Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

ဆုေတာင္းပြဲက်င္းပသူ ၄ ဦး ပုဒ္မ ၁၈ နဲ႔ တရားစြဲခံရ


အမ်ဳိးသားပညာေရးဥပေဒကို သပိတ္ေမွာက္တဲ့ ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ၀န္းရံသူေတြကို အၾကမ္းမဖက္ဖို႔ ဆုေတာင္းပဲြ က်င္းပခဲ့တဲ့ Generation Wave အဖဲြ႔က ကိုမိုဃ္းေသြးကို ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Htet Arkar/RFA
ၿပီးခဲ့တဲ့ႏွစ္ မတ္လက အမ်ဳိးသားပညာေရးဥပေဒကို သပိတ္ေမွာက္တဲ့ ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ၀န္းရံသူေတြကို အၾကမ္းမဖက္ဖို႔ ဆုေတာင္းပဲြက်င္းပခဲ့တဲ့ Generation Wave အဖဲြ႔က ကိုမိုဃ္းေသြး အပါအ၀င္ ၄ ဦးကို ရန္ကုန္တုိင္းေဒသႀကီး ဆိပ္ကမ္းၿမိဳ႕နယ္တရားရံုးမွာ တရားမ၀င္စီတန္းလွည့္လည္မႈ ပုဒ္မ ၁၈ နဲ႔ ဒီေန႔ ရံုးတင္စစ္ေဆးခဲ့ပါတယ္။

ဘုရားမွာဆုေတာင္းပဲြက်င္းပတာကို ပုဒ္မ ၁၈နဲ႔ တရားစဲြဆိုတာဟာ မျဖစ္သင့္ဘူးလို႔ ကိုမိုဃ္းေသြးက ေျပာပါတယ္။

"ဆိပ္ကမ္းစခန္းကေန ဒါပုဒ္မ ၁၈ နဲ႔ ၿငိစြန္းတယ္ေပါ့ေနာ္၊ ဘုရားမွာဆုေတာင္းလို႔ မရဘူးဆိုၿပီးေတာ့မွ ဒါမ်ိဳးက်ေနာ္တို႔ကို တရားစြဲဆိုတာျဖစ္ပါတယ္၊ ပုဒ္မ ၁၈ ဥပေဒနဲ႔ ျမင္ျမင္ရာ ေတြ႔ေလရာကိစၥမွန္သမွ်ကို ဒီပုဒ္မ ၁၈ ဆိုတဲ့ ၿငိမ္းစုစီဥပေဒနဲ႔ လိုက္ၿပီးေတာ့မွ တရားစြဲေနတဲ့ကိစၥႀကီးက ဒါကသိပ္ၿပီးေတာ့မွ သင့္ေတာ္တဲ့အလုပ္မဟုတ္ဘူးလို႔ က်ေနာ္ ထင္တယ္၊ ေနရာေဒသ၊ အခ်ိန္ကာလေတြကို က်ေနာ္တို႔က ၾကည့္ဖို႔လိုတယ္လို႔ထင္တယ္၊ ေနာက္ၿပီးေတာ့ ဒီပုဒ္မ ၁၈ ကိုယ္တိုင္ကိုက ျပည္သူေတြရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ကန္႔သတ္ေနတဲ့ ဖိႏွိပ္ေနတဲ့ ဥပေဒတစ္ရပ္ျဖစ္ေနတယ္ေပါ့ေနာ္၊ ဒီအထဲမွာလည္း အေရးယူအျပစ္ေပးမႈေတြကလည္း ျပင္းျပင္းထန္ထန္ ပါေနတယ္ဆိုတဲ့ေၾကာင့္ ေနာင္မၾကာခင္အခ်ိန္ အတြင္းမွာ ဒီပုဒ္မ ၁၈ ကို ဖ်က္သိမ္းရင္ ဖ်က္သိမ္း၊ ျပင္ဆင္ရင္ ျပင္ဆင္ လုပ္ဖို႔သင့္တယ္လို႔ က်ေနာ္ ယူဆပါတယ္"

ၿပီးခဲ့တဲ့ႏွစ္ မတ္လက ပဲခူးတုိင္းေဒသႀကီး လက္ပံတန္းၿမိဳ႕နယ္မွာ ေရာက္ရွိေနတဲ့ အမ်ဳိးသားပညာေရးဥပေဒ သပိတ္စစ္ေၾကာင္းကို ရဲတပ္ဖဲြ႔ဝင္ေတြက တားျမစ္ထားတာေၾကာင့္ ကိုမိုဃ္းေသြး၊ ကိုရဲဝင္းထြဋ္၊ မအိအိမိုးနဲ႔ ကုိဇင္လင္းတုိ႔ ဦးေဆာင္ၿပီး ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ဝန္းရံသူေတြကို အၾကမ္းမဖက္ဖို႔ ဗိုလ္တေထာင္ ဘုရားမွာ ၿပီးခဲ့တဲ့ႏွစ္ မတ္လ ၇ ရက္ေန႔က ဆုေတာင္းပဲြ က်င္းပခဲ့တာျဖစ္ပါတယ္။

အ့ဲဒီအမႈကို လာမယ့္ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔မွာ ထပ္မံစစ္ေဆးမွာျဖစ္ၿပီး တရားလိုဘက္က သက္ေသေတြကို စတင္စစ္ေဆးေနၿပီျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
........

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို အကြမ်းမဖက်ဖို့ ဆုတောင်းပွဲ ကျင်းပခဲ့တဲ့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: Htet Arkar/RFA
ပြီးခဲ့တဲ့နှစ် မတ်လက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို အကြမ်းမဖက်ဖို့ ဆုတောင်းပွဲကျင်းပခဲ့တဲ့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေး အပါအဝင် ၄ ဦးကို ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဘုရားမှာဆုတောင်းပွဲကျင်းပတာကို ပုဒ်မ ၁၈နဲ့ တရားစွဲဆိုတာဟာ မဖြစ်သင့်ဘူးလို့ ကိုမိုဃ်းသွေးက ပြောပါတယ်။

"ဆိပ်ကမ်းစခန်းကနေ ဒါပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်ပေါ့နော်၊ ဘုရားမှာဆုတောင်းလို့ မရဘူးဆိုပြီးတော့မှ ဒါမျိုးကျနော်တို့ကို တရားစွဲဆိုတာဖြစ်ပါတယ်၊ ပုဒ်မ ၁၈ ဥပဒေနဲ့ မြင်မြင်ရာ တွေ့လေရာကိစ္စမှန်သမျှကို ဒီပုဒ်မ ၁၈ ဆိုတဲ့ ငြိမ်းစုစီဥပဒေနဲ့ လိုက်ပြီးတော့မှ တရားစွဲနေတဲ့ကိစ္စကြီးက ဒါကသိပ်ပြီးတော့မှ သင့်တော်တဲ့အလုပ်မဟုတ်ဘူးလို့ ကျနော် ထင်တယ်၊ နေရာဒေသ၊ အချိန်ကာလတွေကို ကျနော်တို့က ကြည့်ဖို့လိုတယ်လို့ထင်တယ်၊ နောက်ပြီးတော့ ဒီပုဒ်မ ၁၈ ကိုယ်တိုင်ကိုက ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်နေတဲ့ ဖိနှိပ်နေတဲ့ ဥပဒေတစ်ရပ်ဖြစ်နေတယ်ပေါ့နော်၊ ဒီအထဲမှာလည်း အရေးယူအပြစ်ပေးမှုတွေကလည်း ပြင်းပြင်းထန်ထန် ပါနေတယ်ဆိုတဲ့ကြောင့် နောင်မကြာခင်အချိန် အတွင်းမှာ ဒီပုဒ်မ ၁၈ ကို ဖျက်သိမ်းရင် ဖျက်သိမ်း၊ ပြင်ဆင်ရင် ပြင်ဆင် လုပ်ဖို့သင့်တယ်လို့ ကျနော် ယူဆပါတယ်"

ပြီးခဲ့တဲ့နှစ် မတ်လက ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်မှာ ရောက်ရှိနေတဲ့ အမျိုးသားပညာရေးဥပဒေ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ထားတာကြောင့် ကိုမိုဃ်းသွေး၊ ကိုရဲဝင်းထွဋ်၊ မအိအိမိုးနဲ့ ကိုဇင်လင်းတို့ ဦးဆောင်ပြီး ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အကြမ်းမဖက်ဖို့ ဗိုလ်တထောင် ဘုရားမှာ ပြီးခဲ့တဲ့နှစ် မတ်လ ရ ရက်နေ့က ဆုတောင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပြီး တရားလိုဘက်က သက်သေတွေကို စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment