Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

NLD လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားအားလစာျဖတ္ေတာက္မည့္အေပၚ ေဒါက္တာသက္သက္ခိုင္၏ ေျပာၾကားခ်က္


“လစာဘာလုိ႔ ျဖတ္ရလဲဆုိရင္ ဥပမာ ျပည္ေထာင္စု ကုိယ္စားလွယ္ေတြ အဆင့္ဆုိလုိ႔ရွိရင္
တစ္လကုိ ႏွစ္သိန္းခြဲျဖတ္မယ္။  ေနာက္တစ္ခုက ထိပ္ဆုံးေရာက္တဲ့သူဆုိ အနည္းဆုံး လစာရဲ႕တစ္၀က္ထိ ျဖတ္မယ္ေပါ့ေနာ္။

အဲဒါ အေၾကာင္းႏွစ္ရပ္ရွိတယ္။ နံပါတ္တစ္က ျပည္သူေတြက ဆင္းရဲေနတယ္။ ျပည္သူေတြက ဆင္းရဲၿပီးေတာ့မွ ျပည္သူေတြက
 မဲေပးလုိက္ၿပီးေတာ့မွ ကုိယ္စားလွယ္ေတြက လစာက ကုိယ့္ရဲ႕စား၀တ္ေနေရး အထက္ကုိ ပုိလွ်ံေနတယ္ဆုိတာ သိတယ္။

သိတဲ့အတြက္ေၾကာင့္ ျပည္သူေတြရဲ႕ မ်က္ႏွာကုိ ေထာက္ထားတဲ့ အေနနဲ႔ ျပည္သူေတြနဲ႔ တစ္သားတည္းေနတဲ့ ယဥ္ေက်းမႈျဖစ္ေအာင္အတြက္ လစာျဖတ္မယ္။

ဒုတိယ အခ်က္ကလည္း အဖြဲ႕ခ်ဳပ္က ဆင္းရဲတာ ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔ အဖြဲ႕ခ်ဳပ္မွာ ျပဳျပင္ေျပာင္းလဲစရာေတြ၊ ႐ုံးခန္းငွားစရာေတြ၊
 ဥပမာ အဖြဲ႕ခ်ဳပ္က ၿမိဳ႕နယ္အဆင့္မွာ ႐ုံးခန္းမငွားႏုိင္ဘူး။ အဲဒီေတာ့ ႐ုံးဖြင့္ဖုိ႔ကုိ တခ်ဳိ႕ေစတနာရွိတဲ့သူေတြက ဆုိင္းဘုတ္တင္ထားခုိင္းတယ္။

ဒါေပမဲ့ တစ္ခ်ိန္မွာ ဘာျဖစ္လာႏိုင္လဲဆုိရင္ အဖြဲ႕ခ်ဳပ္အတြင္းမွာ အလွဴရွင္ေတြက မေလ်ာ္ၾသဇာသုံးၿပီးေတာ့ အဖြဲ႕ခ်ဳပ္အတြင္းမွာ ၀င္စြက္ဖက္တာေတြ ရွိႏုိင္တယ္။
အဲဒါေၾကာင့္ လစာထဲက ျဖတ္မယ္ေပါ့” ...။

Thura Aung

..........................................

NLD လွှတ်တော် ကိုယ်စားလှယ်များအားလစာဖြတ်တောက်မည့်အပေါ် .ဒေါက်တာသက်သက်ခိုင်၏ ပြောကြားချက်

“လစာဘာလို့ ဖြတ်ရလဲဆိုရင် ဥပမာ ပြည်ထောင်စု ကိုယ်စားလှယ်တွေ အဆင့်ဆိုလို့ရှိရင်
တစ်လကို နှစ်သိန်းခွဲဖြတ်မယ်။  နောက်တစ်ခုက ထိပ်ဆုံးရောက်တဲ့သူဆို အနည်းဆုံး လစာရဲ့တစ်ဝက်ထိ ဖြတ်မယ်ပေါ့နော်။ 

အဲဒါ အကြောင်းနှစ်ရပ်ရှိတယ်။ နံပါတ်တစ်က ပြည်သူတွေက ဆင်းရဲနေတယ်။ ပြည်သူတွေက ဆင်းရဲပြီးတော့မှ ပြည်သူတွေက
 မဲပေးလိုက်ပြီးတော့မှ ကိုယ်စားလှယ်တွေက လစာက ကိုယ့်ရဲ့စားဝတ်နေရေး အထက်ကို ပိုလျှံနေတယ်ဆိုတာ သိတယ်။ 

သိတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားတဲ့ အနေနဲ့ ပြည်သူတွေနဲ့ တစ်သားတည်းနေတဲ့ ယဉ်ကျေးမှုဖြစ်အောင်အတွက် လစာဖြတ်မယ်။ 

ဒုတိယ အချက်ကလည်း အဖွဲ့ချုပ်က ဆင်းရဲတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဖွဲ့ချုပ်မှာ ပြုပြင်ပြောင်းလဲစရာတွေ၊ ရုံးခန်းငှားစရာတွေ၊
 ဥပမာ အဖွဲ့ချုပ်က မြို့နယ်အဆင့်မှာ ရုံးခန်းမငှားနိုင်ဘူး။ အဲဒီတော့ ရုံးဖွင့်ဖို့ကို တချို့စေတနာရှိတဲ့သူတွေက ဆိုင်းဘုတ်တင်ထားခိုင်းတယ်။ 

ဒါပေမဲ့ တစ်ချိန်မှာ ဘာဖြစ်လာနိုင်လဲဆိုရင် အဖွဲ့ချုပ်အတွင်းမှာ အလှူရှင်တွေက မလျော်သြဇာသုံးပြီးတော့ အဖွဲ့ချုပ်အတွင်းမှာ ၀င်စွက်ဖက်တာတွေ ရှိနိုင်တယ်။ 
အဲဒါကြောင့် လစာထဲက ဖြတ်မယ်ပေါ့” ...။

Thura Aung

No comments:

Post a Comment