Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ေရနံထုတ္တဲ့ ထိပ္တန္း ၄ ႏုိင္ငံ ထုတ္လုပ္မႈေလွ်ာ့ခ်ဖုိ႔ ဆုံးျဖတ္


ကမၻာ့ေရနံေစ်းကြက္မွာ ေရနံစိမ္းေတြ အလွ်ံပယ္ျဖစ္ေနၿပီး ေစ်းေတြလည္း ၇၀% အထိ က်ဆင္းခဲ့တာေၾကာင့္ ကမၻာ့ေရနံအမ်ားဆုံး ထုတ္လုပ္တဲ့ ႏုိင္ငံေပါင္း ၄ ႏုိင္ငံက ေရနံထုတ္လုပ္မႈ ရပ္တန္႔ထားဖုိ႔ ဆုံးျဖတ္လုိက္ၾကပါတယ္။

႐ုရွားနဲ႔ အုိပက္အဖြဲ႔၀င္ ၃ ႏုိင္ငံျဖစ္တဲ့ ေဆာ္ဒီအာေရးဗီးယား၊ ဗင္နီဇြဲလား၊ ကာတာႏုိင္ငံတုိ႔က ေရနံ၀န္ႀကီးေတြ ကာတာႏုိင္ငံၿမိဳ႕ေတာ္ Doha မွာ တံခါးပိတ္ ေတြ႔ဆုံ ေဆြးေႏြးအၿပီး အဲဒီလုိ ဆုံးျဖတ္ခ်က္ ခ်လုိက္ၾကတာ ျဖစ္ပါတယ္။ သူတုိ႔ ၄ ႏုိင္ငံရဲ႕ ေရနံထုတ္လုပ္မႈကုိ လုံေလာက္မႈရွိတယ္လုိ႔ ယူဆထားတဲ့ ဇန္န၀ါရီလတုန္းက အဆင့္ေရာက္ေအာင္ ေလ်ွာ့ခ်သြားမယ္လုိ႔ ေဆာ္ဒီေရနံ၀န္ႀကီး Ali al-Naimi က  ေျပာပါတယ္။

သူတုိ႔ရဲ႕ သေဘာတူညီခ်က္ဟာ တျခား ေရနံအမ်ားအျပား ထုတ္လုပ္တဲ့ ႏုိင္ငံႀကီးေတြက သူတုိ႔ရဲ႕ ထုတ္လုပ္မႈကုိ ကန္႔သတ္မလား ဆုိတဲ့အေပၚမွာ ဒီသေဘာတူညီက မူတည္တယ္လုိ႔ Ali က ေျပာပါတယ္။

အီရန္နဲ႔ အီရတ္ႏုိင္ငံတုိ႔နဲ႔ ဒီကိစၥအတြက္ ေဆြးေႏြးမႈေတြကုိ တီဟီရန္ၿမိဳ႕မွာ ဗုဒၶဟူးေန႔မွာ ေဆြးေႏြးၾကဖုိ႔အတြက္ စီစဥ္ထားတယ္လုိ႔ ဆုိပါတယ္။ အီရန္ရဲ႕ ႏ်ဴကလီးယားအစီအစဥ္ေၾကာင့္ အေနာက္အုပ္စုႏုိင္ငံေတြက အီရန္အေပၚ စီးပြားေရးပိတ္ဆုိ႔မႈေတြ ခ်မွတ္ထားတာကုိ မၾကာေသးခင္က ျပန္လည္ ႐ုပ္သိမ္းေပးခဲ့တာေၾကာင့္ ေရနံထုတ္လုပ္မႈ ေလ်ွာ့ခ်မယ့္အစီအစဥ္ကုိ အီရန္ဘက္က သေဘာတူခ်င္မွ တူမွာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..............................


ကမ္ဘာ့ရေနံစျေးကွက်မှာ ရေနံစိမ်းတွေ အလျှံပယ်ဖြစ်နေပြီး စျေးတွေလည်း ရ၀% အထိ ကျဆင်းခဲ့တာကြောင့် ကမ္ဘာ့ရေနံအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံပေါင်း ၄ နိုင်ငံက ရေနံထုတ်လုပ်မှု ရပ်တန့်ထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ရုရှားနဲ့ အိုပက်အဖွဲ့ဝင် ၃ နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား၊ ဗင်နီဇွဲလား၊ ကာတာနိုင်ငံတို့က ရေနံဝန်ကြီးတွေ ကာတာနိုင်ငံမြို့တော် Doha မှာ တံခါးပိတ် တွေ့ဆုံ ဆွေးနွေးအပြီး အဲဒီလို ဆုံးဖြတ်ချက် ချလိုက်ကြတာ ဖြစ်ပါတယ်။ သူတို့ ၄ နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုကို လုံလောက်မှုရှိတယ်လို့ ယူဆထားတဲ့ ဇန်နဝါရီလတုန်းက အဆင့်ရောက်အောင် လျှော့ချသွားမယ်လို့ ဆော်ဒီရေနံဝန်ကြီး Ali al-Naimi က  ပြောပါတယ်။

သူတို့ရဲ့ သဘောတူညီချက်ဟာ တခြား ရေနံအများအပြား ထုတ်လုပ်တဲ့ နိုင်ငံကြီးတွေက သူတို့ရဲ့ ထုတ်လုပ်မှုကို ကန့်သတ်မလား ဆိုတဲ့အပေါ်မှာ ဒီသဘောတူညီက မူတည်တယ်လို့ Ali က ပြောပါတယ်။

အီရန်နဲ့ အီရတ်နိုင်ငံတို့နဲ့ ဒီကိစ္စအတွက် ဆွေးနွေးမှုတွေကို တီဟီရန်မြို့မှာ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးကြဖို့အတွက် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကြောင့် အနောက်အုပ်စုနိုင်ငံတွေက အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ထားတာကို မကြာသေးခင်က ပြန်လည် ရုပ်သိမ်းပေးခဲ့တာကြောင့် ရေနံထုတ်လုပ်မှု လျှော့ချမယ့်အစီအစဉ်ကို အီရန်ဘက်က သဘောတူချင်မှ တူမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment