Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ဖြဲ့စည္းပုံျပင္ဆင္ေရး ဆႏၵျပ သမဂၢေက်ာင္းသားေတြ အေရးယူခံရ

ေဖေဖာ္၀ါရီလ ၁၅ရက္ေန႕က ကမာရြတ္ ရံုးခ်ိန္းတြင္ ေတြ႕ရေသာ တကသ ေက်ာင္းသား ေခါင္းေဆာင္ကိုေဇယ်ာလြင္။ (NapolianHma/Facebook)
လႊတ္ေတာ္ထဲက တပ္မေတာ္သားကိုယ္စားလွယ္ေတြ ထြက္သြားဖို႔ ရန္ကုန္မွာ ဆႏၵျပခဲ့တဲ့အထဲ ဦးေဆာင္သူ တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ အဖြဲ႔ဝင္ ေျခာက္ဦးအနက္က အဖမ္းဆီးခံထားရတဲ့သံုးဦးအျပင္ လြတ္ေျမာက္ေနတဲ့ ေနာက္ထပ္ တကသေခါင္းေဆာင္သံုးဦးကို ပုဒ္မ(၁၈)နဲ႔ တရားစြဲဆိုလုိက္ပါတယ္။ ဒီကေန႔မွာေတာ့ တရားရံုးအသီးသီးမွာ ေက်ာင္းသားေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြကို ရံုးထုတ္စစ္ေဆးပါတယ္။ အခုလို အာဏာအလႊဲအေျပာင္းကာလမွာ ေက်ာင္းသားေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြကို ပုဒ္မေတြနဲ႔ တရားစြဲဆိုေနတာ၊ အမႈေတြ ထပ္တိုးေနတာေတြဟာ သူတို႔အာဏာရွိဆဲအခ်ိန္မွာ သူတို႔ကိုဆန္႔က်င္ကန္႔ကြက္ခဲ့သူေတြကို ရသေလာက္ႏွိပ္ကြပ္ခဲ့တာျဖစ္ၿပီး ေနာင္တက္လာမယ့္ အစိုးရသစ္ကို အက်ပ္အတည္းျဖစ္ေအာင္ လုပ္ေဆာင္ေနတာပဲျဖစ္တယ္လို႔ အက်ဥ္းသားလြတ္ေျမာက္ေရးလႈပ္ရွားသူေတြကေျပာပါတယ္။ အေသးစိတ္ မဆုမြန္ တင္ျပထားပါတယ္။

၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ေရးနဲ႔ တမတ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လႊတ္ေတာ္ထဲက ထြက္သြားဖို႔ တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢက ဦးေဆာင္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၅ခုႏွစ္ ဇြန္လ(၃၀)ရက္ေန႔က ရန္ကုန္ၿမိဳ႕လည္ သိမ္ႀကီးေစ်းမွာ ေတာင္းဆို ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပရာမွာ ဦးေဆာင္သူ တကသေက်ာင္းသားေျခာက္ဦးအနက္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူနဲ႔ ကိုနန္းလင္းတို႔ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားၿပီး ခြင့္ျပဳခ်က္မရပဲ ဆႏၵျပမႈ ပုဒ္မ(၁၈) အျပင္ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ ဆူပူေအာင္လံႈ႔ေဆာ္မႈ (၅၀၅)ခ တို႔နဲ႔ပါ တရားစြဲဆိုထားၿပီး အခုလက္ရွိ တရား ရင္ဆိုင္ေနရပါတယ္။ ကိုပိုင္ၿဖိဳးမင္း၊ ကိုရဲဇာနည္ထြန္းနဲ႔ ကိုမင္းသုခတို႔ကို တရားရံုးမွာ လာရင္ဆိုင္ဖို႔ ပန္းဘဲတန္း ရဲစခန္းမွႈးက ေနအိမ္ေတြကို လာအေၾကာင္းၾကားခဲ့ေပမဲ့လို႔ သူတို႔အေနနဲ႔ကေတာ့ မတရားပုဒ္မေတြကို လက္မခံတဲ့အတြက္ တရားေရးရာကိစၥေတြမွာ ရင္ဆုိင္ဖို႔ မရွိဘူးလို႔ ကိုယ္တုိင္ တရားစြဲဆိုျခင္းခံရတဲ့ တကသေက်ာင္းသားေခါင္းေဆာင္ ကိုရဲဇာနည္ထြန္းကေျပာပါတယ္။

”ကၽြန္ေတာ္တို႕က ၁၈ေပါ့။ ပိုင္ရဲသူရယ္၊ ေဇယ်ာလြင္ရယ္၊ နန္းလင္းရယ္က (၅၀၅) ခ မွာ ပါတယ္ေပါ့။ ေျပာတာက စခန္းမႈးက လာေျပာတာပါ။ စခန္းမႈးနဲ႕ ကၽြန္ေတာ္တို႕ ရပ္ေၾကး ဥကၠဌေပါ့။ ေျခာက္ေယာက္ေပါ့ အမႈတြဲက။အဲဒါက မေန႕က ပုဒ္မ ၁၈ တရားရံုးလာတက္ဖို႕ လာေျပာတာ။ အဲဒီ လုပ္တဲ့အခ်ိန္မွာလည္း ပုဒ္မ ၁၈ကို အယံုအၾကည္မရွိဘူးဆိုတဲ့ အတြက္ မတင္ခဲ့ဘူးေလ။အခုမွ အဲဒီ အက်ိဳးဆက္အတြက္ လာတရားစြဲလည္း ကၽြန္ေတာ္တို႕ဘက္က ဘာမွ ရင္ဆိုင္မွာ မဟုတ္ဘူးေလ။ ေျပာစရာလည္း မရွိဘူး။”

ဒီကေန႔ မွာေတာ့ တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ေခါင္းေဆာင္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူနဲ႔ ကိုနန္းလင္းတို႔ကို ကမာရြတ္ တရားရံုးနဲ႔ ေက်ာက္တံတား တရားရံုးေတြမွာ ရံုးထုတ္စစ္ေဆးခဲ့ပါတယ္။ တၿပိဳင္နက္တည္းမွာပဲ အလားတူ အမႈ ရင္ဆိုင္ေနရတဲ့ ဗမာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႔ခ်ဳပ္က ေခါင္းေဆာင္ေတြျဖစ္တဲ့ ကိုနႏၵာစစ္ေအာင္၊ မၿဖိဳးၿဖိဳးေအာင္တို႔ကိုလည္း တာေမြ တရားရံုး၊ ဗိုလ္တေထာင္ တရားရံုးေတြမွာ ဆက္တုိက္ဆိုသလို ရံုးထုတ္ စစ္ေဆးခဲ့သလို တက္ၾကြလႈပ္ရွားသူေတြျဖစ္တဲ့ ေဒၚေနာ္အုံးလွနဲ႔ ကိုတင္ထြဋ္ပိုင္ တို႔ကိုလည္း ဗိုလ္တေထာင္ တရားရံုးနဲ႔ တာေမြတရားရံုးမွာ ရံုးထုတ္ခဲ့ပါတယ္။ မနက္ျဖန္မွာလည္း လက္ပံတန္းေက်ာင္းသား သပိတ္မွာ အၾကမ္းဖက္ဖမ္းဆီးခံရၿပီး လနဲ႔ခ်ီ အထိန္းသိမ္းခံေနရဆဲ သပိတ္ေမွာက္ ေက်ာင္းသားေတြကို ထပ္ၿပီးေတာ့ ရံုးထုတ္စစ္ေဆးဦး မွာျဖစ္ပါတယ္။

အခုလို ဗကသ၊ တကသ ေက်ာင္းသားေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြကို ပုဒ္မေတြအမ်ိဳးမ်ိဳးတပ္ၿပီး တရားရံုးေတြမွာ တရားရင္ဆိုင္ခိုင္းေနတာဟာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးေဖာ္ေဆာင္ေနပါတယ္ဆိုတဲ့ လက္ရွိအစိုးရရဲ႕လုပ္ရပ္အေပၚ ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔ေက်ာင္းသားေတြဘက္က ဥပေဒအက်ိဳးေဆာင္အျဖစ္ လုိက္ပါကူညီေဆာင္ရြက္ေပးေနတဲ့ ဦးေရာဘတ္စန္းေအာင္ကေျပာပါတယ္။

“ဥပေဒကို သားေရပင္လိုမ်ားလုပ္ၿပီးေတာ့ တရားစြဲေနသလားလို႕။ ကၽြန္ေတာ္တို႕က ေျပာခ်င္ပါတယ္။ ဒီလို မလုပ္သင့္ဘူးဗ်။ သမၼတႀကီး ဦးသိန္းစိန္ရယ္၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရယ္၊ ေဒၚေအာင္ဆန္းစုၾကည္ရယ္၊ အၿငိမ္းစား ဗိုလ္ခ်ဳပ္မႈးႀကီး ဦးသန္းေရႊတို႕ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးအတြက္ လံုးပန္းေနခ်ိန္မွာ ေအာက္ေျခမွာ ခုလို တရားစြဲေတြေနတာက အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးကို ထိခိုက္ေစႏို္င္တယ္လို႕ ကၽြန္ေတာ္တို႕က သံုးသပ္ ပါတယ္။ ”

နုိင္ငံေရးအက်ဥ္းသားေတြကို မလႊတ္ေပးတဲ့အျပင္ ထပ္ၿပီး ဖမ္းဆီးေနတာ၊ ပုဒ္မေတြ ထပ္တိုးၿပီး တရားစြဲဆိုေနတာေတြဟာ အုပ္ခ်ဳပ္ေရးအာဏာအလႊဲအေျပာင္းကာလမွွာ လက္ရွိအစိုးရဘက္က လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရမယ့္အစား ေနာင္တက္လာမယ့္ အစိုးရအေပၚ အခက္ေတြ႔ေအာင္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း ေအေအပီပီရဲ႕ တြဲဖက္အတြင္းေရးမဴး ကိုဘိုၾကည္ကေျပာပါတယ္။

“ေနာက္တက္လာမယ့္ အစိုးရကို ပိုၿပီးေတာ့ အခက္ေတြ႕ေအာင္လို႕ ျပင္ဆင္ေနသလားလို႕ေတာင္ ကၽြန္ေတာ္တို႕ သံသယရွိမိပါတယ္။ ဒီလို ျပစ္မႈမ်ိဳးက လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးၿပီး အကုန္လံုးကို လႊတ္ေပးရမယ့္ ကိစၥပါ။ အစိုးရအေျပာင္းအလဲကလဲ မၾကာခင္ ျဖစ္ေတာ့မွာပါ။ ဒီလို အခ်ိန္မ်ိဳးမွာ အခင္းအက်င္းမ်ိဳးကို လက္ရွိ ရွိေနတဲ့ အစိုးရေကာ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႕ ျပည္ထဲေရး ၀န္ႀကီးတို႕က ျပန္လည္ သံုးသပ္သင့္ပါတယ္။”

အခုလက္ရွိ ျမန္မာႏုိင္ငံတဝွမ္းက အက်ဥ္းေထာင္ေတြထဲမွာ ယံုၾကည္ခ်က္ေၾကာင့္ အက်ဥ္းက်ခံေနရတဲ့သူ ႏုိင္ငံေရး အက်ဥ္းသားေပါင္းက ၈၉ဦးရွိၿပီး လက္ရွိ တရားရံုးမွာ အမႈရင္ဆိုင္ေနရတဲ့ ေက်ာင္းသားေတြ၊ တက္ၾကြလႈပ္ရွားသူ စုစုေပါင္း ၄၀၀ ေက်ာ္ရွိတယ္လို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း ေအေအပီပီကေျပာပါတယ္။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......
 ဖေဖော်ဝါရီလ ၁၅ရက်နေ့က ကမာရွတ် ရုံးချိန်းတွင် တွေ့ရသော တကသ ကျောင်းသား ခေါင်းဆောင်ကိုဇေယျာလွင်။ (NapolianHma/Facebook)
လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေ ထွက်သွားဖို့ ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့အထဲ ဦးဆောင်သူ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ခြောက်ဦးအနက်က အဖမ်းဆီးခံထားရတဲ့သုံးဦးအပြင် လွတ်မြောက်နေတဲ့ နောက်ထပ် တကသခေါင်းဆောင်သုံးဦးကို ပုဒ်မ(၁၈)နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒီကနေ့မှာတော့ တရားရုံးအသီးသီးမှာ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ရုံးထုတ်စစ်ဆေးပါတယ်။ အခုလို အာဏာအလွှဲအပြောင်းကာလမှာ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မတွေနဲ့ တရားစွဲဆိုနေတာ၊ အမှုတွေ ထပ်တိုးနေတာတွေဟာ သူတို့အာဏာရှိဆဲအချိန်မှာ သူတို့ကိုဆန့်ကျင်ကန့်ကွက်ခဲ့သူတွေကို ရသလောက်နှိပ်ကွပ်ခဲ့တာဖြစ်ပြီး နောင်တက်လာမယ့် အစိုးရသစ်ကို အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေတာပဲဖြစ်တယ်လို့ အကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူတွေကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တမတ်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက ထွက်သွားဖို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဦးဆောင်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၅ခုနှစ် ဇွန်လ(၃၀)ရက်နေ့က ရန်ကုန်မြို့လည် သိမ်ကြီးစျေးမှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ ဦးဆောင်သူ တကသကျောင်းသားခြောက်ဦးအနက် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ကို ဖမ်းဆီးချုပ်နှောင်ထားပြီး ခွင့်ပြုချက်မရပဲ ဆန္ဒပြမှု ပုဒ်မ(၁၈) အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဆူပူအောင်လှုံ့ဆော်မှု (၅၀၅)ခ တို့နဲ့ပါ တရားစွဲဆိုထားပြီး အခုလက်ရှိ တရား ရင်ဆိုင်နေရပါတယ်။ ကိုပိုင်ဖြိုးမင်း၊ ကိုရဲဇာနည်ထွန်းနဲ့ ကိုမင်းသုခတို့ကို တရားရုံးမှာ လာရင်ဆိုင်ဖို့ ပန်းဘဲတန်း ရဲစခန်းမှှုးက နေအိမ်တွေကို လာအကြောင်းကြားခဲ့ပေမဲ့လို့ သူတို့အနေနဲ့ကတော့ မတရားပုဒ်မတွေကို လက်မခံတဲ့အတွက် တရားရေးရာကိစ္စတွေမှာ ရင်ဆိုင်ဖို့ မရှိဘူးလို့ ကိုယ်တိုင် တရားစွဲဆိုခြင်းခံရတဲ့ တကသကျောင်းသားခေါင်းဆောင် ကိုရဲဇာနည်ထွန်းကပြောပါတယ်။

”ကျွန်တော်တို့က ၁၈ပေါ့။ ပိုင်ရဲသူရယ်၊ ဇေယျာလွင်ရယ်၊ နန်းလင်းရယ်က (၅၀၅) ခ မှာ ပါတယ်ပေါ့။ ပြောတာက စခန်းမှုးက လာပြောတာပါ။ စခန်းမှုးနဲ့ ကျွန်တော်တို့ ရပ်ကြေး ဥက္ကဌပေါ့။ ခြောက်ယောက်ပေါ့ အမှုတွဲက။အဲဒါက မနေ့က ပုဒ်မ ၁၈ တရားရုံးလာတက်ဖို့ လာပြောတာ။ အဲဒီ လုပ်တဲ့အချိန်မှာလည်း ပုဒ်မ ၁၈ကို အယုံအကြည်မရှိဘူးဆိုတဲ့ အတွက် မတင်ခဲ့ဘူးလေ။အခုမှ အဲဒီ အကျိုးဆက်အတွက် လာတရားစွဲလည်း ကျွန်တော်တို့ဘက်က ဘာမှ ရင်ဆိုင်မှာ မဟုတ်ဘူးလေ။ ပြောစရာလည်း မရှိဘူး။”

ဒီကနေ့ မှာတော့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ကို ကမာရွတ် တရားရုံးနဲ့ ကျောက်တံတား တရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ အလားတူ အမှု ရင်ဆိုင်နေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ခေါင်းဆောင်တွေဖြစ်တဲ့ ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်တို့ကိုလည်း တာမွေ တရားရုံး၊ ဗိုလ်တထောင် တရားရုံးတွေမှာ ဆက်တိုက်ဆိုသလို ရုံးထုတ် စစ်ဆေးခဲ့သလို တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဒေါ်နော်အုံးလှနဲ့ ကိုတင်ထွဋ်ပိုင် တို့ကိုလည်း ဗိုလ်တထောင် တရားရုံးနဲ့ တာမွေတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ မနက်ဖြန်မှာလည်း လက်ပံတန်းကျောင်းသား သပိတ်မှာ အကြမ်းဖက်ဖမ်းဆီးခံရပြီး လနဲ့ချီ အထိန်းသိမ်းခံနေရဆဲ သပိတ်မှောက် ကျောင်းသားတွေကို ထပ်ပြီးတော့ ရုံးထုတ်စစ်ဆေးဦး မှာဖြစ်ပါတယ်။

အခုလို ဗကသ၊ တကသ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မတွေအမျိုးမျိုးတပ်ပြီး တရားရုံးတွေမှာ တရားရင်ဆိုင်ခိုင်းနေတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နေပါတယ်ဆိုတဲ့ လက်ရှိအစိုးရရဲ့လုပ်ရပ်အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ကျောင်းသားတွေဘက်က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

“ဥပဒေကို သားရေပင်လိုများလုပ်ပြီးတော့ တရားစွဲနေသလားလို့။ ကျွန်တော်တို့က ပြောချင်ပါတယ်။ ဒီလို မလုပ်သင့်ဘူးဗျ။ သမ္မတကြီး ဦးသိန်းစိန်ရယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ အငြိမ်းစား ဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုံးပန်းနေချိန်မှာ အောက်ခြေမှာ ခုလို တရားစွဲတွေနေတာက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနို်င်တယ်လို့ ကျွန်တော်တို့က သုံးသပ် ပါတယ်။ ”

နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးတဲ့အပြင် ထပ်ပြီး ဖမ်းဆီးနေတာ၊ ပုဒ်မတွေ ထပ်တိုးပြီး တရားစွဲဆိုနေတာတွေဟာ အုပ်ချုပ်ရေးအာဏာအလွှဲအပြောင်းကာလမှှာ လက်ရှိအစိုးရဘက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးရမယ့်အစား နောင်တက်လာမယ့် အစိုးရအပေါ် အခက်တွေ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ တွဲဖက်အတွင်းရေးမူး ကိုဘိုကြည်ကပြောပါတယ်။

“နောက်တက်လာမယ့် အစိုးရကို ပိုပြီးတော့ အခက်တွေ့အောင်လို့ ပြင်ဆင်နေသလားလို့တောင် ကျွန်တော်တို့ သံသယရှိမိပါတယ်။ ဒီလို ပြစ်မှုမျိုးက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကုန်လုံးကို လွှတ်ပေးရမယ့် ကိစ္စပါ။ အစိုးရအပြောင်းအလဲကလဲ မကြာခင် ဖြစ်တော့မှာပါ။ ဒီလို အချိန်မျိုးမှာ အခင်းအကျင်းမျိုးကို လက်ရှိ ရှိနေတဲ့ အစိုးရကော၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထဲရေး ၀န်ကြီးတို့က ပြန်လည် သုံးသပ်သင့်ပါတယ်။”

အခုလက်ရှိ မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူ နိုင်ငံရေး အကျဉ်းသားပေါင်းက ၈၉ဦးရှိပြီး လက်ရှိ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီကပြောပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment