Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

အေျခအျမစ္မရွိတဲ့ ေဝဖန္မႈ လႊတ္ေတာ္ တု႔႔ံျပန္ရန္ မလို


ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အတြက္ လႊတ္ေတာ္ဆိုင္ရာလုပ္ငန္းမ်ား ရွင္းလင္းတင္ျပျခင္း Induction Programme for MPs of the Second Hluttaw အစီအစဥ္။ သတင္းဓာတ္ပံု-NLD Chairperson။ 
အေျခအျမစ္ မရွိတဲ့ ေဝဖန္ မႈေတြကို ျပည္ေထာင္စု လႊတ္ေတာ္ အေနနဲ႔ လိုက္ၿပီး တုံ႔ျပန္ဖို႔ မလိုပဲ လႊတ္ေတာ္တြင္း လုပ္ငန္းေတြ ေအာင္ျမင္ဖို႔ လႊတ္ေတာ္ ကိုယ္စား လွယ္ေတြ ဘက္က အလုပ္နဲ႔ သက္ေသျပရာမွာျဖစ္ေၾကာင္း သံုးသပ္သူ တခ်ဳိ႕က ဆိုပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း Facebook လူမႈကြန္ယက္ အခ်ဳိ႕ မွာ ေနျပည္ေတာ္ လႊတ္ေတာ္တြင္း ႏိုင္ငံတကာအဖဲြ႔အစည္းေတြရဲ႕အကူအညီနဲ႔ သင္တန္းေတြေပးေနတဲ့ အေပၚ ထင္ေယာင္္ ထင္မွားျဖစ္ေအာင္ တိုက္ခိုက္ ေရးသား ခ်က္ေတြ ရွိေန တာေၾကာင့္ အေျပာင္းအလဲကာလမွာ အျပဳသေဘာ မေဆာင္တဲ့ ေရးသားခ်က္ေတြ မလုပ္ၾကဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က မေန႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္တဲ့အေပၚ အခုလိုသံုးသပ္ေျပာဆိုလိုက္တာပါ။ ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစံုကိုေျပာျပမွာပါ။

ျပည္ေထာင္စုလႊတ္ေတာ္ေၾကညာခ်က္
ေဖေဖၚ၀ါရီလ (၁၈)ရက္ေန႔ ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ ျပည္ေထာင္စု လႊတ္ေတာ္ ရဲ႕ေၾကညာခ်က္မွာ လႊတ္ေတာ္ဆိုင္ရာလုပ္ငန္းေတြအတြက္ ကုလသမဂၢ ဖံြ႔ၿဖိဳးေရး အစီအစဥ္ (UNDP)၊ ႏိုင္ငံတကာပါလီမန္မ်ားအဖဲြ႔ (IPU) အပါအ၀င္ အျခားႏိုင္ငံတကာ မိတ္ဖက္အဖဲြ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ တာဟာ ပထမအႀကိမ္ လႊတ္ေတာ္ သက္တမ္းကာလကတည္းကျဖစ္တယ္ လို႔ ေဖၚျပထားပါတယ္။

ျပည္ေထာင္စု လႊတ္ေတာ္မွာ ေဖေဖၚ၀ါရီလ (၁၉) ရက္ေန႔ထိ က်င္းပတဲ့ ႏိုင္ငံတကာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ နဲ႔ ေတြ႔ဆံုေဆြးေႏြးပဲြ ဟာ ျမန္မာလႊတ္ေတာ္ ကိုယ္စားလွယ္ေတြအတြက္ ႏိုင္ငံတကာလႊတ္ေတာ္လုပ္ငန္းဆိုင္ရာအေတြ႕အႀကံဳေတြ ေလ့လာသိရွိခြင့္ရေအာင္ ရည္ရြယ္ျပဳလုပ္တာျဖစ္တယ္လို႔ေရးသားထားပါတယ္။ ဒါအျပင္ အခုက်င္းပေနတဲ့ ေဆြးေႏြးပဲြ၊ သင္တန္းေတြဟာ လႊတ္ေတာ္ရဲ႕လုပ္ထံုး၊ လုပ္နည္း ဥပေဒနဲ႔အညီေဆာင္ရြက္ေနေၾကာင္းေဖၚျပထားတာပါ။

ဒါေပမဲ့ Facebook လူမႈကြန္ယက္အခ်ဳိ႕မွာ အခုလို လႊတ္ေတာ္တြင္း ႏိုင္ငံတကာ အဖဲြ႕အစည္းေတြနဲ က်င္းပေနတဲ့ သင္တန္းေတြကို ေဝဖန္ တိုက္ခိုက္ေရးသားခဲ့ တာေၾကာင့္ အမ်ားျပည္သူ ထင္ေယာင္ထင္မွားျဖစ္မွာ စိုးရိမ္တဲ့အတြက္ အခုလိုေၾကညာခ်က္ ထုတ္ျပန္တာျဖစ္တယ္လို႔ဆိုပါတယ္။

ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးနဲ႔ တာ၀န္လဲႊေျပာင္းေရး ေခ်ာ့ေမြ႔ေစဖို႔ အေလးထား လုပ္ေဆာင္ေနခ်ိန္မွာ မလိုလားအပ္တဲ့၊ အျပဳသေဘာ မေဆာင္တဲ့ ေရးသားေဖၚျပ ခ်က္ေတြေၾကာင့္ အထိအခိုက္ မခံႏိုင္တဲ့အေပၚမွာ အခုလို ေၾကညာခ်က္ ထုတ္ျပန္ တာျဖစ္ေၾကာင္း NLD ရဲ႕လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား စြမ္းရည္ျမႇင့္တင္ေရးတာ၀န္ခံ ကိုမ်ဳိးရန္ေနာင္သိမ္းက ဗီြအိုေအကို ေျပာပါတယ္။

" က်ေနာ္ျမင္တာကေတာ့ က်ေနာ္ ေတြ႔ခဲ့တဲ့ အဖြဲ႔ခ်ဳပ္ကို အစဥ္တစိုက္ ပုတ္ခတ္ေရးသားေနတဲ့ အဖြဲ႔ေတြရွိတယ္။ ေနာက္တခုက တစုတဖြဲ႔က လက္သပ္ေမြးထားတဲ့ ဟာေတြရွိတယ္။ အဲ့ဒီ့အဖြဲ႔ေတြကဆိုရင္ ဥပမာဆိုရင္ မူဆလင္ႏုိင္ငံ တခုက ပါလီမန္ကေန အႀကီးအကဲေဟာင္းေတြ ကေန ေဟာေျပာေတာ့  ျမန္မာႏုိင္ငံက မူဆလင္ေတြ အေၾကာင္း ေရးသား တာေတြ ေတြ႔ရတယ္။ လံုးဝ အျပဳသေဘာ မေဆာင္ဘူး။ ေရးသားမႈေတြက ၿပီးေတာ့ ထင္ေယာင္ထင္မွား ျဖစ္စရာေတြ ေတြ႔ရတယ္။ အခုအခ်ိန္မွာ တုိင္းျပည္ တည္ၿငိမ္ေအးခ်မ္းေအာင္ အဘက္ဘက္က ဝိုင္းဝန္းႀကိဳးပမ္းေနတဲ့အခ်ိန္မွာ မည္သို႔ေသာ အေၾကာင္းကိစၥနဲ႔မွ ျဖစ္စဥ္ကို အစြန္းထင္းမခံႏိုင္ဘူး။ အထိခုိက္မခံႏုိင္ဘူး။ ဒါေၾကာင့္မို႔လို႔ ဒီေၾကညာခ်က္ကို ထုတ္ျပန္ရတယ္လို႔ က်ေနာ္ျမင္ပါတယ္။

ျမန္မာ့ႏိုင္ငံေရးသံုးသပ္ေနသူေတြကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္အေနနဲ႔ အေျခအျမစ္ မရွိတဲ့ ေ၀ဖန္ေရးသားခ်က္ေတြကို အေရးတယူလုပ္ၿပီး တု႔ံျပန္ေနမဲ့ အစား လႊတ္ေတာ္တြင္းလုပ္ငန္းေတြေအာင္ျမင္ေရး အလုပ္နဲ႔ သက္ေသျပဖို႔ပဲလိုအပ္တယ္လို႔ ေျပာပါတယ္။ အခုလို လိုက္ၿပီးတုန္႔ျပန္ေနမယ္ဆိုရင္ လႊတ္ေတာ္ အတြက္ အလုပ္ပိုၿပီး မ်ားလာတာပဲ ရွိမယ္ လို႔ျမင္ေၾကာင္း ျမန္မာ့ႏိုင္ငံေရး သံုးသပ္သူ ဦးေအာင္သူၿငိမ္းကေျပာပါတယ္။

" က်ေနာ္ျမင္တာေတာ့ ဒီေလာက္အထိ တုံ႔ျပန္စရာမလိုဘူူးထင္ပါတယ္။ အထူးသျဖင့္ ေဖ့စ္ဘြတ္ခ္တို႔ ဒါမွမဟုတ္ရင္လည္း တျခား လူမႈကြန္ရက္ေတြမွာ ေျပာေနတာမ်ိဳးေတြရွိပါတယ္။ အဲ့ေတာ့ လႊတ္ေတာ္ရဲ႕ လုပ္ငန္း တကယ္ဟုတ္ မဟုတ္၊ တကယ္ျဖစ္ မျဖစ္ ဒါေတြကေတာ့ က်ေနာ္ျမင္တာကေတာ့ လႊတ္ေတာ္ကိုယ္တုိင္ ဒီ့ထက္ပိုၿပီး အလုပ္လုပ္ျပျခင္းျဖင့္ သက္ေသျပသြားလို႔ရပါတယ္။ လႊတ္ေတာ္ရဲ႕လုပ္ငန္းေတြ တကယ္အလုပ္ျဖစ္ မျဖစ္ေပါ့။ ဒါကေတာ့ အလုပ္နဲ႔ပဲ သက္ေသျပရမွာပါပဲ။"

အခုလို ျပည္ေထာင္စုလႊတ္ေတာ္တြင္း ႏိုင္ငံတကာအစီအစဥ္နဲ႔သင္တန္းေပးေနတာေတြဟာ ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကိုထိပါးတာျဖစ္တယ္၊ ဖဲြ႕စည္းပံုအေျခခံဥပေဒနဲ႔ ၿငိတယ္ စသျဖင့္ အမ်ားျပည္သူ ထင္ေယာင္ထင္မွားျဖစ္ေအာင္ လူမႈကြန္ယက္ေတြမွာ တိုက္ခိုက္ေရးသားသူေတြဟာ ျပဳျပင္ေျပာင္းလဲေရးကိုမလိုလားသူေတြ အဆိုးျမင္သူေတြျဖစ္တယ္လို႔ျဖစ္တယ္လို႔ အတြင္း အေျခအေန သိသူေတြကေျပာပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း Induction Programme for MPs of the Second Hluttaw အစီအစဉ်။ သတင်းဓာတ်ပုံ-NLD Chairperson။ 
အခြေအမြစ် မရှိတဲ့ ဝေဖန် မှုတွေကို ပြည်ထောင်စု လွှတ်တော် အနေနဲ့ လိုက်ပြီး တုံ့ပြန်ဖို့ မလိုပဲ လွှတ်တော်တွင်း လုပ်ငန်းတွေ အောင်မြင်ဖို့ လွှတ်တော် ကိုယ်စား လှယ်တွေ ဘက်က အလုပ်နဲ့ သက်သေပြရာမှာဖြစ်ကြောင်း သုံးသပ်သူ တချို့က ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း Facebook လူမှုကွန်ယက် အချို့ မှာ နေပြည်တော် လွှတ်တော်တွင်း နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ သင်တန်းတွေပေးနေတဲ့ အပေါ် ထင်ယောင်် ထင်မှားဖြစ်အောင် တိုက်ခိုက် ရေးသား ချက်တွေ ရှိနေ တာကြောင့် အပြောင်းအလဲကာလမှာ အပြုသဘော မဆောင်တဲ့ ရေးသားချက်တွေ မလုပ်ကြဖို့ ပြည်ထောင်စုလွှတ်တော်က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် အခုလိုသုံးသပ်ပြောဆိုလိုက်တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ပြည်ထောင်စုလွှတ်တော်ကြေညာချက်
ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်ထောင်စု လွှတ်တော် ရဲ့ကြေညာချက်မှာ လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အပါအဝင် အခြားနိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် တာဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလကတည်းကဖြစ်တယ် လို့ ဖေါ်ပြထားပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ထိ ကျင်းပတဲ့ နိုင်ငံတကာ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲ ဟာ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေအတွက် နိုင်ငံတကာလွှတ်တော်လုပ်ငန်းဆိုင်ရာအတွေ့အကြုံတွေ လေ့လာသိရှိခွင့်ရအောင် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ရေးသားထားပါတယ်။ ဒါအပြင် အခုကျင်းပနေတဲ့ ဆွေးနွေးပွဲ၊ သင်တန်းတွေဟာ လွှတ်တော်ရဲ့လုပ်ထုံး၊ လုပ်နည်း ဥပဒေနဲ့အညီဆောင်ရွက်နေကြောင်းဖေါ်ပြထားတာပါ။

ဒါပေမဲ့ Facebook လူမှုကွန်ယက်အချို့မှာ အခုလို လွှတ်တော်တွင်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ ကျင်းပနေတဲ့ သင်တန်းတွေကို ဝေဖန် တိုက်ခိုက်ရေးသားခဲ့ တာကြောင့် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်မှာ စိုးရိမ်တဲ့အတွက် အခုလိုကြေညာချက် ထုတ်ပြန်တာဖြစ်တယ်လို့ဆိုပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ တာဝန်လွှဲပြောင်းရေး ချော့မွေ့စေဖို့ အလေးထား လုပ်ဆောင်နေချိန်မှာ မလိုလားအပ်တဲ့၊ အပြုသဘော မဆောင်တဲ့ ရေးသားဖေါ်ပြ ချက်တွေကြောင့် အထိအခိုက် မခံနိုင်တဲ့အပေါ်မှာ အခုလို ကြေညာချက် ထုတ်ပြန် တာဖြစ်ကြောင်း NLD ရဲ့လွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်မြင်တာကတော့ ကျနော် တွေ့ခဲ့တဲ့ အဖွဲ့ချုပ်ကို အစဉ်တစိုက် ပုတ်ခတ်ရေးသားနေတဲ့ အဖွဲ့တွေရှိတယ်။ နောက်တခုက တစုတဖွဲ့က လက်သပ်မွေးထားတဲ့ ဟာတွေရှိတယ်။ အဲ့ဒီ့အဖွဲ့တွေကဆိုရင် ဥပမာဆိုရင် မူဆလင်နိုင်ငံ တခုက ပါလီမန်ကနေ အကြီးအကဲဟောင်းတွေ ကနေ ဟောပြောတော့  မြန်မာနိုင်ငံက မူဆလင်တွေ အကြောင်း ရေးသား တာတွေ တွေ့ရတယ်။ လုံးဝ အပြုသဘော မဆောင်ဘူး။ ရေးသားမှုတွေက ပြီးတော့ ထင်ယောင်ထင်မှား ဖြစ်စရာတွေ တွေ့ရတယ်။ အခုအချိန်မှာ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းနေတဲ့အချိန်မှာ မည်သို့သော အကြောင်းကိစ္စနဲ့မှ ဖြစ်စဉ်ကို အစွန်းထင်းမခံနိုင်ဘူး။ အထိခိုက်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီကြေညာချက်ကို ထုတ်ပြန်ရတယ်လို့ ကျနော်မြင်ပါတယ်။

မြန်မာ့နိုင်ငံရေးသုံးသပ်နေသူတွေကတော့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အခြေအမြစ် မရှိတဲ့ ဝေဖန်ရေးသားချက်တွေကို အရေးတယူလုပ်ပြီး တု့ံပြန်နေမဲ့ အစား လွှတ်တော်တွင်းလုပ်ငန်းတွေအောင်မြင်ရေး အလုပ်နဲ့ သက်သေပြဖို့ပဲလိုအပ်တယ်လို့ ပြောပါတယ်။ အခုလို လိုက်ပြီးတုန့်ပြန်နေမယ်ဆိုရင် လွှတ်တော် အတွက် အလုပ်ပိုပြီး များလာတာပဲ ရှိမယ် လို့မြင်ကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဦးအောင်သူငြိမ်းကပြောပါတယ်။

" ကျနော်မြင်တာတော့ ဒီလောက်အထိ တုံ့ပြန်စရာမလိုဘူူးထင်ပါတယ်။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်တို့ ဒါမှမဟုတ်ရင်လည်း တခြား လူမှုကွန်ရက်တွေမှာ ပြောနေတာမျိုးတွေရှိပါတယ်။ အဲ့တော့ လွှတ်တော်ရဲ့ လုပ်ငန်း တကယ်ဟုတ် မဟုတ်၊ တကယ်ဖြစ် မဖြစ် ဒါတွေကတော့ ကျနော်မြင်တာကတော့ လွှတ်တော်ကိုယ်တိုင် ဒီ့ထက်ပိုပြီး အလုပ်လုပ်ပြခြင်းဖြင့် သက်သေပြသွားလို့ရပါတယ်။ လွှတ်တော်ရဲ့လုပ်ငန်းတွေ တကယ်အလုပ်ဖြစ် မဖြစ်ပေါ့။ ဒါကတော့ အလုပ်နဲ့ပဲ သက်သေပြရမှာပါပဲ။"

အခုလို ပြည်ထောင်စုလွှတ်တော်တွင်း နိုင်ငံတကာအစီအစဉ်နဲ့သင်တန်းပေးနေတာတွေဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးတာဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိတယ် စသဖြင့် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် လူမှုကွန်ယက်တွေမှာ တိုက်ခိုက်ရေးသားသူတွေဟာ ပြုပြင်ပြောင်းလဲရေးကိုမလိုလားသူတွေ အဆိုးမြင်သူတွေဖြစ်တယ်လို့ဖြစ်တယ်လို့ အတွင်း အခြေအနေ သိသူတွေကပြောပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment