Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

တိုင္းရင္းမီဒီယာေတြကို ဦးစားေပးဖို႔ေတာင္းဆို

တိုင္းရင္းသား ေဒသ ဖြံ့ၿဖိဳးေရး နဲ႔ ပါတ္သက္လို႔ သတင္းေတြကို အခ်ိန္နဲ႔ တေျပးညီ ေဖာ္ၿပ ေပးနိုင္ဖို႔ အတြက္ တိုင္းရင္းသား သတင္းဌာန ေတြရဲ့ အခန္း က႑ဟာ အေရးပါ
ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕မွာ စတုတၳ အႀကိမ္ေျမာက္ တိုင္းရင္းသား မီဒီယာ ညီလာခံကို က်င္းပခဲ့ပါတယ္။

ျပည္တြင္း ျပည္ပ သတင္း ဌာန ေတြမွာ လုပ္ကိုင္ ေနၾကတဲ့ မီဒီယာ သမား ၃၀၀ ေက်ာ္ တက္ေရာက္ ခဲ့ၾကပါတယ္။

အဆိုပါ ညီလာခံမွာ ရခိုင္ ေရွးေဟာင္း အေမြအႏွစ္ ထိန္းသိမ္းေရး၊ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး၊ လႊတ္ေတာ္မွာ တိုင္းရင္းသား မီဒီယာေတြက သတင္းသမားေတြ လြတ္လြတ္လပ္လပ္ သတင္းရယူခြင့္နဲ႔ တိုင္းရင္းသား မီဒီယာ ေတြ ဖြံ့ၿဖိဳးေရး အတြက္ အစိုးရ ဆီက ေငြေၾကး အေထာက္အပံ့ ရယူဖို႔ စတဲ့ ဆုံးျဖတ္ ခ်က္ေတြ ခ်နိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

လႊတ္ေတာ္ သတင္းရယူ ခြင့္နဲ႔ ပါတ္သက္လို႔ မီဒီယာ ႀကီးေတြနဲ႔ ႏွိုင္းယွဥ္တဲ့ အခါမွာ တိုင္းရင္းသား မီဒီယာေတြ ဘက္က အျမဲတမ္း ေနာက္တန္း ေရာက္ ေနတဲ့ အတြက္ အခုလို ေတာင္းဆို ခဲ့ရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အစိုးရ ဆီက အေထာက္အပံ့ ရယူဖို႔ ဆုံးျဖတ္ခဲ့တာနဲ႔ ပတ္သက္လို႔ တိုင္းရင္းသား မီဒီယာေတြဆီမွာ အမွီအခို အေႏွာင့္အဖြဲ႕ ကင္းတဲ့ အေထာက္အပံ့ မ်ိဳးကိုပဲ ရယူ သြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

တိုင္းရင္းသား ေဒသ ဖြံ့ၿဖိဳးေရး နဲ႔ ပါတ္သက္လို႔ သတင္းေတြကို အခ်ိန္နဲ႔ တေျပးညီ ေဖာ္ၿပ ေပးနိုင္ဖို႔ အတြက္ တိုင္းရင္းသား သတင္းဌာန ေတြရဲ့ အခန္း က႑ဟာ အေရးပါ တဲ့ ေနရာမွာ ရွိေနတယ္လို႔ BNI က အမွုေဆာင္ ဒါရိုက္တာ တစ္ဦး ျဖစ္တဲ့ ကိုညိဳမင္း က ေျပာၾကား ပါတယ္။

BBC Burmese
http://www.bbc.com/burmese
.........
 တိုင်းရင်းသား ဒေသ ဖွံ့ဖြိုးရေး နဲ့ ပါတ်သက်လို့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖော်ပြ ပေးနိုင်ဖို့ အတွက် တိုင်းရင်းသား သတင်းဌာန တွေရဲ့ အခန်း ကဏ္ဍဟာ အရေးပါ
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စတုတ္ထ အကြိမ်မြောက် တိုင်းရင်းသား မီဒီယာ ညီလာခံကို ကျင်းပခဲ့ပါတယ်။

ပြည်တွင်း ပြည်ပ သတင်း ဌာန တွေမှာ လုပ်ကိုင် နေကြတဲ့ မီဒီယာ သမား ၃၀၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။

အဆိုပါ ညီလာခံမှာ ရခိုင် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လွှတ်တော်မှာ တိုင်းရင်းသား မီဒီယာတွေက သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူခွင့်နဲ့ တိုင်းရင်းသား မီဒီယာ တွေ ဖွံ့ဖြိုးရေး အတွက် အစိုးရ ဆီက ငွေကြေး အထောက်အပံ့ ရယူဖို့ စတဲ့ ဆုံးဖြတ် ချက်တွေ ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

လွှတ်တော် သတင်းရယူ ခွင့်နဲ့ ပါတ်သက်လို့ မီဒီယာ ကြီးတွေနဲ့ နှိုင်းယှဉ်တဲ့ အခါမှာ တိုင်းရင်းသား မီဒီယာတွေ ဘက်က အမြဲတမ်း နောက်တန်း ရောက် နေတဲ့ အတွက် အခုလို တောင်းဆို ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရ ဆီက အထောက်အပံ့ ရယူဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ တိုင်းရင်းသား မီဒီယာတွေဆီမှာ အမှီအခို အနှောင့်အဖွဲ့ ကင်းတဲ့ အထောက်အပံ့ မျိုးကိုပဲ ရယူ သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တိုင်းရင်းသား ဒေသ ဖွံ့ဖြိုးရေး နဲ့ ပါတ်သက်လို့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖော်ပြ ပေးနိုင်ဖို့ အတွက် တိုင်းရင်းသား သတင်းဌာန တွေရဲ့ အခန်း ကဏ္ဍဟာ အရေးပါ တဲ့ နေရာမှာ ရှိနေတယ်လို့ BNI က အမှုဆောင် ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ ကိုညိုမင်း က ပြောကြား ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment