အသက္တေခ်ာင္း ကယ္ခဲ့ရျပန္ၿပီ (သို႔) .........ေသေန႔မေစ့ေသးသူ.................

အခ်ိန္က သန္းေခါင္ေက်ာ္ 02း20 နာရီအခ်ိန္၊ရက္စြဲက18.02.2016 ေန႔၊ ရထားအမွတ္က
ျမစ္ဆံုမႏၱလာ လို႔ေခၚတဲ့ 38 Dn ရထားႀကီး၊ေနရာက ခ်ပ္ႀကီး ဘူတာႏွင့္ ပင့္သာ ဘူတာ အၾကား၊မိုင္တိုင္
အမွတ္က 507/5ႏွင့္507/6အတြင္းလွည္းလမ္းကူး သံလမ္းအလယ္ေကာင္မွာ သံလမ္းႏွစ္ေခ်ာင္းႏွင္ၿ့ပိဳင္ၿပီးအိပ္ေနတဲ့လူတစ္ေယာက္ကို ရထားရဲ႕မီးေမာင္း(Head light)အလင္းေရာင္ေအာက္မွာ အကြာအေဝး ေပ150ခန္႔ေလာက္ကေနၿပီး႐ုတ္တရက္ေတြ႔လိုက္ရပါတယ္၊ပထမေတာ့ ရထားေပၚကေနၿပီးက်ခဲ့တဲ့
ေစာင္တစ္ထည္လို္႔ထင္လိုက္ေသးတယ္ဗ်၊ွခ်မ္းေအးလွတဲ႔ေဆာင္းရာသီမွာသံလမ္းေပၚ
လူအိပ္ေနလိမၼယ္လို႔ထင္မွတ္မထားဘူး၊
အေသအခ်ာၾကည့္လိုက္ေတာ့မွ ကြၽန္ေတာ့္ရထားလာမယ့္ဘက္ကိုေျခဆင္းၿပီးသံလမ္းရဲ႕
အလယ္ေကာင္မွာအိပ္ေနတဲ့လူတစ္ေယာက္မွန္းသိလိုက္ရေတာ့
လက္တစ္ဘက္က အေရးေပၚတြဲဆိုင္းဘရိတ္နဲ႔စက္ေခါင္းဘရိတ္ကိုတၿပိဳင္ထဲဆြဲျပီး တခ်ိန္
ထဲမွာဘဲ စက္ေခါင္းဥဩကိုအိပ္ေနတဲ့လူသတိထားမိေအာင္အသံတိုအသံျပတ္အၾကိမ္ၾကိမ္
ဆြဲေသာ္လဲတုတ္တုတ္ေတာင္မလႇဴပ္ဘူးဗ်ာ၊
ရထားခုတ္ေမာင္းလာတဲ့မိုင္ႏႈန္းကလဲကီလို၄၀ဝန္းက်င္ ေနာက္ကပါလာတဲ့တြဲကတြဲႀကီး ၁၁
တြဲ ရထားကလဲ႐ုတ္တရက္မရပ္ႏိုင္ ရထားလံုးဝရပ္မသြားခင္အထိေတာ့တစ္စကၠန္႔
ဆိုတာကြၽန္ေတာ့္အတြက္ေတာ့တစ္ကမၻာပါဘဲ။
ရထားကတကြၽီကြၽီနဲ႔အိပ္ေနတဲ့လူဆီကိုတိုးဝင္၊နီးကပ္လြန္းလာတဲ့အခါအိပ္ေနတဲ့လူကိုစက္ေခါင္း
ဖရိမ္ကျမင္ကြင္းကြယ္သြားၿပီးရထားလဲကြၽိကနဲထိုးရပ္သြားၿပီ၊ တစ္ကယ္ စကၠန္႔ပိုင္းပါဘဲ
ရထားကေတာ့ရပ္သြားၿပီ။
ကြၽန္ေတာ္ရယ္ ကြၽန္ေတာ့ရဲ႕လက္ေထာက္ရယ္စက္မႈ/လ်ွပ္စစ္ စက္ျပင္ဆရာႀကီး ႏွစ္ေယာက္
ရယ္ အားလံုးေလးေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ ရင္း တစ္ၿပိဳင္ထဲေရရြတ္လိုက္
တာကေတာ့"သြားၿပီ"တဲ့။ျမင္ကြင္းကြယ္သြားၿပီကိုး။
ေသခ်ာၿပီေပါ့စက္ေခါင္းကနင္းလိုက္ၿပီေဗဒင္ေမးစရာမလိုေတာ့ဘူး၊ကိုယ့္စက္ေခါင္း ဖြဲ႔စည္းတည္
ေဆာက္ပုံအားလုံးသိၿပီးသား၊စက္ေခါင္းဝန္႐ိုးေတြကိုေမာင္းေပးတဲ့ ေမာ္ တာ(traction motor)
ေတြနဲ႔မလြတ္ေလာက္ဘူးဆိုတာကိုအားလံူးသိၿပီးထားၿပီးသား၊ စကၠန္႔ပိုင္းေလာက္ၾကက္ေသ ေသ
ေနၾကျပီး ကြ်န္ေတာ္ကဘဲစလို႔
`ကဲ ဘာဘဲျဖစ္ျဖစ္ ရထားလဲရပ္သြားျပီ ၊တတ္နိုင္သေလာက္အစြမ္းကုန္ႀကိဳးစားၿပီးၿပီဘဲ
ဘယ္တတ္ႏိုင္မလဲကြာ သူ႔ကံေပါ့။
ကဲဆင္းၾကည့္ၾကစို႔´။
ေျပာသာေျပာရတယ္တစ္ေယာက္မွလဲဆင္းၾကည့္ဘို႔တုတ္တုတ္မလႈပ္ၾကဘူး ၊ဘာေတြျမင္ရမလဲဆို
တာႀကိဳသိထားၾကတာကိုး၊အခ်ိန္ကလဲညသန္းေခါင္ေက်ာ္ဆိုေတာ့ ဆင္းၾကည့္ၾကဘို႔ဝန္ေလးေနၾကတာ
"ကဲကဲလာၾကဗ်ာအားလုံးဆင္းၾကည့္ၾကမယ္"
ဆိုမွ လက္ႏွိပ္မီးေတြကိုယ္စီကိုင္ၿပီးဆင္းၾကည့္လိုက္ေတာ့ ပုံမွာပါတဲ့အတိုင္းလွည္းလမ္းကူးေျမ
သားနဲ႔စက္ေခါင္းရဲ႕ပထမဦးဆုံးေမာ္တာၾကားမွာခရီးေဆာင္အိပ္ေသးေသးေလးကိုေခါင္းခုၿပီးအိပ္
ေနတဲ့လူတစ္ဦးကိုေမာ္တာၾကီးကရင္ဘတ္ကိုဖိထားတဲ့အနအထားမ်ိုးေေတြ႔လိုက္ရတယ္ဗ်
လူကေတာ့တုတ္တုတ္မလွုပ္ဘူး၊
အဲဒီအခ်ိန္မွာဘဲ တစ္ေယာက္က
"ေသျပီလားမသိဘူး"တဲ့
ေသေသခ်ာခ်ာဓါတ္မီးနဲ႔ထိုးၾကည့္လိုက္ေတာ့ေမာ္တာနဲ႔ ေျမႀကီးၾကားမွာလူကကြက္တိ။
ဖိညႇပ္ထားတဲ့လကၡဏာမရိွိဘူး ဒါေပမဲ့ခရီးဆာင္အိပ္ကိုေခါင္းခုအိပ္ေနတာဆိုေတာ့ရထားက
ေနာက္ထပ္တစ္ေပေလာက္ေရြသြားၿပီးမွရပ္သြားမယ္ဆိုရင္မေတြးရဲစရာပါ။
"ေဟ့လူ...ေဟ့လူ"ဆိုၿပီးေပါင္ကိုပုတ္ႏႈိးမွနဲနဲလႈပ္လာတယ္။
"ဟာ မေသဘူးမေသဘူး အိပ္ေပ်ာ္ေနတာထင္တယ္ဆြဲထုတ္ရေအာင္။
ရထားလုံျခဳံေရးရဲ ကိုတစ္ေယာက္သြားေခၚ။တစ္ခါတည္း ဂါတ္ဘိုႀကီကိုပါေခၚခဲ့"
သူတို့သြားေခၚေနတဲ့အခ်ိန္မွာဘဲစက္ေခါင္းေအာက္ကေမာင္မင္းႀကီးသားထံကအသံထြက္လာတယ္။
ဘာတဲ့ ေမာ္တာႀကီးကို လက္နဲ႔ပုတ္ပုတ္ၿပီး
"ဒါႀကီးဖယ္ေပးပါ ဒါႀကီးကိူဖယ္ေပးပါ"တဲ့ေအာ္ေနေလ့
ရဲေတြေရာက္လာတဲ့အခါက်ေတာ့ေအာက္ကလူကို ေဘးတိုက္ေရႊ႔ခိုင္းၾကည့္တယ္
"လႈပ္လို႔မရဘူး"တဲ့
"ဘုရား ဘုရား"မွန္းစမ္းေသခ်ာၾကည့္စမ္းမယ္။ဘယ္ရမွာလဲ ဦးေခါင္းေအာက္ကေခါင္းအံုးက
ေထာက္ခံထားသလိုျဖစ္ၿပီးလႈပ္မရတာကိုး။ေခါင္းအံုးဆြဲဖယ္လိုက္မွလြတ္လြတ္လပ္လပ္
လွုပ္ရွားလို့ရျပီးစက္ေအာက္ကဆြဲထုတ္လို့႔ရေတာ့တယ္ဗ်ာ၊အျပင္ေရာက္မွ ေမးၾကည့္ေတာ့
ေ႐ွ႕ကသြားတဲ့ရထားေပၚကျပဳတ္က်ခဲ့တာတဲ့။၅၆ အစုန္ အထူးအျမန္ရထားေပၚကေပါ့။
ညႀကီးဆိုေတာ့ ဘယ္မွမသြားတတ္တာရယ္။ဘာမွမျမင္ရတာနဲ႔ေတြ႔တဲ့ေနရာမွာအိပ္ေနတာပါတဲ့ ဗ်ာ။
 မေသေကာင္းမေပ်ာက္ေကာင္းကံေကာင္းလို႔ပါလား။
 ကြၽန္ေတာ္ ေတာ္လို႔ မဟုတ္ဘူး ႏိုးႏိုးၾကားၾကားရိွေနလို႔ပါ။
ကြၽန္ေတာ့ရထားကလဲပင့္သာဘူတာျဖတ္သန္းေတာ့မွာမို႔ မိုင္ႏႈန္းေလ်ွာ့ထားတဲ့အခ်ိန္
အဲဒီ လွည္းလမ္းကူးေျမျပင္အေနအထားကေပ ၂၀၀ မွာ ၁ ေပအတက္ခရီးကလဲျဖစ္
စက္ေခါင္းနဲ႔တြဲဆိုင္းဘရိတ္စစ္စတမ္ကလဲဘရိတ္မိအားေကာင္းတဲ့ AAR စံနစ္
ရာသီဥတုကလဲ ႏွင္းမက်ဘူးျမင္ကြင္းေကာင္း။စက္ေခါင္းမီးေမာင္းေတြကလဲလင္းအားေကာင္း။
ကံတရားအရ ေသေန႔မေစ့ေသးတဲ့လူအသက္
တစ္ေခ်ာင္းကိုကယ္ခဲ့ရတာပါ။
ဒါေပမယ့္
လံုျခဳံေရးရဲေနာက္ကိုေတာ့လိုက္သွြားလိုက္ပါ
ဦးေမာင္မင္းႀကီးသားေရ႕

အမည္က ....သန္းႏိုင္ဝင္း
အသက္........၁၈ ႏွစ္
အဘ............ဦးသန္းေအာင္
ေနရပ္............အလုံႀကီးရြာ ၊ၿမိဳင္ၿမိဳ႕နယ္
၅၆ အစုန္ရထားလက္မွတ္ပါ႐ွိ လက္မွတ္အမွတ္
၈၂၄၃ တြဲ ၂ ခုံအမွတ္ ၂၃
မႏၱေလးစက္ေခါင္း႐ုံကစက္ေခါင္းအမ်ားႀကီး
ရိိွတဲ့အထဲမွာ ဟြန္းအေကာင္းဆုံးေခါင္း
ဟြန္းတီးမယ္ဆိုနားကိုလက္နဲ႔ပိတ္ၿပီးတီးရတဲ့
ေခါင္း
ဟြန္းသံလဲမၾကားဘုး စက္ေခါင္းႀကီးလူေပၚေရာက္ေနတာေတာင္မသိဘူးဆိုေတာ့မလြန္လြန္းဘူးလား ငါ့ညီရာ။
""""အႏၱရာယ္ကင္းေဘးရွင္းၾကပါေစ"""
Win Koko
19 February 2016
...........................
အသက်တချောင်း ကယ်ခဲ့ရပြန်ပြီ (သို့)
.........သေနေ့မစေ့သေးသူ.................
အချိန်က သန်းခေါင်ကျော် 02း20 နာရီအချိန်၊ရက်စွဲက18.02.2016 နေ့၊ ရထားအမှတ်က
မြစ်ဆုံမန္တလာ လို့ခေါ်တဲ့ 38 Dn ရထားကြီး၊နေရာက ချပ်ကြီး ဘူတာနှင့် ပင့်သာ ဘူတာ အကြား၊မိုင်တိုင်
အမှတ်က 507/5နှင့်507/6အတွင်းလှည်းလမ်းကူး သံလမ်းအလယ်ကောင်မှာ သံလမ်းနှစ်ချောင်းနှင်ြ့ပိုင်ပြီးအိပ်နေတဲ့လူတစ်ယောက်ကို ရထားရဲ့မီးမောင်း(Head light)အလင်းရောင်အောက်မှာ အကွာအဝေး ပေ150ခန့်လောက်ကနေပြီးရုတ်တရက်တွေ့လိုက်ရပါတယ်၊ပထမတော့ ရထားပေါ်ကနေပြီးကျခဲ့တဲ့
စောင်တစ်ထည်လို့်ထင်လိုက်သေးတယ်ဗျ၊ှချမ်းအေးလှတဲ့ဆောင်းရာသီမှာသံလမ်းပေါ်
လူအိပ်နေလိမ္မယ်လို့ထင်မှတ်မထားဘူး၊
အသေအချာကြည့်လိုက်တော့မှ ကျွန်တော့်ရထားလာမယ့်ဘက်ကိုခြေဆင်းပြီးသံလမ်းရဲ့
အလယ်ကောင်မှာအိပ်နေတဲ့လူတစ်ယောက်မှန်းသိလိုက်ရတော့
လက်တစ်ဘက်က အရေးပေါ်တွဲဆိုင်းဘရိတ်နဲ့စက်ခေါင်းဘရိတ်ကိုတပြိုင်ထဲဆွဲပြီး တချိန်
ထဲမှာဘဲ စက်ခေါင်းဥဩကိုအိပ်နေတဲ့လူသတိထားမိအောင်အသံတိုအသံပြတ်အကြိမ်ကြိမ်
ဆွဲသော်လဲတုတ်တုတ်တောင်မလှူပ်ဘူးဗျာ၊
ရထားခုတ်မောင်းလာတဲ့မိုင်နှုန်းကလဲကီလို၄၀ဝန်းကျင် နောက်ကပါလာတဲ့တွဲကတွဲကြီး ၁၁
တွဲ ရထားကလဲရုတ်တရက်မရပ်နိုင် ရထားလုံးဝရပ်မသွားခင်အထိတော့တစ်စက္ကန့်
ဆိုတာကျွန်တော့်အတွက်တော့တစ်ကမ္ဘာပါဘဲ။
ရထားကတကျွီကျွီနဲ့အိပ်နေတဲ့လူဆီကိုတိုးဝင်၊နီးကပ်လွန်းလာတဲ့အခါအိပ်နေတဲ့လူကိုစက်ခေါင်း
ဖရိမ်ကမြင်ကွင်းကွယ်သွားပြီးရထားလဲကျွိကနဲထိုးရပ်သွားပြီ၊ တစ်ကယ် စက္ကန့်ပိုင်းပါဘဲ
ရထားကတော့ရပ်သွားပြီ။
ကျွန်တော်ရယ် ကျွန်တော့ရဲ့လက်ထောက်ရယ်စက်မှု/လျှပ်စစ် စက်ပြင်ဆရာကြီး နှစ်ယောက်
ရယ် အားလုံးလေးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ရင်း တစ်ပြိုင်ထဲရေရွတ်လိုက်
တာကတော့"သွားပြီ"တဲ့။မြင်ကွင်းကွယ်သွားပြီကိုး။
သေချာပြီပေါ့စက်ခေါင်းကနင်းလိုက်ပြီဗေဒင်မေးစရာမလိုတော့ဘူး၊ကိုယ့်စက်ခေါင်း ဖွဲ့စည်းတည်
ဆောက်ပုံအားလုံးသိပြီးသား၊စက်ခေါင်းဝန်ရိုးတွေကိုမောင်းပေးတဲ့ မော် တာ(traction motor)
တွေနဲ့မလွတ်လောက်ဘူးဆိုတာကိုအားလူံးသိပြီးထားပြီးသား၊ စက္ကန့်ပိုင်းလောက်ကြက်သေ သေ
နေကြပြီး ကျွန်တော်ကဘဲစလို့
`ကဲ ဘာဘဲဖြစ်ဖြစ် ရထားလဲရပ်သွားပြီ ၊တတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားပြီးပြီဘဲ
ဘယ်တတ်နိုင်မလဲကွာ သူ့ကံပေါ့။
ကဲဆင်းကြည့်ကြစို့´။
ပြောသာပြောရတယ်တစ်ယောက်မှလဲဆင်းကြည့်ဘို့တုတ်တုတ်မလှုပ်ကြဘူး ၊ဘာတွေမြင်ရမလဲဆို
တာကြိုသိထားကြတာကိုး၊အချိန်ကလဲညသန်းခေါင်ကျော်ဆိုတော့ ဆင်းကြည့်ကြဘို့ဝန်လေးနေကြတာ
"ကဲကဲလာကြဗျာအားလုံးဆင်းကြည့်ကြမယ်"
ဆိုမှ လက်နှိပ်မီးတွေကိုယ်စီကိုင်ပြီးဆင်းကြည့်လိုက်တော့ ပုံမှာပါတဲ့အတိုင်းလှည်းလမ်းကူးမြေ
သားနဲ့စက်ခေါင်းရဲ့ပထမဦးဆုံးမော်တာကြားမှာခရီးဆောင်အိပ်သေးသေးလေးကိုခေါင်းခုပြီးအိပ်
နေတဲ့လူတစ်ဦးကိုမော်တာကြီးကရင်ဘတ်ကိုဖိထားတဲ့အနအထားမျိုးေတွေ့လိုက်ရတယ်ဗျ
လူကတော့တုတ်တုတ်မလှုပ်ဘူး၊
အဲဒီအချိန်မှာဘဲ တစ်ယောက်က
"သေပြီလားမသိဘူး"တဲ့
သေသေချာချာဓါတ်မီးနဲ့ထိုးကြည့်လိုက်တော့မော်တာနဲ့ မြေကြီးကြားမှာလူကကွက်တိ။
ဖိညှပ်ထားတဲ့လက္ခဏာမရှိိဘူး ဒါပေမဲ့ခရီးဆာင်အိပ်ကိုခေါင်းခုအိပ်နေတာဆိုတော့ရထားက
နောက်ထပ်တစ်ပေလောက်ရွေသွားပြီးမှရပ်သွားမယ်ဆိုရင်မတွေးရဲစရာပါ။
"ဟေ့လူ...ဟေ့လူ"ဆိုပြီးပေါင်ကိုပုတ်နှိုးမှနဲနဲလှုပ်လာတယ်။
"ဟာ မသေဘူးမသေဘူး အိပ်ပျော်နေတာထင်တယ်ဆွဲထုတ်ရအောင်။
ရထားလုံခြုံရေးရဲ ကိုတစ်ယောက်သွားခေါ်။တစ်ခါတည်း ဂါတ်ဘိုကြီကိုပါခေါ်ခဲ့"
သူတို့သွားခေါ်နေတဲ့အချိန်မှာဘဲစက်ခေါင်းအောက်ကမောင်မင်းကြီးသားထံကအသံထွက်လာတယ်။
ဘာတဲ့ မော်တာကြီးကို လက်နဲ့ပုတ်ပုတ်ပြီး
"ဒါကြီးဖယ်ပေးပါ ဒါကြီးကိူဖယ်ပေးပါ"တဲ့အော်နေလေ့
ရဲတွေရောက်လာတဲ့အခါကျတော့အောက်ကလူကို ဘေးတိုက်ရွှေ့ခိုင်းကြည့်တယ်
"လှုပ်လို့မရဘူး"တဲ့
"ဘုရား ဘုရား"မှန်းစမ်းသေချာကြည့်စမ်းမယ်။ဘယ်ရမှာလဲ ဦးခေါင်းအောက်ကခေါင်းအုံးက
ထောက်ခံထားသလိုဖြစ်ပြီးလှုပ်မရတာကိုး။ခေါင်းအုံးဆွဲဖယ်လိုက်မှလွတ်လွတ်လပ်လပ်
လှုပ်ရှားလို့ရပြီးစက်အောက်ကဆွဲထုတ်လို့့ရတော့တယ်ဗျာ၊အပြင်ရောက်မှ မေးကြည့်တော့
ရှေ့ကသွားတဲ့ရထားပေါ်ကပြုတ်ကျခဲ့တာတဲ့။၅၆ အစုန် အထူးအမြန်ရထားပေါ်ကပေါ့။
ညကြီးဆိုတော့ ဘယ်မှမသွားတတ်တာရယ်။ဘာမှမမြင်ရတာနဲ့တွေ့တဲ့နေရာမှာအိပ်နေတာပါတဲ့ ဗျာ။
 မသေကောင်းမပျောက်ကောင်းကံကောင်းလို့ပါလား။
 ကျွန်တော် တော်လို့ မဟုတ်ဘူး နိုးနိုးကြားကြားရှိနေလို့ပါ။
ကျွန်တော့ရထားကလဲပင့်သာဘူတာဖြတ်သန်းတော့မှာမို့ မိုင်နှုန်းလျှော့ထားတဲ့အချိန်
အဲဒီ လှည်းလမ်းကူးမြေပြင်အနေအထားကပေ ၂၀၀ မှာ ၁ ပေအတက်ခရီးကလဲဖြစ်
စက်ခေါင်းနဲ့တွဲဆိုင်းဘရိတ်စစ်စတမ်ကလဲဘရိတ်မိအားကောင်းတဲ့ AAR စံနစ်
ရာသီဥတုကလဲ နှင်းမကျဘူးမြင်ကွင်းကောင်း။စက်ခေါင်းမီးမောင်းတွေကလဲလင်းအားကောင်း။
ကံတရားအရ သေနေ့မစေ့သေးတဲ့လူအသက်
တစ်ချောင်းကိုကယ်ခဲ့ရတာပါ။
ဒါပေမယ့်
လုံခြုံရေးရဲနောက်ကိုတော့လိုက်သွှားလိုက်ပါ
ဦးမောင်မင်းကြီးသားရေ့

အမည်က ....သန်းနိုင်ဝင်း
အသက်........၁၈ နှစ်
အဘ............ဦးသန်းအောင်
နေရပ်............အလုံကြီးရွာ ၊မြိုင်မြို့နယ်
၅၆ အစုန်ရထားလက်မှတ်ပါရှိ လက်မှတ်အမှတ်
၈၂၄၃ တွဲ ၂ ခုံအမှတ် ၂၃
မန္တလေးစက်ခေါင်းရုံကစက်ခေါင်းအများကြီး
ရိိှတဲ့အထဲမှာ ဟွန်းအကောင်းဆုံးခေါင်း
ဟွန်းတီးမယ်ဆိုနားကိုလက်နဲ့ပိတ်ပြီးတီးရတဲ့
ခေါင်း
ဟွန်းသံလဲမကြားဘုး စက်ခေါင်းကြီးလူပေါ်ရောက်နေတာတောင်မသိဘူးဆိုတော့မလွန်လွန်းဘူးလား ငါ့ညီရာ။
""""အန္တရာယ်ကင်းဘေးရှင်းကြပါစေ"""
Win Koko
19 February 2016




Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)