Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တုိင္း /ျပည္နယ္ လႊတ္ေတာ္ေခါင္းေဆာင္ေတြ ေတြ႔ ဆံုမည္

ျပည္ေထာင္စု လႊတ္ေတာ္ကို ၂ဝ၁၄ ခုႏွစ္ မတ္လ ၁ဝ ရက္ေန႔က လာေရာက္ေလ့လာတဲ့ မႏၱေလးတုိင္းေဒသႀကီး၊ ႏြားထုိးႀကီးၿမိဳ႕နယ္ NLD ပါတီ၀င္ေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႔ဆံုစဥ္။ photo: Win Naung Toe/RFA
အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးက လႊတ္ေတာ္ ဥကၠဌေတြနဲ႔ ဒုတိယဥကၠဌေတြ ေနျပည္ေတာ္မွာ လာမယ့္ေဖေဖာ္၀ါရီလ ၂၂ ရက္၊ တနလၤာေန႔ ေတြ႔ဆံုၾကမယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္ လႊတ္ေတာ္ထဲက တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးေကာ္မတီ အေဆာင္မွာ ေတြ႔ဆံု သြားမွာျဖစ္တယ္လို႔ ပဲခူးတိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠဌ ဦးခင္ေမာင္ရင္က ေျပာပါတယ္။

"က်ေနာ္တို႔ ၂၂ ရက္ေန႔မွာ သြားေရာက္ၿပီးေတာ့ အဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံု ရမွာျဖစ္ပါတယ္၊ အဲ့အတြက္ေပါ့ေနာ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေရးအေဆာင္မွာ ေတြ႔မွာပါ၊ က်ေနာ္တို႔ကေတာ့ ေရးရာေကာ္မတီမ်ားဖြဲ႔စည္းေရးကိစၥနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စြမ္းရည္ျမွင့္စစ္တမ္းမ်ား ဖြင့္လွစ္ေရးကိစၥမ်ားတင္ျပမွာေပါ့"

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ ၁၄ ခုထဲက ရခိုင္နဲ႔ ရွမ္းျပည္နယ္လႊတ္ေတာ္ ႏွစ္ခုကလဲြၿပီး က်န္တဲ့ ၁၂ ခုက လႊတ္ေတာ္ဥကၠဌနဲ႔ ဒုဥကၠဌေနရာေတြမွာ အန္အယ္လ္ဒီပါတီက ကိုယ္စားလွယ္ေတြကို ေရြးခ်ယ္တာဝန္ေပးထားတာျဖစ္ပါတယ္။ ရခုိင္ျပည္နယ္လႊတ္ေတာ္မွာေတာ့ ျပည္နယ္တြင္း အႏုိင္ရပါတီျဖစ္တဲ့ ANP ပါတီက ဦးစံေက်ာ္လွနဲ႔ ရွမ္းျပည္နယ္မွာ ျပည္နယ္တြင္း ေနရာအမ်ားဆံုးအႏုိင္ရထားတဲ့ ႀကံ႕ခိုင္ဖံ႔ြၿဖိဳးေရးပါတီက ဦးစိုင္းလံုးဆုိင္တုိ႔က လႊတ္ေတာ္ ဥကၠဌေတြအျဖစ္ ေရြးခ်ယ္တင္ေျမွာက္ခံထားရပါတယ္။

တုိင္းနဲ႔ျပည္နယ္လႊတ္ေတာ္ ဥကၠဌနဲ႔ ဒုဥကၠဌေတြဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔မွာ က်င္းပမယ့္ ျမန္မာ နိုင္ငံလႊတ္ေတာ္ဆိုင္ရာအဖြဲ႔ အစည္းအေဝးကို တက္ေရာက္သြားမယ္လို႔လည္း သိရပါတယ္။ ျမန္မာႏုိင္ငံ လႊတ္ေတာ္ဆုိင္ရာ အဖဲြ႔ကို လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ကဦးေဆာင္ၿပီး တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ လႊတ္ေတာ္ ဥကၠဌေတြနဲ႔ ဖဲြ႔စည္းမွာျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီအဖဲြ႔ အစည္းအေဝးကို ေနျပည္ေတာ္ လႊတ္ေတာ္ဝင္းထဲမွာ က်င္းပမွာျဖစ္ပါတယ္။

တိုင္း/ျပည္နယ္ လႊတ္ေတာ္အသီးသီးမွာ ေရးရာေကာ္မတီ ၉ ခုစီ ဖြဲ႔စည္းရမွာျဖစ္ၿပီး တခ်ိဳ႕တိုင္းေဒသႀကီးေတြမွာ စတင္ဖြဲ႔စည္းေနၿပီျဖစ္ပါတယ္။ ပဲခူးတိုင္းလႊတ္ေတာ္မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက လႊတ္ေတာ္ေရးရာေကာ္မတီ ၅ ခုမွာ ဖဲြ႔စည္းဖို႔ စီစဥ္ထားၿပီး လွ်ပ္စစ္နဲ႔စြမ္းအင္ေရးရာေကာ္မတီမွာ ဥကၠဌအျဖစ္ လက္ရွိပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဥာဏ္ဝင္းကို လ်ာထားေၾကာင္း ကမ္းလွမ္းထားေပမယ့္ ဦးဥာဏ္ဝင္းက သူ႔အေနနဲ႔ ေရးရာေကာ္မတီမွာ လုပ္ကိုင္လိုစိတ္မရွိေၾကာင္း အေၾကာင္းျပန္ၾကားထားတယ္လို႔ သိရပါတယ္။

လႊတ္ေတာ္ေရးရာေကာ္မတီေတြကို တိုင္းေဒသႀကီး/ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖြဲ႔ေတြ ဖြဲ႔စည္းၿပီးခ်ိန္မွ သာ ျပန္လည္ဖြဲ႔စည္းသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

.................................


ပြည်ထောင်စု လွှတ်တော်ကို ၂ဝ၁၄ ခုနှစ် မတ်လ ၁ဝ ရက်နေ့က လာရောက်လေ့လာတဲ့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် NLD ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ photo: Win Naung Toe/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လွှတ်တော် ဥက္ကဌတွေနဲ့ ဒုတိယဥက္ကဌတွေ နေပြည်တော်မှာ လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်၊ တနင်္လာနေ့ တွေ့ဆုံကြမယ်လို့ သိရပါတယ်။

နေပြည်တော် လွှတ်တော်ထဲက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောင်မှာ တွေ့ဆုံ သွားမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်က ပြောပါတယ်။

"ကျနော်တို့ ၂၂ ရက်နေ့မှာ သွားရောက်ပြီးတော့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ရမှာဖြစ်ပါတယ်၊ အဲ့အတွက်ပေါ့နော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအဆောင်မှာ တွေ့မှာပါ၊ ကျနော်တို့ကတော့ ရေးရာကော်မတီများဖွဲ့စည်းရေးကိစ္စနဲ့ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်စစ်တမ်းများ ဖွင့်လှစ်ရေးကိစ္စများတင်ပြမှာပေါ့"

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၁၄ ခုထဲက ရခိုင်နဲ့ ရှမ်းပြည်နယ်လွှတ်တော် နှစ်ခုကလွဲပြီး ကျန်တဲ့ ၁၂ ခုက လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌနေရာတွေမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တွေကို ရွေးချယ်တာဝန်ပေးထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ ပြည်နယ်တွင်း အနိုင်ရပါတီဖြစ်တဲ့ ANP ပါတီက ဦးစံကျော်လှနဲ့ ရှမ်းပြည်နယ်မှာ ပြည်နယ်တွင်း နေရာအများဆုံးအနိုင်ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းလုံးဆိုင်တို့က လွှတ်တော် ဥက္ကဌတွေအဖြစ် ရွေးချယ်တင်မြှောက်ခံထားရပါတယ်။

တိုင်းနဲ့ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌတွေဟာ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ နိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ အစည်းအဝေးကို တက်ရောက်သွားမယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ကို လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက ကဦးဆောင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် ဥက္ကဌတွေနဲ့ ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဖွဲ့ အစည်းအဝေးကို နေပြည်တော် လွှတ်တော်ဝင်းထဲမှာ ကျင်းပမှာဖြစ်ပါတယ်။

တိုင်း/ပြည်နယ် လွှတ်တော်အသီးသီးမှာ ရေးရာကော်မတီ ၉ ခုစီ ဖွဲ့စည်းရမှာဖြစ်ပြီး တချို့တိုင်းဒေသကြီးတွေမှာ စတင်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။ ပဲခူးတိုင်းလွှတ်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်ရေးရာကော်မတီ ၅ ခုမှာ ဖွဲ့စည်းဖို့ စီစဉ်ထားပြီး လျှပ်စစ်နဲ့စွမ်းအင်ရေးရာကော်မတီမှာ ဥက္ကဌအဖြစ် လက်ရှိပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းကို လျာထားကြောင်း ကမ်းလှမ်းထားပေမယ့် ဦးဉာဏ်ဝင်းက သူ့အနေနဲ့ ရေးရာကော်မတီမှာ လုပ်ကိုင်လိုစိတ်မရှိကြောင်း အကြောင်းပြန်ကြားထားတယ်လို့ သိရပါတယ်။

လွှတ်တော်ရေးရာကော်မတီတွေကို တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေ ဖွဲ့စည်းပြီးချိန်မှ သာ ပြန်လည်ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment