Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

ဝန္ႀကီးဌာန ၁၄ ခု ေျဖၾကားဖုိ႔ ပ်က္ကြက္တဲ့အဆုိ ျပည္သူ႔ လႊတ္ေတာ္ အတည္ျပဳ (ဝန်ကြီးဌာန ၁၄ ခု ဖြေကြားဖို့ ပျက်ကွက်တဲ့အဆို ပြည်သူ့ လွှတ်တော် အတည်ပြု )

လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္ ကို ျပည္သူ႔လႊတ္ေတာ္မွာ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က ေတြ႕ရစဥ္
ျပည္သူ႔လႊတ္ေတာ္မွာ ေဆြးေႏြးေနတဲ့ အစိုးရရဲ႕ စီမံကိန္္းေတြ နုိင္ငံပိုင္ေျမ စတာေတြနဲ႔ ပတ္သက္ၿပီး အစိုးရ ၀န္ႀကီးဌာနေတြက လာေရာက္ေျဖၾကားရွင္းလင္းႏုိင္ဖုိ႔ လႊတ္ေတာ္က ဖိတ္ၾကားခဲ့ေပမယ့္ ၀န္ႀကီးဌာနေတြကို အခ်ိန္မီ ေစလႊတ္ေပးနုိင္ျခင္းမရိွေၾကာင္း အစိုးရက အေၾကာင္းၾကားထားတယ္လို႔ ျပည္သူ႔လႊတ္္ေတာ္ ဥကၠဌက ေၾကညာလုိက္ပါတယ္။

ျပည္သူ႔လႊတ္္ေတာ္ကိုယ္စားလွယ္ ေဒၚခင္စန္းလႈိင္ရဲ့ အေရးႀကီးအဆုိအေပၚ ကိုယ္စားလွယ္ ၁၂ ဦး နဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္တစ္ဦးတုိ႔ ေဆြးေႏြးၿပီးေနာက္ လႊတ္ေတာ္ဥကၠဌ ဦး၀င္းျမင့္ က ျပည္ေထာင္စု အစိုးရရံုးက အေၾကာင္းျပန္စာကို အသိေပးေၾကညာတာျဖစ္ပါတယ္။

"လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ခင္ဗ်၊ အခုေဆြးေႏြးေနတဲ့ အဆိုနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာဝန္ႀကီးဌာန ၁၄ ခုကို ေျဖၾကားရွင္းလင္းရန္ ဖိတ္ၾကားခဲ့ေသာ္လည္း ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးက အေရးႀကီးအဆိုမ်ားပါ အေၾကာင္းကိစၥရပ္မ်ားကို ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ပထမပံုမွန္အစည္းအေဝးတြင္ ေဆြးေႏြးရန္ သင့္၊ မသင့္ က်ယ္က်ယ္ျပန္႔ျပန္႔ စဥ္းစားသံုသပ္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ လက္ရွိအေျခအေနတြင္ အစိုးရအဖြဲ႕သစ္ သို႔ လုပ္ငန္းတာဝန္မ်ား စနစ္တက်လႊဲေျပာင္းေပးႏိုင္ေရးအတြက္ ေဆာင္ရြက္ေနပါသျဖင့္ အေရးႀကီးအဆို ကို ေျဖရွင္းေဆြးေႏြးႏိုင္ေရးအတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ ေလ့လာရန္ လိုအပ္ေနပါသျဖင့္ အေရးႀကီးအဆိုမ်ား ကို ေျဖရွင္းေဆြးေႏြးရန္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားကို အခ်ိန္မီေစလႊတ္ေပးႏိုင္ျခင္း မရွိပါေၾကာင္း အေၾကာင္းျပန္ၾကားလာပါတယ္"

ေစတုတၱရာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေအာင္လြင္က ေဒၚခင္စန္းလိႈင္ရဲ႕ အဆိုကို ေထာက္ ခံေဆြးေႏြးစဥ္မွာ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းနဲ႔ ဆက္စပ္ၿပီး  ေဆြးေႏြးခဲ့ရာ တပ္မေတာ္သား ကိုယ္စား လွယ္အားလံုးက တၿပိဳင္တည္း မတ္တပ္ရပ္ ကန္႔ကြက္ခဲ့ၾကပါတယ္။

အေရးႀကီးအဆိုတင္သြင္းခဲ့တဲ့ ေဒၚခင္စန္းလိႈင္က အစိုးရသစ္ထံ တာ၀န္မလဲႊေျပာင္းမီ ႏုိင္ငံပိုင္ေျမ၊ စက္ရံု၊ စီမံကိန္းေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ငွားရမ္းေရာင္းခ် လဲႊေျပာင္းတာေတြ၊ က်ဴးေက်ာ္ေတြကို အဓမၼဖယ္ရွားေန တာေတြနဲ႔ ပတ္သက္ၿပီး စိစစ္ဟန္႔တားေပးဖို႔ တိုက္တြန္းတဲ့ အဆိုကို မေန႔က တင္သြင္းခဲ့တာျဖစ္ပါတယ္။

အဲဒီအဆုိအေပၚ ကိုယ္စားလွယ္ ၁၂ဦး တပ္မေတာ္သား ကိုယ္စားလွယ္ ၁ဦး စုစုေပါင္း ၁၃ ဦးက ေဆြးေႏြးရာမွာ အန္အယ္လ္ဒီ၊ ၾကံ့ခိုင္ဖံ႔ြၿဖိဳးေရးပါတီနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြအၾကား သေဘာထားကဲြလဲြခဲ့ တာျဖစ္ပါတယ္။ အန္အယ္လ္ဒီ ကိုယ္စားလွယ္အမ်ားစု ေဆြးေႏြးတဲ့အထဲမွာ က်ဴးေက်ာ္ေနထိုင္သူေတြကို အဓမၼဖယ္ရွားမႈေတြကို ကန္႔ကြက္ေဆြးေႏြးၾကတာမ်ားပါတယ္။

အဆုိကို သက္ဆုိင္ရာ၀န္ႀကီးဌာန ၁၄ ခုက ေျဖၾကားဖို႔ ပ်က္ကြက္ခဲ့တဲ့အတြက္ လႊတ္ေတာ္ရဲ့ လုပ္ထံုးလုပ္နည္းအတုိင္း မဲခဲြဆံုးျဖတ္ရာမွာ ေထာက္ခံသူမ်ားတာေၾကာင့္ အတည္ျပဳလုိက္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
............
 လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ပြည်သူ့လွှတ်တော်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်
ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အစိုးရရဲ့ စီမံကိန််းတွေ နိုင်ငံပိုင်မြေ စတာတွေနဲ့ ပတ်သက်ပြီး အစိုးရ ၀န်ကြီးဌာနတွေက လာရောက်ဖြေကြားရှင်းလင်းနိုင်ဖို့ လွှတ်တော်က ဖိတ်ကြားခဲ့ပေမယ့် ၀န်ကြီးဌာနတွေကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်းမရှိကြောင်း အစိုးရက အကြောင်းကြားထားတယ်လို့ ပြည်သူ့လွှတ််တော် ဥက္ကဌက ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ််တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီးအဆိုအပေါ် ကိုယ်စားလှယ် ၁၂ ဦး နဲ့ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးတို့ ဆွေးနွေးပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြည်ထောင်စု အစိုးရရုံးက အကြောင်းပြန်စာကို အသိပေးကြေညာတာဖြစ်ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျ၊ အခုဆွေးနွေးနေတဲ့ အဆိုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန ၁၄ ခုကို ဖြေကြားရှင်းလင်းရန် ဖိတ်ကြားခဲ့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အရေးကြီးအဆိုများပါ အကြောင်းကိစ္စရပ်များကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးရန် သင့်၊ မသင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အစိုးရအဖွဲ့သစ် သို့ လုပ်ငန်းတာဝန်များ စနစ်တကျလွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်နေပါသဖြင့် အရေးကြီးအဆို ကို ဖြေရှင်းဆွေးနွေးနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန် လိုအပ်နေပါသဖြင့် အရေးကြီးအဆိုများ ကို ဖြေရှင်းဆွေးနွေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို အချိန်မီစေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း အကြောင်းပြန်ကြားလာပါတယ်"

စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုကို ထောက် ခံဆွေးနွေးစဉ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်စပ်ပြီး  ဆွေးနွေးခဲ့ရာ တပ်မတော်သား ကိုယ်စား လှယ်အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြပါတယ်။

အရေးကြီးအဆိုတင်သွင်းခဲ့တဲ့ ဒေါ်ခင်စန်းလှိုင်က အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီ နိုင်ငံပိုင်မြေ၊ စက်ရုံ၊ စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ငှားရမ်းရောင်းချ လွှဲပြောင်းတာတွေ၊ ကျူးကျော်တွေကို အဓမ္မဖယ်ရှားနေ တာတွေနဲ့ ပတ်သက်ပြီး စိစစ်ဟန့်တားပေးဖို့ တိုက်တွန်းတဲ့ အဆိုကို မနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအဆိုအပေါ် ကိုယ်စားလှယ် ၁၂ဦး တပ်မတော်သား ကိုယ်စားလှယ် ၁ဦး စုစုပေါင်း ၁၃ ဦးက ဆွေးနွေးရာမှာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲခဲ့ တာဖြစ်ပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်အများစု ဆွေးနွေးတဲ့အထဲမှာ ကျူးကျော်နေထိုင်သူတွေကို အဓမ္မဖယ်ရှားမှုတွေကို ကန့်ကွက်ဆွေးနွေးကြတာများပါတယ်။

အဆိုကို သက်ဆိုင်ရာဝန်ကြီးဌာန ၁၄ ခုက ဖြေကြားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူများတာကြောင့် အတည်ပြုလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment