Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

Forbes Asia မဂၢဇင္းမွာ ျမန္မာလူငယ္ေတြ ပါ (Forbes Asia မဂ္ဂဇင်းမှာ မြန်မာလူငယ်တွေ ပါ )

Forbes Asia မဂၢဇင္းမွာ ျမန္မာလူငယ္ေတြ ပထမဆုံးအႀကိမ္ ေဖာ္ျပခံရ
အာရွေဒသတြင္း အားကစား၊ အႏုပညာ၊ စီးပြားေရး၊ နည္းပညာ စတဲ့ နယ္ပယ္ ၁၀ ခုမွာ ထူးခၽြန္ ေအာင္ျမင္ ပါရမီရွိတဲ့ အသက္ ၃၀ ေအာက္ လူငယ္ အေယာက္ ၃၀စီ၊ စုစုေပါင္း အေယာက္ ၃၀၀ ကို Forbes Asia မဂၢဇင္းက ေရြးခ်ယ္ ေဖၚျပခဲ့တဲ့ အထဲမွာ ျမန္မာနိုင္ငံက လူငယ္ ၈ ဉီး ပထမဆုံးအႀကိမ္ ေရြးခ်ယ္ ေဖၚျပခံ ခဲ့ရပါတယ္။

သူတို႔ေတြကေတာ့ Retail & E Commerce က႑မွာ Car DB online ကားအေရာင္းအ၀ယ္ လုပ္ငန္းကို ထူေထာင္ခဲ့တဲ့ ကိုေဝၿဖိဳးေက်ာ္ နဲ႔ online ကေန ကားလက္မွတ္ ဝယ္နိုင္တဲ့ Star Tickets.online website ထူေထာင္သူ သက္မြန္ေအးနဲ႔ ဇာနီေႏြဉီး တို႔ ပါဝင္ပါတယ္။

ေနာက္ အႏုပညာနဲ႔ တီထြင္ဖန္တီးမွုက႑မွာ ေရြးခ်ယ္ေဖၚျပခံရသူကေတာ့ Rangoon Tea House စားေသာက္ဆိုင္လုပ္ငန္းကို တည္ေထာင္ လုပ္ကိုင္ေနတဲ့ ကိုထက္ျမက္ဉီး ျဖစ္ပါတယ္။

တခါ Consumer Tech နည္းပညာ က႑မွာေတာ့ Bindez လို႔ ေခၚတဲ့ ျမန္မာဘာသာနဲ႔ Search Engine ကို တီထြင္ခဲ့သူေတြ ျဖစ္တဲ့ ကိုရဲဝင္းကိုနဲ႔ ကိုထက္ေဝတို႔ ပါဝင္ပါတယ္။။

ဒီဇိုင္း နည္းပညာလုပ္ငန္းနဲ႔ smart ဖုန္းအတြက္ Apps ေတြ တီထြင္ေပးတဲ့ Nex Labs ကို ထူေထာင္သူ ကိုမ်ိဳးထက္ေအာင္ နဲ႔ ရဲျမတ္မင္း တို႔ကေတာ့ Enterprise Technology က႑မွာ ေရြးခ်ယ္ ေဖၚျပခံ ခဲ့ရပါတယ္။

BBC Burmese
http://www.bbc.com/burmese
.................
 Forbes Asia မဂ္ဂဇင်းမှာ မြန်မာလူငယ်တွေ ပထမဆုံးအကြိမ် ဖော်ပြခံရ
အာရှဒေသတွင်း အားကစား၊ အနုပညာ၊ စီးပွားရေး၊ နည်းပညာ စတဲ့ နယ်ပယ် ၁၀ ခုမှာ ထူးချွန် အောင်မြင် ပါရမီရှိတဲ့ အသက် ၃၀ အောက် လူငယ် အယောက် ၃၀စီ၊ စုစုပေါင်း အယောက် ၃၀၀ ကို Forbes Asia မဂ္ဂဇင်းက ရွေးချယ် ဖေါ်ပြခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံက လူငယ် ၈ ဉီး ပထမဆုံးအကြိမ် ရွေးချယ် ဖေါ်ပြခံ ခဲ့ရပါတယ်။

သူတို့တွေကတော့ Retail & E Commerce ကဏ္ဍမှာ Car DB online ကားအရောင်းအဝယ် လုပ်ငန်းကို ထူထောင်ခဲ့တဲ့ ကိုဝေဖြိုးကျော် နဲ့ online ကနေ ကားလက်မှတ် ဝယ်နိုင်တဲ့ Star Tickets.online website ထူထောင်သူ သက်မွန်အေးနဲ့ ဇာနီနွေဉီး တို့ ပါဝင်ပါတယ်။

နောက် အနုပညာနဲ့ တီထွင်ဖန်တီးမှုကဏ္ဍမှာ ရွေးချယ်ဖေါ်ပြခံရသူကတော့ Rangoon Tea House စားသောက်ဆိုင်လုပ်ငန်းကို တည်ထောင် လုပ်ကိုင်နေတဲ့ ကိုထက်မြက်ဉီး ဖြစ်ပါတယ်။

တခါ Consumer Tech နည်းပညာ ကဏ္ဍမှာတော့ Bindez လို့ ခေါ်တဲ့ မြန်မာဘာသာနဲ့ Search Engine ကို တီထွင်ခဲ့သူတွေ ဖြစ်တဲ့ ကိုရဲဝင်းကိုနဲ့ ကိုထက်ဝေတို့ ပါဝင်ပါတယ်။။

ဒီဇိုင်း နည်းပညာလုပ်ငန်းနဲ့ smart ဖုန်းအတွက် Apps တွေ တီထွင်ပေးတဲ့ Nex Labs ကို ထူထောင်သူ ကိုမျိုးထက်အောင် နဲ့ ရဲမြတ်မင်း တို့ကတော့ Enterprise Technology ကဏ္ဍမှာ ရွေးချယ် ဖေါ်ပြခံ ခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment