Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

႐ံုးခ်ိန္းမ်ား မၾကာခဏထြက္ရ၍ ေက်ာင္းသားမ်ား အခက္ေတြ႕


၂၀၁၅ မတ္လ ၁၀ ရက္ ပညာေရးျပဳျပင္ရန္ ဆႏၵျပ သပိတ္ေမွာက္မႈႏွင့္ပတ္သက္ၿပီး ဖမ္းဆီးခံထားရေသာ ေက်ာင္းသားမ်ားအေနႏွင့္ ရန္ကုန္ၿမိဳ႕နယ္ေပါင္းစံုမွာ ႐ံုးခ်ိန္းမ်ား ခပ္ဆိတ္ဆိတ္ထြက္ရ၍ ေက်ာင္းသားမ်ား အခက္ႀကံဳေနရေၾကာင္း ေဖေဖာ္၀ါရီ ၁၈ ရက္တြင္ မၿဖိဳး ၿဖိဳးေအာင္က News Watch သုိ႔ ေျပာသည္။


လမ္းေလွ်ာက္ခဲ့သည့္ ၿမိဳ႕နယ္ေပါင္းစံုမွာ အမႈဖြင့္လ်က္ အမႈရင္ဆုိင္ေနရၿပီး လႈိင္ၿမိဳ႕နယ္တြင္လည္း ထပ္မံ တရားဆြဲေၾကာင္း မၿဖိဳးၿဖိဳးေအာင္က ေျပာသည္။

ဆက္လက္ၿပီး ၄င္းက “ပုဒ္မ ၁၈၊ ပုဒ္မ ၃၃၂၊ ပုဒ္မ ၁၄၃၊ ပုဒ္မ ၁၄၅၊ ပုဒ္မ ၁၄၇ ပုဒ္မေတြနဲ႔ ၿမိဳ႕နယ္ေတြ မေရတြက္ႏုိင္ဘူး။ ဒီေန႔ လႈိင္ၿမိဳ႕နယ္မွာ ႐ံုးခ်ိန္းၿပီး ကမာရြတ္ၿမိဳ႕နယ္ကုိ လာရတယ္။ တာေမြၿမိဳ႕နယ္တုိ႔ကုိလည္း ႐ံုးခ်ိန္းခ်ိန္းတယ္ဆိုတဲ့ သေဘာေတြ ျဖစ္ေနတယ္။ သက္သက္ စိတ္ပုိင္းဆိုင္ရာ၊ ႐ုပ္ပုိင္းဆိုင္ရာ ညစ္ေအာင္လုပ္တဲ့သေဘာ သက္ေရာက္တယ္”ဟု ေျပာသည္။


ယေန႔ ေဖာေဖာ္၀ါရီ ၁၈ ရက္တြင္ ကမာရြတ္ၿမိဳ႕နယ္ တရား႐ံုးတြင္ ေက်ာ္ကုိကုိ၊ ဂ်ိမ္း(ခ)လင္းထက္ႏုိင္၊ မၿဖိဳးၿဖိဳးေအာင္၊ နႏၵစစ္ေအာင္၊ မင္းေသြး သစ္၊ ကုိ၀င္းေက်ာ္မွဴး၊ မပုိပုိတုိ႔ကို စစ္ေဆးခဲ့ၿပီး ေဖေဖာ္၀ါရီ ၂၅ ရက္သို႔ ထပ္မွန္ ႐ံုးခ်ိန္းလိုက္ေၾကာင္း သိရသည္။

CKK
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,



၂၀၁၅ မတ်လ ၁၀ ရက် ပညာရေးပြုပြင်ရန် ဆန္ဒပြ သပိတ်မှောက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသော ကျောင်းသားများအနေနှင့် ရန်ကုန်မြို့နယ်ပေါင်းစုံမှာ ရုံးချိန်းများ ခပ်ဆိတ်ဆိတ်ထွက်ရ၍ ကျောင်းသားများ အခက်ကြုံနေရကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် မဖြိုး ဖြိုးအောင်က News Watch သို့ ပြောသည်။

လမ်းလျှောက်ခဲ့သည့် မြို့နယ်ပေါင်းစုံမှာ အမှုဖွင့်လျက် အမှုရင်ဆိုင်နေရပြီး လှိုင်မြို့နယ်တွင်လည်း ထပ်မံ တရားဆွဲကြောင်း မဖြိုးဖြိုးအောင်က ပြောသည်။

ဆက်လက်ပြီး ၄င်းက “ပုဒ်မ ၁၈၊ ပုဒ်မ ၃၃၂၊ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇ ပုဒ်မတွေနဲ့ မြို့နယ်တွေ မရေတွက်နိုင်ဘူး။ ဒီနေ့ လှိုင်မြို့နယ်မှာ ရုံးချိန်းပြီး ကမာရွတ်မြို့နယ်ကို လာရတယ်။ တာမွေမြို့နယ်တို့ကိုလည်း ရုံးချိန်းချိန်းတယ်ဆိုတဲ့ သဘောတွေ ဖြစ်နေတယ်။ သက်သက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညစ်အောင်လုပ်တဲ့သဘော သက်ရောက်တယ်”ဟု ပြောသည်။

ယနေ့ ဖောဖော်ဝါရီ ၁၈ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံးတွင် ကျော်ကိုကို၊ ဂျိမ်း(ခ)လင်းထက်နိုင်၊ မဖြိုးဖြိုးအောင်၊ နန္ဒစစ်အောင်၊ မင်းသွေး သစ်၊ ကို၀င်းကျော်မှူး၊ မပိုပိုတို့ကို စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်သို့ ထပ်မှန် ရုံးချိန်းလိုက်ကြောင်း သိရသည်။

CKK
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment