Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

အစုိးရသစ္ႏွင့္ ေကအဲန္ယူအၾကား ၿငိမ္းခ်မ္းေရးခရီး ဘယ္လုိဆက္သြားမလဲ


ေစာသိန္းျမင့္ (ေဖေဖာ္၀ါရီ ၄ရက္၊ ၂၀၁၆)

၂၀၁၅ေရြးေကာက္ပဲြကို အႏုိင္ရတဲ့ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ကိုယ္စားလွယ္အမ်ားစု ပါ၀င္တဲ့ ဒုတိယအႀကိမ္ ျပည္ သူ႔လႊတ္ေတာ္အစည္းအေ၀းကို ေဖေဖာ္၀ါရီလ ၁ရက္ေန႔က စတင္က်င္းပေနၿပီျဖစ္သလုိ ဒုတိယအႀကိမ္ အမ်ဳိးသားလႊတ္ေတာ္ အစည္းအေ၀းကိုလည္း ေဖေဖာ္၀ါရီလ ၃ရက္ေန႔မွာ စတင္ေနၿပီျဖစ္ပါတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ တရားဥပေဒစုိးမုိးေရးႏွင့္ အမ်ဳိးသား ရင္ၾကားေစ့ေရးတုိ႔ကို အဓိက ေဖာ္ေဆာင္သြားမယ္လုိ႔ အစုိးရသစ္ကို ဦးေဆာင္မယ့္ NLD ပါတီက ေျပာဆုိထားတာ ေၾကာင့္ NLD အေနနဲ႔ ယခင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို လုပ္ေဆာင္ခဲ့တဲ့ ႀကံ့ဖြံ႔အစုိးရက တာ၀န္ရွိသူေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ သြားမယ္လုိ႔ ေျပာဆုိေနပါတယ္။

ေဖေဖာ္၀ါရီ ၃ရက္ေန႔က အမ်ဳိးသားလႊတ္ေတာ္ဥကၠ႒ျဖစ္လာသူ ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္ NLD ပါတီမွ မန္း၀င္းခုိင္သန္း က “ၿငိမ္းခ်မ္းေရးရရွိဖုိ႔၊ တရားဥပေဒစုိးမုိးမႈ ရရွိဖုိ႔၊ အမ်ဳိးသားရင္ၾကားေစ့ေရးရရွိဖုိ႔ အထူးပဲ လုိအပ္ပါတယ္။ အဲဒီအတြက္ ၿငိမ္းခ်မ္း ေရး တရားဥပေဒစုိးမုိးေရးနဲ႔ အမ်ဳိးသားရင္ၾကားေစ့ေရးတုိ႔ကို ေဖာ္ေဆာင္ေပးမဲ့ တရားဥပေဒေတြ လုိအပ္မွာျဖစ္ပါတယ္။ က်ေနာ္ တုိ႔ရဲ႕ အမ်ဳိးသားလႊတ္ေတာ္ႀကီးဟာ ႏုိင္ငံေတာ္ရဲ႕ အာဏာႀကီးသုံးသပ္ရဲ႕ ဥပေဒျပဳေရးအာဏာ ရရွိထားတဲ့အဖဲြ႔ႀကီး ျဖစ္တဲ့အား ေလ်ာ္စြာ ၿငိမ္းခ်မ္းေရး၊ တရားဥပေဒစုိးမုိးေရး၊ အမ်ဳိးသား ရင္ၾကားေစ့ေရးတုိ႔အတြက္ လုိအပ္တဲ့ ဥပေဒမ်ားကို ေရးဆဲြျပ႒ာန္းဖုိ႔၊ မလုိအပ္တဲ့ ဥပေဒမ်ားကို ျပင္ဆင္ပယ္ဖ်က္ဖုိ႔ ေဆာင္ရြက္ၾကရမွာျဖစ္ပါတယ္״လုိ႔ ဒုတိယအႀကိမ္ အမ်ဳိးသားလႊတ္ေတာ္ အစည္း အေ၀းရဲ႕ ႏႈတ္ခြန္းဆက္စကားမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈနဲ႔ပတ္သက္ၿပီး ေကအဲန္ယူရဲ႕ ဥကၠ႒ျဖစ္သူ ဗုိလ္ခ်ဳပ္ႀကီးေစာမူးတူးေစးဖုိးကေတာ့ “က်ေနာ္တုိ႔ ေက အဲန္ယူအေနနဲ႔ကေတာ့ ရွင္းပါတယ္။ ႏုိင္ငံေရးပဋိပကၡျဖစ္တဲ့အတြက္ ႏုိင္ငံေရးနည္းနဲ႔ စားပဲြေပၚမွာ က်ေနာ္တုိ႔ဆက္သြားဖုိ႔ပဲ ျဖစ္ ပါတယ္။ ေနာက္တက္လာတဲ့ အစုိးရကေတာ့ သူတုိ႔ရဲ႕ ေပၚလစီေတာ့ က်ေနာ္တုိ႔ မသိေသးဘူး။ အဲဒါသူတုိ႔အေပၚမွာပဲ တည္ တယ္။ က်ေနာ္တုိ႔ကေတာ့ ေတြ႔ဆုံေဆြးေႏြးေရးကို ဆက္ၿပီးေတာ့သြားမယ္။״လုိ႔ ဇန္န၀ါရီလ ၃၁ရက္ေန႔က ကရင္အမ်ဳိးသား လြတ္ေျမာက္ေရးတပ္မေတာ္-KNLA တပ္မဟာ(၇)႒ာနခ်ဳပ္မွာ ေကအဲန္ယူ ဗဟိုအဆင့္ က်င္းပခဲ့တဲ့ (၆၇)ႏွစ္ေျမာက္ ကရင့္အ မ်ဳိးသားေတာ္လွန္ေရးေန႔မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

ေကအဲန္ယူဟာ ယခင္ ဦးသိန္းစိန္ ဦးေဆာင္တဲ့ အစုိးရနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈကို တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရးစာ ခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ၿပီးအဆင့္ထိ သြားႏုိင္ခဲ့ေသာ္လည္း မၾကာမီ တက္လာေတာ့မယ့္ NLD အစုိးရသစ္နဲ႔ ဆက္လက္ ေတြ႔ဆုံ ေဆြးေႏြးသြားႏုိင္ဖုိ႔က စိန္ေခၚမႈအခ်ဳိ႕ ႀကံဳေတြ႔ရႏုိင္တယ္လုိ႔လည္း ေ၀ဖန္သုံးသပ္သူေတြ ရွိပါတယ္။

လာမယ့္ NLD အစုိးရဟာ လုပ္ပုိင္ခြင့္တခ်ဳိ႕တ၀က္သာရရွိတဲ့ အစုိးရတစ္ခုသာျဖစ္တဲ့အတြက္ အျပည့္အ၀ ေမွ်ာ္လင့္၍မရ ေၾကာင္း ကရင္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္(KNLA) ဒုစစ္ဦးစီးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေစာေဘာေက်ာ္ဟဲကလည္း ေကအုိင္စီ(ကရင္သတင္းဌာန)နဲ႔ သီးသန္႔ေတြ႔ဆုံေမးျမန္းစဥ္မွာ သူ႔ရဲ႕အျမင္ကို ယခုလို ေျပာဆုိလုိက္ပါတယ္။

“စစ္အစုိးရက အႏွစ္ ၂၀အတြင္းမွာ စစ္တပ္ကေန ေက်းရြာအဆင့္ထိ တေသြး၊ တသံ၊ တမိန္႔ အစီအစဥ္နဲ႔ ႀကိဳတင္ျပင္ဆင္မႈ ေတြ လုပ္ထားခဲ့တဲ့အေပၚမွာ ေဒၚေအာင္ဆန္းစုၾကည္ အစုိးရက ဘယ္လုိပဲ ျပင္ဆင္မႈေတြ လုပ္ခ်င္ေနပေလ့ေစ ရမွာမဟုတ္ဘူး။ ဥပေဒကို ေျပာင္းလဲခ်င္တိုင္း ေျပာင္းလဲလုိ႔မရဘူး။ အခက္အခဲ အမ်ားႀကီးရွိတယ္။ က်ေနာ္တုိ႔ အနည္းအက်ဥ္းေလာက္ပဲ ေမွ်ာ္ လင့္လုိ႔ရတယ္״လုိ႔ KNLA ဒုဗုိလ္ခ်ဳပ္ႀကီးေစာေဘာေက်ာ္ဟဲက ကရင္လို ေျပာပါတယ္။

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္အစုိးရကို စစ္အစုိးရက အခြင့္အေရးေပးရင္ေတာင္မွ အေပၚယံ ၾကည့္ေကာင္း႐ံုမွ်သာ အခြင့္အ ေရးေပးမွာျဖစ္ၿပီး အျပည့္အ၀ လုပ္ကုိင္ႏုိင္တဲ့အဆင့္အထိ ေပးအပ္မွာမဟုတ္ေၾကာင္းလည္း ဒုဗုိလ္ခ်ဳပ္ႀကီးေစာေဘာေက်ာ္ဟဲ က ဆက္လက္ ေထာက္ျပေျပာဆုိပါတယ္။

အလားတူပဲ KNLA စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီးေစာေဂ်ာ္နီကလည္း ကရင္အမ်ဳိးသားအစည္းအ႐ုံး(ေကအဲန္ယူ)အေနနဲ႔ စစ္အစိုးရ ပဲတက္တက္၊ ဒီမိုကေရစီ အစိုးရပဲတက္တက္ မိမိတို႔အေနနဲ႔ မိမိတို႔လူမ်ဳိးရဲ႕ အခြင့္အေရးကို တုိက္ယူသြားရမွာျဖစ္တယ္လုိ႔ (၆၇) ႏွစ္ေျမာက္ ကရင္ေတာ္လွန္ေရးအခမ္းအနားရဲ႕ နိဂုံးခ်ဳပ္ အမွာစကားထဲမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။



၂၀၁၁ခုႏွစ္၊ ၾသဂုတ္လ ၁၈ရက္မွာ စစ္တပ္ေနာက္ခံ အရပ္သားအစိုးရျဖစ္တဲ့ သမၼတ ဦးသိန္းစိန္က တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႔ေတြကို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ ကမ္းလွမ္းခဲ့ပါတယ္။ ၂၀၁၂ခုႏွစ္အစမွာ အစုိးရနဲ႔ တုိင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖဲြ႔အစည္းတုိ႔ အပစ္အခတ္ ရပ္စဲေရးေတြကို ျပည္နယ္အဆင့္၊ ျပည္ေထာင္စုအဆင့္ စသည္ျဖင့္ အသီးသီး လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ အပစ္အခတ္ရပ္စဲေရး ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ လုပ္ငန္းစဥ္ ေလးႏွစ္တာ ကာလအ တြင္း ရလဒ္က NCA တစ္ႏုိင္ငံလုံး အပစ္ရပ္စာခ်ဳပ္ကို ေကအဲန္ယူ အပါအ၀င္ တုိင္းရင္းသားလက္နက္ကုိင္အဖဲြ႔ ၈ဖဲြ႔က ၂၀၁၅ခု ႏွစ္၊ ေအာက္တုိဘာလ ၁၅ရက္ေန႔တြင္ လက္မွတ္ေရးထုိးခဲ့ပါတယ္။

အဲဒီ NCA စာခ်ဳပ္ရဲ႕ သေဘာတူညီခ်က္အရ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၂ရက္က ၁၆ရက္ေန႔အထိ ပထမအႀကိမ္ ျပည္ေထာင္စုၿငိမ္းခ်မ္း ေရးညီလာခံကို က်င္းပခဲ့ၿပီး ႏိုင္ငံေရးေဆြးေႏြးပြဲအတြက္ နိဒါန္းပ်ဳိးထားခဲ့ေပမဲ့ တုိင္းရင္းသားလက္နက္ကုိင္ အဖဲြ႔အစည္းအားလုံး မပါ၀င္တဲ့အေပၚ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးညီလာခံ မဟုတ္ဆိုတဲ့ ေ၀ဖန္သံေတြ မ်ဳိးစုံ ထြက္ေပၚလာပါတယ္။

NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က စစ္မွန္တဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ (သုိ႔မဟုတ္) ႏုိင္ငံေရးေဆြးေႏြးပဲြကို NLD အစုိးရသစ္လက္ထက္က်မွသာ က်င္းပသြားမယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။ ဒါေၾကာင့္ NLD အစုိးရသစ္ျဖစ္လာရင္ ေကအဲန္ယူ အေနနဲ႔ အစုိးရသစ္ကို ဘယ္လုိပူးေပါင္းေဆာင္ရြက္သြားမလဲဆုိတာ ကရင္လူထုတင္မကဘဲ တုိင္းရင္းသားျပည္သူေတြအားလုံး ကပါ သိခ်င္လွတဲ့ ေမးခြန္းတစ္ခု ျဖစ္ေနပါတယ္။

ေကအဲန္ယူ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ပဒုိေစာကြယ္ထူး၀င္းက “က်ေနာ္တို႔ရဲ႕အမ်ဳိးသားအေရးကို ေျပာဆိုေဆြးေႏြးဖို႔ ဘယ္ အစိုးရအဖြဲ႔ပဲျဖစ္ျဖစ္ ပူးေပါင္းလုပ္ေဆာင္မယ္။ ဦးသိန္းစိန္တက္လာလို႔ ေဆြးေႏြးမယ္ဆုိရင္ က်ေနာ္တို႔ေဆြးေႏြးမယ္။ NLD ပါတီ တက္လာလည္း က်ေနာ္တို႔ ေဆြးေႏြးမွာပဲ။ က်ေနာ္တို႔ ပူးေပါင္းေဆာင္ရြက္ရမယ္။ ျမန္မာျပည္ ၿငိမ္းခ်မ္းေရးနဲ႔ ျမန္မာျပည္ေရးရာ ေတြအားလုံးဟာ က်ေနာ္တို႔ တိုင္းရင္းသားအားလုံးနဲ႔ ဆိုင္ပါတယ္״လုိ႔ ကရင္သတင္းဌာန ေမးျမန္းစဥ္က ေျပာဆုိခဲ့ပါတယ္။

ကရင္အမ်ဳိးသားေတာ္လွန္ေရးသမုိင္းကို ျပန္ၾကည့္ရင္ လက္နက္ကုိင္ေတာ္လွန္ေရး စတင္လာခဲ့တာဟာ စစ္ကို မက္ေမာလုိ႔မ ဟုတ္ဘဲ ကိုယ္ပုိင္ျပ႒ာန္းခြင့္၊ တန္းတူအခြင့္အေရးကို ေတာင္းဆုိခဲ့ရာမွာ အုပ္စုိးသူအစုိးရအဆက္ဆက္က မသိက်ိဳးကၽြံျပဳကာ အင္အားသုံး အၾကမ္းဖက္ႏွိမ္နင္းမႈေၾကာင့္ လက္နက္ကုိင္လမ္းစဥ္ကို ေရြးခ်ယ္လိုက္ရျခင္းျဖစ္တယ္လုိ႔ ကရင္ေတာ္လွန္ေရးဖခင္ ႀကီးေတြက ျပန္ေျပာင္းေျပာဆုိခဲ့ၾကပါတယ္။

ေကအဲန္ယူရဲ႕ ေမွ်ာ္မွန္းခ်က္ဟာ ႏုိင္ငံေရးျပႆနာကို ႏုိင္ငံေရးနည္းျဖင့္ ေျဖရွင္းဖို႔ဆိုေပမဲ့ အခ်ဳိ႕ေသာ ကရင္အမ်ဳိးသားေခါင္း ေဆာင္ေတြက ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈလုပ္ငန္းစဥ္ကို အခ်ိန္မဆုိင္းဘဲ ဆက္လက္ လုပ္ေဆာင္သြားခ်င္ၾကသလုိ အခ်ဳိ႕ကရင္ ေခါင္းေဆာင္ေတြကမူ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈလုပ္ငန္း ျဖစ္စဥ္သြားႏႈန္းဟာ ျမန္ဆန္လြန္းတယ္လုိ႔ ရႈျမင္ေနၾကပါတယ္။

မည္သုိ႔ပင္ျဖစ္ေစကာမူ မၾကာခင္ ျဖစ္လာေတာ့မယ့္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္(NLD) အစုိးရအဖဲြ႔နဲ႔ ကရင္အမ်ဳိးသားအစည္းအ႐ုံး(KNU)တုိ႔ ဆက္လက္ ေဖာ္ေဆာင္မယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ယခင္ အစုိးရ လက္ထက္က လမ္းေၾကာင္းအတိုင္းပဲ ဆက္သြားမလား၊ ဒါမွမဟုတ္ စိန္ေခၚမႈမ်ားစြာနဲ႔ လုပ္ထံုးလုပ္နည္းေတြ ပိုမို တင္းၾကပ္မ်ား ျပားလာဦးမလားဆိုတဲ့ ေျပာင္းလဲမႈေတြကို “သို႔ေလာ”မ်ားစြာနဲ႔ ဆက္လက္ ႐ႈစားသြားရအံုးမွာ ျဖစ္ပါတယ္။

ေစာသိန္းျမင့္
KIC - ေကအုိင္စီ
http://kicnews.org
....................


စောသိန်းမြင့် (ဖေဖော်ဝါရီ ၄ရက်၊ ၂၀၁၆)

၂၀၁၅ရွေးကောက်ပွဲကို အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အများစု ပါ၀င်တဲ့ ဒုတိယအကြိမ် ပြည် သူ့လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ရက်နေ့က စတင်ကျင်းပနေပြီဖြစ်သလို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကိုလည်း ဖေဖော်ဝါရီလ ၃ရက်နေ့မှာ စတင်နေပြီဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့ကို အဓိက ဖော်ဆောင်သွားမယ်လို့ အစိုးရသစ်ကို ဦးဆောင်မယ့် NLD ပါတီက ပြောဆိုထားတာ ကြောင့် NLD အနေနဲ့ ယခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့တဲ့ ကြံ့ဖွံ့အစိုးရက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ ပြောဆိုနေပါတယ်။

ဖေဖော်ဝါရီ ၃ရက်နေ့က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် NLD ပါတီမှ မန်းဝင်းခိုင်သန်း က “ငြိမ်းချမ်းရေးရရှိဖို့၊ တရားဥပဒေစိုးမိုးမှု ရရှိဖို့၊ အမျိုးသားရင်ကြားစေ့ရေးရရှိဖို့ အထူးပဲ လိုအပ်ပါတယ်။ အဲဒီအတွက် ငြိမ်းချမ်း ရေး တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမဲ့ တရားဥပဒေတွေ လိုအပ်မှာဖြစ်ပါတယ်။ ကျနော် တို့ရဲ့ အမျိုးသားလွှတ်တော်ကြီးဟာ နိုင်ငံတော်ရဲ့ အာဏာကြီးသုံးသပ်ရဲ့ ဥပဒေပြုရေးအာဏာ ရရှိထားတဲ့အဖွဲ့ကြီး ဖြစ်တဲ့အား လျော်စွာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသား ရင်ကြားစေ့ရေးတို့အတွက် လိုအပ်တဲ့ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းဖို့၊ မလိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ဖို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်״လို့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်း အဝေးရဲ့ နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်ပြီး ကေအဲန်ယူရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုးကတော့ “ကျနော်တို့ ကေ အဲန်ယူအနေနဲ့ကတော့ ရှင်းပါတယ်။ နိုင်ငံရေးပဋိပက္ခဖြစ်တဲ့အတွက် နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ ကျနော်တို့ဆက်သွားဖို့ပဲ ဖြစ် ပါတယ်။ နောက်တက်လာတဲ့ အစိုးရကတော့ သူတို့ရဲ့ ပေါ်လစီတော့ ကျနော်တို့ မသိသေးဘူး။ အဲဒါသူတို့အပေါ်မှာပဲ တည် တယ်။ ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးရေးကို ဆက်ပြီးတော့သွားမယ်။״လို့ ဇန်နဝါရီလ ၃၁ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၇)ဋ္ဌာနချုပ်မှာ ကေအဲန်ယူ ဗဟိုအဆင့် ကျင်းပခဲ့တဲ့ (၆၇)နှစ်မြောက် ကရင့်အ မျိုးသားတော်လှန်ရေးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကေအဲန်ယူဟာ ယခင် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာ ချုပ် လက်မှတ်ရေးထိုးခဲ့ပြီးအဆင့်ထိ သွားနိုင်ခဲ့သော်လည်း မကြာမီ တက်လာတော့မယ့် NLD အစိုးရသစ်နဲ့ ဆက်လက် တွေ့ဆုံ ဆွေးနွေးသွားနိုင်ဖို့က စိန်ခေါ်မှုအချို့ ကြုံတွေ့ရနိုင်တယ်လို့လည်း ဝေဖန်သုံးသပ်သူတွေ ရှိပါတယ်။

လာမယ့် NLD အစိုးရဟာ လုပ်ပိုင်ခွင့်တချို့တဝက်သာရရှိတဲ့ အစိုးရတစ်ခုသာဖြစ်တဲ့အတွက် အပြည့်အဝ မျှော်လင့်၍မရ ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကလည်း ကေအိုင်စီ(ကရင်သတင်းဌာန)နဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ သူ့ရဲ့အမြင်ကို ယခုလို ပြောဆိုလိုက်ပါတယ်။

“စစ်အစိုးရက အနှစ် ၂၀အတွင်းမှာ စစ်တပ်ကနေ ကျေးရွာအဆင့်ထိ တသွေး၊ တသံ၊ တမိန့် အစီအစဉ်နဲ့ ကြိုတင်ပြင်ဆင်မှု တွေ လုပ်ထားခဲ့တဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ဘယ်လိုပဲ ပြင်ဆင်မှုတွေ လုပ်ချင်နေပလေ့စေ ရမှာမဟုတ်ဘူး။ ဥပဒေကို ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့မရဘူး။ အခက်အခဲ အများကြီးရှိတယ်။ ကျနော်တို့ အနည်းအကျဉ်းလောက်ပဲ မျှော် လင့်လို့ရတယ်״လို့ KNLA ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ကရင်လို ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို စစ်အစိုးရက အခွင့်အရေးပေးရင်တောင်မှ အပေါ်ယံ ကြည့်ကောင်းရုံမျှသာ အခွင့်အ ရေးပေးမှာဖြစ်ပြီး အပြည့်အဝ လုပ်ကိုင်နိုင်တဲ့အဆင့်အထိ ပေးအပ်မှာမဟုတ်ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ က ဆက်လက် ထောက်ပြပြောဆိုပါတယ်။

အလားတူပဲ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီကလည်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အနေနဲ့ စစ်အစိုးရ ပဲတက်တက်၊ ဒီမိုကရေစီ အစိုးရပဲတက်တက် မိမိတို့အနေနဲ့ မိမိတို့လူမျိုးရဲ့ အခွင့်အရေးကို တိုက်ယူသွားရမှာဖြစ်တယ်လို့ (၆၇) နှစ်မြောက် ကရင်တော်လှန်ရေးအခမ်းအနားရဲ့ နိဂုံးချုပ် အမှာစကားထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


၂၀၁၁ခုနှစ်၊ သြဂုတ်လ ၁၈ရက်မှာ စစ်တပ်နောက်ခံ အရပ်သားအစိုးရဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကမ်းလှမ်းခဲ့ပါတယ်။ ၂၀၁၂ခုနှစ်အစမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတို့ အပစ်အခတ် ရပ်စဲရေးတွေကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသည်ဖြင့် အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် လေးနှစ်တာ ကာလအ တွင်း ရလဒ်က NCA တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို ကေအဲန်ယူ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ၂၀၁၅ခု နှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီ NCA စာချုပ်ရဲ့ သဘောတူညီချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ရက်က ၁၆ရက်နေ့အထိ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကို ကျင်းပခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက် နိဒါန်းပျိုးထားခဲ့ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး မပါ၀င်တဲ့အပေါ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးညီလာခံ မဟုတ်ဆိုတဲ့ ဝေဖန်သံတွေ မျိုးစုံ ထွက်ပေါ်လာပါတယ်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စစ်မှန်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (သို့မဟုတ်) နိုင်ငံရေးဆွေးနွေးပွဲကို NLD အစိုးရသစ်လက်ထက်ကျမှသာ ကျင်းပသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် NLD အစိုးရသစ်ဖြစ်လာရင် ကေအဲန်ယူ အနေနဲ့ အစိုးရသစ်ကို ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမလဲဆိုတာ ကရင်လူထုတင်မကဘဲ တိုင်းရင်းသားပြည်သူတွေအားလုံး ကပါ သိချင်လှတဲ့ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့ရဲ့အမျိုးသားအရေးကို ပြောဆိုဆွေးနွေးဖို့ ဘယ် အစိုးရအဖွဲ့ပဲဖြစ်ဖြစ် ပူးပေါင်းလုပ်ဆောင်မယ်။ ဦးသိန်းစိန်တက်လာလို့ ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ဆွေးနွေးမယ်။ NLD ပါတီ တက်လာလည်း ကျနော်တို့ ဆွေးနွေးမှာပဲ။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရမယ်။ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်ရေးရာ တွေအားလုံးဟာ ကျနော်တို့ တိုင်းရင်းသားအားလုံးနဲ့ ဆိုင်ပါတယ်״လို့ ကရင်သတင်းဌာန မေးမြန်းစဉ်က ပြောဆိုခဲ့ပါတယ်။

ကရင်အမျိုးသားတော်လှန်ရေးသမိုင်းကို ပြန်ကြည့်ရင် လက်နက်ကိုင်တော်လှန်ရေး စတင်လာခဲ့တာဟာ စစ်ကို မက်မောလို့မ ဟုတ်ဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေးကို တောင်းဆိုခဲ့ရာမှာ အုပ်စိုးသူအစိုးရအဆက်ဆက်က မသိကျိုးကျွံပြုကာ အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှုကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ရခြင်းဖြစ်တယ်လို့ ကရင်တော်လှန်ရေးဖခင် ကြီးတွေက ပြန်ပြောင်းပြောဆိုခဲ့ကြပါတယ်။

ကေအဲန်ယူရဲ့ မျှော်မှန်းချက်ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ဆိုပေမဲ့ အချို့သော ကရင်အမျိုးသားခေါင်း ဆောင်တွေက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ကို အချိန်မဆိုင်းဘဲ ဆက်လက် လုပ်ဆောင်သွားချင်ကြသလို အချို့ကရင် ခေါင်းဆောင်တွေကမူ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ဖြစ်စဉ်သွားနှုန်းဟာ မြန်ဆန်လွန်းတယ်လို့ ရှုမြင်နေကြပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ မကြာခင် ဖြစ်လာတော့မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ဆက်လက် ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ယခင် အစိုးရ လက်ထက်က လမ်းကြောင်းအတိုင်းပဲ ဆက်သွားမလား၊ ဒါမှမဟုတ် စိန်ခေါ်မှုများစွာနဲ့ လုပ်ထုံးလုပ်နည်းတွေ ပိုမို တင်းကြပ်များ ပြားလာဦးမလားဆိုတဲ့ ပြောင်းလဲမှုတွေကို “သို့လော”များစွာနဲ့ ဆက်လက် ရှုစားသွားရအုံးမှာ ဖြစ်ပါတယ်။

စောသိန်းမြင့်
KIC - ကေအိုင်စီ
http://kicnews.org

No comments:

Post a Comment