Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

NLD ပါတီကတင္မယ့္ သမၼတနာမည္ ဒုတိယပတ္က်ရင္ ေၾကညာမယ္

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ ပါတီကတင္ေျမွာက္မယ့္ သမၼတေလာင္းအမည္ကို ေဖေဖာ္ဝါရီ ဒုတိယပတ္မွာ ေၾကညာဖို႔ရွိတယ္လို႔ ပါတီထိပ္တန္းေခါင္းေဆာင္ ဦးဝင္းထိန္က ႐ိုက္တာသတင္းကို ေျပာလိုက္ပါတယ္။

မနက္ျဖန္မွာစတင္မယ့္ လႊတ္ေတာ္အစည္းအေဝးေတြမွာေတာ့ ပါတီအေနနဲ႔ လႊတ္ေတာ္ဥကၠဌေတြ၊ ဒုတိယဥကၠဌေတြကို ေရြးခ်ယ္တင္ေျမွာက္တာေတြလုပ္ေဆာင္ရမွာျဖစ္သလို ေဖေဖာ္ဝါရီ ၈ရက္က်ရင္ စတင္မယ့္ ျပည္နယ္တိုင္းလႊတ္ေတာ္ ဥကၠဌေတြခန္႔အပ္ေရးနဲ႔ လႊတ္ေတာ္ေတြ ေခၚယူေရးအတြက္ ျပင္ဆင္စရာေတြရွိတာမို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

သမၼတေရြးခ်ယ္ေရးလုပ္ငန္းစဥ္က ေဖေဖာ္ဝါရီလကုန္မွာ စတင္ဖို႔ရွိတယ္လို႔လည္း NLD ပါတီေခါင္းေဆာင္ပိုင္းက ဆိုတယ္လို႔ ေျပာပါတယ္။ NLD ပါတီဟာ ျပည္သူ႔လႊတ္ေတာ္နဲ႔အမ်ဳိးသားလႊတ္ေတာ္ႏွစ္ရပ္ကေန ဒုတိယသမၼတေလာင္း ၂ေယာက္ကို အမည္စာရင္းတင္သြင္းမွာျဖစ္ၿပီး က်န္တစ္ေယာက္ကေတာ့ တပ္မေတာ္အစုအဖြဲ႔ကေန တင္သြင္းရမွာျဖစ္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္တစ္ရပ္လံုးက အစုအဖြဲ႔ ၃ဖြဲ႔ကေန တင္သြင္းလာတဲ့ အမည္စာရင္း ၃ခုကို မဲေပးေရြးခ်ယ္ၾကၿပီး မဲအမ်ားဆံုးရတဲ့သူက သမၼတျဖစ္ၿပီး ဒုတိယမဲအမ်ားဆံုးရသူက ဒုတိယသမၼတ (၁)၊ တတိယမဲအမ်ားဆံုးရသူက ဒုတိယသမၼတ (၂)ေတြအျဖစ္ အစိုးရအဖြဲ႔ကို ဦးေဆာင္ဖြဲ႔စည္းရမွာျဖစ္ပါတယ္။

(ဓာတ္ပံု - ႐ိုက္တာ)
Kamayut Media
.........................

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီကတင်မြှောက်မယ့် သမ္မတလောင်းအမည်ကို ဖေဖော်ဝါရီ ဒုတိယပတ်မှာ ကြေညာဖို့ရှိတယ်လို့ ပါတီထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်က ရိုက်တာသတင်းကို ပြောလိုက်ပါတယ်။

မနက်ဖြန်မှာစတင်မယ့် လွှတ်တော်အစည်းအဝေးတွေမှာတော့ ပါတီအနေနဲ့ လွှတ်တော်ဥက္ကဌတွေ၊ ဒုတိယဥက္ကဌတွေကို ရွေးချယ်တင်မြှောက်တာတွေလုပ်ဆောင်ရမှာဖြစ်သလို ဖေဖော်ဝါရီ ၈ရက်ကျရင် စတင်မယ့် ပြည်နယ်တိုင်းလွှတ်တော် ဥက္ကဌတွေခန့်အပ်ရေးနဲ့ လွှတ်တော်တွေ ခေါ်ယူရေးအတွက် ပြင်ဆင်စရာတွေရှိတာမို့ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတရွေးချယ်ရေးလုပ်ငန်းစဉ်က ဖေဖော်ဝါရီလကုန်မှာ စတင်ဖို့ရှိတယ်လို့လည်း NLD ပါတီခေါင်းဆောင်ပိုင်းက ဆိုတယ်လို့ ပြောပါတယ်။ NLD ပါတီဟာ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်နှစ်ရပ်ကနေ ဒုတိယသမ္မတလောင်း ၂ယောက်ကို အမည်စာရင်းတင်သွင်းမှာဖြစ်ပြီး ကျန်တစ်ယောက်ကတော့ တပ်မတော်အစုအဖွဲ့ကနေ တင်သွင်းရမှာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်တစ်ရပ်လုံးက အစုအဖွဲ့ ၃ဖွဲ့ကနေ တင်သွင်းလာတဲ့ အမည်စာရင်း ၃ခုကို မဲပေးရွေးချယ်ကြပြီး မဲအများဆုံးရတဲ့သူက သမ္မတဖြစ်ပြီး ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ (၁)၊ တတိယမဲအများဆုံးရသူက ဒုတိယသမ္မတ (၂)တွေအဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းရမှာဖြစ်ပါတယ်။

(ဓာတ်ပုံ - ရိုက်တာ)
Kamayut Media

No comments:

Post a Comment