Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 25, 2016

ရာသီလာစဥ္ လိင္ဆက္ဆံျခင္းက ေဘးကင္းလုုံၿခဳံမႈ ရွိပါ့မလား

ရာသီလာခ်ိန္မွာ ေခ်ာဆီလိုအပ္ခ်က္လည္း နည္းပါတယ္။ ေလ့လာမႈ အခ်ိဳ႕အရ မီးနီျဖတ္ေမာင္းျခင္းက ဗိုက္ေအာင့္ျခင္း အပါ အ၀င္ အမ်ိဳးသမီးေတြ ရာသီလာခ်ိန္မွာ ခံစားရေလ့ရေလ့ရွိတဲ့ ေရာဂါလကၡဏာေတြကိုလည္း သက္သာေစတယ္လို႔ သိရပါ တယ္။ International Headache Society က ထုတ္ေ၀တဲ့ Cephalalgia ဂ်ာနယ္က ၂၀၁၃ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈအရ လိင္ဆက္ဆံျခင္းေၾကာင့္ အခ်ိဳ႕ေတြမွာ ေခါင္းကိုက္တဲ့ ေ၀ဒနာကို ေလွ်ာ့ခ်ေပးတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ ဒီလို မလုပ္ခင္ လိင္ဆက္ဆံမႈကေနတဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါေတြ (STDs)ရဲ႕ အႏၲရယ္ နဲ႔ တျခား ေရာဂါ ပိုးကူးစက္ႏိုင္မႈ အလားအလာေတြကို နားလည္ထားရမွာ ျဖစ္သလို အဲဒီ အခ်ိန္မ်ိဳးမွာလည္း ကိုယ္၀န္ရွိသြားႏိုင္တယ္ ဆိုတာ ကို သိထားသင့္ပါတယ္။
မီးနီျဖတ္ေမာင္းေတာ့မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္ေတြကေတာ့
ရာသီလာခ်ိန္မွာ လိင္ဆက္ဆံမယ္ဆိုရင္ HIV လိုမ်ိဳး လိင္ဆက္ဆံမႈကေနတဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါေတြ ကူးစက္ႏိုင္ တဲ့ အတြက္ ေဘးကင္းလံုၿခံဳတဲ့ လိင္ဆက္ဆံမႈ ျဖစ္ဖို႔ အေရးႀကီးတယ္လို႔ အေမရိကန္ႏိုင္ငံ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ ေရး စန္တာ က ဆိုပါတယ္။ ရာသီေသြးေတြထဲမွာ ဗိုင္းရပ္စ္ ေတြရွိေနပါတယ္။ ဒါေၾကာင့္ ဒီလို အခ်ိန္မ်ိဳးမွာ ျဖစ္လာႏိုင္တဲ့ အႏၲရယ္ေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ အတြက္ ကြန္ဒံုးကို အသံုးျပဳဖို႔ ဆရာ၀န္ေတြက ေလးေလးနက္နက္ တိုက္တြန္းၾကပါတယ္။
ခ်ီကာဂိုမွာရွိတဲ့ Northwestern တကၠသိုလ္ရဲ႕ Feinberg ေဆးေက်ာင္းက သားဖြား/မီးယပ္ပညာ တြဲဘက္ပါေမာကၡ ေဒါက္တာ Lauren Streicher က အႏၲရယ္ျဖစ္စရာ အေၾကာင္းရင္း ၂ ခုရွိတယ္လို႔ ေျပာပါတယ္။ “ကိုယ္ခႏၶာက ထြက္တဲ့ အရည္တိုင္း က HIV သို႔မဟုတ္ တျခား STI(လိင္ဆက္ဆံမႈကေနတဆင့္ပ်ံ႕ႏွံႏိုင္တဲ့ေရာဂါ ပိုး) ေတြ ကို သယ္ေဆာင္ ႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ ရာသီလာေနခ်ိန္မွာ သားအိမ္ေခါင္း ကလည္း အနည္းငယ္ပြင့္ေနတတ္ပါတယ္။ အဲဒါက ဗိုင္းရပ္စ္ေတြကို ျဖတ္သန္းခြင့္ျပဳသလို ျဖစ္သြားႏိုင္ပါတယ္။ က်မ အေနနဲ႔ အမ်ိဳးသမီးေတြကို ေျပာခ်င္တာကေတာ့ ကာကြယ္မႈေတြကို ျပဳလုပ္ေနတာနဲ႔ အမွ် ျပႆနာမျဖစ္ႏိုင္ဘူး ဆိုတာ ပါပဲ။” လို႔ ေဒါက္တာ Lauren Streicher က ဆိုပါတယ္။
တျခားေသာ ေရာဂါကူးစက္ျခင္းေတြလည္း ဒီလို အခ်ိန္မွာ ရွိႏိုင္ပါတယ္။ အမ်ိဳးသမီး တေယာက္ရဲ႕ အဂၤါက pH အဆင့္ကို တလလံုးမွာ ၃ ဒသမ ၈ ကေန ၄ ဒသမ ၅ အတြင္းမွာ ထိန္းသိမ္းထားေပမယ့္ ရာသီလာခ်ိန္မွာေတာ့ pH အဆင့္ ျမင့္တက္သြားတတ္ပါ တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေသြးက pH အဆင့္ ျမင့္မားလို႔ ျဖစ္ပါတယ္။ vaginal yeast infection လို႔ေခၚတဲ့ မိႈပိုးေတြ ကို ျမန္ျမန္ဆန္ဆန္ ျပန္႔ပြားေစႏိုင္ပါတယ္။
vaginal yeast infection ရွိရင္ ေရာဂါလကၡဏာေတြက ရာသီရက္မတိုင္မီ တပတ္ေလာက္မွာ ေပၚလာတတ္ၿပီး လိင္ ဆက္ဆံလိုက္ရင္ေတာ့ ေရာဂါ လကၡဏာေတြ ပိုဆိုးသြားေစႏိုင္ပါတယ္။ ဒါေပမယ့္ ရာသီလာခ်ိန္မွာ လိင္ဆက္ဆံလိုက္ လို႔ yeast infection လွ်င္လွ်င္ျမန္ျမန္ ျပန္႔ပြားသြားႏိုင္တယ္လို႔ တိတိက်က် ေျပာႏိုင္တဲ့ အေထာက္အထားေတာ့ မရွိေသးပါ ဘူး။
“တခ်ိဳ႕ အမ်ိဳးသမီးေတြ အတြက္ကေတာ့ လိင္ဆက္ဆံၿပီးတဲ့ အခ်ိန္မွာ ဆီးလမ္းေၾကာင္းပိုး၀င္တာ ျဖစ္ႏိုင္ပါတယ္။” လို႔ Boston မွာရွိတဲ့ Massachusetts အေထြေထြေရာဂါကုေဆး႐ံုက သားဖြား/မီးယပ္ ဆရာ၀န္ ေဒါက္တာ Carrie Coleman က ေျပာပါတယ္။ “ဒါေပမယ့္ လိင္ဆက္ဆံခ်ိန္မွာ ဆီးအိမ္ကို ဘက္တီးရီးယားေတြေရာက္သြားဖို႔ ပိုၿပီးလြယ္ကူေနတာနဲ႔ ပို ၿပီးေတာ့ သက္ဆိုင္ႏိုင္ဖြယ္ရာ ရွိပါတယ္။ ရာသီလာခ်ိန္ မဟုတ္ရင္လည္း ဒါမ်ိဳး ျဖစ္တတ္ပါတယ္။” လို႔လည္း သူက ေျပာပါ တယ္။
ရာသီလာခ်ိန္မွာ လိင္ဆက္ဆံတဲ့အခါ ကိုယ္၀န္ရွိသြားႏိုင္ဖို႔ အခြင့္အလမ္း အလြန္နည္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မ မ်ိဳးဥ ထြက္ခ်ိန္နဲ႔ ရက္ေပါင္းမ်ားစြာ ကြာေနလို႔ျဖစ္ပါတယ္။ ဒါေပမယ့္ ခၽြင္းခ်က္ေတြေတာ့ ရွိပါတယ္။ အမ်ိဳးသမီးရဲ႕ ရာသီ စက္၀န္းက ရက္တို (၂၁ ရက္ကေန ၂၄ ရက္ အတြင္း)ေနခဲ့ရင္ ဒါမွမဟုတ္ ရာသီလာခ်ိန္ၿပီးဆံုးခါနီးမွာ လိင္ဆက္ဆံမႈလုပ္ ခဲ့ရင္ အမ်ိဳးသား သုက္ပိုးက အမ်ိဳးသမီး အဂၤါထဲမွာ ၅ ရက္ေလာက္အထိ ဆက္လက္ရွင္သန္ေနႏိုင္တဲ့ အတြက္ ကိုယ္၀န္ရွိ သြားႏိုင္ပါတယ္။
မီးနီျဖတ္ေမာင္းတဲ့ အခ်ိန္မွာ ေခ်ာဆီလိုအပ္မႈ နည္းပါးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဆင္းေနတဲ့ ေသြးေတြက လံု ေလာက္တဲ့ ေခ်ာဆီ သဖြယ္ျဖစ္ေနလို႔ပါပဲ။ ဒါေပမယ့္ ေရကို အေျခခံတဲ့ ေခ်ာဆီကို အသံုးျပဳႏိုင္ပါတယ္။ ေရကို အေျခခံတဲ့ ေခ်ာဆီေတြက ကြန္ဒံုးနဲ႔လဲ တြဲၿပီး သံုးလို႔ရပါတယ္။ ၀ါရွင္တန္ၿမိဳ႕မွာ ရွိတဲ့ ေဂ်ာ့၀ါရွင္တန္ တကၠသိုလ္ ေဆးေက်ာင္းက သား ဖြား/မီးယပ္ ပညာ ပါေမာကၡ ေဒါက္တာ James Simon က “ေရကို အေျခခံတဲ့ ေခ်ာဆီေတြ၊ ဆီလီကြန္ကို အေျခခံတဲ့ ေခ်ာ ဆီေတြက လိင္ကိစၥအတြက္ေရာ ကြန္ဒံုး အတြက္ပါ စိတ္ခ်ရပါတယ္။ ဆီကို အေျခခံတဲ့ ေခ်ာဆီေတြ အထူးသျဖင့္ တြင္းထြက္ဆီ ေတြကို အေျခခံတဲ့ ေခ်ာဆီေတြက ကြန္ဒံုးကို ပ်က္စီး ေစႏိုင္ပါတယ္။” လို႔ ေျပာပါတယ္။
ရာသီလာခ်ိန္အတြင္းမွာ ဗိုက္နာတာ၊ ၀မ္းနည္းသလို ခံစားရတာ ဒါမွမဟုတ္ စိတ္ဓာတ္က်တာစတဲ့ လကၡဏာေတြ ႀကံဳေတြ႔ ရတယ္ဆိုရင္ လိင္ဆက္ဆံျခင္းေၾကာင့္ အက်ိဳးေက်းဇူးရႏိုင္တယ္လို႔ ေဒါက္တာ Lauren Streicher က ဆိုပါတယ္။ ဘာ ေၾကာင့္လဲဆိုေတာ့ စိတ္ေက်နပ္မႈ အထြတ္အထိပ္ကို ရရွိခ်ိန္မွာ ထြက္လာတဲ့ endorphins ေဟာ္မုန္းက ရာသီလာခ်ိန္မွာ ခံစားရတဲ့ လကၡဏာ တခ်ိဳ႕ကို ေလွ်ာ့ခ်ေပးႏိုင္လို႔ ျဖစ္ပါတယ္။
အမ်ိဳးသမီးေတြ အေနနဲ႔ ရာသီလာခ်ိန္မွာ တျခားအခ်ိန္ေတြထက္ပိုၿပီးေတာ့ လိင္စိတ္ ထက္သန္ႏိုးၾကားေနသလိုလည္း ခံစားရႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဟာ္မုန္း အေျပာင္းအလဲေၾကာင့္ ျဖစ္ပါတယ္။ အမ်ိဳးသမီး အမ်ားစုဟာ တင္ပါး ဆံု ဧရိယာတ၀ိုက္မွာ ျပည့္ၾကပ္ေနသလို ခံစားၾကရၿပီးေတာ့ အဲဒါက လိင္စိတ္ကို တက္ၾကြေစပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ အမ်ိဳးသမီးေတြအတြက္ကေတာ့ စိတ္ခံစားမႈက အကဲဆတ္လြန္းေနၿပီး လိင္ဆက္ဆံခ်ိန္မွာ သက္ေတာင့္သက္သာ မရွိဘဲ ျဖစ္ၾကရပါတယ္။ ဒါေၾကာင့္ အေျခခံ အက်ဆံုး အခ်က္ကေတာ့ ဒီလို အေျခအေနမ်ိဳးမွာ ၂ ဦး ၂ဘက္ သက္ေတာင့္ သက္ သာရွိေရးကို ေသခ်ာေအာင္လုပ္ဖို႔ပဲ ျဖစ္ပါတယ္။ “ကိုယ့္ အယူအဆနဲ႔ကိုယ္ ဘာမွ မလုပ္ပါနဲ႔၊ လက္ေတြ႔ ဘာမွ မလုပ္ခင္ ပြင့္ပြင့္လင္းလင္း ႐ိုး႐ိုးသားသား ေမးျမန္းညွိႏိႈင္းမယ္ဆိုရင္ အေကာင္းဆံုး အေျခအေနကို ရပါလိမ့္မယ္။” လို႔ ပါေမာကၡ ေဒါက္တာ James Simon က ဆိုပါတယ္။
Source: everydayhealth.com

.............................................


အမျိုးသမီး တယောက်အနေနဲ့ ရာသီလာချိန်ဖြစ်နေတာ တခုတည်းအတွက်နဲ့ တော့ လိင်ဆက်ဆံမှုကို ရှောင်ရှားစရာ မလို ဘူးလို့ ဆိုနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေ အတွက်ဆိုရင် ရာသီလာချိန်မှာ လိင်မှုကိစ္စပြုလုပ်ရတာက တခြားအချိန်တွေ ထက်တောင် ပို ပြီး သာယာကျေနပ်စရာ ဖြစ်နေတတ်ပါတယ်။ ဒီလို လုပ်တာကို တချို့ကလည်း မီးနီဖြတ်မောင်းတယ်လို့ တင်စားပြော တတ်ကြပါတယ်။
ရာသီလာချိန်မှာ ချောဆီလိုအပ်ချက်လည်း နည်းပါတယ်။ လေ့လာမှု အချို့အရ မီးနီဖြတ်မောင်းခြင်းက ဗိုက်အောင့်ခြင်း အပါ အဝင် အမျိုးသမီးတွေ ရာသီလာချိန်မှာ ခံစားရလေ့ရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကိုလည်း သက်သာစေတယ်လို့ သိရပါ တယ်။ International Headache Society က ထုတ်ဝေတဲ့ Cephalalgia ဂျာနယ်က ၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ လိင်ဆက်ဆံခြင်းကြောင့် အချို့တွေမှာ ခေါင်းကိုက်တဲ့ ဝေဒနာကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလို မလုပ်ခင် လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STDs)ရဲ့ အန္တရယ် နဲ့ တခြား ရောဂါ ပိုးကူးစက်နိုင်မှု အလားအလာတွေကို နားလည်ထားရမှာ ဖြစ်သလို အဲဒီ အချိန်မျိုးမှာလည်း ကိုယ်ဝန်ရှိသွားနိုင်တယ် ဆိုတာ ကို သိထားသင့်ပါတယ်။
မီးနီဖြတ်မောင်းတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကတော့
ရာသီလာချိန်မှာ လိင်ဆက်ဆံမယ်ဆိုရင် HIV လိုမျိုး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်နိုင် တဲ့ အတွက် ဘေးကင်းလုံခြုံတဲ့ လိင်ဆက်ဆံမှု ဖြစ်ဖို့ အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ် ရေး စန်တာ က ဆိုပါတယ်။ ရာသီသွေးတွေထဲမှာ ဗိုင်းရပ်စ် တွေရှိနေပါတယ်။ ဒါကြောင့် ဒီလို အချိန်မျိုးမှာ ဖြစ်လာနိုင်တဲ့ အန္တရယ်တွေကို လျှော့ချနိုင်ဖို့ အတွက် ကွန်ဒုံးကို အသုံးပြုဖို့ ဆရာဝန်တွေက လေးလေးနက်နက် တိုက်တွန်းကြပါတယ်။
ချီကာဂိုမှာရှိတဲ့ Northwestern တက္ကသိုလ်ရဲ့ Feinberg ဆေးကျောင်းက သားဖွား/မီးယပ်ပညာ တွဲဘက်ပါမောက္ခ ဒေါက်တာ Lauren Streicher က အန္တရယ်ဖြစ်စရာ အကြောင်းရင်း ၂ ခုရှိတယ်လို့ ပြောပါတယ်။ “ကိုယ်ခန္ဓာက ထွက်တဲ့ အရည်တိုင်း က HIV သို့မဟုတ် တခြား STI(လိင်ဆက်ဆံမှုကနေတဆင့်ပျံ့နှံနိုင်တဲ့ရောဂါ ပိုး) တွေ ကို သယ်ဆောင် နိုင်ပါတယ်။ နောက်ပြီးတော့ ရာသီလာနေချိန်မှာ သားအိမ်ခေါင်း ကလည်း အနည်းငယ်ပွင့်နေတတ်ပါတယ်။ အဲဒါက ဗိုင်းရပ်စ်တွေကို ဖြတ်သန်းခွင့်ပြုသလို ဖြစ်သွားနိုင်ပါတယ်။ ကျမ အနေနဲ့ အမျိုးသမီးတွေကို ပြောချင်တာကတော့ ကာကွယ်မှုတွေကို ပြုလုပ်နေတာနဲ့ အမျှ ပြဿနာမဖြစ်နိုင်ဘူး ဆိုတာ ပါပဲ။” လို့ ဒေါက်တာ Lauren Streicher က ဆိုပါတယ်။
တခြားသော ရောဂါကူးစက်ခြင်းတွေလည်း ဒီလို အချိန်မှာ ရှိနိုင်ပါတယ်။ အမျိုးသမီး တယောက်ရဲ့ အင်္ဂါက pH အဆင့်ကို တလလုံးမှာ ၃ ဒသမ ၈ ကနေ ၄ ဒသမ ၅ အတွင်းမှာ ထိန်းသိမ်းထားပေမယ့် ရာသီလာချိန်မှာတော့ pH အဆင့် မြင့်တက်သွားတတ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ သွေးက pH အဆင့် မြင့်မားလို့ ဖြစ်ပါတယ်။ vaginal yeast infection လို့ခေါ်တဲ့ မှိုပိုးတွေ ကို မြန်မြန်ဆန်ဆန် ပြန့်ပွားစေနိုင်ပါတယ်။
vaginal yeast infection ရှိရင် ရောဂါလက္ခဏာတွေက ရာသီရက်မတိုင်မီ တပတ်လောက်မှာ ပေါ်လာတတ်ပြီး လိင် ဆက်ဆံလိုက်ရင်တော့ ရောဂါ လက္ခဏာတွေ ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါပေမယ့် ရာသီလာချိန်မှာ လိင်ဆက်ဆံလိုက် လို့ yeast infection လျှင်လျှင်မြန်မြန် ပြန့်ပွားသွားနိုင်တယ်လို့ တိတိကျကျ ပြောနိုင်တဲ့ အထောက်အထားတော့ မရှိသေးပါ ဘူး။
“တချို့ အမျိုးသမီးတွေ အတွက်ကတော့ လိင်ဆက်ဆံပြီးတဲ့ အချိန်မှာ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်ပါတယ်။” လို့ Boston မှာရှိတဲ့ Massachusetts အထွေထွေရောဂါကုဆေးရုံက သားဖွား/မီးယပ် ဆရာဝန် ဒေါက်တာ Carrie Coleman က ပြောပါတယ်။ “ဒါပေမယ့် လိင်ဆက်ဆံချိန်မှာ ဆီးအိမ်ကို ဘက်တီးရီးယားတွေရောက်သွားဖို့ ပိုပြီးလွယ်ကူနေတာနဲ့ ပို ပြီးတော့ သက်ဆိုင်နိုင်ဖွယ်ရာ ရှိပါတယ်။ ရာသီလာချိန် မဟုတ်ရင်လည်း ဒါမျိုး ဖြစ်တတ်ပါတယ်။” လို့လည်း သူက ပြောပါ တယ်။
ရာသီလာချိန်မှာ လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်ရှိသွားနိုင်ဖို့ အခွင့်အလမ်း အလွန်နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မ မျိုးဥ ထွက်ချိန်နဲ့ ရက်ပေါင်းများစွာ ကွာနေလို့ဖြစ်ပါတယ်။ ဒါပေမယ့် ချွင်းချက်တွေတော့ ရှိပါတယ်။ အမျိုးသမီးရဲ့ ရာသီ စက်ဝန်းက ရက်တို (၂၁ ရက်ကနေ ၂၄ ရက် အတွင်း)နေခဲ့ရင် ဒါမှမဟုတ် ရာသီလာချိန်ပြီးဆုံးခါနီးမှာ လိင်ဆက်ဆံမှုလုပ် ခဲ့ရင် အမျိုးသား သုက်ပိုးက အမျိုးသမီး အင်္ဂါထဲမှာ ၅ ရက်လောက်အထိ ဆက်လက်ရှင်သန်နေနိုင်တဲ့ အတွက် ကိုယ်ဝန်ရှိ သွားနိုင်ပါတယ်။
မီးနီဖြတ်မောင်းတဲ့ အချိန်မှာ ချောဆီလိုအပ်မှု နည်းပါးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆင်းနေတဲ့ သွေးတွေက လုံ လောက်တဲ့ ချောဆီ သဖွယ်ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ရေကို အခြေခံတဲ့ ချောဆီကို အသုံးပြုနိုင်ပါတယ်။ ရေကို အခြေခံတဲ့ ချောဆီတွေက ကွန်ဒုံးနဲ့လဲ တွဲပြီး သုံးလို့ရပါတယ်။ ၀ါရှင်တန်မြို့မှာ ရှိတဲ့ ဂျော့ဝါရှင်တန် တက္ကသိုလ် ဆေးကျောင်းက သား ဖွား/မီးယပ် ပညာ ပါမောက္ခ ဒေါက်တာ James Simon က “ရေကို အခြေခံတဲ့ ချောဆီတွေ၊ ဆီလီကွန်ကို အခြေခံတဲ့ ချော ဆီတွေက လိင်ကိစ္စအတွက်ရော ကွန်ဒုံး အတွက်ပါ စိတ်ချရပါတယ်။ ဆီကို အခြေခံတဲ့ ချောဆီတွေ အထူးသဖြင့် တွင်းထွက်ဆီ တွေကို အခြေခံတဲ့ ချောဆီတွေက ကွန်ဒုံးကို ပျက်စီး စေနိုင်ပါတယ်။” လို့ ပြောပါတယ်။
ရာသီလာချိန်အတွင်းမှာ ဗိုက်နာတာ၊ ၀မ်းနည်းသလို ခံစားရတာ ဒါမှမဟုတ် စိတ်ဓာတ်ကျတာစတဲ့ လက္ခဏာတွေ ကြံုတွေ့ ရတယ်ဆိုရင် လိင်ဆက်ဆံခြင်းကြောင့် အကျိုးကျေးဇူးရနိုင်တယ်လို့ ဒေါက်တာ Lauren Streicher က ဆိုပါတယ်။ ဘာ ကြောင့်လဲဆိုတော့ စိတ်ကျေနပ်မှု အထွတ်အထိပ်ကို ရရှိချိန်မှာ ထွက်လာတဲ့ endorphins ဟော်မုန်းက ရာသီလာချိန်မှာ ခံစားရတဲ့ လက္ခဏာ တချို့ကို လျှော့ချပေးနိုင်လို့ ဖြစ်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့ ရာသီလာချိန်မှာ တခြားအချိန်တွေထက်ပိုပြီးတော့ လိင်စိတ် ထက်သန်နိုးကြားနေသလိုလည်း ခံစားရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ အမျိုးသမီး အများစုဟာ တင်ပါး ဆုံ ဧရိယာတဝိုက်မှာ ပြည့်ကြပ်နေသလို ခံစားကြရပြီးတော့ အဲဒါက လိင်စိတ်ကို တက်ကြွစေပါတယ်။ ဒါပေမယ့် တချို့ အမျိုးသမီးတွေအတွက်ကတော့ စိတ်ခံစားမှုက အကဲဆတ်လွန်းနေပြီး လိင်ဆက်ဆံချိန်မှာ သက်တောင့်သက်သာ မရှိဘဲ ဖြစ်ကြရပါတယ်။ ဒါကြောင့် အခြေခံ အကျဆုံး အချက်ကတော့ ဒီလို အခြေအနေမျိုးမှာ ၂ ဦး ၂ဘက် သက်တောင့် သက် သာရှိရေးကို သေချာအောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ “ကိုယ့် အယူအဆနဲ့ကိုယ် ဘာမှ မလုပ်ပါနဲ့၊ လက်တွေ့ ဘာမှ မလုပ်ခင် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား မေးမြန်းညှိနှိုင်းမယ်ဆိုရင် အကောင်းဆုံး အခြေအနေကို ရပါလိမ့်မယ်။” လို့ ပါမောက္ခ ဒေါက်တာ James Simon က ဆိုပါတယ်။
Source: everydayhealth.com

No comments:

Post a Comment