင္စြယ္ႏွင့္ ဟင္းခတ္အေမႊးအႀကဳိင္မ်ား ကုန္သြယ္ခဲ့ၿပီး အာရွ၌ အခ်မ္းသာဆံုး ၿမိဳ႕ မ်ားစာရင္းတြင္ ထိပ္တန္းမွ ရွိခဲ့သည္ဟု အဂၤလိပ္၊ အီတလီ၊ ေပၚတူဂီႏုိင္ငံသားတုိ႔၏ မွတ္တမ္းမ်ားအရ သိရ၏။
ေျမာက္ဦးေခတ္ ေခတ္ေကာင္း ခ်ိန္တြင္ ယခုလက္ရွိ ရခုိင္ျပည္နယ္၊ ျမန္မာ ျပည္ေအာက္ပုိင္းႏွင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ထက္ဝက္ေက်ာ္ခန္႔အထိ အာဏာစက္ သက္ ေရာက္ခဲ့သည္ဟုလည္း သမိုင္းေလ့လာသူ မ်ားက ဆုိသည္။
ရခုိင္ျပည္နယ္တစ္ဝန္း ေခတ္ အဆက္ဆက္၊ မင္းအဆက္ဆက္ ဘုရားေစတီမ်ား တည္ထားကိုးကြယ္ခဲ့ၾကရာ ''သဇင္ ပန္းခုိင္တၿမိဳင္ၿမိဳင္ ရခုိင္ဘုရားေပါင္း''ဟု ဆုိ႐ုိးရွိခဲ့ၿပီး ေျမာက္ဦးၿမိဳ႕တြင္ လက္ညႇိဳးၫႊန္ မလြဲ ေစတီပုထိုးႏွင့္ သမိုင္းအေမြအႏွစ္မ်ား က်န္ရစ္သည္။ ယေန႔တုိင္ ထင္ရွားလ်က္ ရွိေသာ အေမြအႏွစ္မ်ားမွာ သွ်စ္ေသာင္း ပုထုိးေတာ္ႀကီး၊ ထုကၠံသိမ္ ပုထုိးေတာ္ႀကီး၊ ကိုးေသာင္း ပုထုိးေတာ္ႀကီး၊ အံေတာ္သိမ္၊ ေလးမ်က္ႏွာပုထုိးေတာ္ႀကီး၊ မာန္ငါးပါး(မဂၤ လာမာန္ေအာင္၊ ရတနာမာန္ေအာင္၊ သက် မာန္ေအာင္၊ ေလာကမာန္ေအာင္၊ ဇိနမာန္ ေအာင္)ေစတီမ်ား၊ စႏၵာ့မုနိ႐ုပ္ပြားေတာ္၊ ဗႏၶဳလေက်ာင္းတုိ႔ ျဖစ္ၾကသည္။
သွ်စ္ေသာင္းပုထုိးေတာ္ႀကီးကို ရခုိင္ဘုရင္ မင္းဗာလက္ထက္တြင္ ဘုရား ႐ုပ္ပြားေတာ္ေပါင္း ရွစ္ေသာင္းျဖင့္ တည္ ထားကိုးကြယ္ခဲ့သည္။ ေပၚတူဂီရန္ကုိ ေအာင္ႏုိင္ေသာ အထိမ္းအမွတ္ျဖင့္ ရန္ေအာင္ေဇယ်ပုထုိးေတာ္ႀကီးဟုလည္း ေခၚတြင္ေၾကာင္း သိရသည္။ ႐ုပ္ပြားေတာ္ေပါင္း ရွစ္ေသာင္း အျပင္ ဘုရားရွင္၏ ေရွးဘဝျဖစ္စဥ္ ႐ုပ္ႂကြ မ်ားလည္း မ်ားစြာ ထုလုပ္ပူေဇာ္ထားသည္ ကို ေတြ႕ရွိရသည္။ ဘုရားဖူးေျမာ္ၿပီးပါက ညေန ေနဝင္အလွကို ပုထုိးေတာ္ႀကီးေပၚ မွ ခံစားႏုိင္သည္။ ထုကၠံသိမ္ ပုထုိးေတာ္ႀကီး သည္ ညေန ေနေရာင္ေနာက္ခံျဖင့္ ခမ္း နား သပၸာယ္လွသည္။
မာန္ငါးမာန္ဟုေခၚေသာ သက် မာန္ေအာင္ေစတီကို ၁၆၂၉ ခုႏွစ္တြင္ သီရိ သုဓမၼ ရာဇာမင္းကလည္းေကာင္း၊ ဇိနမာန္ ေအာင္ေစတီ၊ ရတနာ့မာန္ေအာင္ႏွင့္ ေလာ ကမာန္ေအာင္ ေစတီတုိ႔ကို ၁၆၅၈ တြင္ စႏၵာသုဓမၼရာဇာမင္းကလည္းေကာင္း၊ မဂၤ လာမာန္ေအာင္ေစတီကို စႏၵာသုဓမၼရာဇာ ၏အ႐ုိက္အရာကိုခံယူေသာ သားေတာ္ ဥဂၢါ ဗလမင္းကလည္းေကာင္း အသီးသီး တည္ ထား ကိုးကြယ္ခဲ့ၾကသည္။
ကိုးေသာင္းပုထုိးေတာ္ႀကီးမွာ မင္းဗာဘုရင္၏သားေတာ္ မင္းတိကၡာက ေစတီေပါင္း ကိုးေသာင္းျဖင့္ တည္ထားခဲ့ ျခင္းျဖစ္သည္။ ပုထုိးေတာ္ႀကီး တည္ဆဲအ ခ်ိန္ႏွင့္ ထီးေတာ္တင္စဥ္ကပင္ မုိးႀကိဳးမ်ားထိ ေသာေၾကာင့္ ယေန႔တုိင္ အၿပီးသတ္ေဆာက္ လုပ္ႏုိင္ျခင္း မရွိခဲ့ဟု ဆုိၾကသည္။
ေလးမ်က္ႏွာပုထိုးေတာ္ႀကီးသည္ ထုကၠံသိမ္ ပုထုိးေတာ္ႀကီးအနီးတြင္ တည္ ရွိၿပီး မင္းေစာမြန္ဘုရင္ တည္ထားခဲ့သည္။ မုခ္ေလးခုမွာ အရပ္ေလးမ်က္ႏွာသုိ႔ မ်က္ႏွာ မူ တည္ေဆာက္ထားျခင္းေၾကာင့္ ေလးမ်က္ ႏွာဘုရားဟုလည္းေကာင္း၊ မုခ္ဝ ေလးခုရွိ ေသာေၾကာင့္ မုခ္ေလးတန္ဘုရားဟုလည္း ေကာင္း ေခၚၾကသည္။
ျမတ္ဗုဒၶ၏ အံေတာ္တည္ရွိရာ ဗႏၶဳလေက်ာင္းေတာ္၊ စႏၵာ့မုနိ႐ုပ္ပြားေတာ္ ႏွင့္အတူ သမုိင္းဝင္ ေရွးေဟာင္းဗုဒၶဆင္း တုေတာ္မ်ား၊ ဒဂၤါးအစရွိသည့္ ေရွးေဟာင္း ပစၥည္းအမ်ဳိးမ်ဳိးတုိ႔ကိုလည္း ေျမာက္ဦး ျပ တုိက္တြင္ ေလ့လာႏုိင္ပါသည္။
ေျမာက္ဦးသို႔ သြားေရာက္ေလ့ လာလိုသူမ်ားအတြက္ ဆိုင္ကယ္ျဖင့္ ျဖစ္ ေစ၊ ဂ်စ္ကားမ်ားျဖင့္ျဖစ္ေစ သြားေရာက္ ေလ့လာႏိုင္သည္။ နန္းေတာ္ကုန္းေပၚက ရတနာခန္းမေဆာင္ ရွိခဲ့ဖူးတဲ့ ေနရာေပၚ တြင္ ေရွးေဟာင္းသုေတသနျပတိုက္ တည္ ရွိၿပီး ျပတိုက္ထဲတြင္ ျပသထားတဲ့ ရခိုင္ေရွး ယဥ္ေက်းမႈလက္ရာမ်ားကို ဆက္လက္ ေလ့ လာႏိုင္သည္။ ျပတိုက္ထဲတြင္ ေရွးရခိုင္တို႔ ၏ ေက်ာက္ဆစ္လက္ရာ၊ ေျမာက္ဦးေခတ္ လက္ရာေၾ<ြကထည္မ်ား၊ ေရွးေခတ္အေျမာက္ မ်ား၊ ေရွးေခတ္တူရိယာပစၥည္းမ်ား၊ ေရွးေခတ္ စဥ့္ရည္သုတ္အိုးမ်ား၊ ေဝသာလီေခတ္၊ ေလး ၿမိဳ႕ေခတ္၊ ေျမာက္ဦးေခတ္ ဆင္းတုေတာ္ မ်ား၊ ေရွးရခိုင္ဒဂၤါးမ်ား၊ အုတ္ခြက္ဘုရား မ်ား စသည့္ ေရွးေဟာင္းလက္ရာမ်ားကို ေလ့လာေတြ႕ရွိရသည္။
စတုရန္းမိုင္ ၁ ဒသမ ၂ မိုင္က်ယ္ ဝန္းၿပီး အျမင့္ေပ ၅ဝ ခန္႔ရွိသည့္ ေျမာက္ ဦးနန္းေတာ္သည္ ေက်ာက္တံတိုင္း သံုးထပ္ ကာရံထားသည္။ နန္းၿမိဳ႕႐ိုး သံုးထပ္စလံုး ကို အုတ္မသံုးဘဲ ႏွစ္ေပမွ သံုးေပခန္႔ႀကီးမား တဲ့ သဲေက်ာက္အညိဳေရာင္မ်ားကို သံုးထား တာ ေတြ႕ရသည္။ အခ်ိဳ႕ေနရာမ်ားမွာ ေျခာက္ ေပခန္႔ႀကီးမားတဲ့ ေက်ာက္တံုးႀကီးမ်ားကိုပင္ ေတြ႕ရသည္။ နန္းေတာ္ႀကီးအတြင္းထဲတြင္ ေရႊနန္းကိုးေဆာင္၊ ေျမနန္းေဆာင္မ်ား၊ ပရိတ္ ေဆာင္၊ မွန္နန္းေဆာင္၊ နိဗၺာန္ေဆာင္၊ ၿဗဲ တိုက္ေဆာင္၊ ေျမာက္စမုတ္ေဆာင္၊ ေတာင္ စမုတ္ေဆာင္၊ ပြဲေတာ္ေဆာင္၊ လႊတ္ေတာ္ ႐ံုးမ်ား၊ ဘိသိက္သြန္းသည့္ ေရၾကည္ေတာ္ မ်ားရွိရာ နံ႔သာကန္၊ ဗဟိုရ္စည္ေတာ္၊ နကၡတ္ ႐ံု၊ ပန္းခံုေတာ္၊ လက္နက္ေတာ္တိုက္ စသည္ တို႔နဲ႔ ဖြဲ႕စည္းထားခဲ့ေၾကာင္း သိရသည္။
အေရွ႕ဘက္တြင္ သစ္ေမႊးျဖင့္ ေဆာက္လုပ္ခဲ့ေသာ စႏၵကူးေဆာင္ေတာ္ လည္းရွိခဲ့ၿပီး ေျမာက္ဖက္မွာ ဆင္ျဖဴေတာ္ ကုန္းနဲ႔ မိဖုရားတို႔ရဲ႕ အေဆာင္ေတာ္မ်ား တည္ရွိၿပီး နန္းေတာ္ရဲ႕ ေတာင္ဘက္မွာေတာ့ ေလွေတာ္မ်ား ဆိုက္ကပ္ရပ္နားရာ သိဂၤနဒီ ေခ်ာင္းရွိခဲ့ေၾကာင္းႏွင့္ ေရွးရခိုင္ေခတ္မွာ ဆင္တပ္၊ ျမင္းတပ္မ်ားလည္း ရွိခဲ့ၿပီး ျမစ္ ေခ်ာင္းေပါမ်ားလွတာေၾကာင္႔ ေလွကိုလည္း အမ်ားဆံုး အသံုးျပဳခဲ့ၾကေၾကာင္း သိရသည္။
ေအဒီ ၁၄၃ဝ မွ ၁၇၈၄ အထိ ေျမာက္ဦးၿမိဳ႕ကို စိုးစံခဲ့ၾကတဲ့ ေျမာက္ဦးေခတ္ ဘုရင္နန္းဆက္ဟာ ပထမေျမာက္ဦးေခတ္ မွာ မင္းဆက္ ၁၂ ဆက္၊ ဒုတိယေျမာက္ဦး ေခတ္မွာ မင္းဆက္ကုိးဆက္၊ တတိယေျမာက္ ဦးေခတ္မွာ မင္းဆက္ေပါင္း ၂၈ ဆက္ ရွိ တယ္လို႔ ရခိုင္ရာဇဝင္မ်ားမွ ေလ့လာမွတ္ သားရပါသည္။
ယင္းမင္းဆက္မ်ားထဲတြင္ ဘုန္း လက္႐ံုးနဲ႔ ျပည့္စံုသည့္ မင္းမ်ားပါဝင္ခဲ့ၿပီး ရခိုင္ျပည္ကို ႀကီးက်ယ္စည္ကားေအာင္ ႀကံ ေဆာင္ႏိုင္ခဲ့ကာ ဘဂၤလား၊ စစ္တေကာင္း ၿမိဳ႕မ်ားကိုပါ ေအာင္ႏိုင္ခဲ့သူမ်ား ပါဝင္ခဲ့ပါ သည္။ အႏုပညာ၊ သမိုင္းလက္ရာတန္ဖိုး မ်ား ႀကီးမားလွသည့္ ေစတီပုထိုးႀကီးမ်ား ႏွင့္ ဘုရားေပါင္းမ်ားစြာတို႔ကိုလည္း တည္ ထားႏိုင္ခဲ့ပါသည္။ ရခိုင္ ေျမာက္ဦးၿမိဳ႕၏ ေနာက္ဆံုးမင္းျဖစ္သူ ေအဒီ ၁၇၈၄ ခု၊ မ ဟာသမၼတရာဇာမင္းလက္ထက္မွာ အမရ ပူရၿမိဳ႕နန္းစံ ဘိုးေတာ္ဗဒံုမင္းက လာေရာက္ တိုက္ခိုက္ သိမ္းပိုက္ၿပီးေနာက္မွာ ေျမာက္ ဦးနန္းဆက္ ေပ်ာက္ကြယ္သြားခဲ့သည္။
ေျမာက္ဦးၿမိဳ႕သုိ႔ ကုန္းလမ္း၊ ေရ လမ္းမ်ားမွတစ္ဆင့္ သြားေရာက္ႏုိင္သည္။ ရန္ကုန္မွ ေလေၾကာင္းခရီးျဖင့္ သြားေရာက္ လုိပါက ရန္ကုန္-စစ္ေတြေလေၾကာင္းလုိင္း မွတစ္ဆင့္ စစ္ေတြၿမိဳ႕မွ ေျမာက္ဦးၿမဳိ႕သုိ႔ ေလးနာရီခန္႔ သြားရေသာ ေမာ္ေတာ္ကား လမ္းျဖင့္လည္းေကာင္း၊ သံုးနာရီခန္႔ၾကာျမင့္ ေသာ ေရေၾကာင္းခရီးျဖင့္လည္းေကာင္း ေရာက္ရွိႏုိင္သည္။ ေရေၾကာင္းခရီးျဖင့္ သြား ေရာက္လုိပါက အမ်ားသံုးအျမန္ေရယာဥ္ ျဖင့္ သြားေရာက္ႏုိင္သကဲ့သုိ႔ ကိုယ္ပုိင္စက္ ေလွမ်ားျဖင့္ လမ္းခရီးတစ္ေလွ်ာက္ စပါး ခင္းမ်ား၊ စင္ေရာ္ငွက္မ်ား၊ ကိုတံငါမ်ား၊ ကု လားတန္ျမစ္(ကစၥပနဒီျမစ္)မွ တုိက္ခတ္ လာသည့္ လတ္ဆတ္ေသာေလကို ႐ွဴ႐ႈိက္ ရင္း အပန္းေျဖႏုိင္ေသးသည္။ ရန္ကုန္မွ ေျမာက္ဦးသုိ႔ ကုန္းလမ္းခရီးျဖင့္ လာေရာက္ လုိသူမ်ားသည္ ရန္ကုန္-အမ္း-စစ္ေတြ လမ္း အတုိင္း ၁၅ နာရီခန္႔ ေမာင္းႏွင္ကာ လာ ေရာက္ ဖူးေျမာ္ ေလ့လာႏုိင္ၾကသည္။
ျမန္မာႏုိင္ငံတြင္ တည္ထားေသာ ေစတီပုထုိး အမ်ားစုကဲ့သုိ႔ အုတ္မ်ားျဖင့္ ထု လုပ္ထားျခင္းမဟုတ္ဘဲ ေရွးေဟာင္း လက္ ရာအားလံုး ေက်ာက္သားမ်ားကို ထြင္းထု ထားသည္မွာလည္း ထူးျခားေသာ အေမြအ ႏွစ္ တစ္ခုျဖစ္ေသာေၾကာင့္ ျမန္မာတုိ႔၏၊ ရခုိင္တုိ႔၏ ေရွးေဟာင္းၿမိဳ႕ေတာ္ ေျမာက္ဦး ၿမဳိ႕သုိ႔ သြားေရာက္ ေလ့လာသူမ်ားထဲတြင္ ႏိုင္ငံျခားသား ခရီးသြားဧည့္သည္မ်ားစြာ ပါဝင္လာသည္။
''ေျမာက္ဦးကေတာ့ တကယ့္အံ့ ၾသဖို႔ေကာင္းတဲ့ ေနရာပါ။ ႏိုင္ငံျခားသား ဧည့္သည္ေတြဆို အရမ္းစိတ္ဝင္စားၾကပါ တယ္။ အပန္းေျဖခရီးလိုေတာ့ မဟုတ္ေပ မယ့္ တကယ့္ ေရွးေခတ္လက္ရာေတြကို ျမင္ ၿပီး ေရွးတုန္းက ဘယ္လုိႀကီးက်ယ္ခမ္းနား ခဲ့တယ္ဆိုတာကို ျပန္ေတြးႏိုင္ပါတယ္။ ေျမာက္ ဦးခရီးစဥ္ စီစဥ္တိုင္း သြားတဲ့သူ အျပည့္ရ တယ္''ဟု Asian Green Adventure Travels & Tours မွ ဦးျပည့္ၿဖိဳးဦးက ေျပာသည္။
ေျမာက္ဦးမွာေတာ့ ေတာင္ကုန္း ေတာင္တန္း ေပါမ်ားလွၿပီး ေနဝင္ခ်ိန္၊ ေန ထြက္ခ်ိန္အလွအပကို ခံစားၾကည့္႐ႈၾကသည့္ ႏိုင္ငံျခားသား ဧည့္သည္မ်ားလည္းရွိေၾကာင္း သိရသည္။
လြန္ေလၿပီးေသာအခါက ကိုယ့္ ယဥ္ေက်းမႈ၊ ကိုယ့္စာေပ ဘာသာစကား၊ ကိုယ့္သမိုင္းေၾကာင္း၊ ကိုယ့္တိုင္းျပည္နဲ႔ အ ရွိန္အဝါ ဘုန္းတန္ခိုးႀကီးမားခဲ့တဲ့ ရခိုင္ျပည္ ႀကီးကို ေျမာက္ဦးၿမိဳ႕ရဲ႕ နန္းေတာ္ေဟာင္း ေနရာေတြကို ေလ့လာၾကည့္ရင္း သိျမင္ခံ စားႏိုင္သည့္အတြက္ ေျမာက္ဦးၿမိဳ႕ေဟာင္း သည္ တန္ဖိုးမျဖတ္ႏိုင္သည့္ ထိန္းသိမ္းေစာင့္ ေရွာက္ၾကရန္ လိုအပ္ေနေသာ ျမန္မာတို႔ ၏ ေရွးေဟာင္း အေမြအႏွစ္တစ္ခုပင္ ျဖစ္ေလေတာ့သည္။
သက္ႏွင္း- ေရးသည္
(Flower News Journal)
..........
ဆယ့်ရှစ်ရာစုတွင် အာရှတိုက်၏ အချမ်းသာဆုံး မြို့များစာရင်းတွင် ထိပ်တန်းမှပါဝင်ခဲ့သော ဆိပ်ကမ်းမြို့ (သို့မဟုတ်)
မြန်မာ့ရှေးဟောင်း မြို့တော်မြောက်ဦး
*****************************************
မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော် များကို လေ့လာမည်ဆိုပါလျှင် မြန်မာပြည် အနောက်ဘက်ခြမ်း တွင် သမိုင်းအမွေအနှစ် အများဆုံးတည်ရှိ ရာ ရှေးရခိုင်ဘုရင်များ နန်းတည်နေထိုင်ခဲ့ သည့် မြောက်ဦးမြို့သည် မဖြစ်မနေ သွား ရောက် လေ့လာလည်ပတ်ရမည့် ရှေးမြို့ တော်ဟောင်းတစ်ခုပင် ဖြစ်သည်။
မြောက်ဦးမြို့သည် မြောက်ဦး မင်းဆက်ကို စတင်ခဲ့သော မင်းစောမွန်က စတင် တည်ထောင်ခဲ့သည်ဟု ဆိုသည်။ ကုလားတန်မြစ်နှင့် လေးမြို့မြစ်ကြား၊ တောင် ကြော၊ တောင်စွယ်များကို နောက်ခံထား လျက် မဟာဗျူဟာကျကျ တည်ထား၏။ ၁၈ ရာစုတွင် ဘင်္ဂလားပင်လယ်အော်၏ အရေးအပါဆုံး ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့သည်။ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာ ရေဗီးယား၊ ပါရှား၊ အိန္ဒိယတို့နှင့် ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်နှင့် ဟင်းခတ်အမွှေးအကြိုင်များ ကုန်သွယ်ခဲ့ပြီး အာရှ၌ အချမ်းသာဆုံး မြို့ များစာရင်းတွင် ထိပ်တန်းမှ ရှိခဲ့သည်ဟု အင်္ဂလိပ်၊ အီတလီ၊ ပေါ်တူဂီနိုင်ငံသားတို့၏ မှတ်တမ်းများအရ သိရ၏။
မြောက်ဦးခေတ် ခေတ်ကောင်း ချိန်တွင် ယခုလက်ရှိ ရခိုင်ပြည်နယ်၊ မြန်မာ ပြည်အောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထက်ဝက်ကျော်ခန့်အထိ အာဏာစက် သက် ရောက်ခဲ့သည်ဟုလည်း သမိုင်းလေ့လာသူ များက ဆိုသည်။
ရခိုင်ပြည်နယ်တစ်ဝန်း ခေတ် အဆက်ဆက်၊ မင်းအဆက်ဆက် ဘုရားစေတီများ တည်ထားကိုးကွယ်ခဲ့ကြရာ ''သဇင် ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း''ဟု ဆိုရိုးရှိခဲ့ပြီး မြောက်ဦးမြို့တွင် လက်ညှိုးညွှန် မလွဲ စေတီပုထိုးနှင့် သမိုင်းအမွေအနှစ်များ ကျန်ရစ်သည်။ ယနေ့တိုင် ထင်ရှားလျက် ရှိသော အမွေအနှစ်များမှာ သျှစ်သောင်း ပုထိုးတော်ကြီး၊ ထုက္ကံသိမ် ပုထိုးတော်ကြီး၊ ကိုးသောင်း ပုထိုးတော်ကြီး၊ အံတော်သိမ်၊ လေးမျက်နှာပုထိုးတော်ကြီး၊ မာန်ငါးပါး(မင်္ဂ လာမာန်အောင်၊ ရတနာမာန်အောင်၊ သကျ မာန်အောင်၊ လောကမာန်အောင်၊ ဇိနမာန် အောင်)စေတီများ၊ စန္ဒာ့မုနိရုပ်ပွားတော်၊ ဗန္ဓုလကျောင်းတို့ ဖြစ်ကြသည်။
သျှစ်သောင်းပုထိုးတော်ကြီးကို ရခိုင်ဘုရင် မင်းဗာလက်ထက်တွင် ဘုရား ရုပ်ပွားတော်ပေါင်း ရှစ်သောင်းဖြင့် တည် ထားကိုးကွယ်ခဲ့သည်။ ပေါ်တူဂီရန်ကို အောင်နိုင်သော အထိမ်းအမှတ်ဖြင့် ရန်အောင်ဇေယျပုထိုးတော်ကြီးဟုလည်း ခေါ်တွင်ကြောင်း သိရသည်။ ရုပ်ပွားတော်ပေါင်း ရှစ်သောင်း အပြင် ဘုရားရှင်၏ ရှေးဘဝဖြစ်စဉ် ရုပ်ကြွ များလည်း များစွာ ထုလုပ်ပူဇော်ထားသည် ကို တွေ့ရှိရသည်။ ဘုရားဖူးမြော်ပြီးပါက ညနေ နေဝင်အလှကို ပုထိုးတော်ကြီးပေါ် မှ ခံစားနိုင်သည်။ ထုက္ကံသိမ် ပုထိုးတော်ကြီး သည် ညနေ နေရောင်နောက်ခံဖြင့် ခမ်း နား သပ္ပာယ်လှသည်။
မာန်ငါးမာန်ဟုခေါ်သော သကျ မာန်အောင်စေတီကို ၁၆၂၉ ခုနှစ်တွင် သီရိ သုဓမ္မ ရာဇာမင်းကလည်းကောင်း၊ ဇိနမာန် အောင်စေတီ၊ ရတနာ့မာန်အောင်နှင့် လော ကမာန်အောင် စေတီတို့ကို ၁၆၅၈ တွင် စန္ဒာသုဓမ္မရာဇာမင်းကလည်းကောင်း၊ မင်္ဂ လာမာန်အောင်စေတီကို စန္ဒာသုဓမ္မရာဇာ ၏အရိုက်အရာကိုခံယူသော သားတော် ဥဂ္ဂါ ဗလမင်းကလည်းကောင်း အသီးသီး တည် ထား ကိုးကွယ်ခဲ့ကြသည်။
ကိုးသောင်းပုထိုးတော်ကြီးမှာ မင်းဗာဘုရင်၏သားတော် မင်းတိက္ခာက စေတီပေါင်း ကိုးသောင်းဖြင့် တည်ထားခဲ့ ခြင်းဖြစ်သည်။ ပုထိုးတော်ကြီး တည်ဆဲအ ချိန်နှင့် ထီးတော်တင်စဉ်ကပင် မိုးကြိုးများထိ သောကြောင့် ယနေ့တိုင် အပြီးသတ်ဆောက် လုပ်နိုင်ခြင်း မရှိခဲ့ဟု ဆိုကြသည်။
လေးမျက်နှာပုထိုးတော်ကြီးသည် ထုက္ကံသိမ် ပုထိုးတော်ကြီးအနီးတွင် တည် ရှိပြီး မင်းစောမွန်ဘုရင် တည်ထားခဲ့သည်။ မုခ်လေးခုမှာ အရပ်လေးမျက်နှာသို့ မျက်နှာ မူ တည်ဆောက်ထားခြင်းကြောင့် လေးမျက် နှာဘုရားဟုလည်းကောင်း၊ မုခ်ဝ လေးခုရှိ သောကြောင့် မုခ်လေးတန်ဘုရားဟုလည်း ကောင်း ခေါ်ကြသည်။
မြတ်ဗုဒ္ဓ၏ အံတော်တည်ရှိရာ ဗန္ဓုလကျောင်းတော်၊ စန္ဒာ့မုနိရုပ်ပွားတော် နှင့်အတူ သမိုင်းဝင် ရှေးဟောင်းဗုဒ္ဓဆင်း တုတော်များ၊ ဒင်္ဂါးအစရှိသည့် ရှေးဟောင်း ပစ္စည်းအမျိုးမျိုးတို့ကိုလည်း မြောက်ဦး ပြ တိုက်တွင် လေ့လာနိုင်ပါသည်။
မြောက်ဦးသို့ သွားရောက်လေ့ လာလိုသူများအတွက် ဆိုင်ကယ်ဖြင့် ဖြစ် စေ၊ ဂျစ်ကားများဖြင့်ဖြစ်စေ သွားရောက် လေ့လာနိုင်သည်။ နန်းတော်ကုန်းပေါ်က ရတနာခန်းမဆောင် ရှိခဲ့ဖူးတဲ့ နေရာပေါ် တွင် ရှေးဟောင်းသုတေသနပြတိုက် တည် ရှိပြီး ပြတိုက်ထဲတွင် ပြသထားတဲ့ ရခိုင်ရှေး ယဉ်ကျေးမှုလက်ရာများကို ဆက်လက် လေ့ လာနိုင်သည်။ ပြတိုက်ထဲတွင် ရှေးရခိုင်တို့ ၏ ကျောက်ဆစ်လက်ရာ၊ မြောက်ဦးခေတ် လက်ရာေြ<ွကထည်များ၊ ရှေးခေတ်အမြောက် များ၊ ရှေးခေတ်တူရိယာပစ္စည်းများ၊ ရှေးခေတ် စဉ့်ရည်သုတ်အိုးများ၊ ဝေသာလီခေတ်၊ လေး မြို့ခေတ်၊ မြောက်ဦးခေတ် ဆင်းတုတော် များ၊ ရှေးရခိုင်ဒင်္ဂါးများ၊ အုတ်ခွက်ဘုရား များ စသည့် ရှေးဟောင်းလက်ရာများကို လေ့လာတွေ့ရှိရသည်။
စတုရန်းမိုင် ၁ ဒသမ ၂ မိုင်ကျယ် ဝန်းပြီး အမြင့်ပေ ၅ဝ ခန့်ရှိသည့် မြောက် ဦးနန်းတော်သည် ကျောက်တံတိုင်း သုံးထပ် ကာရံထားသည်။ နန်းမြို့ရိုး သုံးထပ်စလုံး ကို အုတ်မသုံးဘဲ နှစ်ပေမှ သုံးပေခန့်ကြီးမား တဲ့ သဲကျောက်အညိုရောင်များကို သုံးထား တာ တွေ့ရသည်။ အချို့နေရာများမှာ ခြောက် ပေခန့်ကြီးမားတဲ့ ကျောက်တုံးကြီးများကိုပင် တွေ့ရသည်။ နန်းတော်ကြီးအတွင်းထဲတွင် ရွှေနန်းကိုးဆောင်၊ မြေနန်းဆောင်များ၊ ပရိတ် ဆောင်၊ မှန်နန်းဆောင်၊ နိဗ္ဗာန်ဆောင်၊ ဗြဲ တိုက်ဆောင်၊ မြောက်စမုတ်ဆောင်၊ တောင် စမုတ်ဆောင်၊ ပွဲတော်ဆောင်၊ လွှတ်တော် ရုံးများ၊ ဘိသိက်သွန်းသည့် ရေကြည်တော် များရှိရာ နံ့သာကန်၊ ဗဟိုရ်စည်တော်၊ နက္ခတ် ရုံ၊ ပန်းခုံတော်၊ လက်နက်တော်တိုက် စသည် တို့နဲ့ ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။
အရှေ့ဘက်တွင် သစ်မွှေးဖြင့် ဆောက်လုပ်ခဲ့သော စန္ဒကူးဆောင်တော် လည်းရှိခဲ့ပြီး မြောက်ဖက်မှာ ဆင်ဖြူတော် ကုန်းနဲ့ မိဖုရားတို့ရဲ့ အဆောင်တော်များ တည်ရှိပြီး နန်းတော်ရဲ့ တောင်ဘက်မှာတော့ လှေတော်များ ဆိုက်ကပ်ရပ်နားရာ သိင်္ဂနဒီ ချောင်းရှိခဲ့ကြောင်းနှင့် ရှေးရခိုင်ခေတ်မှာ ဆင်တပ်၊ မြင်းတပ်များလည်း ရှိခဲ့ပြီး မြစ် ချောင်းပေါများလှတာကြောင့် လှေကိုလည်း အများဆုံး အသုံးပြုခဲ့ကြကြောင်း သိရသည်။
အေဒီ ၁၄၃ဝ မှ ၁၇၈၄ အထိ မြောက်ဦးမြို့ကို စိုးစံခဲ့ကြတဲ့ မြောက်ဦးခေတ် ဘုရင်နန်းဆက်ဟာ ပထမမြောက်ဦးခေတ် မှာ မင်းဆက် ၁၂ ဆက်၊ ဒုတိယမြောက်ဦး ခေတ်မှာ မင်းဆက်ကိုးဆက်၊ တတိယမြောက် ဦးခေတ်မှာ မင်းဆက်ပေါင်း ၂၈ ဆက် ရှိ တယ်လို့ ရခိုင်ရာဇဝင်များမှ လေ့လာမှတ် သားရပါသည်။
ယင်းမင်းဆက်များထဲတွင် ဘုန်း လက်ရုံးနဲ့ ပြည့်စုံသည့် မင်းများပါဝင်ခဲ့ပြီး ရခိုင်ပြည်ကို ကြီးကျယ်စည်ကားအောင် ကြံ ဆောင်နိုင်ခဲ့ကာ ဘင်္ဂလား၊ စစ်တကောင်း မြို့များကိုပါ အောင်နိုင်ခဲ့သူများ ပါဝင်ခဲ့ပါ သည်။ အနုပညာ၊ သမိုင်းလက်ရာတန်ဖိုး များ ကြီးမားလှသည့် စေတီပုထိုးကြီးများ နှင့် ဘုရားပေါင်းများစွာတို့ကိုလည်း တည် ထားနိုင်ခဲ့ပါသည်။ ရခိုင် မြောက်ဦးမြို့၏ နောက်ဆုံးမင်းဖြစ်သူ အေဒီ ၁၇၈၄ ခု၊ မ ဟာသမ္မတရာဇာမင်းလက်ထက်မှာ အမရ ပူရမြို့နန်းစံ ဘိုးတော်ဗဒုံမင်းက လာရောက် တိုက်ခိုက် သိမ်းပိုက်ပြီးနောက်မှာ မြောက် ဦးနန်းဆက် ပျောက်ကွယ်သွားခဲ့သည်။
မြောက်ဦးမြို့သို့ ကုန်းလမ်း၊ ရေ လမ်းများမှတစ်ဆင့် သွားရောက်နိုင်သည်။ ရန်ကုန်မှ လေကြောင်းခရီးဖြင့် သွားရောက် လိုပါက ရန်ကုန်-စစ်တွေလေကြောင်းလိုင်း မှတစ်ဆင့် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ လေးနာရီခန့် သွားရသော မော်တော်ကား လမ်းဖြင့်လည်းကောင်း၊ သုံးနာရီခန့်ကြာမြင့် သော ရေကြောင်းခရီးဖြင့်လည်းကောင်း ရောက်ရှိနိုင်သည်။ ရေကြောင်းခရီးဖြင့် သွား ရောက်လိုပါက အများသုံးအမြန်ရေယာဉ် ဖြင့် သွားရောက်နိုင်သကဲ့သို့ ကိုယ်ပိုင်စက် လှေများဖြင့် လမ်းခရီးတစ်လျှောက် စပါး ခင်းများ၊ စင်ရော်ငှက်များ၊ ကိုတံငါများ၊ ကု လားတန်မြစ်(ကစ္စပနဒီမြစ်)မှ တိုက်ခတ် လာသည့် လတ်ဆတ်သောလေကို ရှူရှိုက် ရင်း အပန်းဖြေနိုင်သေးသည်။ ရန်ကုန်မှ မြောက်ဦးသို့ ကုန်းလမ်းခရီးဖြင့် လာရောက် လိုသူများသည် ရန်ကုန်-အမ်း-စစ်တွေ လမ်း အတိုင်း ၁၅ နာရီခန့် မောင်းနှင်ကာ လာ ရောက် ဖူးမြော် လေ့လာနိုင်ကြသည်။
မြန်မာနိုင်ငံတွင် တည်ထားသော စေတီပုထိုး အများစုကဲ့သို့ အုတ်များဖြင့် ထု လုပ်ထားခြင်းမဟုတ်ဘဲ ရှေးဟောင်း လက် ရာအားလုံး ကျောက်သားများကို ထွင်းထု ထားသည်မှာလည်း ထူးခြားသော အမွေအ နှစ် တစ်ခုဖြစ်သောကြောင့် မြန်မာတို့၏၊ ရခိုင်တို့၏ ရှေးဟောင်းမြို့တော် မြောက်ဦး မြို့သို့ သွားရောက် လေ့လာသူများထဲတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များစွာ ပါဝင်လာသည်။
''မြောက်ဦးကတော့ တကယ့်အံ့ သြဖို့ကောင်းတဲ့ နေရာပါ။ နိုင်ငံခြားသား ဧည့်သည်တွေဆို အရမ်းစိတ်ဝင်စားကြပါ တယ်။ အပန်းဖြေခရီးလိုတော့ မဟုတ်ပေ မယ့် တကယ့် ရှေးခေတ်လက်ရာတွေကို မြင် ပြီး ရှေးတုန်းက ဘယ်လိုကြီးကျယ်ခမ်းနား ခဲ့တယ်ဆိုတာကို ပြန်တွေးနိုင်ပါတယ်။ မြောက် ဦးခရီးစဉ် စီစဉ်တိုင်း သွားတဲ့သူ အပြည့်ရ တယ်''ဟု Asian Green Adventure Travels & Tours မှ ဦးပြည့်ဖြိုးဦးက ပြောသည်။
မြောက်ဦးမှာတော့ တောင်ကုန်း တောင်တန်း ပေါများလှပြီး နေဝင်ချိန်၊ နေ ထွက်ချိန်အလှအပကို ခံစားကြည့်ရှုကြသည့် နိုင်ငံခြားသား ဧည့်သည်များလည်းရှိကြောင်း သိရသည်။
လွန်လေပြီးသောအခါက ကိုယ့် ယဉ်ကျေးမှု၊ ကိုယ့်စာပေ ဘာသာစကား၊ ကိုယ့်သမိုင်းကြောင်း၊ ကိုယ့်တိုင်းပြည်နဲ့ အ ရှိန်အဝါ ဘုန်းတန်ခိုးကြီးမားခဲ့တဲ့ ရခိုင်ပြည် ကြီးကို မြောက်ဦးမြို့ရဲ့ နန်းတော်ဟောင်း နေရာတွေကို လေ့လာကြည့်ရင်း သိမြင်ခံ စားနိုင်သည့်အတွက် မြောက်ဦးမြို့ဟောင်း သည် တန်ဖိုးမဖြတ်နိုင်သည့် ထိန်းသိမ်းစောင့် ရှောက်ကြရန် လိုအပ်နေသော မြန်မာတို့ ၏ ရှေးဟောင်း အမွေအနှစ်တစ်ခုပင် ဖြစ်လေတော့သည်။
သက်နှင်း- ရေးသည်
(Flower News Journal)

No comments:

Post a Comment