Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ဒုတိယ အႀကိမ္ ျပည္သူ ့လႊတ္ေတာ္ သက္တမ္းအတြင္း ပထမဆုံး အေရးႀကီးအဆုိ အျဖစ္ ရွမ္းျပည္ ေျမာက္ပုိင္း ျဖစ္ပြားေနေသာ တုိက္ပြဲမ်ား အျမန္ဆုံး ရပ္ဆုိင္းေပးရန္ အဆုိ တင္သြင္း


    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၁၆ ရက္ (ဆင္ဟြာ)

    ဒုတိယအႀကိမ္ ျပည္သူ႔ လႊတ္ေတာ္ ပထမ ပံုမွန္အစည္းအေဝး ၅ ရက္ေျမာက္ေန႔ ေဖေဖာ္ဝါရီလ ၁၆ ရက္တြင္ ရွမ္းျပည္နယ္ ေျမာက္ပုိင္းရွိ ပေလာင္ ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသႏွင့္ ေက်ာက္မဲ ၿမဳိ ့နယ္ ေဒသအတြင္း ျဖစ္ပြားေနေသာ တုိက္ပြဲမ်ား အျမန္ဆုံး ရပ္ဆုိင္းႏုိင္ေရးႏွင့္ စစ္ေဘးေရွာင္ ျပည္သူမ်ား၏ လူမႈ ဒုကၡမ်ားအား အျမန္ဆုံး ေျဖရွင္း ေဆာင္ရြက္ေပးႏုိင္ပါရန္ ႏုိင္ငံေတာ္ အစုိးရ ၊ ရွမ္းျပည္နယ္ အစုိးရ ႏွင့္ သက္ဆုိင္ရာ အဖြဲ ့အစည္းမ်ား အားလံုးတုိ ့အား တုိက္တြန္းေၾကာင္း အေရးႀကီး အဆုိ တစ္ရပ္အား တင္သြင္းခဲ့သည္။

ထုိအေရးႀကီး အဆုိအား ေက်ာက္မဲ မဲဆႏၵနယ္မွ လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးစုိင္းထြန္းေအာင္က တင္သြင္းခဲ့ၿပီး ပေလာင္ ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသႏွင့္ ေက်ာက္မဲ ၿမဳိ ့နယ္ ေဒသအတြင္း ျဖစ္ပြားေနေသာ တုိက္ပြဲမ်ားေၾကာင့္ ဆရာ/ဆရာမမ်ား ၊ ေက်ာင္းသား/သူမ်ား ၊ မိဘျပည္သူမ်ား ဒုကၡမ်ားစြာ ႀကဳံေတြ ့ေနရပါသျဖင့္ အျမန္ဆုံး တုိက္ပြဲမ်ား ရပ္ဆုိင္းႏုိင္ေရး ႏွင့္ စစ္ေဘးေရွာင္ ျပည္သူမ်ား၏ လူမႈဒုကၡမ်ားအား အျမန္ဆုံး ေျဖရွင္း ေဆာင္ရြက္ေပးႏုိင္ပါရန္ ႏုိင္ငံေတာ္ အစုိးရ ၊ ရွမ္းျပည္နယ္ အစုိးရ ႏွင့္ သက္ဆုိင္ရာ အဖြဲ ့အစည္းမ်ား အားလံုးတုိ ့အား တုိက္တြန္းေၾကာင္း အဆုိတင္သြင္းခဲ့သည္။



ေက်ာက္မဲ မဲဆႏၵနယ္မွ လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးစုိင္းထြန္းေအာင္ အေရးႀကီးအဆို တင္သြင္းစဥ္ (ဆင္ဟြာ)


ဒုတိယအႀကိမ္ ျပည္သူ႔ လႊတ္ေတာ္ ပထမ ပံုမွန္ အစည္းအေဝး က်င္းပေနစဥ္ (ဆင္ဟြာ)

အဆုိႏွင့္ စပ္လ်ဥ္း၍ နမၼတူ ၿမဳိ ့နယ္ မဲဆႏၵနယ္မွ ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚနန္းခမ္းေအးက ေထာက္ခံသည့္ အတြက္ အဆုိအား ေဆြးေႏြးရန္ သင့္/မသင့္ လႊတ္ေတာ္၏ ဆႏၵရယူခဲ့သည္။

အဆုိအား ဆက္လက္ ေဆြးေႏြးရန္ လႊတ္ေတာ္၏ သေဘာထားရယူရာတြင္ ဆႏၵမဲေပးခြင့္ ရွိသူ ၄၂၂ ဦး ရွိသည့္ အနက္ ေထာက္ခံ ဆႏၵမဲ ၄၁၂ မဲ ၊ ကန္ ့ကြက္ ဆႏၵမဲေပးသူ မရွိသျဖင့္ အဆုိအား ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ ဆက္လက္ ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း အတည္ျပဳ ေၾကညာခဲ့ၿပီးေနာက္ ယေန ့ေနာက္ဆုံးထားၿပီး ကုိယ္စားလွယ္မ်ား အမည္စာရင္း ေပးသြင္းႏုိင္ေၾကာင္း ေၾကညာခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
.......


    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

    ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ၅ ရက်မြောက်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲ မြို ့နယ် ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှု ဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရ ၊ ရှမ်းပြည်နယ် အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ ့အစည်းများ အားလုံးတို ့အား တိုက်တွန်းကြောင်း အရေးကြီး အဆို တစ်ရပ်အား တင်သွင်းခဲ့သည်။

ထိုအရေးကြီး အဆိုအား ကျောက်မဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က တင်သွင်းခဲ့ပြီး ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲ မြို ့နယ် ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများ ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ ့နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေး နှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရ ၊ ရှမ်းပြည်နယ် အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ ့အစည်းများ အားလုံးတို ့အား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့သည်။


ကျောက်မဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် အရေးကြီးအဆို တင်သွင်းစဉ် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုနှင့် စပ်လျဉ်း၍ နမ္မတူ မြို ့နယ် မဲဆန္ဒနယ်မှ ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ထောက်ခံသည့် အတွက် အဆိုအား ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ ဆန္ဒရယူခဲ့သည်။

အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်၏ သဘောထားရယူရာတွင် ဆန္ဒမဲပေးခွင့် ရှိသူ ၄၂၂ ဦး ရှိသည့် အနက် ထောက်ခံ ဆန္ဒမဲ ၄၁၂ မဲ ၊ ကန် ့ကွက် ဆန္ဒမဲပေးသူ မရှိသဖြင့် အဆိုအား ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီးနောက် ယနေ ့နောက်ဆုံးထားပြီး ကိုယ်စားလှယ်များ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment