က်န္းမာေရး နဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရး


က်န္းမာေရးနဲ႔ ပညာေရး အေျခခံေကာင္းမွ တိုင္းျပည္တိုးတက္ဖြံ႔ၿဖိဳးေၾကာင္း ေရးထားတဲ့ စာအုပ္စာတမ္း အမ်ားအျပား ရွိပါတယ္။ ဒါေပမဲ့ ျမန္မာျပည္မွာေတာ့ က်န္းမာေရး နဲ႔ ပညာေရးဟာ အခ်ဳိ ႔တဲ့ဆံုး ျဖစ္ေနပါတယ္။ လူဦးေရနဲ႔ ႏိႈင္းယွဥ္ရင္ က်န္းမာေရးက႑ဟာ မႏိုင္တဲ့ဝန္ကို ထမ္းေနရတယ္လို႔ လြန္ခဲ့တဲ့ ဧၿပီလထုတ္ အာရွဖြံၿဖိဳးေရးဘဏ္ရဲ ႔ Long-term Scenerios for Sustained Growth စာတမ္းမွာ ေဖာ္ျပထားပါတယ္။ လူ႔စြမ္းရည္ျမွင့္တင္ေရးမွာ ထိုက္ထိုက္တန္တန္ ရင္းႏီွးျမွဳပ္ႏံွဖို႔ လိုအပ္ေနတာကို ဇူလိုင္လထုတ္ အာရွဖြံ႔ၿဖိဳးေရးဘဏ္ရဲ ႔ Unlocking the potential ဆိုတဲ့ စာတမ္းမွာ သံုးသပ္ထားပါတယ္။

က်န္းမာေရး၊ ပညာေရး နဲ႔ တိုင္းျပည္တိုးတက္ဖြံ႔ၿဖိဳးေရး အျပန္အလွန္ ဆက္စပ္ေနတယ္ ဆိုေပမယ့္ ျမန္မာအစိုးရရဲ ႔ စစ္တပ္အသံုးစရိတ္ဟာ ပညာေရး၊ က်န္းမာေရး အသံုးစရိတ္ (၂) ခုေပါင္းထက္ မ်ားေနတာ ႏွစ္ေပါင္းၾကာေညာင္းလွပါၿပီ။ အခုအထိ စစ္အသံုးစရိတ္ဟာ ပထမဦးစားေပး ျဖစ္ေနပါတယ္။ အေရွ ႔ေတာင္အာရွမွာ ျမန္မာျပည္သူျပည္သားေတြရဲ ႔ က်န္းမာေရးအေျခအေနဟာ အညံ့ဖ်င္းဆံုး နဲ႔ အဆိုးဝါးဆံုး ျဖစ္တယ္လုိ႔ (၂၀၀၄) ႏိုဝင္ဘာလထုတ္ ကမာၻ႔ဘဏ္အုပ္စုရဲ ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ စစ္ေရးဟာ ပထမဦးစားေပး ျဖစ္ေနတာမို႔ ႏိုင္ငံတည္ေဆာက္တဲ့ဘက္မွာ အားနည္းေနတာ ျဖစ္ပါတယ္။

အာဆီယံ (၁၀) ႏိုင္ငံရဲ ႔ လူ႔သက္တမ္းကို ေလ့လာရင္ ျမန္မာျပည္သားဟာ အသက္အတိုဆံုး ျဖစ္ေနပါတယ္။ ကေလး အေသအေပ်ာက္ အမ်ားဆံုးဟာလည္း ျမန္မာျပည္ ျဖစ္ေနပါတယ္။ အဟာရဓါတ္ ခ်ဳိ ႔တဲ့မႈဟာလည္း ျမန္မာျပည္သူျပည္သားေတြ ရင္ဆုိင္ေနရတဲ့ အဓိက ျပႆနာ ျဖစ္ပါတယ္။ အစုိးရအသံုးစရိတ္ရဲ ႔ (၁) ရာခိုင္ႏႈန္းေက်ာ္ဟာ က်န္းမာေရးမွာ သံုးတာမုိ႔ တိုင္းသူျပည္သားဟာ ကိုယ့္စရိတ္နဲ႔ကိုယ္ ေဆးကုသရပါတယ္။ က်န္းမာမွ အလုပ္လုပ္ႏုိင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးအတြက္ လိုအပ္တဲ့ အေျခခံ ဝန္ေဆာင္လုပ္ငန္းရွိမွသာ အလုပ္လုပ္ႏိုင္စြမ္းလည္း ရွိလာမွာျဖစ္လို႔ ဆင္းရဲမႈ ေလ်ာ့နည္းသြားႏိုင္ပါတယ္။ က်န္းမာေရး နဲ႔ လူမႈစီးပြားေရး ဆက္စပ္ေနတာမို႔ က်န္းမာေရး အသံုးစရိတ္ တိုးလာရင္ လူမႈဘဝ ဖြံ႔ၿဖိဳးတိုးတက္လာႏိုင္တယ္လို႔ ကမာၻ႔ဘဏ္ အစီရင္ခံစာမွာ သံုးသပ္ထားပါတယ္။

က်န္းမာေရး အေျခအေန အဆိုးဝါးဆံုးဟာ နယ္စပ္ေဒသေတြ ျဖစ္ပါတယ္။ ထိုင္း-ျမန္မာ နယ္စပ္ေဒသမွာ လူတစ္ေသာင္းမွာ ကိုးဆယ္ဟာ ငွက္ဖ်ားေရာဂါရွိေၾကာင္း သိရပါတယ္။ အခုဆိုရင္ ေဆးမတိုးတဲ့ ငွက္ဖ်ားေရာဂါမ်ဳိး ျဖစ္ပြားေနၿပီး ျမန္မာျပည္ေျမာက္ပိုင္း နဲ႔ အေနာက္ပိုင္းအထိ ျပန္႔ႏံွေနေၾကာင္း ၾကားသိရပါတယ္။ တိုင္းရင္းသားေဒသေတြကို ကုလသမဂၢ နဲ႔ အျခားႏိုင္ငံျခား က်န္းမာေရးအဖြဲ႔အစည္းေတြက ကူညီၾကပါတယ္။ ကုလသမဂၢ နဲ႔ ကမာၻ႔ဘဏ္က (၂၀၁၄) မွာ ေဒၚလာသန္း (၅၀၀) ဖိုးေလာက္ က်န္းမာေရး အကူအညီ ေပးပါတယ္။ တိုင္းရင္းသားေဒသေတြကို မဝင္ႏိုင္တဲ့ အျပည္ျပည္ဆိုင္ရာ ေအဂ်င္စီေတြဟာ ေဒသခံအဖြဲ႔ေတြကတဆင့္ ကူညီၾကပါတယ္။ အပစ္ရပ္ေဒသ နဲ႔ ထိုင္းအေျခစိုက္ အဖြဲ႔အစည္းေတြဟာ ျပည္သူ႔က်န္းမာေရးအတြက္ တတ္ႏိုင္သေလာက္ ဝင္ေရာက္ကူညီေနတာ ႏွစ္ေပါင္းၾကာၿပီ ျဖစ္ပါတယ္။

ကုလသမဂၢ ဖြံ႔ၿဖိဳးမႈအစီအစဥ္ UNDP ဟာ အမ်ားစုေနထိုင္ရာ ေက်းလက္ေဒသမွာ လူမႈဖြံ႔ၿဖိဳးေရး စီမံကိန္း အေကာင္အထည္ေဖာ္ေနတာ (၁၉၉၄) ခုႏွစ္ကတည္းက ျဖစ္ပါတယ္။ က်န္းမာေရး၊ ပညာေရး နဲ႔ ရိကၡာဖူလံုေရးအတြက္ ဆင္းရဲႏြမ္းပါးသူေတြကို ကူညီေထာက္ပံ့တဲ့ အစီအစဥ္ ျဖစ္ပါတယ္။ ရပ္ရြာအက်ဳိးအတြက္ ေဆာင္ရြက္မယ့္ ဆံုးျဖတ္ခ်က္ေတြမွာ ကိုယ္တိုင္ပါဝင္ၿပီး ကိုယ္တိုင္အေကာင္အထည္ ေဖာ္ႏိုင္တဲ့ ကိုယ္ထူကိုယ္ထ လုပ္ကိုင္ႏိုင္မႈ စြမ္းရည္ကို ျမွင့္တင္ေပးဖို႔ ရည္ရြယ္တဲ့ စီမံကိန္း ျဖစ္ပါတယ္။ အႏွစ္ (၂၀) ေလာက္ၾကာေတာ့ ရြာသူရြာသားေတြ တိုးတက္ဖြံ႔ၿဖိဳးလာၾကတာ ေတြ႔ရတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ၿမိဳ ႔နယ္ (၃၀၀) ေက်ာ္ ရွိတဲ့အနက္ UNDP လူမႈဖြံ႔ၿဖိဳးေရး စီမံခ်က္ကို အေကာင္အထည္ေဖာ္ေနတဲ့ ၿမိဳ ႔နယ္က (၆၀) ရွိပါတယ္။ အေနာက္တိုင္း နဲ႔ ဂ်ပန္ဟာ စီမံခ်က္ရဲ ႔ အလွဴရွင္ေတြ ျဖစ္ပါတယ္။

ျမန္မာျပည္ရဲ ႔ က်န္းမာေရး အသံုးစရိတ္ စုစုေပါင္းမွာ (၂၀) ရာခိုင္ႏႈန္းကိုသာ အစိုးရစိုက္တာျဖစ္လို႔ (၈၀) ရာခိုင္ႏႈန္းဟာ ကိုယ့္အိတ္ထဲက စိုက္သံုးတဲ့ ပမာဏ ျဖစ္ပါတယ္။ ဒီအထဲမွာ (၈) ရာခိုင္ႏႈန္းဟာ ႏိုင္ငံျခားအကူအညီ ျဖစ္ပါတယ္။ ပုဂၢလိကေဆးရံုအခ်ဳိ ႔ ေပၚထြက္လာေပမယ့္ ဆင္းရဲသားလူထုကေတာ့ ရရာေဆးဝါးကို မီွဝဲေနရပါတယ္။ ဆရာဝန္ဦးေရဟာ တေထာင္မွာ တေယာက္ႏႈန္းသာရွိၿပီး ၿမိဳ ႔မွာစုၿပံဳေနၾကတာ မ်ားပါတယ္။ သူေဌးေတြကေတာ့ ျပည္တြင္းက်န္းမာေရးစနစ္ကို အယံုအၾကည္မရွိတဲ့အတြက္ ႏုိင္ငံျခား - အထူးသျဖင့္ စကၤာပူ နဲ႔ ထိုင္းႏုိင္ငံေတြမွာ ေဆးဝါးကုသၾကပါတယ္။

ျမန္မာသူေဌးေတြ ထိုင္း၊ စကၤာပူ နဲ႔ မေလးရွားမွာ (၂၀၁၂) က ေဒၚလာသန္း (၁၅၀) ဖိုး ေဆးစရိတ္သံုးေၾကာင္း သိရပါတယ္။ ကိုယ္ပိုင္ေလယာဥ္စီးသူေတြ သီးသန္႔ဝင္ထြက္ႏုိင္တဲ့ Business Aviation Center ကို ရန္ကုန္ေလဆိပ္မွာ (၂၀၁၄) က ဖြင့္ေပးပါတယ္။ ဂ်က္ေလယာဥ္အေသးစားကို စင္းလံုးငွား လူနာတင္ေလယာဥ္အျဖစ္ အသံုးျပဳပါတယ္။ လစဥ္ ေလးငါးႀကိမ္ လူနာတင္ဂ်က္ေလယာဥ္ အဝင္အထြက္ရွိေၾကာင္း ဒီဇင္ဘာ (၂၅) ရက္ေန႔ထုတ္ Eleven Media သတင္းမွာ ေဖာ္ျပထားပါတယ္။ ေငြရွင္ေၾကးရွင္နဲ႔ ေဒၚလာဗိုလ္ခ်ဳပ္ေတြ ႏိုင္ငံျခားမွာ လြတ္လပ္စြာ ေဆးကုႏုိင္ေအာင္ စီစဥ္ထားတာ ျဖစ္ပါတယ္။

ဦးေအာင္ခင္, ေက်ာ္ေက်ာ္သိန္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........


ကျန်းမာရေးနဲ့ ပညာရေး အခြေခံကောင်းမှ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးကြောင်း ရေးထားတဲ့ စာအုပ်စာတမ်း အများအပြား ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ကျန်းမာရေး နဲ့ ပညာရေးဟာ အချို ့တဲ့ဆုံး ဖြစ်နေပါတယ်။ လူဦးရေနဲ့ နှိုင်းယှဉ်ရင် ကျန်းမာရေးကဏ္ဍဟာ မနိုင်တဲ့ဝန်ကို ထမ်းနေရတယ်လို့ လွန်ခဲ့တဲ့ ဧပြီလထုတ် အာရှဖွံဖြိုးရေးဘဏ်ရဲ ့ Long-term Scenerios for Sustained Growth စာတမ်းမှာ ဖော်ပြထားပါတယ်။ လူ့စွမ်းရည်မြှင့်တင်ရေးမှာ ထိုက်ထိုက်တန်တန် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတာကို ဇူလိုင်လထုတ် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ ့ Unlocking the potential ဆိုတဲ့ စာတမ်းမှာ သုံးသပ်ထားပါတယ်။

ကျန်းမာရေး၊ ပညာရေး နဲ့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး အပြန်အလှန် ဆက်စပ်နေတယ် ဆိုပေမယ့် မြန်မာအစိုးရရဲ ့ စစ်တပ်အသုံးစရိတ်ဟာ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် (၂) ခုပေါင်းထက် များနေတာ နှစ်ပေါင်းကြာညောင်းလှပါပြီ။ အခုအထိ စစ်အသုံးစရိတ်ဟာ ပထမဦးစားပေး ဖြစ်နေပါတယ်။ အရှေ ့တောင်အာရှမှာ မြန်မာပြည်သူပြည်သားတွေရဲ ့ ကျန်းမာရေးအခြေအနေဟာ အညံ့ဖျင်းဆုံး နဲ့ အဆိုးဝါးဆုံး ဖြစ်တယ်လို့ (၂၀၀၄) နိုဝင်ဘာလထုတ် ကမ္ဘာ့ဘဏ်အုပ်စုရဲ ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်ရေးဟာ ပထမဦးစားပေး ဖြစ်နေတာမို့ နိုင်ငံတည်ဆောက်တဲ့ဘက်မှာ အားနည်းနေတာ ဖြစ်ပါတယ်။

အာဆီယံ (၁၀) နိုင်ငံရဲ ့ လူ့သက်တမ်းကို လေ့လာရင် မြန်မာပြည်သားဟာ အသက်အတိုဆုံး ဖြစ်နေပါတယ်။ ကလေး အသေအပျောက် အများဆုံးဟာလည်း မြန်မာပြည် ဖြစ်နေပါတယ်။ အဟာရဓါတ် ချို ့တဲ့မှုဟာလည်း မြန်မာပြည်သူပြည်သားတွေ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာ ဖြစ်ပါတယ်။ အစိုးရအသုံးစရိတ်ရဲ ့ (၁) ရာခိုင်နှုန်းကျော်ဟာ ကျန်းမာရေးမှာ သုံးတာမို့ တိုင်းသူပြည်သားဟာ ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုသရပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် လိုအပ်တဲ့ အခြေခံ ဝန်ဆောင်လုပ်ငန်းရှိမှသာ အလုပ်လုပ်နိုင်စွမ်းလည်း ရှိလာမှာဖြစ်လို့ ဆင်းရဲမှု လျော့နည်းသွားနိုင်ပါတယ်။ ကျန်းမာရေး နဲ့ လူမှုစီးပွားရေး ဆက်စပ်နေတာမို့ ကျန်းမာရေး အသုံးစရိတ် တိုးလာရင် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

ကျန်းမာရေး အခြေအနေ အဆိုးဝါးဆုံးဟာ နယ်စပ်ဒေသတွေ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ လူတစ်သောင်းမှာ ကိုးဆယ်ဟာ ငှက်ဖျားရောဂါရှိကြောင်း သိရပါတယ်။ အခုဆိုရင် ဆေးမတိုးတဲ့ ငှက်ဖျားရောဂါမျိုး ဖြစ်ပွားနေပြီး မြန်မာပြည်မြောက်ပိုင်း နဲ့ အနောက်ပိုင်းအထိ ပြန့်နှံနေကြောင်း ကြားသိရပါတယ်။ တိုင်းရင်းသားဒေသတွေကို ကုလသမဂ္ဂ နဲ့ အခြားနိုင်ငံခြား ကျန်းမာရေးအဖွဲ့အစည်းတွေက ကူညီကြပါတယ်။ ကုလသမဂ္ဂ နဲ့ ကမ္ဘာ့ဘဏ်က (၂၀၁၄) မှာ ဒေါ်လာသန်း (၅၀၀) ဖိုးလောက် ကျန်းမာရေး အကူအညီ ပေးပါတယ်။ တိုင်းရင်းသားဒေသတွေကို မဝင်နိုင်တဲ့ အပြည်ပြည်ဆိုင်ရာ အေဂျင်စီတွေဟာ ဒေသခံအဖွဲ့တွေကတဆင့် ကူညီကြပါတယ်။ အပစ်ရပ်ဒေသ နဲ့ ထိုင်းအခြေစိုက် အဖွဲ့အစည်းတွေဟာ ပြည်သူ့ကျန်းမာရေးအတွက် တတ်နိုင်သလောက် ဝင်ရောက်ကူညီနေတာ နှစ်ပေါင်းကြာပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ဟာ အများစုနေထိုင်ရာ ကျေးလက်ဒေသမှာ လူမှုဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်နေတာ (၁၉၉၄) ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ကျန်းမာရေး၊ ပညာရေး နဲ့ ရိက္ခာဖူလုံရေးအတွက် ဆင်းရဲနွမ်းပါးသူတွေကို ကူညီထောက်ပံ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ ရပ်ရွာအကျိုးအတွက် ဆောင်ရွက်မယ့် ဆုံးဖြတ်ချက်တွေမှာ ကိုယ်တိုင်ပါဝင်ပြီး ကိုယ်တိုင်အကောင်အထည် ဖော်နိုင်တဲ့ ကိုယ်ထူကိုယ်ထ လုပ်ကိုင်နိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးဖို့ ရည်ရွယ်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ အနှစ် (၂၀) လောက်ကြာတော့ ရွာသူရွာသားတွေ တိုးတက်ဖွံ့ဖြိုးလာကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြို ့နယ် (၃၀၀) ကျော် ရှိတဲ့အနက် UNDP လူမှုဖွံ့ဖြိုးရေး စီမံချက်ကို အကောင်အထည်ဖော်နေတဲ့ မြို ့နယ်က (၆၀) ရှိပါတယ်။ အနောက်တိုင်း နဲ့ ဂျပန်ဟာ စီမံချက်ရဲ ့ အလှူရှင်တွေ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ ့ ကျန်းမာရေး အသုံးစရိတ် စုစုပေါင်းမှာ (၂၀) ရာခိုင်နှုန်းကိုသာ အစိုးရစိုက်တာဖြစ်လို့ (၈၀) ရာခိုင်နှုန်းဟာ ကိုယ့်အိတ်ထဲက စိုက်သုံးတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒီအထဲမှာ (၈) ရာခိုင်နှုန်းဟာ နိုင်ငံခြားအကူအညီ ဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံအချို ့ ပေါ်ထွက်လာပေမယ့် ဆင်းရဲသားလူထုကတော့ ရရာဆေးဝါးကို မှီဝဲနေရပါတယ်။ ဆရာဝန်ဦးရေဟာ တထောင်မှာ တယောက်နှုန်းသာရှိပြီး မြို ့မှာစုပြုံနေကြတာ များပါတယ်။ သူဌေးတွေကတော့ ပြည်တွင်းကျန်းမာရေးစနစ်ကို အယုံအကြည်မရှိတဲ့အတွက် နိုင်ငံခြား - အထူးသဖြင့် စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတွေမှာ ဆေးဝါးကုသကြပါတယ်။

မြန်မာသူဌေးတွေ ထိုင်း၊ စင်္ကာပူ နဲ့ မလေးရှားမှာ (၂၀၁၂) က ဒေါ်လာသန်း (၁၅၀) ဖိုး ဆေးစရိတ်သုံးကြောင်း သိရပါတယ်။ ကိုယ်ပိုင်လေယာဉ်စီးသူတွေ သီးသန့်ဝင်ထွက်နိုင်တဲ့ Business Aviation Center ကို ရန်ကုန်လေဆိပ်မှာ (၂၀၁၄) က ဖွင့်ပေးပါတယ်။ ဂျက်လေယာဉ်အသေးစားကို စင်းလုံးငှား လူနာတင်လေယာဉ်အဖြစ် အသုံးပြုပါတယ်။ လစဉ် လေးငါးကြိမ် လူနာတင်ဂျက်လေယာဉ် အဝင်အထွက်ရှိကြောင်း ဒီဇင်ဘာ (၂၅) ရက်နေ့ထုတ် Eleven Media သတင်းမှာ ဖော်ပြထားပါတယ်။ ငွေရှင်ကြေးရှင်နဲ့ ဒေါ်လာဗိုလ်ချုပ်တွေ နိုင်ငံခြားမှာ လွတ်လပ်စွာ ဆေးကုနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)