CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, February 28, 2016
အပ်ိဳၾကီးမ်ားေန႕(အပျိုကြီးများနေ့)
ဒီေန႕ဟာ ရွားရွားပါးပါး ေလးႏွစ္မွာ တစ္ခါၾကံဳရတဲ့ ေဖေဖၚဝါရီ ၂၉ ရက္ေန႕ပါ။ ရက္ထပ္ႏွစ္ Leap Year လို႕ ေခၚတြင္ပါတယ္..။ ၅ရာစု က စခဲ့တဲ့ အေၾကာင္းအရာေလး တစ္ခုေျပာျပခ်င္ပါတယ္..။ အိုင္းရစ္ရွ္ သူေတာ္စင္မယ္ တစ္ပါးျဖစ္တဲ့ စိန္႕ဘရစ္ဂ်ဒ္ က သူေတာ္စင္ စိန္႕ပက္ထရစ္ကို ေလွ်ာက္ထားပါတယ္..။ အမ်ိဳးသမီးေတြဟာ သူတို႕နဲ႕ လိုက္ဖက္သူေတြ သူတို႕ကို ႏွစ္သက္သူေတြက သူတို႕ကုိ ခ်စ္ခင္ေၾကာင္း လက္ထပ္လိုေၾကာင္း ကမ္းလွမ္းလာတာကို ေစာင့္ေမွ်ာ္ရတာ သိပ္ၾကာတာပဲ လို႕ ေလွ်ာက္ပါတယ္..။ အဲဒါနဲ႕
သူေတာ္စင္ စိန္႕ပက္ထရစ္က စဥ္းစားျပီး အမ်ိဳးသမီးေတြဖက္က စတင္ ကမ္းလွမ္းခြင့္ကို ေလးႏွစ္မွာ
တစ္ၾကိမ္ ကမ္းလွမ္းႏိုင္တယ္ ဆိုျပီး ခြင့္ျပဳခဲ့ပါတယ္..။ ဒါေပမယ့္ အဲဒါဟာ ၁၉ ရာစုေလာက္အထိ
သိပ္မက်ယ္ျပန္႕ခဲ့ပါဘူး..။
တစ္ခါ စေကာ့တလန္ဘုရင္မ မာဂရက္ ကလဲ ၁၂၈၈ ခုႏွစ္မွာ စေကာ့တစ္ရွ္ ဥပေဒ တစ္ခုျပ႒ာန္းခဲ့ပါတယ္..။ အဲဒီဥပေဒထဲမွာ လက္မထပ္ရေသးတဲ့ အမ်ိဳးသမီးမ်ားဟာ Leap Year ရက္ထပ္ႏွစ္ မွာ ကိုယ္ခ်စ္ခင္ ႏွစ္သက္တဲ့ အမ်ိဳးသားကုိ ကိုယ့္ဖက္က စျပီး ကမ္းလွမ္းခြင့္ ခ်စ္ေရးဆိုခြင့္ ရွိတယ္လို႕ ေဖၚျပထားပါတယ္..။ တကယ္လို႕ ခ်စ္ေရးဆိုခံရတဲ့ အမ်ိဳးသားက လက္မခံဘူး ျငင္းပယ္ခဲ့မယ္ ဆိုရင္ အဲဒီအမ်ိဳးသားကို ဒဏ္ရိုက္ မွာ ျဖစ္ပါတယ္..။
ဒါေပမယ့္ အဲဒီ ဥပေဒ ကလဲ သီအိုရီ တစ္ခုအျဖစ္သာ ရွိေနခဲ့တာပါ..။ အျဖစ္မွန္ကေတာ့ ဘုရင္မၾကီး မာဂရက္ဟာ အဲဒီဥပေဒကို ျပ႒ာန္းခဲ့စဥ္ အခ်ိန္တုန္းက သက္ေတာ္ ရွစ္ႏွစ္သာ ရွိပါေသးသတဲ့..။ ျပီးေတာ့ ဘုရင္မၾကီးဟာ ငယ္ရြယ္စဥ္မွာပဲ နတ္ရြာစံသြားေလေတာ့ ေနာက္ပိုင္းမွာ ပညာရွင္ေတြ သုေတသီေတြဟာ အဲဒီ ဥပေဒနဲ႕ ပတ္သက္တဲ့ မွတ္တမ္းမွတ္ရာေတြကို ရွာမေတြ႕ၾကေတာ့ပါဘူးလို႕ ဆိုပါတယ္..။ ျပီးေတာ့ အဲဒီ ဥပေဒကို အဂၤလိပ္ေတြက အသိအမွတ္မျပဳခဲ့ၾကဘူးလို႕လဲ ဖတ္မိပါတယ္..။
( စိန္႕ဗယ္လင္တိုင္း ေဒး ကို ခ်စ္သူမ်ားေန႕ အျဖစ္ တြင္က်ယ္လာသလို “ရက္ထပ္ႏွစ္မွာ တစ္ရက္တိုး ..ေဖေဖၚဝါရီ ၂၉” ကို “အပ်ိဳၾကီးမ်ားေန႕” လို႕မ်ား တေက်ာ့ျပန္ တြင္က်ယ္လာေလ ဦးမလား လို႕ပါ..။)
ခ်စ္ခင္စြာျဖင့္
ေကာင္းလြန္း (၂၉.၂.၂၀၁၆)
Credit Koung Loon,via Lwin Oo
...........
အပျိုကြီးများနေ့
ဒီနေ့ဟာ ရှားရှားပါးပါး လေးနှစ်မှာ တစ်ခါကြုံရတဲ့ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့ပါ။ ရက်ထပ်နှစ် Leap Year လို့ ခေါ်တွင်ပါတယ်..။ ၅ရာစု က စခဲ့တဲ့ အကြောင်းအရာလေး တစ်ခုပြောပြချင်ပါတယ်..။ အိုင်းရစ်ရှ် သူတော်စင်မယ် တစ်ပါးဖြစ်တဲ့ စိန့်ဘရစ်ဂျဒ် က သူတော်စင် စိန့်ပက်ထရစ်ကို လျှောက်ထားပါတယ်..။ အမျိုးသမီးတွေဟာ သူတို့နဲ့ လိုက်ဖက်သူတွေ သူတို့ကို နှစ်သက်သူတွေက သူတို့ကို ချစ်ခင်ကြောင်း လက်ထပ်လိုကြောင်း ကမ်းလှမ်းလာတာကို စောင့်မျှော်ရတာ သိပ်ကြာတာပဲ လို့ လျှောက်ပါတယ်..။ အဲဒါနဲ့ သူတော်စင် စိန့်ပက်ထရစ်က စဉ်းစားပြီး အမျိုးသမီးတွေဖက်က စတင် ကမ်းလှမ်းခွင့်ကို လေးနှစ်မှာ တစ်ကြိမ် ကမ်းလှမ်းနိုင်တယ် ဆိုပြီး ခွင့်ပြုခဲ့ပါတယ်..။ ဒါပေမယ့် အဲဒါဟာ ၁၉ ရာစုလောက်အထိ သိပ်မကျယ်ပြန့်ခဲ့ပါဘူး..။
တစ်ခါ စကော့တလန်ဘုရင်မ မာဂရက် ကလဲ ၁၂၈၈ ခုနှစ်မှာ စကော့တစ်ရှ် ဥပဒေ တစ်ခုပြဋ္ဌာန်းခဲ့ပါတယ်..။ အဲဒီဥပဒေထဲမှာ လက်မထပ်ရသေးတဲ့ အမျိုးသမီးများဟာ Leap Year ရက်ထပ်နှစ် မှာ ကိုယ်ချစ်ခင် နှစ်သက်တဲ့ အမျိုးသားကို ကိုယ့်ဖက်က စပြီး ကမ်းလှမ်းခွင့် ချစ်ရေးဆိုခွင့် ရှိတယ်လို့ ဖေါ်ပြထားပါတယ်..။ တကယ်လို့ ချစ်ရေးဆိုခံရတဲ့ အမျိုးသားက လက်မခံဘူး ငြင်းပယ်ခဲ့မယ် ဆိုရင် အဲဒီအမျိုးသားကို ဒဏ်ရိုက် မှာ ဖြစ်ပါတယ်..။
ဒါပေမယ့် အဲဒီ ဥပဒေ ကလဲ သီအိုရီ တစ်ခုအဖြစ်သာ ရှိနေခဲ့တာပါ..။ အဖြစ်မှန်ကတော့ ဘုရင်မကြီး မာဂရက်ဟာ အဲဒီဥပဒေကို ပြဋ္ဌာန်းခဲ့စဉ် အချိန်တုန်းက သက်တော် ရှစ်နှစ်သာ ရှိပါသေးသတဲ့..။ ပြီးတော့ ဘုရင်မကြီးဟာ ငယ်ရွယ်စဉ်မှာပဲ နတ်ရွာစံသွားလေတော့ နောက်ပိုင်းမှာ ပညာရှင်တွေ သုတေသီတွေဟာ အဲဒီ ဥပဒေနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို ရှာမတွေ့ကြတော့ပါဘူးလို့ ဆိုပါတယ်..။ ပြီးတော့ အဲဒီ ဥပဒေကို အင်္ဂလိပ်တွေက အသိအမှတ်မပြုခဲ့ကြဘူးလို့လဲ ဖတ်မိပါတယ်..။
( စိန့်ဗယ်လင်တိုင်း ဒေး ကို ချစ်သူများနေ့ အဖြစ် တွင်ကျယ်လာသလို “ရက်ထပ်နှစ်မှာ တစ်ရက်တိုး ..ဖေဖေါ်ဝါရီ ၂၉” ကို “အပျိုကြီးများနေ့” လို့များ တကျော့ပြန် တွင်ကျယ်လာလေ ဦးမလား လို့ပါ..။)
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၂၉.၂.၂၀၁၆)
Credit Koung Loon
အပ်ိဳၾကီးမ်ားေန႕(အပျိုကြီးများနေ့)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 28, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 28, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment