Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

တုိင္း/ျပည္နယ္အစုိးရ၊ လႊတ္ေတာ္ေခါင္းေဆာင္မ်ားစာရင္း ခ်ိတ္ပိတ္ေပးအပ္

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ ကိုေတြ႕ရစဥ္။ Photo: RFA
လာမယ့္ ေဖေဖာဝါရီလ ၈ ရက္ေန႔မွာ စတင္မယ့္ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးက လႊတ္ေတာ္ဥကၠဌ၊ ဒုဥကၠဌေတြနဲ႔ အစိုးရအဖဲြ႔မွာ တာဝန္ေပးခံရသူစာရင္းကို ေနျပည္ေတာ္မွာ အုပ္ခ်ဳပ္ေရးနဲ႔ စီမံခန္႔ခဲြေရးဆုိင္ရာသင္တန္း တက္ေရာက္ခဲ့ သူေတြထံ အန္အယ္လ္ဒီပါတီ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က စာအိတ္နဲ႔ 
ခ်ိတ္ပိတ္ေပးလိုက္တယ္လို႔ သိရပါတယ္။

အ့ဲဒီခ်ိတ္ပိတ္စာကို လာမယ့္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာ တုိင္းေဒသႀကီး/ျပည္နယ္ပါတီရံုးခန္းေတြမွာ က်န္တဲ့ကိုယ္စား လွယ္ေတြကိုေခၚၿပီး ဖြင့္ေဖာက္အသိေပးရမွာျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့ ကိုယ္စားလွယ္တစ္ဦးက ေျပာပါတယ္။

အုပ္ခ်ဳပ္ေရးနဲ႔ စီမံခန္႔ခဲြေရးဆုိင္ရာ သင္တန္းကို ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၁ရက္ေန႔ကစၿပီး ၂ရက္ၾကာ
သင္ၾကားေပး ခဲ့တာျဖစ္ပါတယ္။ အဲဒီသင္တန္းကို တုိင္းေဒသႀကီးနဲ႔ျပည္နယ္တစ္ခုစီက ကိုယ္စားလွယ္
အနည္းဆံုး ၃ဦးကေန ၅ဦးအထိ တက္ေရာက္ၾကတာျဖစ္ပါတယ္။

သင္တန္းမွာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အၿငိမ္းစားအရာရွိေတြ၊ စီမံခန္႔ခဲြမႈပိုင္းဆုိင္ရာ ကၽြမ္းက်င္သူေတြနဲ႔ ဥပေဒပညာရွင္ေတြက သင္ၾကားေပးတာျဖစ္ပါတယ္။

သင္တန္းကို ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ေတြထဲက ဦးၿဖိဳးမင္းသိန္း၊ ေဒၚစႏၵာမင္း၊ ဦးႏုိင္ငံလင္း၊ ကရင္ျပည္နယ္က ေဒၚနန္းခင္ေထြးျမင့္၊ စစ္ကိုင္းတုိင္းက ေဒါက္တာျမင့္ႏုိင္၊ ရခိုင္ျပည္နယ္က ဦးညီပု၊ ခ်င္းျပည္နယ္က ဦးဇိုဘဲြ၊ မေကြးတုိင္းက ေဒါက္တာေအာင္မုိးညိဳ၊ ဦးေနမ်ဳိးေက်ာ္၊ ဦးတာ၊ ကယားျပည္နယ္က ဦးလွေထြး၊ ဦးတင္ျမင့္၊ ဦးအယ္လ္ေဖာင္းရႈိ စတဲ့ ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

အဲ့ဒီထဲမွာ လႊတ္ေတာ္ဥကၠဌ၊ ဒုဥကၠဌ နဲ႔ တုိင္းေဒသႀကီး/ျပည္နယ္အစိုးရအဖဲြ႔မွာ တာဝန္ေပးခံရမယ့္သူေတြ ပါဝင္တယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။

RFA Burmese
http://www.rfa.org/burmese
....................

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်။ Photo: RFA
လာမယ့် ဖေဖောဝါရီလ ၈ ရက်နေ့မှာ စတင်မယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတွေနဲ့ အစိုးရအဖွဲ့မှာ တာဝန်ပေးခံရသူစာရင်းကို နေပြည်တော်မှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာသင်တန်း တက်ရောက်ခဲ့ သူတွေထံ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာအိတ်နဲ့
ချိတ်ပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီချိတ်ပိတ်စာကို လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ တိုင်းဒေသကြီး/ပြည်နယ်ပါတီရုံးခန်းတွေမှာ ကျန်တဲ့ကိုယ်စား လှယ်တွေကိုခေါ်ပြီး ဖွင့်ဖောက်အသိပေးရမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး ၂ရက်ကြာ
သင်ကြားပေး ခဲ့တာဖြစ်ပါတယ်။ အဲဒီသင်တန်းကို တိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုစီက ကိုယ်စားလှယ်
အနည်းဆုံး ၃ဦးကနေ ၅ဦးအထိ တက်ရောက်ကြတာဖြစ်ပါတယ်။

သင်တန်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငြိမ်းစားအရာရှိတွေ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဥပဒေပညာရှင်တွေက သင်ကြားပေးတာဖြစ်ပါတယ်။

သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးနိုင်ငံလင်း၊ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်၊ စစ်ကိုင်းတိုင်းက ဒေါက်တာမြင့်နိုင်၊ ရခိုင်ပြည်နယ်က ဦးညီပု၊ ချင်းပြည်နယ်က ဦးဇိုဘွဲ၊ မကွေးတိုင်းက ဒေါက်တာအောင်မိုးညို၊ ဦးနေမျိုးကျော်၊ ဦးတာ၊ ကယားပြည်နယ်က ဦးလှထွေး၊ ဦးတင်မြင့်၊ ဦးအယ်လ်ဖောင်းရှို စတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီထဲမှာ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ နဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ပေးခံရမယ့်သူတွေ ပါဝင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment