Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

“ေဒၚေအာင္ဆန္းစုၾကည္က သမၼတေနရာရမွရယ္မဟုတ္ဘူး။ ဘယ္ေနရာမွမယူလည္း ကိစၥမရွိဘူး” စာေရးဆရာေက်ာ္၀င္းႏွင့္ေတြ႕ဆံုျခင္း(အပုိင္း - ၁)



ျမန္မာႏုိင္ငံ၏ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး၌ အေရးပါေသာ ၂၀၁၅ ေရြးေကာက္ပြဲတြင္ အမ်ဳိးသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္က အမ်ားစုအႏုိင္ရရွိခဲ့ရာ ၾကံ့ခိုင္ေရးပါတီႀကီးစုိးခဲ့ေသာ ဥပေဒျပဳအာဏာကုိ NLD ပါတီ၀င္ အမ်ားစု ပါေသာ လႊတ္ေတာ္သစ္က ၿငိမ္းခ်မ္းစြာလႊဲေျပာင္းရယူႏုိင္ခဲ့ၿပီးျဖစ္သည္။ အစုိးရအဖြဲ႕၏ အုပ္ခ်ဳပ္ေရး အာဏာကုိ ဆက္လက္လႊဲေျပာင္းရယူရာတြင္ ေဒၚေအာင္ဆန္းစုၾကည္ကုိ သမၼတအျဖစ္တင္ေျမႇာက္ႏုိင္ေရးတြင္ အတားအဆီး ျဖစ္ေနေသာ အေျခခံဥပေဒပုဒ္မ ၅၉(စ)ကုိ ဆုိင္းငံ့ရန္ သုိ႔မဟုတ္ ျပင္ဆင္ရန္ လုပ္ငန္းစဥ္မ်ားကုိ မၾကာမီ ရက္ပုိင္းအတြင္း ျမင္ေတြ႕ရေတာ့မည္ျဖစ္သည္။ အေျခခံဥပေဒကုိ ဒီမုိကေရစီစံႏႈန္းမ်ားအတုိင္း NLD ျပင္ဆင္ရန္ ႀကိဳးစားမႈမ်ားကုိ လႊတ္ေတာ္တြင္ ၂၅ ရာခိုင္ႏႈန္းရယူထားေသာ တပ္မေတာ္က လက္ခံႏုိင္မႈရွိမရွိႏွင့္ ျဖစ္ေပၚ လာႏုိင္ေသာ ႏုိင္ငံေရးအေျခအေနမ်ားကုိ ဆရာေက်ာ္၀င္းႏွင့္ေတြ႕ဆံုေမးျမန္းခဲ့သည္မ်ားမွ ေကာက္ႏုတ္ ေဖာ္ျပပါသည္။

Voice: ေဖေဖာ္ဝါရီလ ၈ရက္မွ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးစေခၚလိုက္တယ္ေပါ့။ လႊတ္ေတာ္က စာထြက္တယ္ေပါ့။ လႊတ္ေတာ္က စာထဲမွာ ေတာ့ ႏိုင္ငံေတာ္သမၼတ သက္ဆိုင္ရာ လႊတ္ေတာ္ေတြက သမၼတေ႐ြးခ်ယ္ေရးအတြက္ ရက္သတ္မွတ္ေပးဖို႔ အစည္းအေဝးလုပ္မယ္ ဆိုၿပီးေခၚထားတာေပါ့။ ခု ႏိုင္ငံေရးအေျခအေနမွာ NLD ပါတီကလည္း ၅၉(စ) ျပင္ဖို႔ဆိုၿပီးေတာ့ ဆိုင္းငံ့ဖို႔ အဆိုတင္ထားတာရွိတယ္။ တပ္မေတာ္သားေတြကလည္း ျပည္သူ႕လႊတ္ ေတာ္မွာ အေျခခံဥပေဒအတိုင္း ျပင္ဆင္ေရးအတိုင္းပဲ ဆက္သြားမယ္ဆိုၿပီး ေျပာထားတာ ရွိတယ္ေပါ့။ ခုလက္ရွိအေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ဆရာရဲ႕ အျမင္က ဘယ္လိုရွိလာမလဲ။

UKW: ဆင္ျမဴရယ္ ဘတ္တလာထင္ပါတယ္။ သူေျပာတဲ့ စကားတစ္ခြန္းရွိတယ္။ ဘ၀ဆိုတာတဲ့ မေရရာတဲ့ နိဒါန္းေတြကေန ေရရာတဲ့ နိဂုံးေတြ ေကာက္ခ်က္ဆြဲရတဲ့ အႏုပညာတစ္ခုပဲတဲ့ ။ ခုဗမာ့ႏိုင္ငံေရးကလည္း အဲလိုပဲေျပာရမလားမသိဘူး။ ကၽြန္ေတာ္တို႔က တိက်တဲ့ Predict ေတြ လုပ္ႏိုင္ဖို႔အတြက္က နံပါတ္(၁) လိုအပ္ခ်က္က ေရရာ၊ ေသခ်ာတဲ့ Information ရဖို႔လိုတာကို။ ဒါေပမဲ့ ခုခ်ိန္မွာ Information က ကၽြန္ေတာ္တို႔ အျပည့္ အဝမရႏိုင္ဘူး။ ဒါလည္း သူ႕ဟာနဲ႔သူ သဘာ၀က်တယ္။ ၾကည့္ရတာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီအေနနဲ႔ ဘာတစ္ခုမွ Commit ျဖစ္မခံ ခ်င္ဘူးထင္ပါတယ္။ မွားလည္း မွားႏိုင္တဲ့ အေျခအေနေတြရွိတယ္။ ျမန္မာ့ႏိုင္ငံေရးကလည္း အတိမ္းအေစာင္းအျဖစ္မခံတဲ့အေျခအေနျဖစ္ေတာ့ သူ႕ဘက္ ကလည္း သတင္းကိုထိန္းမွာပဲ။ ဒါကို ကၽြန္ေတာ္တို႔ အျပစ္တင္လို႔ေတာ့ မရဘူး။ သူ႕ဘက္ကတတ္ႏိုင္သေလာက္ထိန္းမွာ။ အေျခအေနကိုက ဒီတိုင္းျဖစ္ေနတာ။ ကၽြန္ေတာ္တို႔ ရႏိုင္တဲ့ သတင္းအခ်က္အလက္က သိပ္အားနည္းတယ္။ အဲဒီကေန တိက်တဲ့ Predict ရဖို႔ဆိုတာ သိပ္မလြယ္ဘူး။ ကၽြန္ေတာ္တို႔ ဒီလိုက စေျပာရမယ္ထင္တယ္။
ပထမဆုံး ခုအျငင္းပြားေနတဲ့ ၅၉(စ) ဆိုင္းငံ့ဆိုတဲ့ ကိစၥေပါ့။ ဒါက ကၽြန္ေတာ့္အျမင္ေျပာရင္ ကၽြန္ေတာ္တို႔အစတုန္းက တစ္ေလၽွာက္ လုံးသိထားတာက အိမ္ေစာင့္အစိုးရလက္ထက္မွာ ပုဒ္မ(၁၁၆)ကို ျပင္ဆင္တာလို႔ပဲ သိထားတယ္။ ဒါေပမဲ့ ခု ဆိုင္းငံ့ဆိုတာၾကားေတာ့ ကၽြန္ေတာ္လည္း ေတာ္ ေတာ္အံ့ဩတယ္။ အဲဒါနဲ႔ကၽြန္ေတာ္တို႔ စာအုပ္ေတြရွာၾကည့္ေတာ့ လြယ္လြယ္ရွိတဲ့ စာအုပ္ေပါ့။ အစိုးရထုတ္တာပါပဲ။ သမိုင္းမွန္ ျပဳစုေရးေကာ္မရွင္ ဆရာဦးထြန္းေအာင္ရွိန္တို႔ လုပ္တာ။ ဗမာ့သမိုင္းထဲမွာေတာ့ ရွားရွားပါးပါးပညာရွင္ေတြျပဳစုတဲ့ စာအုပ္လို႔ ေယဘုယ်ေျပာရတာေပါ့။ အားနည္းခ်က္ေတာ့ တခ်ိဳ႕ရွိသေလာက္ရွိတာေပါ့ေလ။ အဲဒီစာအုပ္ရဲ႕ အတြဲ(၂)မွာ ပါလာတယ္။ ဦးေက်ာ္ၿငိမ္းက တင္တဲ့ဟာေပါ့ေနာ္။
၁။ ဤဥပေဒကို ၁၉၅၉ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ ျပင္ဆင္ခ်က္အက္ဥပေဒဟု ေခၚတြင္ေစရမည္။
၂။ ဤအက္ဥပေဒသည္ ေနာက္တစ္ႀကိမ္ေ႐ြးေကာက္ပြဲ တင္ေျမႇာက္သည့္ ျပည္သူ႕လႊတ္ေတာ္မွ အမည္တင္သြင္းေသာပုဂၢိဳလ္အား ႏိုင္ငံေတာ္သမၼတက ဝန္ႀကီးခ်ဳပ္ခန္႔ထားသည့္ ေန႔ရက္တိုင္ေအာင္ အာဏာတည္ေစရမည္။
၃။ ဤအက္ဥပေဒ အာဏာတည္လ်က္ ရွိေနသမၽွ ကာလပတ္လုံး ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ ပုဒ္မ(၁၁၆)ပါ ျပ႒ာန္းခ်က္မ်ားကို ႐ုပ္သိမ္းထားသကဲ့သို႔ မွတ္ယူေစရမည္။
ဒီတိုင္းပါတယ္။ အဲဒီေတာ့ သူက ဆိုင္းငံ့ဆိုတဲ့ စကားလုံးေတာ့ တစ္လုံးမွမေတြ႕ဘူး။ ျပင္ဆင္တာ။ သို႔ေသာ္ ျပင္ဆင္တာ ထူးျခားခ်က္က ကာလသတ္မွတ္ ခ်က္ပါတယ္။ ဘယ္ထိလဲဆိုေတာ့ ေနာက္တစ္ႀကိမ္လုပ္မယ့္ျပည္သူ႕လႊတ္ေတာ္က တင္လိုက္တဲ့ ဝန္ႀကီးခ်ဳပ္ မေပၚမခ်င္း၊ တစ္နည္းေျပာရင္ေတာ့ ၁၉၆၀ ေ႐ြးေကာက္ပြဲက ထြက္လာတဲ့ ဝန္ႀကီးခ်ဳပ္ Posting မရွိမခ်င္း၊ ဒီဥပေဒတည္မယ္ဆိုတဲ့ သေဘာ။ အခ်ိန္ကာလ ကန္႔သတ္ခ်က္နဲ႔ေပါ့။ အဲေတာ့ ဒါကေတာ့ သမိုင္းထဲမွာ ရွိခဲ့တဲ့ဟာ။ ကၽြန္ေတာ္ေတာ့ ဆိုင္းငံ့တယ္ဆိုတာ မေတြ႕ဘူး။ ျပင္ဆင္တာပဲ ေတြ႕တယ္။ သို႔ေသာ္ Public ေပါ့၊ သမိုင္းစာအုပ္ေတြအပါအဝင္ Public ကိုထုတ္ျပန္တာဟာ ျပင္ဆင္ခ်က္လုပ္ၿပီးေတာ့ ဥပေဒေၾကာင္းအရေတာ့ သီးျခားဆိုင္းငံ့တယ္လို႔မ်ား သုံးမလားေတာ့ မသိဘူး။ ဒါေတာ့ မေသခ်ာဘူး။ ကၽြန္ေတာ္မေျပာရဲဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ ကၽြန္ေတာ္က ဥပေဒသမားမဟုတ္လို႔။ သမိုင္းစာအုပ္ေတြအလိုအရဆိုရင္ေတာ့ ျပင္ဆင္တာ ၊ ဆိုင္းငံ့တာ မဟုတ္ဘူး ဒါကတစ္ခ်က္။ ခု ကၽြန္ေတာ္တို႔ လက္ရွိ ၄၃၆။ ၄၃၆ ျပန္ၾကည့္ေတာ့ ၄၃၆မွာ ၅၉(စ) ဘယ္ထဲပါလဲဆိုေတာ့ ၄၃၆ရဲ႕ (က)ထဲမွာပါတယ္။ (က) ထဲမွာပါရင္ ၇၅+၁+ ဆႏၵခံယူပြဲ။ အဲဒါမွ ျပင္ရမွာ။ ျပင္မယ္ဆိုရင္ အဲဒီဟာနဲ႔အက်ဳံးဝင္သြားၿပီ။ ဒါေပမဲ့ ခုဟာက အၿပီးျပင္မွာမဟုတ္ဘူး။ ယာယီပဲျပင္မွာ။ အခ်ိန္ကာလသတ္မွတ္ၿပီးေတာ့ပဲ ျပင္မွာဆိုတဲ့အခါက်ေတာ့ အဲဒီ ၄၃၆(က) နဲ႔ အက်ဳံးဝင္၊ မဝင္။ majority vote နဲ႔ျပင္လို႔ရမရ ဒါဥပေဒသမားေတြ စဥ္းစားရေတာ့မယ္။ အက်ဳံးဝင္၊ မဝင္ေပါ့။ ဝင္ခ်င္မွလည္း ဝင္မယ္။ ဝင္ခ်င္လည္း ဝင္မယ္။ ဒါကေတာ့ Controversial Issue ပဲ ။ ကၽြန္ေတာ္တို႔ ဝင္ပါလို႔ မျဖစ္ဘူး။ ဥပေဒ သမားခ်င္း ျငင္းၾကရမ ယ့္ ကိစၥေပါ့ေနာ္ ။ ထားလိုက္ေတာ့ ဒီကိစၥက ဆိုင္းငံ့ဆိုတဲ့ ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္နားလည္ပုံကို ေျပာတာ။ ေနာက္ဒုတိယအခ်က္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကာခ်ဳပ္နဲ႔ေတြ႕တဲ့ အခ်ိန္မွာ ဒီ ၅၉(စ) ျပင္ဆင္ေရး ေဆြးေႏြးၾကတယ္ဆိုတဲ့ အသံမ်ိဳးလည္း ၾကားသေလာက္ ၾကားတယ္။ အဲဒီေတာ့ ဘယ္လိုေဆြးေႏြးၾကသလဲ၊ အဲဒါေတာ့ ကၽြန္ေတာ္တို႔ မသိဘူး။ ေဆြးေတာ့ ေဆြးေႏြးၾကတာ ေသခ်ာတယ္။ ေဆြးေႏြးၾကေတာ့ ၾကားရတဲ့ သတင္းအရထုတ္ႏုတ္ၾကည့္ရင္ တစ္ခုေပါ့ေနာ္။ တပ္မေတာ္က တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ေလးခုေတာင္းတယ္။ ကခ်င္၊ ရွမ္း၊ ရခိုင္၊ ရန္ကုန္တိုင္းရယ္ ေတာင္းတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဘက္ကလည္း မလိုက္ေလ်ာႏိုင္ဘူးဆိုတဲ့ အသံတစ္သံလည္း ၾကားလာတယ္။ အဲဒီေတာ့ စဥ္းစားစရာက ဒီေတာင္းဆိုခ်က္ဟာ သူတို႔ႏွစ္ေယာက္ေဆြးေႏြးပြဲက ထြက္လာတဲ့ Bargain ထဲက အစိတ္အပိုင္းမျဖစ္ႏိုင္ဘူးလား။ ဆိုလိုတာက ဒီေလး ေနရာကို တပ္မေတာ္က ယူမယ္။ ၅၉(စ) ျပင္ေပးမယ္ဆိုတဲ့ Bargain ေရာ မျဖစ္ႏိုင္ဘူးလား။ ျဖစ္ခဲ့သည္ထားဦး၊ အဲဒါက မေျပလည္ဘူးဗ်။ မေျပလည္ဘူး ဆိုတာက ဒီေလးခုကို ေဒၚေအာင္ဆန္းစုၾကည္က ျငင္းထားတယ္ဆိုတဲ့ အသံကလည္းထြက္ေနေတာ့ Bargain ေတာ့လုပ္ခဲ့ၾကတယ္။ ဒါေပမဲ့ မေျပလည္ ဘူး။ ဒီလိုျဖစ္ လာတယ္။ အဲဒီေတာ့ မေျပလည္တဲ့ ၾကားထဲက ဇြတ္တင္မွာလား။ ကၽြန္ေတာ့္ အထင္ရေျပာရမယ္ဆိုရင္ေတာ့ ဒါဆိုရင္ အႏၲရာယ္ရွိတယ္။ အမွန္မွာေတာ့ ဒီကိစၥလြယ္လြယ္ေလး။ ဘာမွ မခက္ဘူး။ တပ္ကသေဘာတူလိုက္ရင္ ေအးေအးေဆးေဆးၿပီးသြားမယ့္ကိစၥ။ တပ္နဲ႔ ၫွိရရင္ေပါ့။ အဲေတာ့ တပ္နဲ႔ ၫွိေစခ်င္တယ္၊ မရရေအာင္ေပါ့။ ၫွိမရဘူးဆိုရင္ အတိုင္းထားလိုက္။ ဆက္ၫွိ။ မရမခ်င္းၫွိ။ မရ ရေကာင္းလားဆိုၿပီးေတာ့ ဇြတ္ေတာ့မလုပ္ေစခ်င္ဘူး။ လုပ္လိုက္လို႔ရွိရင္ အႏၲရာယ္မ်ားတယ္။ အထူးသျဖင့္ အမ်ိဳးမ်ိဳးျဖစ္သြားႏိုင္တယ္ေပါ့ဗ်ာ။ ကၽြန္ေတာ္ကေတာ့ မလုပ္ေစခ်င္ဘူး။ ဒါေၾကာင့္မို႔လို႔ စိတ္ရွည္လက္ရွည္နဲ႔ ဆက္ၫွိေစခ်င္တယ္။ ဒါကေတာ့ ျဖစ္ႏိုင္ေျခကို တြက္တာပါ။ တကယ္ဒီေလာက္ထိ အေျခအေနဆိုးခ်င္မွ ဆိုးမယ္ေပါ့။ ဘာပဲေျပာေျပာ ဒီအေျခအေနတစ္ခုေတာ့ ရွိတယ္ေပါ့။ ကၽြန္ေတာ့္သေဘာခ်ဳပ္လိုက္မယ္ဆိုရင္ေတာ့ ဒီကိစၥဟာ တပ္ကသေဘာတူလိုက္ရင္ ၿပီးသြားမယ့္ကိစၥ။ အဲဒီေတာ့ တပ္နဲ႔ သေဘာတူညီမႈရေအာင္ေတာ့ ၫွိဖို႔လိုမယ္။ ၫွိဖို႔ကလည္း တစ္ခါမရရင္ ေနာက္ထပ္ ထပ္ၫွိေပါ့။ ၾကားထဲမွာ ကိုယ့္ဘက္က ဇြတ္တင္တာ မ်ိဳးလုပ္လိုက္ မယ္ဆိုရင္ေတာ့ အႏၲရာယ္ေတြအမ်ားႀကီးျဖစ္လာႏိုင္မယ္ထင္တယ္။ အထူးသျဖင့္ေတာ့ ေအးေအးေညာင္းေညာင္း အာဏာလႊဲေျပာင္းႏိုင္ေရးကို အႏၲရာယ္ျဖစ္လာလိမ့္မယ္ထင္တယ္။ ဒီကိစၥေတာ့ ကၽြန္ေတာ္မျဖစ္ေစခ်င္ဘူး။

Voice: ဆရာေျပာသြားတဲ့ အထဲမွာ သတိထားမိတာကေတာ့ ၅၉(စ)နဲ႔ NLD နဲ႔ အေပးအယူလုပ္မယ္ေပါ့။ ရခိုင္၊ ကခ်င္၊ ရွမ္း၊ ရန္ကုန္ တိုင္းေဒသႀကီးနဲ႔ ျပည္ နယ္ဝန္ႀကီးခ်ဳပ္ ေလးေနရာနဲ႔ ၅၉(စ)နဲ႔ အလဲအလွယ္လုပ္မယ္ဆိုတဲ့အခါက်ေတာ့ တပ္က ေလးေနရာရ႐ုံနဲ႔ ၅၉(စ) ျပင္ေပးႏိုင္မယ္ထင္လား။ ကၽြန္ေတာ္ ေျပာ ခ်င္တာက ႏိုင္ငံေတာ္သမၼတက တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြကို အမွားတစ္ခုခုလုပ္လိုက္တာနဲ႔ ျဖဳတ္ခ်ပိုင္ခြင့္ရွိသြားလား။ ဝန္ႀကီးေတြ၊ ဝန္ႀကီး ခ်ဳပ္ေတြကို။ တာဝန္မွ ရပ္စဲႏိုင္တယ္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြကို။ အဲဒီေတာ့ တပ္ဘက္က ေလးေနရာ ရ႐ုံနဲ႔ ျပင္ေပးႏိုင္ပါ့မလား။

UKW: အဲဒါလည္း စဥ္းစားစရာေပါ့ဗ်ာ။ ခုဟာက ကၽြန္ေတာ္ေစာေစာက ခံထားတယ္ေလ။ မေရရာတဲ့ နိဒါန္းေတြကေန ေရရာတဲ့ နိဂုံးကို ခ်ဳပ္ရတယ္ဆိုေတာ့ ဟာကြက္ေတြေတာ့ ရွိမွာေပါ့။ ဘာလို႔တုံးဆို ကၽြန္ေတာ္တို႔က သတင္းကအတိအက်မရဘူးကို။ ဘာေတြေဆြးေႏြးမွန္းလဲမသိဘူး။ မွန္းဆတာၾကည့္ေန ရတာ။ အခုပဲ ကၽြန္ေတာ္တို႔က ျဖစ္ႏိုင္ေျခကို ေျပာရတာ။ တပ္ဘက္က ေလးေနရာေတာင္းတယ္။ ၅၉(စ) ျပင္ေပးမယ္။ ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ အမ်ားႀကီးစဥ္းစား ရမယ္။ မျဖစ္ႏိုင္ဘူးလို႔ ခင္ဗ်ားလို ယူဆတဲ့ လူေတြလည္းရွိတယ္။ တပ္က ေလၽွာ႔ပါ့မလားလို႔ ယူဆတဲ့လူေတြလည္းရွိတယ္။ ကၽြန္ေတာ္ကိုယ္တိုင္လည္း အဲဒီအထဲ ပါသေလာက္ပါတယ္။ တပ္က အဲဒါေလၽွာ႔ပါ့မလားဆိုတဲ့ စဥ္းစားခ်က္။ ေနာက္ ကၽြန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ တည့္တည့္ေျပာရင္ ေအာင္ပန္း က။ ရွမ္းျပည္နယ္ရဲ႕ ျပည္နယ္လႊတ္ေတာ္အမတ္တစ္ေယာက္ေပါ့ဗ်ာ။ သူကေတာ့ ဘာေျပာတုံးဆိုေတာ့ အဲေလာက္ ေလးေနရာႀကီးေလၽွာ႔ေပးရင္ ဘာ အဓိပၸာယ္ရွိေတာ့မွာတုံးတဲ့။ ကိုယ့္ဘက္ကလည္း မေလၽွာ႔သင့္ဘူးဆိုတဲ့ အထိုင္နဲ႔ ေျပာတယ္ဗ်။ ေနာက္ ကိုရဲထြန္း ၊ကၽြန္ေတာ့္ မိတ္ေဆြပါပဲ သီေပါအမတ္။ ဦးရဲထြန္းက ဘာေျပာလဲဆိုေတာ့ ဒီေလးေနရာက Bargain ထဲမွာ မပါဘူး။ မူလ Bargain ထဲမွာ မပါႏိုင္ဘူး။ ေနာက္ထပ္ တိုးေတာင္း တာျဖစ္ႏိုင္တယ္ေျပာတယ္။ အဲဒီေတာ့ မူလ Bargain ထဲမွာ ဘာေတြပါလဲဆိုတာလည္း သူက မေျပာဘူး။ အဲေတာ့ ကၽြန္ေတာ္တို႔က မွန္းဆေျပာရ တာဗ်။ လြဲႏိုင္တယ္။ ဒါေတာ့ စဥ္းစားရမွာပဲ။

Voice: ၅၉(စ) ကို ျပင္ဖို႔ တပ္က သေဘာတူခဲ့ရင္ေတာ့ သားေ႐ႊအိုးထမ္းလာမယ့္ကိန္းေပါ့။

UKW: အဲဒါဆိုရင္ေတာ့ ေကာင္းတာေပါ့ဗ်ာ။

Voice: တကယ္လို႔မ်ား သေဘာမတူခဲ့ရင္၊ ဘယ္လိုမွ ျပင္လို႔မရခဲ့ရင္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ႏိုင္ငံေတာ္သမၼတအထက္မွာ ေနၿပီးေတာ့ အုပ္ခ်ဳပ္ မယ္ဆိုတဲ့ အခါက်ေတာ့ ၅၉(စ) မျပင္ခဲ့ရင္ ေ႐ြးေကာက္ခံျဖစ္လာမယ့္သမၼတဟာ ႐ုပ္ျပသမၼတျဖစ္လာမယ္ဆိုေတာ့ Impact က ဘာေတြျဖစ္လာႏိုင္မလဲ။

UKW: အဲဒါကေတာ့ ျပႆနာမရွိဘူးထင္တယ္ဗ်။ တိတိက်က်ေျပာရင္ ပါတီဥကၠ႒တစ္ေယာက္ဟာ Policy ခ်ဖို႔ပဲ။ Policy Guideline ေပးဖို႔ပဲ။ အဲဒီဟာ ေဒၚေအာင္ဆန္းစုၾကည္က ပါတီဥကၠ႒။ အဲဒီေတာ့ သူက Policy Guideline ေပးမယ္။ အဲဒါကို ဘယ္ဥပေဒမွ အေရးယူလို႔မရဘူး။ ဒါေတာ့ ေသခ်ာတယ္။ သူက Guideline ေပးသြားမယ္။ အဲဒီ Gကငိႏူငညန ကိုၾကည့္ၿပီးေတာ့ သမၼတအျဖစ္တာဝန္ေပးခံရတဲ့လူက အေကာင္အထည္ေဖာ္သြား။ ဒါဆိုၿပီးတယ္။ ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ေျပာလိုက္တယ္။ သမၼတ အထက္က သူေနမယ္ဆိုတာ တခ်ိဳ႕လူေတြအတြက္ နားထဲမွာ အဝင္ခ်ိဳခ်င္မွခ်ိဳမယ္ဗ်။ ဒါေပမဲ့ ကၽြန္ေတာ္ကလက္ေတြ႕ျဖစ္ႏိုင္မယ္ထင္တယ္။ အဲဒီအတိုင္းပဲ လုပ္ေစခ်င္တယ္။ ဇြတ္တိုးၿပီးေတာ့ လုပ္တာမ်ိဳးမဟုတ္ဘဲနဲ႔ သူသမၼတအထက္ကေနၿပီးေတာ့ Guideline ေပးရင္ လုံေလာက္တယ္ဗ်။ ျဖစ္ႏိုင္တယ္။ သိပ္ၿပီး ဆိုးဆိုးဝါးဝါး အႏၲရာယ္ရွိမယ္မထင္ဘူး။

Voice: အဲဒါ တစ္ဖက္က ေျပာရင္ အေျခခံဥပေဒကို ေဖာက္ဖ်က္ရာမက်ႏိုင္ဘူးလား ဆရာ။ အေျခခံဥပေဒမွာ ႏိုင္ငံေတာ္သမၼတဟာ ႏိုင္ငံသားအားလုံးရဲ႕ အထြတ္အထိပ္မွာရွိတယ္ဆိုတဲ့ အခါက်ေတာ့။

UKW: မေရာက္ပါဘူး။ မေရာက္ဘူးဆိုတာက Policy Guideline ေပးတာ။ သူက ေနရာယူတာမဟုတ္ဘူး။ အထြတ္အထိပ္မွာရွိတယ္ဆိုတာ Position ကို ေျပာတာဗ်။ Position နဲ႔မဆိုင္ဘူး။ သူက ဘာေနရာမွမယူဘူး။ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ေျပာလို႔ရွိရင္ ခုတိုင္းဆိုရင္ သာမန္လႊတ္ေတာ္အမတ္ပဲ။ ေအး ဒါေပမဲ့ ပါတီဥကၠ႒အေနနဲ႔ Guideline ေပးမယ္။ သူ႕အလုပ္က Guideline ေပးမွာပဲ။ Guideline ေပးတာကို ဘယ္ဥပေဒနဲ႔ အေရးယူမလဲ။ ယူလို႔မရဘူးဗ်။ သူက အထြတ္အထိပ္ဆိုတာက Position ကိုေျပာတာ။ သူ Position နဲ႔ မဆိုင္ဘူး။ သူ႕ဟာသူ Policy Guideline ေပးတာ။ အဲဒီ Policy Guideline ကို ၾကည့္ၿပီး ေတာ့ သမၼတလုပ္တဲ့သူက အေကာင္အထည္ေဖာ္တာ။ သေဘာကေတာ့ဗ်ာ။ သမၼတဆိုတာ CEO ဥကၠ႒ ေပါ့ဗ်ာ။ CEO ဥကၠ႒အေနနဲ႔ လုပ္မွာပဲ။ Policy Guideline ေပးတဲ့လူက ဝါရင့္တစ္ေယာက္ေပါ့။ ေပးမွာေပါ့ ဒါကေတာ့။ ဒါေပမဲ့ သူကေတာ့ Position ေတာ့ ယူထားမွာမဟုတ္ဘူး။ ဒါက ဒီသေဘာမ်ိဳးေပါ့။ ကၽြန္ေတာ္က ေတာ့ ဥပေဒအရ လြတ္မယ္ထင္ပါတယ္။ မဆိုင္ဘူးလို႔ထင္တယ္။

Voice: ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ဖို႔ အေျခခံဥပေဒ ျပင္ဆင္ေရး လုပ္ငန္းစဥ္ ကို ပိုင္ပိုင္ႏိုင္ႏိုင္လုပ္သြားႏိုင္မယ္လို႔ေရာ ယူဆေသးလားခင္ဗ်။

UKW: ျဖစ္ႏိုင္ပါတယ္။ တစ္ခုပဲရွိတယ္။ ကၽြန္ေတာ္ စိုးရိမ္တာက အစိုးရနဲ႔ ၫွိပါ။ ၅၉(စ) ျပင္ဆင္ေရးအတြက္ ၫွိပါ။ ၫွိသင့္ပါတယ္။ ၫွိလို႔ရရင္ အေကာင္းဆုံး ေပါ့။ မရရင္ေတာ့ ဇြတ္မတိုးပါနဲ႔။ ထပ္ၫွိပါ။ ဒီအတြင္းမွာ ဘယ္အတိုင္းသြားရမလဲဆိုေတာ့ သူေျပာသလို သမၼတေနာက္ကေနၿပီးေတာ့ ေနေပါ့။ သမၼတ ေနာက္ ကေနၿပီးေတာ့ Policy Guideline ခ်ေပးဖို႔။ ဒီနည္းလမ္းလည္း အလုပ္ျဖစ္တာပါပဲ။ ကၽြန္ေတာ္ေျပာတဲ့သေဘာက အဲဒါပါ။ ေဒၚေအာင္ဆန္းစုၾကည္က သမၼတ ေနရာ ရမွရယ္မဟုတ္ဘူး။ ဘယ္ေနရာမွ မယူလည္း ကိစၥမရွိဘူး။ သူ႕အတြက္ Position က အေရးမႀကီးဘူး။ အေရးႀကီးတာ Policy ပဲ။ Policy Guideline ခ်ေပးတာကို ပိုင္ပိုင္ႏိုင္ႏိုင္လုပ္ႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ထင္တယ္။ အဲဒါကိုေျပာတာ။

[စာေရးဆရာေက်ာ္၀င္းႏွင့္ေတြ႕ဆံုျခင္း(အပုိင္း - ၂) ဆက္လက္ေဖာ္ျပသြားပါမည္။]

The Voice Weekly

............................................

“ဒေါ်အောင်ဆန်းစုကြည်က သမ္မတနေရာရမှရယ်မဟုတ်ဘူး။ ဘယ်နေရာမှမယူလည်း ကိစ္စမရှိဘူး”
စာရေးဆရာကျော်ဝင်းနှင့်တွေ့ဆုံခြင်း(အပိုင်း - ၁)


မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၌ အရေးပါသော ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစုအနိုင်ရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီကြီးစိုးခဲ့သော ဥပဒေပြုအာဏာကို NLD ပါတီဝင် အများစု ပါသော လွှတ်တော်သစ်က ငြိမ်းချမ်းစွာလွှဲပြောင်းရယူနိုင်ခဲ့ပြီးဖြစ်သည်။ အစိုးရအဖွဲ့၏ အုပ်ချုပ်ရေး အာဏာကို ဆက်လက်လွှဲပြောင်းရယူရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်တင်မြှောက်နိုင်ရေးတွင် အတားအဆီး ဖြစ်နေသော အခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ရန် သို့မဟုတ် ပြင်ဆင်ရန် လုပ်ငန်းစဉ်များကို မကြာမီ ရက်ပိုင်းအတွင်း မြင်တွေ့ရတော့မည်ဖြစ်သည်။ အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းများအတိုင်း NLD ပြင်ဆင်ရန် ကြိုးစားမှုများကို လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းရယူထားသော တပ်မတော်က လက်ခံနိုင်မှုရှိမရှိနှင့် ဖြစ်ပေါ် လာနိုင်သော နိုင်ငံရေးအခြေအနေများကို ဆရာကျော်ဝင်းနှင့်တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြပါသည်။

Voice: ဖေဖော်ဝါရီလ ၈ရက်မှ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးစခေါ်လိုက်တယ်ပေါ့။ လွှတ်တော်က စာထွက်တယ်ပေါ့။ လွှတ်တော်က စာထဲမှာ တော့ နိုင်ငံတော်သမ္မတ သက်ဆိုင်ရာ လွှတ်တော်တွေက သမ္မတရွေးချယ်ရေးအတွက် ရက်သတ်မှတ်ပေးဖို့ အစည်းအဝေးလုပ်မယ် ဆိုပြီးခေါ်ထားတာပေါ့။ ခု နိုင်ငံရေးအခြေအနေမှာ NLD ပါတီကလည်း ၅၉(စ) ပြင်ဖို့ဆိုပြီးတော့ ဆိုင်းငံ့ဖို့ အဆိုတင်ထားတာရှိတယ်။ တပ်မတော်သားတွေကလည်း ပြည်သူ့လွှတ် တော်မှာ အခြေခံဥပဒေအတိုင်း ပြင်ဆင်ရေးအတိုင်းပဲ ဆက်သွားမယ်ဆိုပြီး ပြောထားတာ ရှိတယ်ပေါ့။ ခုလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ ဆရာရဲ့ အမြင်က ဘယ်လိုရှိလာမလဲ။

UKW: ဆင်မြူရယ် ဘတ်တလာထင်ပါတယ်။ သူပြောတဲ့ စကားတစ်ခွန်းရှိတယ်။ ဘဝဆိုတာတဲ့ မရေရာတဲ့ နိဒါန်းတွေကနေ ရေရာတဲ့ နိဂုံးတွေ ကောက်ချက်ဆွဲရတဲ့ အနုပညာတစ်ခုပဲတဲ့ ။ ခုဗမာ့နိုင်ငံရေးကလည်း အဲလိုပဲပြောရမလားမသိဘူး။ ကျွန်တော်တို့က တိကျတဲ့ Predict တွေ လုပ်နိုင်ဖို့အတွက်က နံပါတ်(၁) လိုအပ်ချက်က ရေရာ၊ သေချာတဲ့ Information ရဖို့လိုတာကို။ ဒါပေမဲ့ ခုချိန်မှာ Information က ကျွန်တော်တို့ အပြည့် အဝမရနိုင်ဘူး။ ဒါလည်း သူ့ဟာနဲ့သူ သဘာဝကျတယ်။ ကြည့်ရတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေနဲ့ ဘာတစ်ခုမှ Commit ဖြစ်မခံ ချင်ဘူးထင်ပါတယ်။ မှားလည်း မှားနိုင်တဲ့ အခြေအနေတွေရှိတယ်။ မြန်မာ့နိုင်ငံရေးကလည်း အတိမ်းအစောင်းအဖြစ်မခံတဲ့အခြေအနေဖြစ်တော့ သူ့ဘက် ကလည်း သတင်းကိုထိန်းမှာပဲ။ ဒါကို ကျွန်တော်တို့ အပြစ်တင်လို့တော့ မရဘူး။ သူ့ဘက်ကတတ်နိုင်သလောက်ထိန်းမှာ။ အခြေအနေကိုက ဒီတိုင်းဖြစ်နေတာ။ ကျွန်တော်တို့ ရနိုင်တဲ့ သတင်းအချက်အလက်က သိပ်အားနည်းတယ်။ အဲဒီကနေ တိကျတဲ့ Predict ရဖို့ဆိုတာ သိပ်မလွယ်ဘူး။ ကျွန်တော်တို့ ဒီလိုက စပြောရမယ်ထင်တယ်။
ပထမဆုံး ခုအငြင်းပွားနေတဲ့ ၅၉(စ) ဆိုင်းငံ့ဆိုတဲ့ ကိစ္စပေါ့။ ဒါက ကျွန်တော့်အမြင်ပြောရင် ကျွန်တော်တို့အစတုန်းက တစ်လျှောက် လုံးသိထားတာက အိမ်စောင့်အစိုးရလက်ထက်မှာ ပုဒ်မ(၁၁၆)ကို ပြင်ဆင်တာလို့ပဲ သိထားတယ်။ ဒါပေမဲ့ ခု ဆိုင်းငံ့ဆိုတာကြားတော့ ကျွန်တော်လည်း တော် တော်အံ့ဩတယ်။ အဲဒါနဲ့ကျွန်တော်တို့ စာအုပ်တွေရှာကြည့်တော့ လွယ်လွယ်ရှိတဲ့ စာအုပ်ပေါ့။ အစိုးရထုတ်တာပါပဲ။ သမိုင်းမှန် ပြုစုရေးကော်မရှင် ဆရာဦးထွန်းအောင်ရှိန်တို့ လုပ်တာ။ ဗမာ့သမိုင်းထဲမှာတော့ ရှားရှားပါးပါးပညာရှင်တွေပြုစုတဲ့ စာအုပ်လို့ ယေဘုယျပြောရတာပေါ့။ အားနည်းချက်တော့ တချို့ရှိသလောက်ရှိတာပေါ့လေ။ အဲဒီစာအုပ်ရဲ့ အတွဲ(၂)မှာ ပါလာတယ်။ ဦးကျော်ငြိမ်းက တင်တဲ့ဟာပေါ့နော်။
၁။ ဤဥပဒေကို ၁၉၅၉ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤအက်ဥပဒေသည် နောက်တစ်ကြိမ်ရွေးကောက်ပွဲ တင်မြှောက်သည့် ပြည်သူ့လွှတ်တော်မှ အမည်တင်သွင်းသောပုဂ္ဂိုလ်အား နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်ခန့်ထားသည့် နေ့ရက်တိုင်အောင် အာဏာတည်စေရမည်။
၃။ ဤအက်ဥပဒေ အာဏာတည်လျက် ရှိနေသမျှ ကာလပတ်လုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ(၁၁၆)ပါ ပြဋ္ဌာန်းချက်များကို ရုပ်သိမ်းထားသကဲ့သို့ မှတ်ယူစေရမည်။
ဒီတိုင်းပါတယ်။ အဲဒီတော့ သူက ဆိုင်းငံ့ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမတွေ့ဘူး။ ပြင်ဆင်တာ။ သို့သော် ပြင်ဆင်တာ ထူးခြားချက်က ကာလသတ်မှတ် ချက်ပါတယ်။ ဘယ်ထိလဲဆိုတော့ နောက်တစ်ကြိမ်လုပ်မယ့်ပြည်သူ့လွှတ်တော်က တင်လိုက်တဲ့ ဝန်ကြီးချုပ် မပေါ်မချင်း၊ တစ်နည်းပြောရင်တော့ ၁၉၆၀ ရွေးကောက်ပွဲက ထွက်လာတဲ့ ဝန်ကြီးချုပ် Posting မရှိမချင်း၊ ဒီဥပဒေတည်မယ်ဆိုတဲ့ သဘော။ အချိန်ကာလ ကန့်သတ်ချက်နဲ့ပေါ့။ အဲတော့ ဒါကတော့ သမိုင်းထဲမှာ ရှိခဲ့တဲ့ဟာ။ ကျွန်တော်တော့ ဆိုင်းငံ့တယ်ဆိုတာ မတွေ့ဘူး။ ပြင်ဆင်တာပဲ တွေ့တယ်။ သို့သော် Public ပေါ့၊ သမိုင်းစာအုပ်တွေအပါအဝင် Public ကိုထုတ်ပြန်တာဟာ ပြင်ဆင်ချက်လုပ်ပြီးတော့ ဥပဒေကြောင်းအရတော့ သီးခြားဆိုင်းငံ့တယ်လို့များ သုံးမလားတော့ မသိဘူး။ ဒါတော့ မသေချာဘူး။ ကျွန်တော်မပြောရဲဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က ဥပဒေသမားမဟုတ်လို့။ သမိုင်းစာအုပ်တွေအလိုအရဆိုရင်တော့ ပြင်ဆင်တာ ၊ ဆိုင်းငံ့တာ မဟုတ်ဘူး ဒါကတစ်ချက်။ ခု ကျွန်တော်တို့ လက်ရှိ ၄၃၆။ ၄၃၆ ပြန်ကြည့်တော့ ၄၃၆မှာ ၅၉(စ) ဘယ်ထဲပါလဲဆိုတော့ ၄၃၆ရဲ့ (က)ထဲမှာပါတယ်။ (က) ထဲမှာပါရင် ရ၅+၁+ ဆန္ဒခံယူပွဲ။ အဲဒါမှ ပြင်ရမှာ။ ပြင်မယ်ဆိုရင် အဲဒီဟာနဲ့အကျုံးဝင်သွားပြီ။ ဒါပေမဲ့ ခုဟာက အပြီးပြင်မှာမဟုတ်ဘူး။ ယာယီပဲပြင်မှာ။ အချိန်ကာလသတ်မှတ်ပြီးတော့ပဲ ပြင်မှာဆိုတဲ့အခါကျတော့ အဲဒီ ၄၃၆(က) နဲ့ အကျုံးဝင်၊ မဝင်။ majority vote နဲ့ပြင်လို့ရမရ ဒါဥပဒေသမားတွေ စဉ်းစားရတော့မယ်။ အကျုံးဝင်၊ မဝင်ပေါ့။ ဝင်ချင်မှလည်း ဝင်မယ်။ ဝင်ချင်လည်း ဝင်မယ်။ ဒါကတော့ Controversial Issue ပဲ ။ ကျွန်တော်တို့ ဝင်ပါလို့ မဖြစ်ဘူး။ ဥပဒေ သမားချင်း ငြင်းကြရမ ယ့် ကိစ္စပေါ့နော် ။ ထားလိုက်တော့ ဒီကိစ္စက ဆိုင်းငံ့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်နားလည်ပုံကို ပြောတာ။ နောက်ဒုတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်နဲ့တွေ့တဲ့ အချိန်မှာ ဒီ ၅၉(စ) ပြင်ဆင်ရေး ဆွေးနွေးကြတယ်ဆိုတဲ့ အသံမျိုးလည်း ကြားသလောက် ကြားတယ်။ အဲဒီတော့ ဘယ်လိုဆွေးနွေးကြသလဲ၊ အဲဒါတော့ ကျွန်တော်တို့ မသိဘူး။ ဆွေးတော့ ဆွေးနွေးကြတာ သေချာတယ်။ ဆွေးနွေးကြတော့ ကြားရတဲ့ သတင်းအရထုတ်နုတ်ကြည့်ရင် တစ်ခုပေါ့နော်။ တပ်မတော်က တိုင်းဒေသကြီးနဲ့ ပြည်နယ် လေးခုတောင်းတယ်။ ကချင်၊ ရှမ်း၊ ရခိုင်၊ ရန်ကုန်တိုင်းရယ် တောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း မလိုက်လျောနိုင်ဘူးဆိုတဲ့ အသံတစ်သံလည်း ကြားလာတယ်။ အဲဒီတော့ စဉ်းစားစရာက ဒီတောင်းဆိုချက်ဟာ သူတို့နှစ်ယောက်ဆွေးနွေးပွဲက ထွက်လာတဲ့ Bargain ထဲက အစိတ်အပိုင်းမဖြစ်နိုင်ဘူးလား။ ဆိုလိုတာက ဒီလေး နေရာကို တပ်မတော်က ယူမယ်။ ၅၉(စ) ပြင်ပေးမယ်ဆိုတဲ့ Bargain ရော မဖြစ်နိုင်ဘူးလား။ ဖြစ်ခဲ့သည်ထားဦး၊ အဲဒါက မပြေလည်ဘူးဗျ။ မပြေလည်ဘူး ဆိုတာက ဒီလေးခုကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းထားတယ်ဆိုတဲ့ အသံကလည်းထွက်နေတော့ Bargain တော့လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ မပြေလည် ဘူး။ ဒီလိုဖြစ် လာတယ်။ အဲဒီတော့ မပြေလည်တဲ့ ကြားထဲက ဇွတ်တင်မှာလား။ ကျွန်တော့် အထင်ရပြောရမယ်ဆိုရင်တော့ ဒါဆိုရင် အန္တရာယ်ရှိတယ်။ အမှန်မှာတော့ ဒီကိစ္စလွယ်လွယ်လေး။ ဘာမှ မခက်ဘူး။ တပ်ကသဘောတူလိုက်ရင် အေးအေးဆေးဆေးပြီးသွားမယ့်ကိစ္စ။ တပ်နဲ့ ညှိရရင်ပေါ့။ အဲတော့ တပ်နဲ့ ညှိစေချင်တယ်၊ မရရအောင်ပေါ့။ ညှိမရဘူးဆိုရင် အတိုင်းထားလိုက်။ ဆက်ညှိ။ မရမချင်းညှိ။ မရ ရကောင်းလားဆိုပြီးတော့ ဇွတ်တော့မလုပ်စေချင်ဘူး။ လုပ်လိုက်လို့ရှိရင် အန္တရာယ်များတယ်။ အထူးသဖြင့် အမျိုးမျိုးဖြစ်သွားနိုင်တယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ မလုပ်စေချင်ဘူး။ ဒါကြောင့်မို့လို့ စိတ်ရှည်လက်ရှည်နဲ့ ဆက်ညှိစေချင်တယ်။ ဒါကတော့ ဖြစ်နိုင်ခြေကို တွက်တာပါ။ တကယ်ဒီလောက်ထိ အခြေအနေဆိုးချင်မှ ဆိုးမယ်ပေါ့။ ဘာပဲပြောပြော ဒီအခြေအနေတစ်ခုတော့ ရှိတယ်ပေါ့။ ကျွန်တော့်သဘောချုပ်လိုက်မယ်ဆိုရင်တော့ ဒီကိစ္စဟာ တပ်ကသဘောတူလိုက်ရင် ပြီးသွားမယ့်ကိစ္စ။ အဲဒီတော့ တပ်နဲ့ သဘောတူညီမှုရအောင်တော့ ညှိဖို့လိုမယ်။ ညှိဖို့ကလည်း တစ်ခါမရရင် နောက်ထပ် ထပ်ညှိပေါ့။ ကြားထဲမှာ ကိုယ့်ဘက်က ဇွတ်တင်တာ မျိုးလုပ်လိုက် မယ်ဆိုရင်တော့ အန္တရာယ်တွေအများကြီးဖြစ်လာနိုင်မယ်ထင်တယ်။ အထူးသဖြင့်တော့ အေးအေးညောင်းညောင်း အာဏာလွှဲပြောင်းနိုင်ရေးကို အန္တရာယ်ဖြစ်လာလိမ့်မယ်ထင်တယ်။ ဒီကိစ္စတော့ ကျွန်တော်မဖြစ်စေချင်ဘူး။

Voice: ဆရာပြောသွားတဲ့ အထဲမှာ သတိထားမိတာကတော့ ၅၉(စ)နဲ့ NLD နဲ့ အပေးအယူလုပ်မယ်ပေါ့။ ရခိုင်၊ ကချင်၊ ရှမ်း၊ ရန်ကုန် တိုင်းဒေသကြီးနဲ့ ပြည် နယ်ဝန်ကြီးချုပ် လေးနေရာနဲ့ ၅၉(စ)နဲ့ အလဲအလှယ်လုပ်မယ်ဆိုတဲ့အခါကျတော့ တပ်က လေးနေရာရရုံနဲ့ ၅၉(စ) ပြင်ပေးနိုင်မယ်ထင်လား။ ကျွန်တော် ပြော ချင်တာက နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို အမှားတစ်ခုခုလုပ်လိုက်တာနဲ့ ဖြုတ်ချပိုင်ခွင့်ရှိသွားလား။ ဝန်ကြီးတွေ၊ ဝန်ကြီး ချုပ်တွေကို။ တာဝန်မှ ရပ်စဲနိုင်တယ် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို။ အဲဒီတော့ တပ်ဘက်က လေးနေရာ ရရုံနဲ့ ပြင်ပေးနိုင်ပါ့မလား။

UKW: အဲဒါလည်း စဉ်းစားစရာပေါ့ဗျာ။ ခုဟာက ကျွန်တော်စောစောက ခံထားတယ်လေ။ မရေရာတဲ့ နိဒါန်းတွေကနေ ရေရာတဲ့ နိဂုံးကို ချုပ်ရတယ်ဆိုတော့ ဟာကွက်တွေတော့ ရှိမှာပေါ့။ ဘာလို့တုံးဆို ကျွန်တော်တို့က သတင်းကအတိအကျမရဘူးကို။ ဘာတွေဆွေးနွေးမှန်းလဲမသိဘူး။ မှန်းဆတာကြည့်နေ ရတာ။ အခုပဲ ကျွန်တော်တို့က ဖြစ်နိုင်ခြေကို ပြောရတာ။ တပ်ဘက်က လေးနေရာတောင်းတယ်။ ၅၉(စ) ပြင်ပေးမယ်။ ဖြစ်နိုင်၊ မဖြစ်နိုင် အများကြီးစဉ်းစား ရမယ်။ မဖြစ်နိုင်ဘူးလို့ ခင်ဗျားလို ယူဆတဲ့ လူတွေလည်းရှိတယ်။ တပ်က လျှော့ပါ့မလားလို့ ယူဆတဲ့လူတွေလည်းရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအထဲ ပါသလောက်ပါတယ်။ တပ်က အဲဒါလျှော့ပါ့မလားဆိုတဲ့ စဉ်းစားချက်။ နောက် ကျွန်တော့်သူငယ်ချင်းတစ်ယောက် တည့်တည့်ပြောရင် အောင်ပန်း က။ ရှမ်းပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်အမတ်တစ်ယောက်ပေါ့ဗျာ။ သူကတော့ ဘာပြောတုံးဆိုတော့ အဲလောက် လေးနေရာကြီးလျှော့ပေးရင် ဘာ အဓိပ္ပာယ်ရှိတော့မှာတုံးတဲ့။ ကိုယ့်ဘက်ကလည်း မလျှော့သင့်ဘူးဆိုတဲ့ အထိုင်နဲ့ ပြောတယ်ဗျ။ နောက် ကိုရဲထွန်း ၊ကျွန်တော့် မိတ်ဆွေပါပဲ သီပေါအမတ်။ ဦးရဲထွန်းက ဘာပြောလဲဆိုတော့ ဒီလေးနေရာက Bargain ထဲမှာ မပါဘူး။ မူလ Bargain ထဲမှာ မပါနိုင်ဘူး။ နောက်ထပ် တိုးတောင်း တာဖြစ်နိုင်တယ်ပြောတယ်။ အဲဒီတော့ မူလ Bargain ထဲမှာ ဘာတွေပါလဲဆိုတာလည်း သူက မပြောဘူး။ အဲတော့ ကျွန်တော်တို့က မှန်းဆပြောရ တာဗျ။ လွဲနိုင်တယ်။ ဒါတော့ စဉ်းစားရမှာပဲ။

Voice: ၅၉(စ) ကို ပြင်ဖို့ တပ်က သဘောတူခဲ့ရင်တော့ သားရွှေအိုးထမ်းလာမယ့်ကိန်းပေါ့။

UKW: အဲဒါဆိုရင်တော့ ကောင်းတာပေါ့ဗျာ။

Voice: တကယ်လို့များ သဘောမတူခဲ့ရင်၊ ဘယ်လိုမှ ပြင်လို့မရခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတော်သမ္မတအထက်မှာ နေပြီးတော့ အုပ်ချုပ် မယ်ဆိုတဲ့ အခါကျတော့ ၅၉(စ) မပြင်ခဲ့ရင် ရွေးကောက်ခံဖြစ်လာမယ့်သမ္မတဟာ ရုပ်ပြသမ္မတဖြစ်လာမယ်ဆိုတော့ Impact က ဘာတွေဖြစ်လာနိုင်မလဲ။

UKW: အဲဒါကတော့ ပြဿနာမရှိဘူးထင်တယ်ဗျ။ တိတိကျကျပြောရင် ပါတီဥက္ကဋ္ဌတစ်ယောက်ဟာ Policy ချဖို့ပဲ။ Policy Guideline ပေးဖို့ပဲ။ အဲဒီဟာ ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌ။ အဲဒီတော့ သူက Policy Guideline ပေးမယ်။ အဲဒါကို ဘယ်ဥပဒေမှ အရေးယူလို့မရဘူး။ ဒါတော့ သေချာတယ်။ သူက Guideline ပေးသွားမယ်။ အဲဒီ Gကငိနူငညန ကိုကြည့်ပြီးတော့ သမ္မတအဖြစ်တာဝန်ပေးခံရတဲ့လူက အကောင်အထည်ဖော်သွား။ ဒါဆိုပြီးတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်တယ်။ သမ္မတ အထက်က သူနေမယ်ဆိုတာ တချို့လူတွေအတွက် နားထဲမှာ အဝင်ချိုချင်မှချိုမယ်ဗျ။ ဒါပေမဲ့ ကျွန်တော်ကလက်တွေ့ဖြစ်နိုင်မယ်ထင်တယ်။ အဲဒီအတိုင်းပဲ လုပ်စေချင်တယ်။ ဇွတ်တိုးပြီးတော့ လုပ်တာမျိုးမဟုတ်ဘဲနဲ့ သူသမ္မတအထက်ကနေပြီးတော့ Guideline ပေးရင် လုံလောက်တယ်ဗျ။ ဖြစ်နိုင်တယ်။ သိပ်ပြီး ဆိုးဆိုးဝါးဝါး အန္တရာယ်ရှိမယ်မထင်ဘူး။

Voice: အဲဒါ တစ်ဖက်က ပြောရင် အခြေခံဥပဒေကို ဖောက်ဖျက်ရာမကျနိုင်ဘူးလား ဆရာ။ အခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတဟာ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်မှာရှိတယ်ဆိုတဲ့ အခါကျတော့။

UKW: မရောက်ပါဘူး။ မရောက်ဘူးဆိုတာက Policy Guideline ပေးတာ။ သူက နေရာယူတာမဟုတ်ဘူး။ အထွတ်အထိပ်မှာရှိတယ်ဆိုတာ Position ကို ပြောတာဗျ။ Position နဲ့မဆိုင်ဘူး။ သူက ဘာနေရာမှမယူဘူး။ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြောလို့ရှိရင် ခုတိုင်းဆိုရင် သာမန်လွှတ်တော်အမတ်ပဲ။ အေး ဒါပေမဲ့ ပါတီဥက္ကဋ္ဌအနေနဲ့ Guideline ပေးမယ်။ သူ့အလုပ်က Guideline ပေးမှာပဲ။ Guideline ပေးတာကို ဘယ်ဥပဒေနဲ့ အရေးယူမလဲ။ ယူလို့မရဘူးဗျ။ သူက အထွတ်အထိပ်ဆိုတာက Position ကိုပြောတာ။ သူ Position နဲ့ မဆိုင်ဘူး။ သူ့ဟာသူ Policy Guideline ပေးတာ။ အဲဒီ Policy Guideline ကို ကြည့်ပြီး တော့ သမ္မတလုပ်တဲ့သူက အကောင်အထည်ဖော်တာ။ သဘောကတော့ဗျာ။ သမ္မတဆိုတာ CEO ဥက္ကဋ္ဌ ပေါ့ဗျာ။ CEO ဥက္ကဋ္ဌအနေနဲ့ လုပ်မှာပဲ။ Policy Guideline ပေးတဲ့လူက ဝါရင့်တစ်ယောက်ပေါ့။ ပေးမှာပေါ့ ဒါကတော့။ ဒါပေမဲ့ သူကတော့ Position တော့ ယူထားမှာမဟုတ်ဘူး။ ဒါက ဒီသဘောမျိုးပေါ့။ ကျွန်တော်က တော့ ဥပဒေအရ လွတ်မယ်ထင်ပါတယ်။ မဆိုင်ဘူးလို့ထင်တယ်။

Voice: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ် ကို ပိုင်ပိုင်နိုင်နိုင်လုပ်သွားနိုင်မယ်လို့ရော ယူဆသေးလားခင်ဗျ။

UKW: ဖြစ်နိုင်ပါတယ်။ တစ်ခုပဲရှိတယ်။ ကျွန်တော် စိုးရိမ်တာက အစိုးရနဲ့ ညှိပါ။ ၅၉(စ) ပြင်ဆင်ရေးအတွက် ညှိပါ။ ညှိသင့်ပါတယ်။ ညှိလို့ရရင် အကောင်းဆုံး ပေါ့။ မရရင်တော့ ဇွတ်မတိုးပါနဲ့။ ထပ်ညှိပါ။ ဒီအတွင်းမှာ ဘယ်အတိုင်းသွားရမလဲဆိုတော့ သူပြောသလို သမ္မတနောက်ကနေပြီးတော့ နေပေါ့။ သမ္မတ နောက် ကနေပြီးတော့ Policy Guideline ချပေးဖို့။ ဒီနည်းလမ်းလည်း အလုပ်ဖြစ်တာပါပဲ။ ကျွန်တော်ပြောတဲ့သဘောက အဲဒါပါ။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ နေရာ ရမှရယ်မဟုတ်ဘူး။ ဘယ်နေရာမှ မယူလည်း ကိစ္စမရှိဘူး။ သူ့အတွက် Position က အရေးမကြီးဘူး။ အရေးကြီးတာ Policy ပဲ။ Policy Guideline ချပေးတာကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကိုပြောတာ။

[စာရေးဆရာကျော်ဝင်းနှင့်တွေ့ဆုံခြင်း(အပိုင်း - ၂) ဆက်လက်ဖော်ပြသွားပါမည်။]

The Voice Weekly

No comments:

Post a Comment