Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

ဦးေဗလုဝကား တုိက္ခုိက္ဖ်က္ဆီးခံရျခင္း မဟုတ္

 Friday, February 19, 2016
႐ုပ္ရွင္သရုပ္ေဆာင္၊ လူရႊင္ေတာ္၊ စာေရးဆရာ ဦးေဗလုဝ၏ ေမာ္ေတာ္ယာဥ္ ဖ်က္ဆီးခံရဟု Myanmar Daily Star အမည္ျဖင့္ Facebook လူမႈကြန္ရက္ စာမ်က္ႏွာတခုတြင္ ပ်က္ဆီးေန႔သည့္ကားႏွင့္ ဓါတ္ပုံတြဲတင္ထားျခင္းမွာ မဟုတ္ေၾကာင္း ဦးေဗလုဝက ဧရာဝတီကုိေျပာသည္။
လြန္ခဲ့သည့္ ၂ ႏွစ္ခန္႔က ဧရာဝတီတုိင္း ဒါးကၿမိဳ႕သုိ႔ စာေပေဟာေျပာပြဲ သြားေရာက္စဥ္ ၎စီးႏွင္းလာေသာ ကားအား အုတ္၊ သဲ၊ ေက်ာက္ သယ္သည့္ ေဆာက္လုပ္ေရးသုံး ကားတစီးက ေနာက္မွ ဝင္တုိက္မိျခင္းအား Facebook စာမ်က္ႏွာတြင္ သတင္းအျဖစ္ တင္ၾကျခင္းျဖစ္ေၾကာင္း ဦးေဗလုဝက ေျပာသည္။
“မဟုတ္ပါဘူးဗ်ာ၊ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ဒါးကဘက္ကုိ စာေပေဟာေျပာပြဲသြားရင္း အုတ္သဲေက်ာက္ ကားက ေနာက္ကေန ဝင္တုိက္တဲ့ပုံကုိ ေလွ်ာက္ တင္ေနၾကတာပါ။ မေန႔ကမွ ေဝါကေန စာေပေဟာေျပာပြဲ ျပန္လာတာ။ အခုအိမ္မွာ က်န္းက်န္းမာမာနဲ႔ ရွိေနပါတယ္ဗ်ာ”ဟု ဧရာဝတီသုိ႔ ေျပာသည္။
ဓါတ္ပုံမ်ား - Myanmar Daily Star
ေကာင္းျမတ္မင္း/ဧရာ၀တီ
.............



ဦးဗေလုဝကား တိုက်ခိုက်ဖျက်ဆီးခံရခြင်း မဟုတ်
Friday, February 19, 2016
ရုပ်ရှင်သရုပ်ဆောင်၊ လူရွှင်တော်၊ စာရေးဆရာ ဦးဗေလုဝ၏ မော်တော်ယာဉ် ဖျက်ဆီးခံရဟု Myanmar Daily Star အမည်ဖြင့် Facebook လူမှုကွန်ရက် စာမျက်နှာတခုတွင် ပျက်ဆီးနေ့သည့်ကားနှင့် ဓါတ်ပုံတွဲတင်ထားခြင်းမှာ မဟုတ်ကြောင်း ဦးဗေလုဝက ဧရာဝတီကိုပြောသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်က ဧရာဝတီတိုင်း ဒါးကမြို့သို့ စာပေဟောပြောပွဲ သွားရောက်စဉ် ၎င်းစီးနှင်းလာသော ကားအား အုတ်၊ သဲ၊ ကျောက် သယ်သည့် ဆောက်လုပ်ရေးသုံး ကားတစီးက နောက်မှ ဝင်တိုက်မိခြင်းအား Facebook စာမျက်နှာတွင် သတင်းအဖြစ် တင်ကြခြင်းဖြစ်ကြောင်း ဦးဗေလုဝက ပြောသည်။
“မဟုတ်ပါဘူးဗျာ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒါးကဘက်ကို စာပေဟောပြောပွဲသွားရင်း အုတ်သဲကျောက် ကားက နောက်ကနေ ဝင်တိုက်တဲ့ပုံကို လျှောက် တင်နေကြတာပါ။ မနေ့ကမှ ဝေါကနေ စာပေဟောပြောပွဲ ပြန်လာတာ။ အခုအိမ်မှာ ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်ဗျာ”ဟု ဧရာဝတီသို့ ပြောသည်။
ဓါတ်ပုံများ - Myanmar Daily Star
ကောင်းမြတ်မင်း/ဧရာဝတီ

No comments:

Post a Comment