Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 30, 2016

မြန်မာအလုပ်သမားတစ်ဦး ထိုင်းရဲမှ ထိုင်ခုံနှင့်ရိုက်


မြန်မာအလုပ်သမားလူငယ်လေးကိုအပြစ်မရှိပဲအတင်းအဓမ္မဖမ်းဆီး ရဲစခန်းရောက်သည့်အခါအမျိုးတွေဆီဖုံးဆက်ခိုင်း ဖုံးဆက်တာကြာလို့ဆိုပြီးထိုင်းရဲမှထိုင်ခုံနှင့်ရိုတ်နှက်ခံရပြီး နားထင်နောက်ဘက်ကွဲပြီးဖူးရောင်သွားသော မြန်မာအလုပ်သမားတစ်ဦးမှ အမှန်တရားကိုရင်ဆိုင်ဖို့''AAC''အဖွဲ့ ထံကူညီပေးရန်တောင်းဆိုလာပါသည်။
ပန်းရောင်ဘတ်ရှိရဲ့ နဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သူ၏အဒေါ်ဖြစ်သူက အလုပ်ရုံမှလိုအပ်တာများပြုလုပ်ရန် ယူထားသောဘတ်ကဒ်အား သွားတောင်းယူပြီး ရဲစခန်းသို့အမြန်လာပို့သော်လည်းနောက်ကျရမလားဆိုပြီး မဟာချိုင်နယ်မြေ ထိုင်းရဲစခန်းခွဲတစ်ခုတွင်တာဝန်ကျသော ထိုင်းရဲတစ်ဦးမှ
ဒဏ်ကြေးဆိုပြီး ဘတ်ငွေတစ်ထောင်တောင်းယူခဲ့သည့် အပြင် လူကိုပါ ခေါင်းနှောက်စိကွဲအောင်ရိုတ်နှက်ခံခဲ့ရခြင်းဖြစ်သည်။

ရဲစခန်းတွင်ရှိနေသော ထိုင်းအမျိုးသမီးတစ်ဦးကလည်း သူရဲ့ခေါင်းကိုသုံးချက်ရိုတ်ခဲ့ပြီး ပါးရိုတ်ဖို့လည်းလက်နဲ့ ရွယ်ခဲ့တယ်လို့ ရိုတ်ခံခဲ့ရသောမောင်စိုးလင်းနိင်က ပြောသည်။
စိတ်ဓါတ်ကောင်းမွန်ပြီးး မြန်မာအလုပ်သမားတွေအပေါ်နားလည်သော ထိုင်းအာဏာပိုင်များရှိသလို
ယ္ခုလိုအနိင်ကျင့်စော်ကားသော သူများကိုတော့''AAC''အဖွဲ့အနေနဲ့ ကာယကံရှင်တွေ၏ဆန္ဒအ
အတိုင်းထိုင်းဥပဒေနဲ့အညီ တရားစွဲဆိုသွားမှာဖြစ်ပါသည်။
ဖော်ပြပါပုံများကတော့ မောင်စိုးလင်းနိင် အသက်၂၁ နှစ်ရဲ့ နားထင်နှောက်စိကွဲဒဏ်ရာများပါ။
''AAC''မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်ကော်မတီ-ထိုင်းအခြေစိုက်
Ye Min


No comments:

Post a Comment