Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

ထိုင္းေရာက္ ျမန္မာေတြ လုပ္အားခ အျပည့္မရလို႔ တိုင္ (ထိုင်းရောက် မြန်မာတွေ လုပ်အားခ အပြည့်မရလို့ တိုင် )

 သတ္မွတ္ထားတဲ့ အနိမ့္ဆုံးလစာ မရတဲ့ ျမန္မာအလုပ္သမား၁၅၀၀ ေလာက္ ရွိတယ္လို႔ ဆို
ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕ရဲ့ ေတာင္ဘက္ စမြတ္စာေခါန္းခရိုင္၊ မဟာခ်ိဳင္ အရပ္မွာရွိတဲ့ ငါးေသတၱာ ထုတ္လုပ္တဲ့ စက္႐ုံက အလုပ္သမား ၁၅၀ဝ ေက်ာ္ဟာ လုပ္အားခ အျပည့္ မရလို႔ ဆိုၿပီး ထိုင္းအလုပ္သမား ဝန္ႀကီးဌာန လက္ေအာက္က အလုပ္သမား ကာကြယ္ေရးနဲ႔ လူမွုဖူလုံေရး႐ုံးကို ေဖေဖာ္ဝါရီလ ၂၅ရက္ေန႔က သြားေရာက္ တိုင္ၾကားခဲ့ ၾကပါတယ္။

ထိုင္းနိုင္ငံက သတ္မွတ္ထားတဲ့ တစ္ရက္ အနိမ့္ဆုံး လုပ္အားခ ဘတ္ ၃၀ဝ နဲ႔ အခ်ိန္ပိုေၾကး တစ္နာရီ ၅၆ ဘတ္ ေပးရမွာကို မေပးပဲ ႏွစ္ေပါင္း အေတာ္ၾကာ အခိုင္းခံ ထားရတာေၾကာင့္ စမြတ္စာေခါန္းခရိုင္ အလုပ္သမား ကာကြယ္ေရးနဲ႔ လူမွု ဖူလုံေရး႐ုံးမွာ အလုပ္သမားေတြ တစ္ဦးခ်င္း လက္မွတ္ထိုးၿပီး တရားဝင္ တိုင္ၾကားခဲ့ၾကတာပါ။

တိုင္ၾကားသူ အေယာက္ ၂၀ဝ ေက်ာ္ ရွိခဲ့ၿပီး ေနာက္ေန႔ေတြမွာလည္း ဆက္တိုင္ၾကားသြားမယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

လြန္ခဲ့တဲ့ ၄ ႏွစ္ေက်ာ္က စၿပီး တစ္ရက္ကို ဘတ္ ၃၀ဝ ႏွုန္း ေပးရမယ္လို႔ ထိုင္းအစိုးရက တရားဝင္ သတ္မွတ္ထားေပမယ့္ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကမွ စက္႐ုံက စေပးခဲ့တာပါ။

အခု တိုင္ၾကားတာက အရင္ မေပးခဲ့တဲ့ ႏွစ္ေတြကို ျပန္ေတာင္းတာ ျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ ႏွစ္စာကိုပဲ ေတာင္းဆိုတာေတာင္ စုစုေပါင္း ဘတ္ေငြ သန္း၁၆၀ ရွိတယ္လို႔ အလုပ္သမားေတြကို အကူအညီ ေပးေနတဲ့ ေရႊ႕ေျပာင္း အလုပ္သမား အခြင့္အေရး ကြန္ရက္ ဥကၠဌ ဦးစိန္ေဌးက ဘီဘီစီကို ေျပာပါတယ္။

အခု အလုပ္သမားေတြ လုပ္အားခ အျပည့္ မရတဲ့အျပင္ က်န္းမာေရး ခံစားခြင့္လည္း မရဘူးလို႔ အဲဒီ ငါးေသတၱာ စက္႐ုံမွာ ၁၀ ႏွစ္ေက်ာ္ အလုပ္လုပ္ေနတဲ့ အလုပ္သမားတစ္ဦးက ေျပာပါတယ္။

အလုပ္သမားေတြက လုပ္အားခကို ေနာက္ျပန္ေၾကး ေတာင္းဆိုလာတာေၾကာင့္ မေပးခ်င္လို႔ အလုပ္သမားေတြ ကိုယ္သေဘာနဲ႔ ကိုယ္ အလုပ္ထြက္တာမ်ိဳး ျဖစ္ေအာင္ သက္သက္ညစ္ၿပီး ေနရာေျပာင္းေရႊ႕ လုပ္ခိုင္းတာမ်ိဳးလည္း ရွိေနတယ္လို႔ အလုပ္သမတစ္ဦးက ေျပာျပပါတယ္။

အခုလို အလုပ္သမားေတြ တရားဝင္ တိုင္ၾကားတာကို ခရိုင္ အလုပ္သမား ကာကြယ္ေရးနဲ႔ လူမွုဖူလုံေရး႐ုံးက ေျဖရွင္းလို႔ မရရင္ တရားစြဲတဲ့ အထိ လုပ္ရမယ္ဆိုရင္လည္း ေရႊ႕ေျပာင္း အလုပ္သမား အခြင့္အေရး ကြန္ရက္က အကူအညီ ေပးသြားမယ္လို႔ ဥကၠဌ ဦးစိန္ေဌးက ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
.............
  သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာ မရတဲ့ မြန်မာအလုပ်သမား၁၅၀၀ လောက် ရှိတယ်လို့ ဆို
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ တောင်ဘက် စမွတ်စာခေါန်းခရိုင်၊ မဟာချိုင် အရပ်မှာရှိတဲ့ ငါးသေတ္တာ ထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမား ၁၅၀ဝ ကျော်ဟာ လုပ်အားခ အပြည့် မရလို့ ဆိုပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာန လက်အောက်က အလုပ်သမား ကာကွယ်ရေးနဲ့ လူမှုဖူလုံရေးရုံးကို ဖေဖော်ဝါရီလ ၂၅ရက်နေ့က သွားရောက် တိုင်ကြားခဲ့ ကြပါတယ်။

ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ တစ်ရက် အနိမ့်ဆုံး လုပ်အားခ ဘတ် ၃၀ဝ နဲ့ အချိန်ပိုကြေး တစ်နာရီ ၅၆ ဘတ် ပေးရမှာကို မပေးပဲ နှစ်ပေါင်း အတော်ကြာ အခိုင်းခံ ထားရတာကြောင့် စမွတ်စာခေါန်းခရိုင် အလုပ်သမား ကာကွယ်ရေးနဲ့ လူမှု ဖူလုံရေးရုံးမှာ အလုပ်သမားတွေ တစ်ဦးချင်း လက်မှတ်ထိုးပြီး တရားဝင် တိုင်ကြားခဲ့ကြတာပါ။

တိုင်ကြားသူ အယောက် ၂၀ဝ ကျော် ရှိခဲ့ပြီး နောက်နေ့တွေမှာလည်း ဆက်တိုင်ကြားသွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က စပြီး တစ်ရက်ကို ဘတ် ၃၀ဝ နှုန်း ပေးရမယ်လို့ ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကမှ စက်ရုံက စပေးခဲ့တာပါ။

အခု တိုင်ကြားတာက အရင် မပေးခဲ့တဲ့ နှစ်တွေကို ပြန်တောင်းတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်စာကိုပဲ တောင်းဆိုတာတောင် စုစုပေါင်း ဘတ်ငွေ သန်း၁၆၀ ရှိတယ်လို့ အလုပ်သမားတွေကို အကူအညီ ပေးနေတဲ့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဌ ဦးစိန်ဌေးက ဘီဘီစီကို ပြောပါတယ်။

အခု အလုပ်သမားတွေ လုပ်အားခ အပြည့် မရတဲ့အပြင် ကျန်းမာရေး ခံစားခွင့်လည်း မရဘူးလို့ အဲဒီ ငါးသေတ္တာ စက်ရုံမှာ ၁၀ နှစ်ကျော် အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

အလုပ်သမားတွေက လုပ်အားခကို နောက်ပြန်ကြေး တောင်းဆိုလာတာကြောင့် မပေးချင်လို့ အလုပ်သမားတွေ ကိုယ်သဘောနဲ့ ကိုယ် အလုပ်ထွက်တာမျိုး ဖြစ်အောင် သက်သက်ညစ်ပြီး နေရာပြောင်းရွှေ့ လုပ်ခိုင်းတာမျိုးလည်း ရှိနေတယ်လို့ အလုပ်သမတစ်ဦးက ပြောပြပါတယ်။

အခုလို အလုပ်သမားတွေ တရားဝင် တိုင်ကြားတာကို ခရိုင် အလုပ်သမား ကာကွယ်ရေးနဲ့ လူမှုဖူလုံရေးရုံးက ဖြေရှင်းလို့ မရရင် တရားစွဲတဲ့ အထိ လုပ်ရမယ်ဆိုရင်လည်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်က အကူအညီ ပေးသွားမယ်လို့ ဥက္ကဌ ဦးစိန်ဌေးက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment