Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 25, 2016

၂၀၁၆ ခုႏွစ္အတြက္ အာရွႏိုင္ငံေတြက အသက္ ၃၀ ေအာက္ထူးခၽြန္ ေအာင္ျမင္သူမ်ားစာရင္းမွာျမန္မာႏိုင္ငံသား ၈ ဦးပါ၀င္






Forbes
Forbes Asia ရဲ႕ ၂၀၁၆ ခုႏွစ္အတြက္အာရွႏိုင္ငံမ်ားမွာ အသက္ ၃၀ ေအာက္ နယ္ပယ္အသီးသီးမွာဦးေဆာင္ေနသူမ်ားစာရင္းကိုထုတ္ျပန္ခဲ့တဲ့အခါမွာ
ျမန္မာႏိုင္ငံသား လူငယ္၈ ဦးပါ၀င္ေနပါတယ္။
Consumer Technology ပိုင္းမွာေတာ့ Bindez ကုမၸဏီကိုပူးတြဲတည္ေထာင္ခဲ့သူမ်ားျဖစ္ၾကတဲ့ ရဲ၀င့္ကို(၂၅ႏွစ္) နဲ႔ ထက္ေ၀ (၂၆ႏွစ္) တို႔ပါ၀င္ပါတယ္။ Bindez ဟာ ျမန္မာဘာသာအေျခခံတဲ့ search engine တစ္ခုျဖစ္ၿပီး တယ္လီကြန္း လုပ္ငန္းေတြလုပ္ေဆာင္ေနတဲ့ Telco Ooredoo နဲ႔ပူးေပါင္းၿပီးေတာ့ Bindez Thadin (androidဖုန္းေတြအတြက္ app တစ္ခု) ကို ၂၀၁၅ ခုႏွစ္ဇြန္လမွာစတင္ထုတ္လုပ္ခဲ့ပါတယ္။
Retail and E-Commerce ေခါင္းစဥ္ေအာက္မွာေတာ့ CarsDB.com ရဲ႕ COO
ျဖစ္တဲ့ ေ၀ၿဖိဳးေက်ာ္(၂၇ႏွစ္)ကပါ၀င္ေနပါတယ္။ ကိုေ၀ၿဖိဳးေက်ာ္ဟာ ယခင္က စင္ကာပူႏိုင္ငံမွာ Software Engineer နဲ႔ project manager အျဖစ္
လုပ္ကိုင္ခဲ့ၿပီးေတာ့ Lucasfilmမွာ လည္းလုပ္ကိုင္ခဲ့ဖူးပါတယ္။ ၂၀၁၂ ခုႏွစ္မွာျမန္မာႏိုင္ငံကိုျပန္လာခဲ့ၿပီးတဲ့ေနာက္မွာ website ႏွစ္ခုကိုတည္ေထာင္ခဲ့ပါတယ္။တစ္ခုက အလုပ္အကိုင္ရွာေဖြေရးwebsite Jobs.DB ျဖစ္ၿပီး ေနာက္တစ္ခုမွာ ကားေရာင္း၀ယ္ေရး website Cars.DB ျဖစ္ပါတယ္။ CarsDB
ဟာျမန္မာႏိုင္ငံအတြက္ ကားေရာင္းသူေတြနဲ႔၀ယ္သူေတြကို ခ်ိန္ဆက္ေပးတဲ့ ပထမဆံုး website ျဖစ္လာပါတယ္။

Retail and E-Commerce မွာဦးေဆာင္ေနသူမ်ားစာရင္းမွာေတာ့
ေနာက္ထပ္ပါ၀င္တဲ့ ၂ေယာက္ကေတာ့ Star Ticket ကုမၸဏီကို ပူးတြဲတည္
ေထာင္ခဲ့တဲ့ သက္မြန္ေအး (၂၈ႏွစ္) နဲ႔ ဇာနည္ေႏြးဦး (၂၅ႏွစ္)တို႔
ပါ၀င္ပါတယ္။ ေမာင္ႏွမ ႏွစ္ေယာက္ျဖစ္တဲ့ သူတို႔ႏွစ္ေယာက္ဟာ အေ၀းေျပးဘတ္စ္ကား လတ္မွတ္ေတြကို အြန္လိုင္းကေနေရာင္းခ်ၿပီး အိမ္အေရာက္ ဒါမွမဟုတ္ convenience store ေတြကေနတစ္ဆင့္ေပးပို႔ေသးတာျဖစ္ပါတယ္။
လန္ဒန္ၿမိဳ႕မွာေက်ာင္းတက္ခဲ့ၿပီး ျပန္လာတဲ့အခါမွာ မသက္မြန္ေအးဟာ ျမန္မာႏိုင္ငံဟာ အရမ္းတိုးတက္လာေနတာေၾကာင့္ နည္းပညာပိုင္းဆိုင္ရာမွာ
တိုးတက္ႏိုင္ေျခအမ်ားႀကီးရွိတယ္လို႔ယံုၾကည္ခဲ့ပါတယ္။ ကုမၸဏီ
ကိုမတည္ေထာင္ခင္မွာ အေ၀းေျပးဘတ္စ္ကားဂိတ္ေတြမွာ ေစ်းကြက္
ကိုနားလည္ဖို႔အတြက္ တစ္ပတ္ကိုႏွစ္ေခါက္သြားေရာက္ေလ့လာခဲ့ပါတယ္။ Star Ticket ရဲ႕ ၀န္ေဆာင္မႈမွာ ျမန္မာႏိုင္ငံရဲ႕ bus operator ေတြရဲ႕ ၂၀
ရာခိုင္ႏႈန္း နဲ႔ခ်ိန္ဆက္ၿပီးၿပီျဖစ္ပါတယ္။
Enterprise Tech စာရင္းအေယာက္၃၀ မွာေတာ့ ရဲျမတ္မင္း(၂၄ႏွစ္) နဲ႔
မ်ိဳးထက္ေအာင္(၂၈ႏွစ္) တို႔ပါ၀င္ၿပီးေတာ့ Nex ကုမၸဏီကို ပူးတြဲတည္
ေထာင္ခဲ့တဲ့သူမ်ားျဖစ္ပါတယ္။ Nex ဟာ ျမန္မာႏိုင္ငံအေျခစိုက္ ကုမၸဏီတစ္ခုျဖစ္ၿပီး mobile-apps ေတြနဲ႔ website ေတြေရးဆြဲေပးေနတဲ့ကုမၸဏီ
တစ္ခုျဖစ္ပါတယ္။ သူတို႔ဟာ Ooredoo၊ TAC၊ Proximity Designs၊Nexus Solutions၊ Yangon Directory နဲ႔ Mandalay Directory စတဲ့
ကုမၸဏီေတြကို၀န္ေဆာင္မႈေတြ ေပးခဲ့ဖူးပါတယ္။
The Arts စာရင္းမွာ ပါ၀င္ခဲ့တဲ့ေနာက္တစ္ေယာက္ကေတာ့ Rangoon Tea House ရဲ႕ ပူးတြဲတည္ေထာင္သူျဖစ္တဲ့ ထက္ျမတ္ဦး(၂၅ႏွစ္) ျဖစ္ပါတယ္။ City University London မွာ Economics နဲ႔ ဘြဲ႕ရခဲ့ၿပီ ၂ႏွစ္ၾကာ တဲ့အခါ ၂၀၁၄ ခုႏွစ္ မွာကိုထက္ျမတ္ဦးဟာ Rangoon Tea House ကိုဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ ကိုထက္ျမတ္ဦးဟာ Ragoon Tea House ကိုမဖြင့္လွစ္ခင္မွာYangon Heritage Trust မွာ Public Relation officer အျဖစ္လုပ္ကိုင္ခဲ့ပါေသးတယ္။
ဓာတ္ပံု-Forbes
ref-ForbesAsia
@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဥ္
တင္ဆက္ေနတာျဖစ္ၿပီး Facebook Page ကို Like လုပ္ၿပီး Follow
လုပ္ထားမယ္ဆိုရင္ ေန႔စဥ္ ျဖစ္ေပၚေျပာင္းလဲေနတဲ့ ျပည္တြင္း၊ ျပည္ပ
သတင္းနဲ႔ အထူးတင္ဆက္မႈေတြကို ဖတ္ရွုနိုင္မွာျဖစ္ပါတယ္။
၂၀၁၆ ခုနှစ်အတွက် အာရှနိုင်ငံတွေက အသက် ၃၀ အောက်ထူးချွန်
အောင်မြင်သူများစာရင်းမှာမြန်မာနိုင်ငံသား ၈ ဦးပါ၀င်
Forbes Asia ရဲ့ ၂၀၁၆ ခုနှစ်အတွက်အာရှနိုင်ငံများမှာ အသက် ၃၀ အောက် နယ်ပယ်အသီးသီးမှာဦးဆောင်နေသူများစာရင်းကိုထုတ်ပြန်ခဲ့တဲ့အခါမှာ
မြန်မာနိုင်ငံသား လူငယ်၈ ဦးပါ၀င်နေပါတယ်။
Consumer Technology ပိုင်းမှာတော့ Bindez ကုမ္ပဏီကိုပူးတွဲတည်ထောင်ခဲ့သူများဖြစ်ကြတဲ့ ရဲဝင့်ကို(၂၅နှစ်) နဲ့ ထက်ဝေ (၂၆နှစ်) တို့ပါ၀င်ပါတယ်။ Bindez ဟာ မြန်မာဘာသာအခြေခံတဲ့ search engine တစ်ခုဖြစ်ပြီး တယ်လီကွန်း လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ Telco Ooredoo နဲ့ပူးပေါင်းပြီးတော့ Bindez Thadin (androidဖုန်းတွေအတွက် app တစ်ခု) ကို ၂၀၁၅ ခုနှစ်ဇွန်လမှာစတင်ထုတ်လုပ်ခဲ့ပါတယ်။
Retail and E-Commerce ခေါင်းစဉ်အောက်မှာတော့ CarsDB.com ရဲ့ COO
ဖြစ်တဲ့ ဝေဖြိုးကျော်(၂၇နှစ်)ကပါ၀င်နေပါတယ်။ ကိုဝေဖြိုးကျော်ဟာ ယခင်က စင်ကာပူနိုင်ငံမှာ Software Engineer နဲ့ project manager အဖြစ်
လုပ်ကိုင်ခဲ့ပြီးတော့ Lucasfilmမှာ လည်းလုပ်ကိုင်ခဲ့ဘူးပါတယ်။ ၂၀၁၂ ခုနှစ်မှာမြန်မာနိုင်ငံကိုပြန်လာခဲ့ပြီးတဲ့နောက်မှာ website နှစ်ခုကိုတည်ထောင်ခဲ့ပါတယ်။တစ်ခုက အလုပ်အကိုင်ရှာဖွေရေးwebsite Jobs.DB ဖြစ်ပြီး နောက်တစ်ခုမှာ ကားရောင်းဝယ်ရေး website Cars.DB ဖြစ်ပါတယ်။ CarsDB ဟာမြန်မာနိုင်ငံအတွက် ကားရောင်းသူတွေနဲ့ဝယ်သူတွေကို ချိန်ဆက်ပေးတဲ့ ပထမဆုံး website ဖြစ်လာပါတယ်။

Retail and E-Commerce မှာဦးဆောင်နေသူများစာရင်းမှာတော့ နောက်ထပ်ပါ၀င်တဲ့ ၂ယောက်ကတော့ Star Ticket ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့တဲ့ သက်မွန်အေး (၂၈နှစ်) နဲ့ ဇာနည်နွေးဦး (၂၅နှစ်)တို့ ပါ၀င်ပါတယ်။
မောင်နှမ နှစ်ယောက်ဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ အဝေးပြေးဘတ်စ်ကား လတ်မှတ်တွေကို အွန်လိုင်းကနေရောင်းချပြီး အိမ်အရောက် ဒါမှမဟုတ် convenience store တွေကနေတစ်ဆင့်ပေးပို့သေးတာဖြစ်ပါတယ်။
လန်ဒန်မြို့မှာကျောင်းတက်ခဲ့ပြီး ပြန်လာတဲ့အခါမှာ မသက်မွန်အေးဟာ မြန်မာနိုင်ငံဟာ အရမ်းတိုးတက်လာနေတာကြောင့် နည်းပညာပိုင်းဆိုင်ရာမှာ တိုးတက်နိုင်ခြေအများကြီးရှိတယ်လို့ယုံကြည်ခဲ့ပါတယ်။ ကုမ္ပဏီ
ကိုမတည်ထောင်ခင်မှာ အဝေးပြေးဘတ်စ်ကားဂိတ်တွေမှာ စျေးကွက်
ကိုနားလည်ဖို့အတွက် တစ်ပတ်ကိုနှစ်ခေါက်သွားရောက်လေ့လာခဲ့ပါတယ်။ Star Ticket ရဲ့ ၀န်ဆောင်မှုမှာ မြန်မာနိုင်ငံရဲ့ bus operator တွေရဲ့ ၂၀
ရာခိုင်နှုန်း နဲ့ချိန်ဆက်ပြီးပြီဖြစ်ပါတယ်။
Enterprise Tech စာရင်းအယောက်၃၀ မှာတော့ ရဲမြတ်မင်း(၂၄နှစ်) နဲ့
မျိုးထက်အောင်(၂၈နှစ်) တို့ပါ၀င်ပြီးတော့ Nex ကုမ္ပဏီကို ပူးတွဲတည်
aထာင်ခဲ့တဲ့သူများဖြစ်ပါတယ်။ Nex ဟာ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး mobile-apps တွေနဲ့ website တွေရေးဆွဲပေးနေတဲ့ကုမ္ပဏီ
တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ Ooredoo၊ TAC၊ Proximity Designs၊Nexus Solutions၊ Yangon Directory နဲ့ Mandalay Directory စတဲ့
ကုမ္ပဏီတွေကိုဝန်ဆောင်မှုတွေ ပေးခဲ့ဖူးပါတယ်။
The Arts စာရင်းမှာ ပါ၀င်ခဲ့တဲ့နောက်တစ်ယောက်ကတော့ Rangoon Tea House ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ ထက်မြတ်ဦး(၂၅နှစ်) ဖြစ်ပါတယ်။ City University London မှာ Economics နဲ့ ဘွဲ့ရခဲ့ပြီ ၂နှစ်ကြာ တဲ့အခါ ၂၀၁၄ ခုနှစ် မှာကိုထက်မြတ်ဦးဟာ Rangoon Tea House ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကိုထက်မြတ်ဦးဟာ Ragoon Tea House ကိုမဖွင့်လှစ်ခင်မှာYangon Heritage Trust မှာ Public Relation officer အဖြစ်လုပ်ကိုင်ခဲ့ပါသေးတယ်။
ဓာတ်ပုံ-Forbes
ref-ForbesAsia
@@@
SFJ Strategy First Journalကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment