Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 25, 2016

အစိုးရစီမံကိန္းေတြအေပၚ အေရးႀကီးအဆိုတင္တာ နုိင္ငံေတာ္သမၼတရံုးက ကန္႔ကြက္

လက္ရွိ အစိုးရလုပ္ေဆာင္ေနတဲ့ စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး သိရွိလိုတယ္ဆိုရင္ ဝန္ႀကီး႒ာနေတြကို တိုက္ရိုက္ေမးျမန္းႏိုင္သလို လႊတ္ေတာ္မွာ ေခၚယူေမးျမန္းႏိုင္ေပမယ့္ ဒီေန႔ ျပည္သူ႔လႊတ္ေတာ္မွာ အေရးႀကီးအဆိုတင္သြင္းတာဟာ ေမးခြန္းထုတ္စရာျဖစ္ေနေၾကာင္း ႏုိင္ငံေတာ္သမၼတရံုး ေျပာေရးဆိုခြင့္ရိွသူက ေျပာလိုက္ပါတယ္။

အစိုးရသစ္ကို ညင္သာစြာ တာ၀န္လႊဲေျပာင္းေပးဖို႔ ႀကိဳးစားေနတဲ့ အခ်ိန္မွာ ျပည္သူ႔လႊတ္ေတာ္မွာ အေရးႀကီး အဆိုတင္သြင္းလိုက္တာဟာ ေမးခြန္းထုတ္စရာျဖစ္တယ္လို႔ ႏုိင္ငံေတာ္သမၼတရံုး ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒီေန႔ ျပည္သူ႔လႊတ္ေတာ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္စန္းလိႈင္က အစိုးရသစ္ထံ တာ၀န္လဲႊမေျပာင္းေပးခင္ ႏုိင္ငံပိုင္ေျမေတြနဲ႔ အစိုးရစီမံကိန္းေတြကို ပုဂၢလိကထံ လဲႊေျပာင္းတာေတြ အလ်င္စလိုမလုပ္ဖို႔ အစိုးရကို တုိက္တြန္းေၾကာင္း အေရးႀကီးအဆုိကို တင္သြင္းခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲၿပီးေနာက္ပိုင္း ၄ လၾကာကာလအတြင္း ႏိုင္ငံပိုင္ေျမေတြနဲ႔ စီမံကိန္းေတြကို ပုဂၢလိကထံ လႊဲေျပာင္းေပးတာေတြကို လႊတ္ေတာ္နဲ႔ ေနာင္တက္လာမယ့္ အစိုးရကို က်ယ္က်ယ္ျပန္႔ျပန္႔ ပြင့္လင္းျမင္သာမူရွိရွိ ခ်ျပတာေတြမရွိဘူးလို႔ ေဒၚခင္စန္းလိႈင္က လႊတ္ေတာ္မွာ အဆိုတင္သြင္းခဲ့ပါတယ္။

သမၼတရံုး ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက လက္ရွိအခ်ိန္ဟာ အစိုးရေဟာင္းကေန အစိုးရသစ္ကို တိုက္ရိုက္အစိုးရခ်င္း အာဏာလႊဲေျပာင္းတဲ့ ကာလမဟုတ္ဘဲ ေရြးေကာက္ပြဲအႏိုင္ရ ပါတီနဲ႔သာ ေဆြးေႏြးေနတဲ့ အခ်ိန္ျဖစ္တယ္ဆိုတာကို ကြဲျပားဖို႔လိုေၾကာင္းနဲ႔ အစိုးရေဟာင္းလက္ထက္မွာ မၿပီးျပတ္ေသးပဲ ဆက္လက္လုပ္ေဆာင္ေနရတဲ့ လုပ္ငန္းေတြရွိတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ေရႊတိဂံုေစတီေတာ္အနီးမွာ ေဆာက္လုပ္မယ့္ ဒဂံုစီးတီးစီမံကိန္းကို ရပ္ဆိုင္းလိုက္ၿပီး ေျမေနရာသစ္ အစားထိုးေပးခဲ့တာဟာ ျပည္သူေတြရဲ႕ ေတာင္းဆိုခ်က္ေၾကာင့္ျဖစ္ၿပီး သက္ဆိုင္ရာ ကုမၸဏီေတြနဲ႔ ညွိႏိႈင္းေဆာင္ရြက္ခဲ့တာလို႔ ေျပာပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ေဒၚခင္စန္းလိႈင္ တင္သြင္းတဲ့ အဆိုထဲက အခ်က္အလက္အေသးစိတ္ကိုေတာ့ သက္ဆိုင္ရာ ဝန္ႀကီး႒ာနေတြက သတင္းထုတ္ျပန္တာေတြ ျပဳလုပ္သြားမယ္လို႔ ဦးေဇာ္ေ႒းက ေျပာပါတယ္။

RFA

Photo: Hmuu Zaw(Facebook)
.........
လက်ရှိအစိုးရဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ကို စီစစ်ဟန့်တားဖို့ NLD အမတ် အရေးကြီးအဆိုတင်သွင်း´
ရွေးကောက်ပွဲပြီးနောက်ပိုင်းကာလတွေမှာ လက်ရှိအစိုးရ ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်မြေ ၊ နိုင်ငံပိုင်စက်ရုံတွေ ၊နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းတွွေကို အလျင်စလို ငှားရမ်းရောင်းချ လွှဲပြောင်းနေတာတွေကို ဟန့်တားဖို့ အယ်အန်ဒီ အမတ်ဒေါ်ခင်စန်းလှိုင်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။
သည်အရေးကြီးအဆိုမှာ အစိုးရတာဝန် မလွှဲပြောင်းမီ ပုဂ္ဂလိကပိုင် ပြု လုပ်တဲ့ စီမံကိန်းတွေကို နေရာတကျမစီမံပဲ အလျှင်အမြန်ခွင့်ပြုနေတာ၊ကျူးကျော်တွေကို အဓမ္မဖယ်ရှားတာနဲ့ နိုင်ငံပိုင် သယံဇာတတွေကို လိုအပ်တဲ့ သဘောတူညှိနှိုင်းမုှများ မလုပ်ပဲ စီမံခန် ခွဲနေတာတွေကို အသေးစိတ် စိစစ်ဟန့့်တားပြီး ထိန်းကျောင်းတည့်မတ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့ အချက်လည်း ပါဝင်ပါတယ်။
Author \Photo-ဖေသအစိုးရစီမံကိန်းတွေအပေါ် အရေးကြီးအဆိုတင်တာ နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်

လက်ရှိ အစိုးရလုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သိရှိလိုတယ်ဆိုရင် ဝန်ကြီးဋ္ဌာနတွေကို တိုက်ရိုက်မေးမြန်းနိုင်သလို လွှတ်တော်မှာ ခေါ်ယူမေးမြန်းနိုင်ပေမယ့် ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းတာဟာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။

အစိုးရသစ်ကို ညင်သာစွာ တာဝန်လွှဲပြောင်းပေးဖို့ ကြိုးစားနေတဲ့ အချိန်မှာ ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းလိုက်တာဟာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အစိုးရသစ်ထံ တာဝန်လွှဲမပြောင်းပေးခင် နိုင်ငံပိုင်မြေတွေနဲ့ အစိုးရစီမံကိန်းတွေကို ပုဂ္ဂလိကထံ လွှဲပြောင်းတာတွေ အလျင်စလိုမလုပ်ဖို့ အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲပြီးနောက်ပိုင်း ၄ လကြာကာလအတွင်း နိုင်ငံပိုင်မြေတွေနဲ့ စီမံကိန်းတွေကို ပုဂ္ဂလိကထံ လွှဲပြောင်းပေးတာတွေကို လွှတ်တော်နဲ့ နောင်တက်လာမယ့် အစိုးရကို ကျယ်ကျယ်ပြန့်ပြန့် ပွင့်လင်းမြင်သာမူရှိရှိ ချပြတာတွေမရှိဘူးလို့ ဒေါ်ခင်စန်းလှိုင်က လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လက်ရှိအချိန်ဟာ အစိုးရဟောင်းကနေ အစိုးရသစ်ကို တိုက်ရိုက်အစိုးရချင်း အာဏာလွှဲပြောင်းတဲ့ ကာလမဟုတ်ဘဲ ရွေးကောက်ပွဲအနိုင်ရ ပါတီနဲ့သာ ဆွေးနွေးနေတဲ့ အချိန်ဖြစ်တယ်ဆိုတာကို ကွဲပြားဖို့လိုကြောင်းနဲ့ အစိုးရဟောင်းလက်ထက်မှာ မပြီးပြတ်သေးပဲ ဆက်လက်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်မယ့် ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး မြေနေရာသစ် အစားထိုးပေးခဲ့တာဟာ ပြည်သူတွေရဲ့ တောင်းဆိုချက်ကြောင့်ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဒေါ်ခင်စန်းလှိုင် တင်သွင်းတဲ့ အဆိုထဲက အချက်အလက်အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေက သတင်းထုတ်ပြန်တာတွေ ပြုလုပ်သွားမယ်လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။

RFA

Photo: Hmuu Zaw(Facebook)က်ထက်ခင်

No comments:

Post a Comment