Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

စစ္ေဘးေရွာင္မ်ားစီးလာေသာေထာ္လာဂ်ီ ေခ်ာက္ထဲက် ၄ ဦးေသဆုံး


ေဖေဖာ္ဝါရီလ ၁၆ ရက္ ၂၀၁၆

သၽွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕သို႔ စစ္ေဘးေရွာင္လာသည့္ ေထာ္လာ ဂ်ီတစီး လမ္းခုလတ္၌ေခ်ာက္ထဲသို႔ ထိုးက်သြားသည့္အတြက္ ၄ ဦးေသ ဆုံးေ ၾကာင္း သိရွိရသည္။

ေဖေဖာ္ဝါရီလ ၁၅ ရက္ ညေန ၄ နာရီက ေက်ာက္မဲၿမိဳ႕တြင္းဝင္ရန္ ပါခါးရြာမွ ထြက္ လာသည့္ အဆိုပါ ေထာ္လာ ဂ်ီသည္ ည ၈ နာရီခန႔္္က ေက်ာက္မဲၿမိဳ႕ အဝင္ ပန္ကြမ္လက္ဖက္ၿခံအနီးရွိ ေခ်ာက္ထဲသို႔ ထိုးက်သြားျခင္းျဖစ္ ေၾကာင္း သိရသည္။

“ဦးဇင္းတပါး ေထာ္လာဂ်ီပိမိလို႔ ပြဲခ်င္းၿပီးပ်ံလြန္ေတာ္မူတယ္။ ေနာက္ ၃ ေယာက္ေတာ့ ေဆး႐ုံမွာသြားဆုံး တယ္။ ရ ေယာက္ဒဏ္ရာ ရ တယ္။ ေထာ္ လာဂ်ီယာဥ္ေမာင္းကေတာ့ လက္ေမာင္းနဲ႔ရင္ဘတ္မွာ ဒဏ္ရာရတယ္။ သူတို႔စီးလာတဲ့ ေထာ္လာဂ်ီက မီးမရွိဘူး။ ဒါေၾကာင့္ လမ္းေကြ႕ေရာက္ေတာ့ ေခ်ာက္ထဲထိုးက်သြားတာ” ဟု စစ္ေဘးဒုကၡသည္ မ်ားအား သြားေရာက္ကူညီေနသူ စိုင္းလိတ္က ေျပာပါသည္။



ေဆး႐ုံ၌ ေသဆုံးသြားသည့္ ၃ ဦးမွာ အသက္ ၆၀ ေက်ာ္ရွိ ပါ့ဆိုင္ေအာင္၊ စိုင္းအိုက္ေမာင္ႏွင့္ နန္းမိုလ်ဲန္းတို႔ ျဖစ္ေၾကာင္း၊ အဆိုပါ ေထာ္လာဂ်ီေပၚသည္ စစ္ေျပးေရွာင္ ၂၀ ေက်ာ္ တင္ေဆာင္လာေၾကာင္း ဆို၏။

တအာင္းတပ္မေတာ္ PSLF/TNLA ႏွင့္ သၽွမ္းျပည္တပ္မေတာ္ RCSS/SSA တို႔ စစ္ေရးတင္းမာမွုေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္ ပန္စံ၊ ပန္ကြမ္၊ ကန႔္ ကန္၊ ေတာ့ဆန္၊ ၀မ့္လုံေက်းရြာမွ ျပည္သူလူထု ၂၀၀၀ ေက်ာ္ မွာ ေက်ာက္ မဲၿမိဳ႕ သို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

သၽွမ္းသံေတာ္ဆင့္ / ေမြေခါ၀္
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
.........


ဖေဖော်ဝါရီလ ၁၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့သို့ စစ်ဘေးရှောင်လာသည့် ထော်လာ ဂျီတစီး လမ်းခုလတ်၌ချောက်ထဲသို့ ထိုးကျသွားသည့်အတွက် ၄ ဦးသေ ဆုံးေ ကြာင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၄ နာရီက ကျောက်မဲမြို့တွင်းဝင်ရန် ပါခါးရွာမှ ထွက် လာသည့် အဆိုပါ ထော်လာ ဂျီသည် ည ၈ နာရီခန့််က ကျောက်မဲမြို့ အဝင် ပန်ကွမ်လက်ဖက်ခြံအနီးရှိ ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ် ကြောင်း သိရသည်။

“ဦးဇင်းတပါး ထော်လာဂျီပိမိလို့ ပွဲချင်းပြီးပျံလွန်တော်မူတယ်။ နောက် ၃ ယောက်တော့ ဆေးရုံမှာသွားဆုံး တယ်။ ရ ယောက်ဒဏ်ရာ ရ တယ်။ ထော် လာဂျီယာဉ်မောင်းကတော့ လက်မောင်းနဲ့ရင်ဘတ်မှာ ဒဏ်ရာရတယ်။ သူတို့စီးလာတဲ့ ထော်လာဂျီက မီးမရှိဘူး။ ဒါကြောင့် လမ်းကွေ့ရောက်တော့ ချောက်ထဲထိုးကျသွားတာ” ဟု စစ်ဘေးဒုက္ခသည် များအား သွားရောက်ကူညီနေသူ စိုင်းလိတ်က ပြောပါသည်။


ဆေးရုံ၌ သေဆုံးသွားသည့် ၃ ဦးမှာ အသက် ၆၀ ကျော်ရှိ ပါ့ဆိုင်အောင်၊ စိုင်းအိုက်မောင်နှင့် နန်းမိုလျဲန်းတို့ ဖြစ်ကြောင်း၊ အဆိုပါ ထော်လာဂျီပေါ်သည် စစ်ပြေးရှောင် ၂၀ ကျော် တင်ဆောင်လာကြောင်း ဆို၏။

တအာင်းတပ်မတော် PSLF/TNLA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ် ပန်စံ၊ ပန်ကွမ်၊ ကန့် ကန်၊ တော့ဆန်၊ ၀မ့်လုံကျေးရွာမှ ပြည်သူလူထု ၂၀၀၀ ကျော် မှာ ကျောက် မဲမြို့ သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သျှမ်းသံတော်ဆင့် / မွေခေါ၀်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

No comments:

Post a Comment