Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

ရခိုင္ေဒသဖံြ႔ၿဖိဳးေရး ေဒၚလာ ၅သန္း အေမရိကန္ ေထာက္ပံ့မည္


ရခိုင္ျပည္နယ္တြင္းက ပဋိပကၡေဘးသင့္ျပည္သူ လူထုေတြနဲ႔ ေရႊ႔ေျပာင္း ဒုကၡသည္ေတြ အတြက္ ကူညီေထာက္ပံ႔မႈေတြ ေပးသြားမယ္လို႔ အေမရိကန္ ႏိုင္ငံတကာ ဖြံ႔ျဖိဳးမႈေအဂ်င္စီက ေျပာဆိုလိုက္ပါတယ္။ ရခိုင္ျပည္နယ္က ျပည္သူလူထုေတြရဲ႕ သက္ေမြးဝမ္းေက်ာင္းမႈဆိုင္ရာ အခြင့္အလမ္းေတြ တိုးတက္လာဖို႔ ကူညီတာျဖစ္တယ္လို႔လည္း ေျပာပါတယ္။ အျပည့္အစံုကို VOA သတင္းေထာက္ မသိဂၤ ီလင္းက ေျပာျပေပးပါမယ္။
အေမရိကန္ ႏိုင္ငံတကာဖြံ႔ျဖိဳးမႈေအဂ်င္စီ ေၾကညာခ်က္
ရခိုင္ျပည္နယ္တြင္းက ပဋိပကၡေဘးသင့္ျပည္သူလူထုေတြနဲ႔ ေရႊ႔ေျပာင္းဒုကၡသည္ေတြ လ်င္ျမန္စြာ ျပန္လည္ထူေထာင္ႏုိင္ဖို႔အတြက္ အေမရိကန္ေဒၚလာ ငါးသန္း ကူညီေထာက္ပံံ့ သြားမယ္လို႔ အေမရိကန္ ႏိုင္ငံတကာ ဖြံ႔ျဖိဳးမႈေအဂ်င္စီ ေျပာေရး ဆိုခြင့္ရွိသူက အခုလို ေျပာဆိုလိုက္ပါတယ္။

"ျမန္မာျပည္သူလူထုေတြကို ကူညီေထာက္ပံ႔ေပးဖို႔ ကတိကဝတ္ေပးထားတဲ႔အတိုင္း အခု အေမရိကန္ ႏိုင္ငံကတာဖြံ႔ျဖိဳးမႈေအဂ်င္စီအေနနဲ႔ ရခိုင္ေဒသက ျပည္သူလူထုကို ကူညီေထာက္ပံ႔မယ့္ အစီအစဥ္သစ္ကို စတင္လိုက္ပါျပီ။ ဒီအစီအစဥ္အရ ရခိုင္ျပည္နယ္က ပဋိပကၡေဘးသင့္ လူမႈ အသုိက္အဝန္းေတြ၊ ေနရပ္ေျပာင္းေရႊ႕ ဒုကၡသည္ေတြနဲ႔ ဆင္းရဲ ႏြမ္းပါးသူေတြ အတြက္ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းေတြႏွင့္ ျပန္လည္ ထူေထာင္ႏိုင္ေရး လုပ္ငန္းေတြ လ်င္ျမန္စြာ ေဆာင္ရြက္ႏုိင္ဖို႔ အေမရိကန္ေဒၚလာငါးသန္းကုိ ကူညီ ပံ့ပုိးသြားမွာျဖစ္ပါတယ္။ ဒီအစီအစဥ္အရ အိမ္ေထာင္စု ကိုးေထာင္၊ ဒါမွမဟုတ္ လူဦးေရ ေလးေသာင္းငါးေထာင္ေလာက္ကို ကူညီေထာက္ပံ႔ႏုိင္မွာျဖစ္ျပီး သူတို႔အတြက္ အေျခခံ ဝန္ေဆာင္မႈေတြ ေစ်းကြက္၊ အေျခခံ အေဆာက္အအုံ ႏွင့္ စီးပြားေရးအခြင့္အလမ္းေတြ ပိုျပီး တိုးတက္လာမွာျဖစ္ပါတယ္။"

အခုလို ကူညီေထာက္ပံ႔တဲ႔အစီအစဥ္အရ ရခိုင္ျပည္နယ္က လူ႔အဖဲြ႔အစည္းေတြ ကိုယ္တုိင္ကသာ မိမိတို႔ရဲ႕ လိုအပ္ခ်က္ေတြ၊ ဖြံ႔ျဖိဳးတိုးတက္ဖို႔ လိုအပ္ေနတဲ႔ က႑ေတြကို ေဖာ္ထုတ္ျပီး ျပန္လည္ ထူေထာင္ေရးလုပ္ငန္းေတြကို ဦးေဆာင္ ရမွာျဖစ္ပါတယ္။

ဒါဟာ အေမရိကန္ ႏိုင္ငံတကာဖြံ႔ျဖိဳးမႈေအဂ်င္စီက ခ်မွတ္ထားတဲ႔ စည္းမ်ဥ္း စည္းကမ္းျဖစ္ျပီး ဒီလိုေဆာင္ရြက္ေစျခင္းအားျဖင့္ ခြဲျခားဆက္ဆံမႈမရွိေအာင္၊ အားလံုးပါဝင္ႏိုင္ေအာင္၊ ပြင့္လင္းျမင္သာမႈရွိေအာင္၊ တာဝန္ခံမႈရွိေအာင္၊ အရပ္ဖက္စြမ္းေဆာင္ရည္ တုိးျမင့္လာေအာင္နဲ႔ ေဒသတြင္းအေျခအေနေတြကို အသိေပးေလးစားလိုက္နာရာ ေရာက္မွာျဖစ္တယ္လို႔ သူက ေျပာပါတယ္။

အေမရိကန္သံရံုးအေနနဲ႔လည္း ရခိုင္ျပည္နယ္က ျပည္သူလူထုေတြရဲ႕ လူေနမႈဘဝအရည္အေသြးေတြ တိုးျမင့္လာေစဖို႔ ႏုိင္ငံတကာအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက အခုလို ေျပာပါတယ္။

"ရခိုင္ေဒသက လူ႔အဖြဲ႔အစည္းေတြရဲ႕ လူေနမႈဘဝအရည္အေသြးေတြ တိုးတက္လာဖို႔ အေမရိကန္သံရံုးက ႏုိင္ငံတကာအဖြဲ႔အစည္းေတြနဲ႔လည္း ပူးေပါင္းေဆာင္ရြက္ေန ပါတယ္။ စီးပြားေရးအခြင့္အလမ္းေတြ ဖန္တီးေပးတာ၊ အေျခခံအေဆာက္အအံုေတြ တိုးတက္ေအာင္ ေဆာင္ရြက္ေပးတာ၊ ပညာေရးအခြင့္အလမ္းေတြ တိုးျမွင့္ေပးတာ၊ အားလံုးအတြက္ က်န္းမာေရးနဲ႔ သက္ေမြးဝမ္းေက်ာင္း အခြင့္အေရးေတြ ပံ႔ပိုးေပးတာ အပါအဝင္ လူ႔အဖြဲ႔အစည္းေတြၾကား ယံုၾကည္မႈတည္ေဆာက္ရာမွာ ကူညီေဆာက္ရြက္ေပးဖို႔လည္း ၾကိဳးစားေနပါတယ္။

အေမရိကန္ ႏုိင္ငံတကာဖြံ႔ျဖိဳးမႈ ေအဂ်င္စီအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ အခြင့္အေရးနဲ႔ အလားအလာေကာင္းမ်ားစြာကို အျပည့္အဝ အေကာင္အထည္ေဖာ္ႏုိင္ ဖို႔ ျပည္တြင္းျပည္ပ အဖြဲ႔အစည္းေတြနဲ႔လည္း အနီးကပ္ ပူးေပါင္းေဆာင္ရြက္ သြားမွာျဖစ္ပါတယ္။"

အေမရိကန္ ႏုိင္ငံတကာ ဖြံ႔ျဖိဳးေရးေအဂ်င္စီ အဖြဲ႔ဟာ ၂၀၀၀ ျပည့္ႏွစ္ ကတည္းက ျမန္မာႏုိင္ငံ မွာ လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီေတြ ေပးေန တာျဖစ္ပါတယ္။၂၀၁၃ ခုႏွစ္မွာ စတင္ျပီး ေရြးေကာက္ပြဲေကာ္မရွင္၊ ႏုိင္ငံေရးပါတီေတြ အျပင္ အရပ္ဖက္လူ႔အဖဲြ႔အစည္းေတြကိုပါ ေရြးေကာက္ပြဲဆုိင္ရာ အကူအညီေတြ ေပးခဲ႔ပါတယ္။

သိဂႌလင္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.............................................


ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခဘေးသင့်ပြည်သူ လူထုတွေနဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ အတွက် ကူညီထောက်ပံ့မှုတွေ ပေးသွားမယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ပြည်သူလူထုတွေရဲ့ သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းတွေ တိုးတက်လာဖို့ ကူညီတာဖြစ်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ ကြေညာချက်
ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခဘေးသင့်ပြည်သူလူထုတွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ လျင်မြန်စွာ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ငါးသန်း ကူညီထောက်ပံံ့ သွားမယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ ပြောရေး ဆိုခွင့်ရှိသူက အခုလို ပြောဆိုလိုက်ပါတယ်။

"မြန်မာပြည်သူလူထုတွေကို ကူညီထောက်ပံ့ပေးဖို့ ကတိကဝတ်ပေးထားတဲ့အတိုင်း အခု အမေရိကန် နိုင်ငံကတာဖွံ့ဖြိုးမှုအေဂျင်စီအနေနဲ့ ရခိုင်ဒေသက ပြည်သူလူထုကို ကူညီထောက်ပံ့မယ့် အစီအစဉ်သစ်ကို စတင်လိုက်ပါပြီ။ ဒီအစီအစဉ်အရ ရခိုင်ပြည်နယ်က ပဋိပက္ခဘေးသင့် လူမှု အသိုက်အဝန်းတွေ၊ နေရပ်ပြောင်းရွှေ့ ဒုက္ခသည်တွေနဲ့ ဆင်းရဲ နွမ်းပါးသူတွေ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေနှင့် ပြန်လည် ထူထောင်နိုင်ရေး လုပ်ငန်းတွေ လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ အမေရိကန်ဒေါ်လာငါးသန်းကို ကူညီ ပံ့ပိုးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အိမ်ထောင်စု ကိုးထောင်၊ ဒါမှမဟုတ် လူဦးရေ လေးသောင်းငါးထောင်လောက်ကို ကူညီထောက်ပံ့နိုင်မှာဖြစ်ပြီး သူတို့အတွက် အခြေခံ ဝန်ဆောင်မှုတွေ စျေးကွက်၊ အခြေခံ အဆောက်အအုံ နှင့် စီးပွားရေးအခွင့်အလမ်းတွေ ပိုပြီး တိုးတက်လာမှာဖြစ်ပါတယ်။"

အခုလို ကူညီထောက်ပံ့တဲ့အစီအစဉ်အရ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေ ကိုယ်တိုင်ကသာ မိမိတို့ရဲ့ လိုအပ်ချက်တွေ၊ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့ ကဏ္ဍတွေကို ဖော်ထုတ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ဦးဆောင် ရမှာဖြစ်ပါတယ်။

ဒါဟာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းဖြစ်ပြီး ဒီလိုဆောင်ရွက်စေခြင်းအားဖြင့် ခွဲခြားဆက်ဆံမှုမရှိအောင်၊ အားလုံးပါဝင်နိုင်အောင်၊ ပွင့်လင်းမြင်သာမှုရှိအောင်၊ တာဝန်ခံမှုရှိအောင်၊ အရပ်ဖက်စွမ်းဆောင်ရည် တိုးမြင့်လာအောင်နဲ့ ဒေသတွင်းအခြေအနေတွေကို အသိပေးလေးစားလိုက်နာရာ ရောက်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်သံရုံးအနေနဲ့လည်း ရခိုင်ပြည်နယ်က ပြည်သူလူထုတွေရဲ့ လူနေမှုဘဝအရည်အသွေးတွေ တိုးမြင့်လာစေဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

"ရခိုင်ဒေသက လူ့အဖွဲ့အစည်းတွေရဲ့ လူနေမှုဘဝအရည်အသွေးတွေ တိုးတက်လာဖို့ အမေရိကန်သံရုံးက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေ ပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ အခြေခံအဆောက်အအုံတွေ တိုးတက်အောင် ဆောင်ရွက်ပေးတာ၊ ပညာရေးအခွင့်အလမ်းတွေ တိုးမြှင့်ပေးတာ၊ အားလုံးအတွက် ကျန်းမာရေးနဲ့ သက်မွေးဝမ်းကျောင်း အခွင့်အရေးတွေ ပံ့ပိုးပေးတာ အပါအဝင် လူ့အဖွဲ့အစည်းတွေကြား ယုံကြည်မှုတည်ဆောက်ရာမှာ ကူညီဆောက်ရွက်ပေးဖို့လည်း ကြိုးစားနေပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးနဲ့ အလားအလာကောင်းများစွာကို အပြည့်အဝ အကောင်အထည်ဖော်နိုင် ဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။"

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ အဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ် ကတည်းက မြန်မာနိုင်ငံ မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေ တာဖြစ်ပါတယ်။၂၀၁၃ ခုနှစ်မှာ စတင်ပြီး ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတွေ အပြင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုပါ ရွေးကောက်ပွဲဆိုင်ရာ အကူအညီတွေ ပေးခဲ့ပါတယ်။

သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment