Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

၅၉(စ) ဆိုင္းငံ့ေရး အေပၚ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အျမင္


တပ္မေတာ္သား ကိုယ္စားလွယ္မ်ား ဒုတိယအႀကိမ္ သက္တမ္း လႊတ္ေတာ္တက္လာစဥ္။ 
ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ေရး တားဆီးထားတဲ့ ပုဒ္မ ၅၉(စ) ဆိုင္းငံ့ေရး အဆိုကို NLD ပါတီ ကိုယ္စားလွယ္ေတြက ျပည္ေထာင္စုလႊတ္ေတာ္ကို တင္ျပဖို႔ ရိွေနတယ္္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ အေပၚ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ကေတာ့ လက္ရိွဖဲြ႔စည္းပံု အေျခခံဥပေဒအတိုင္းပဲ သူတို႔ဘက္က တုန္႔ျပန္သြားမယ္လို႔ ေျပာေနပါတယ္။ တခ်ိန္တည္းမွာေတာ့ ၅၉(စ) အပါအ၀င္ ဖဲြ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ေရးအတြက္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္က ႀကိဳးပမ္းခဲ့ရာမွာ ဦးေဆာင္သူျဖစ္တဲ့ ဦးထြန္းထြန္းဟိန္ကိုေတာ့ ျပည္သူ႔လႊတ္ေတာ္ရဲ႕ ဥပေဒၾကမ္းေကာ္မတီ ဥကၠ႒အျဖစ္ ဒီကေန႔ ခန္႔အပ္ခဲ့ပါတယ္။ ဒီအေၾကာင္းေတြ ကိုေတာ့ ေနျပည္ေတာ္ လႊတ္ေတာ္မွာ သတင္းယူေနတဲ့ မေမခက စံုစမ္း ေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ဒီကေန႔မွာ NLD ပါတီက ဦးေဆာင္ က်င္းပတဲ့ လႊတ္ေတာ္အစည္းအေဝးေတြကို စတင္က်င္းပေနၿပီျဖစ္ပါတယ္။ လက္ရွိခ်ိန္မွာ လႊတ္ေတာ္ေတြ စတင္ က်င္းပေနတာ မွာ NLD ပါတီက ကိုယ္စားလွယ္ အမ်ားဆံုးတက္ေရာက္ေနၾကတာပါ။ ဒီျပင္ လက္ရွိမွာလည္း အစိုးရဖြဲ႔ႏိုင္ေလာက္တဲ့ အထိအႏိုင္ရထားတာေၾကာင့္ သမၼတ တင္ေျမာက္ေရးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတျဖစ္ဖို႔ေမွ်ာ္မွန္းေနၾကပါတယ္။

ဒါေပမယ့္ လက္ေတြ႔မွာ အေျခခံဥပေဒမွာ ပါတဲ့ ပုဒ္မ ၅၉(စ)ေၾကာင့္ သမၼတ ျဖစ္လို႔ မရႏိုင္ပါဘူး။ ဒီမွာေဒၚေအာင္ဆန္းစုုၾကည္ သမၼတျဖစ္ေရး တားဆီးထားတဲ့ ပုုဒ္မ ၅၉ (စ) ဆုုိင္းငံ့ေရး ကို လုပ္ေဆာင္ဖို႔ NLD ပါတီဝင္ေတြက ျပင္ဆင္ေနၾက တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ဒီသတင္းေတြအေပၚမွာ တပ္မေတာ္သား ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္ေတာက္ထြန္းက အခုလိုေျပာဆိုခဲ့ပါတယ္။

" က်ေနာ္တို႔ လက္တြဲေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ ဖြဲ႔စည္းပံု ၊ ဖြဲ႔စည္းပံု အေျခခံဥပေဒအတိုင္းပါပဲ။ ဒီအတိုင္းပဲ က်ေနာ္တို႔ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။:

ပုဒ္မ ၅၉ စ ဆိုင္းငံ့ေရး ျပင္ဆင္ေရးနဲ႔ပတ္သက္လို႔ ဗီြအိုေအေမးျမန္းမႈကို ဗိုလ္ခ်ဳပ္ေတာက္ထြန္းက အခုလိုေျဖၾကားခဲ့တာပါ။

ဒီ ၅၉(စ) ျပင္ဆင္ေရးနဲ႔ပတ္သတ္ၿပီး တပ္မေတာ္ကိုယ္စားလွယ္ေတြဘက္က အခုလိုေျပာဆိုခဲ့သလို မၾကာေသးခင္ကလည္း တပ္မေတာ္ကထုတ္ျပန္တဲ့ ျမ၀တီ သတင္းစာတြင္ ပုုဒ္မ ၅၉ (စ) မျပင္ဆင္သင့္ဆုုိသည့္ ေဆာင္းပါးမ်ားကို ထည္႔သြင္းေဖာ္ျပၿပီး သေဘာထားေဖာ္ျပမႈေတြရွိခဲ့ပါတယ္။

၅၉(စ) ဆိုင္းငံ့ေရးအေပၚ တိုင္းရင္းသားေတြမွာလည္း အျမင္အမ်ိဳးမ်ိဳးရွိေနပါတယ္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ က စိုင္းသီဟေက်ာ္ က ၅၉(စ) ဆိုင္းငံ့ေရး၊ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး အခုလိုေျပာပါတယ္။

" က်ေနာ္တို႔ ႏုိင္ငံအတြက္ေပါ့ေနာ္ ႏုိင္ငံအတြက္ ေရွ႕ဆက္သြားရမယ့္ ခရီးလမ္းေၾကာင္း ေျဖာင့္ျဖဴးဖို႔အတြက္ အဓိက ဦးစားေပး စဥ္းစားရမွာ။ ေကာင္းမြန္တဲ့ အခ်က္ျဖစ္မယ္ဆိုရင္ က်ေနာ္တို႔ အားလံုး ဝိုင္းစဥ္းစားၿပီးေတာ့ ေထာက္ခံ သင့္ရင္ ေထာက္ခံေပးရမွာျဖစ္ပါတယ္။

တကယ္တမ္း က်ေနာ့္သေဘာထား က်ေနာ့္တဦးတည္းရဲ႕ သေဘာထားကက်ေတာ့ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ျပ႒ာန္းၿပီးတဲ့ေနာက္ မလိုအပ္တဲ့ ပုဒ္မေတြကို ဆုိင္းငံ့တဲ့ ကိစၥကေတာ့  က်ေနာ္တို႔ နည္းနည္းစဥ္းစားသင့္တယ္လို႔ေပါ့ေနာ္ ေနာက္ပိုင္းေတြမွာ တကယ္လို႔ တျခားေသာအစိုးရ တျခားေသာ အစုအဖြဲ႔တခုက ထပ္ၿပီး တက္လာမယ္ ဥပေဒအရ ကန္႔သတ္တားျမစ္ထားတဲ့ ကိစၥရပ္ကို ေက်ာ္လႊားခ်င္တယ္ဆိုရင္ အလြယ္တကူေပါ့ေနာ္ ဒီလိုကိစၥရပ္ေတြကို ဆက္လက္ေဆာင္ရြက္သြားမွာကိုေတာ့ က်ေနာ္တို႔ နည္းနည္း စိုးရိမ္တာေပါ့ေနာ္။ "

ရခိုင္အမ်ိဳးသားပါတီက ဦးဦးလွေစာကလည္း သူ႔ထင္ျမင္ခ်က္ကို အခုလိုေပး ခဲ့ပါေသးတယ္။

" အဲ့ေတာ့ က်ေနာ္တို႔ကေတာ့ ေဝဖန္ရခက္ပါတယ္ေနာ္။ ဒါေပမဲ့ တခုေတာ့ ေျပာခ်င္တာ ကေတာ့ က်ေနာ္တို႔ ပုဂၢိဳလ္အရ အျမင္ကေတာ့ ၅၉ စ ေတြ ဘာေတြေတာ့ က်ေနာ္ကေတာ့ မေဝဖန္ခ်င္ဘူး။ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ သမၼတျဖစ္ထိုက္ပါတယ္ေနာ္။ က်ေနာ္တို႔ ပုဂၢိဳလ္ေရးဆႏၵေပါ့။

အခု က်ေနာ္တို႔သြားတဲ့ အလွည့္အေျပာင္းဆိုတာက ဘယ္ေလာက္ပဲ ဆႏၵရွိရွိေပါ့ေနာ္။ ဒါ တပ္မေတာ္ရဲ႕ အခန္းက႑နဲ႔ ညိႇႏိႈင္းသြားမယ့္ လုပ္ရပ္ေပါ့ေလ။ အဲ့ဒီ့ သိပ္ၿပီးေတာ့ Risk မ်ားတဲ့ လုပ္ရပ္ကိုေတာ့ လူႀကီးေတြ လုပ္မယ္ေတာ့ မထင္ပါဘူး။"

NLD ပါတီကေန ၄၃၆ ဥပေဒနဲ႔ အျခားေသာ ဖြဲ႕စည္းပံုအေျခခံဥပေဒေတြျပင္ဆင္ေရး ႀကိဳးပမ္းခဲ့တာမွာ ဦးေဆာင္ ပါဝင္ခဲ့သူ NLD ပါတီ ဗဟိုအလုပ္ အမႈေဆာင္ ဦးထြန္းထြန္းဟိန္ကို ဒီကေန႔မွာ ျပည္သူ႔လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ ဥကၠ႒အေနနဲ႔  ခန္႔အပ္လိုက္ပါတယ္။ ဥပေဒၾကမ္းေကာ္မတီ ဥကၠ႒ ျဖစ္သူ ဦးထြန္းထြန္းဟိန္က ၅၉(စ) ျပင္ဆင္ေရး ဒါမွမဟုတ္ ဆိုင္းင့့ံေရး နဲ႔ အေပၚ အခုလိုေျပာထားပါတယ္။

" ဒီပုဒ္မ ၅၉ (စ) ကို အန္ကယ္လ္တို႔က ဆိုင္းငံ့တယ္ ဆိုတာေပါ့ေနာ္။ ႏိုင္ငံသမုိင္းမွာ ဒီလိုဆုိင္းငံ့တဲ့သာဓကမ်ား ရွိဖူးပါတယ္။ ၅၉ (စ) ကို ျပည္သူအမ်ား စိတ္ဝင္စားတယ္ ဆိုတာကိုလည္း အန္ကယ္လ္တို႔ သိေနပါတယ္။ ၾကားလည္း ၾကားေနတာေပါ့ေလ။ ဒီအကူးအေျပာင္း transition အခ်ိိန္ေပါ့ေလ  ညိႇႏိႈင္းေရးက အေတာ္ေလးကို complicated ဆိုတာကိုလည္း အန္ကယ္လ္တို႔ သေဘာေပါက္ပါတယ္။ "

တည္ဆဲဥပေဒေတြအရ လႊတ္ေတာ္တြင္းက ၇၅ရာခိုင္ႏႈန္းအထက္ရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြသေဘာတူမွသာ ဖြဲ႕စည္းပံုအေျခခံ ဥပေဒေတြကိုျပင္ဆင္ႏိုင္ ဆိုင္းငံ့ႏိုင္မွာပါ။ အခုလက္ ရွိခ်ိန္မွာေတာ့ NLD ပါတီကိုယ္စားလွယ္အမ်ားစု လႊတ္ေတာ္တက္ေနရေပမယ့္ ၇၅ရာခိုင္ႏႈန္း အထက္မရွိေသးတာေၾကာင့္ ဒီဥပေဒကို ျပင္ဆင္ဖို႔ ဒါမွမဟုတ္ ဆိုင္းငံ့ ဖို႔အတြက္က အျခားေသာ တိုင္းရင္းသားကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္က ပါဝင္မွသာ ျပင္ဆင္ ဒါမွမဟုတ္ ဆုိင္းငံ့ႏုိင္မွာပါ။

ျပင္ဆင္လိုတဲ့ ၅၉(စ) ဥပေဒဟာ သမၼတျဖစ္ႏိုင္ဖို အရည္အခ်င္း သတ္မွတ္ထားတဲ့ဥ ပေဒတခုျဖစ္ပါတယ္။ သမၼတ ျဖစ္မယ့္သူအေနနဲ႔ ကိုယ္တိုင္ ဒါမွမဟုတ္ မိဘ၊ေဆြမ်ိဳး၊သားသမီး၊ ခင္ပြန္း၊ ဇနီး စတဲ့သူေတြက ႏိုင္ငံျခားသား တိုင္းတပါးသား ခံယူသူ မျဖစ္ေစရလို႔ ေဖာ္ျပထားတာပါ။

လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သား၂ဦးစလံုးဟာ ျဗိတိန္ ႏိုင္ငံသားအျဖစ္သာ ရွိေနပါေသးတာေၾကာင့္ ဒီဥပေဒအရ ညိႇစြန္းေနတဲ့ အတြက္ ေဒၚေအာင္ဆန္းစုၾကည္ ဟာ သမၼတျဖစ္ဖို႔ ခက္ခဲေနတာျဖစ္ပါတယ္။ လက္ရွိမွာ NLD ပါတီဘက္ကေန ၅၉(စ)ကို ျပင္ဆင္ဖို႔ ဆိုင္းငံ့ဖို႔ လုပ္ေဆာင္ေနတယ္ လို႔ သတင္းေတြထြက္ေပၚေနေပ မယ့္ NLD ပါတီကေတာ့ ဒါကိုျငင္းဆိုတာ ေထာက္ခံတာ ဒီဟာကို လုပ္ေဆာင္ေနတာ ဟုတ္ မဟုတ္ကို လည္း တိက်စြာေျပာဆိုျခင္း မရွိေသးပါဘူး။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........................

တပ်မတော်သား ကိုယ်စားလှယ်များ ဒုတိယအကြိမ် သက်တမ်း လွှတ်တော်တက်လာစဉ်။ 
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားဆီးထားတဲ့ ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေး အဆိုကို NLD ပါတီ ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်ကို တင်ပြဖို့ ရှိနေတယ််လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် တပ်မတော်သား ကိုယ်စားလှယ်တွေ ကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ သူတို့ဘက်က တုန့်ပြန်သွားမယ်လို့ ပြောနေပါတယ်။ တချိန်တည်းမှာတော့ ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းခဲ့ရာမှာ ဦးဆောင်သူဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကိုတော့ ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဒီကနေ့ ခန့်အပ်ခဲ့ပါတယ်။ ဒီအကြောင်းတွေ ကိုတော့ နေပြည်တော် လွှတ်တော်မှာ သတင်းယူနေတဲ့ မမေခက စုံစမ်း မေးမြန်း သတင်းပေးပို့ထားပါတယ်။

ဒီကနေ့မှာ NLD ပါတီက ဦးဆောင် ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေကို စတင်ကျင်းပနေပြီဖြစ်ပါတယ်။ လက်ရှိချိန်မှာ လွှတ်တော်တွေ စတင် ကျင်းပနေတာ မှာ NLD ပါတီက ကိုယ်စားလှယ် အများဆုံးတက်ရောက်နေကြတာပါ။ ဒီပြင် လက်ရှိမှာလည်း အစိုးရဖွဲ့နိုင်လောက်တဲ့ အထိအနိုင်ရထားတာကြောင့် သမ္မတ တင်မြောက်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ဖို့မျှော်မှန်းနေကြပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အခြေခံဥပဒေမှာ ပါတဲ့ ပုဒ်မ ၅၉(စ)ကြောင့် သမ္မတ ဖြစ်လို့ မရနိုင်ပါဘူး။ ဒီမှာဒေါ်အောင်ဆန်းစုုကြည် သမ္မတဖြစ်ရေး တားဆီးထားတဲ့ ပုုဒ်မ ၅၉ (စ) ဆုုိင်းငံ့ရေး ကို လုပ်ဆောင်ဖို့ NLD ပါတီဝင်တွေက ပြင်ဆင်နေကြ တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီသတင်းတွေအပေါ်မှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်းက အခုလိုပြောဆိုခဲ့ပါတယ်။

" ကျနော်တို့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပါပဲ။ ဒီအတိုင်းပဲ ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။:

ပုဒ်မ ၅၉ စ ဆိုင်းငံ့ရေး ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဗွီအိုအေမေးမြန်းမှုကို ဗိုလ်ချုပ်တောက်ထွန်းက အခုလိုဖြေကြားခဲ့တာပါ။

ဒီ ၅၉(စ) ပြင်ဆင်ရေးနဲ့ပတ်သတ်ပြီး တပ်မတော်ကိုယ်စားလှယ်တွေဘက်က အခုလိုပြောဆိုခဲ့သလို မကြာသေးခင်ကလည်း တပ်မတော်ကထုတ်ပြန်တဲ့ မြဝတီ သတင်းစာတွင် ပုုဒ်မ ၅၉ (စ) မပြင်ဆင်သင့်ဆုုိသည့် ဆောင်းပါးများကို ထည့်သွင်းဖော်ပြပြီး သဘောထားဖော်ပြမှုတွေရှိခဲ့ပါတယ်။

၅၉(စ) ဆိုင်းငံ့ရေးအပေါ် တိုင်းရင်းသားတွေမှာလည်း အမြင်အမျိုးမျိုးရှိနေပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က စိုင်းသီဟကျော် က ၅၉(စ) ဆိုင်းငံ့ရေး၊ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

" ကျနော်တို့ နိုင်ငံအတွက်ပေါ့နော် နိုင်ငံအတွက် ရှေ့ဆက်သွားရမယ့် ခရီးလမ်းကြောင်း ဖြောင့်ဖြူးဖို့အတွက် အဓိက ဦးစားပေး စဉ်းစားရမှာ။ ကောင်းမွန်တဲ့ အချက်ဖြစ်မယ်ဆိုရင် ကျနော်တို့ အားလုံး ဝိုင်းစဉ်းစားပြီးတော့ ထောက်ခံ သင့်ရင် ထောက်ခံပေးရမှာဖြစ်ပါတယ်။

တကယ်တမ်း ကျနော့်သဘောထား ကျနော့်တဦးတည်းရဲ့ သဘောထားကကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းပြီးတဲ့နောက် မလိုအပ်တဲ့ ပုဒ်မတွေကို ဆိုင်းငံ့တဲ့ ကိစ္စကတော့  ကျနော်တို့ နည်းနည်းစဉ်းစားသင့်တယ်လို့ပေါ့နော် နောက်ပိုင်းတွေမှာ တကယ်လို့ တခြားသောအစိုးရ တခြားသော အစုအဖွဲ့တခုက ထပ်ပြီး တက်လာမယ် ဥပဒေအရ ကန့်သတ်တားမြစ်ထားတဲ့ ကိစ္စရပ်ကို ကျော်လွှားချင်တယ်ဆိုရင် အလွယ်တကူပေါ့နော် ဒီလိုကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာကိုတော့ ကျနော်တို့ နည်းနည်း စိုးရိမ်တာပေါ့နော်။ "

ရခိုင်အမျိုးသားပါတီက ဦးဦးလှစောကလည်း သူ့ထင်မြင်ချက်ကို အခုလိုပေး ခဲ့ပါသေးတယ်။

" အဲ့တော့ ကျနော်တို့ကတော့ ဝေဖန်ရခက်ပါတယ်နော်။ ဒါပေမဲ့ တခုတော့ ပြောချင်တာ ကတော့ ကျနော်တို့ ပုဂ္ဂိုလ်အရ အမြင်ကတော့ ၅၉ စ တွေ ဘာတွေတော့ ကျနော်ကတော့ မဝေဖန်ချင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတဖြစ်ထိုက်ပါတယ်နော်။ ကျနော်တို့ ပုဂ္ဂိုလ်ရေးဆန္ဒပေါ့။

အခု ကျနော်တို့သွားတဲ့ အလှည့်အပြောင်းဆိုတာက ဘယ်လောက်ပဲ ဆန္ဒရှိရှိပေါ့နော်။ ဒါ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ညှိနှိုင်းသွားမယ့် လုပ်ရပ်ပေါ့လေ။ အဲ့ဒီ့ သိပ်ပြီးတော့ Risk များတဲ့ လုပ်ရပ်ကိုတော့ လူကြီးတွေ လုပ်မယ်တော့ မထင်ပါဘူး။"

NLD ပါတီကနေ ၄၃၆ ဥပဒေနဲ့ အခြားသော ဖွဲ့စည်းပုံအခြေခံဥပဒေတွေပြင်ဆင်ရေး ကြိုးပမ်းခဲ့တာမှာ ဦးဆောင် ပါဝင်ခဲ့သူ NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးထွန်းထွန်းဟိန်ကို ဒီကနေ့မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအနေနဲ့  ခန့်အပ်လိုက်ပါတယ်။ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းထွန်းဟိန်က ၅၉(စ) ပြင်ဆင်ရေး ဒါမှမဟုတ် ဆိုင်းင့့ံရေး နဲ့ အပေါ် အခုလိုပြောထားပါတယ်။

" ဒီပုဒ်မ ၅၉ (စ) ကို အန်ကယ်လ်တို့က ဆိုင်းငံ့တယ် ဆိုတာပေါ့နော်။ နိုင်ငံသမိုင်းမှာ ဒီလိုဆိုင်းငံ့တဲ့သာဓကများ ရှိဖူးပါတယ်။ ၅၉ (စ) ကို ပြည်သူအများ စိတ်ဝင်စားတယ် ဆိုတာကိုလည်း အန်ကယ်လ်တို့ သိနေပါတယ်။ ကြားလည်း ကြားနေတာပေါ့လေ။ ဒီအကူးအပြောင်း transition အချိိန်ပေါ့လေ  ညှိနှိုင်းရေးက အတော်လေးကို complicated ဆိုတာကိုလည်း အန်ကယ်လ်တို့ သဘောပေါက်ပါတယ်။ "

တည်ဆဲဥပဒေတွေအရ လွှတ်တော်တွင်းက ရ၅ရာခိုင်နှုန်းအထက်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေသဘောတူမှသာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေကိုပြင်ဆင်နိုင် ဆိုင်းငံ့နိုင်မှာပါ။ အခုလက် ရှိချိန်မှာတော့ NLD ပါတီကိုယ်စားလှယ်အများစု လွှတ်တော်တက်နေရပေမယ့် ရ၅ရာခိုင်နှုန်း အထက်မရှိသေးတာကြောင့် ဒီဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ ဖို့အတွက်က အခြားသော တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တပ်မတော်က ပါဝင်မှသာ ပြင်ဆင် ဒါမှမဟုတ် ဆိုင်းငံ့နိုင်မှာပါ။

ပြင်ဆင်လိုတဲ့ ၅၉(စ) ဥပဒေဟာ သမ္မတဖြစ်နိုင်ဖို အရည်အချင်း သတ်မှတ်ထားတဲ့ဥ ပဒေတခုဖြစ်ပါတယ်။ သမ္မတ ဖြစ်မယ့်သူအနေနဲ့ ကိုယ်တိုင် ဒါမှမဟုတ် မိဘ၊ဆွေမျိုး၊သားသမီး၊ ခင်ပွန်း၊ ဇနီး စတဲ့သူတွေက နိုင်ငံခြားသား တိုင်းတပါးသား ခံယူသူ မဖြစ်စေရလို့ ဖော်ပြထားတာပါ။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား၂ဦးစလုံးဟာ ဗြိတိန် နိုင်ငံသားအဖြစ်သာ ရှိနေပါသေးတာကြောင့် ဒီဥပဒေအရ ညှိစွန်းနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတဖြစ်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ လက်ရှိမှာ NLD ပါတီဘက်ကနေ ၅၉(စ)ကို ပြင်ဆင်ဖို့ ဆိုင်းငံ့ဖို့ လုပ်ဆောင်နေတယ် လို့ သတင်းတွေထွက်ပေါ်နေပေ မယ့် NLD ပါတီကတော့ ဒါကိုငြင်းဆိုတာ ထောက်ခံတာ ဒီဟာကို လုပ်ဆောင်နေတာ ဟုတ် မဟုတ်ကို လည်း တိကျစွာပြောဆိုခြင်း မရှိသေးပါဘူး။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment