Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

ေပါင္မုန္႔ေတာင္းသူႏွင့္ ကိတ္မုန္႔စားသူ

အခ်ိန္ကား ၁၉၇၄ ခုႏွစ္ ေနမြန္းတည့္ခ်ိန္ ျဖစ္သည္။ ႁပြန္တန္ဆာမွ ေတာင္ငူသို႔ တေရြ႕ေရြ႕ခုတ္ေမာင္းေနသည့္ ေလာ္ကယ္ရထားတစ္စီးေပၚ၀ယ္ သံဃာေတာ္တစ္ပါးလိုက္ပါလာသည္။ ထိုေလာ္ကယ္ရထားတြင္ အထက္တန္းတြဲ မပါေသာေၾကာင့္ အဆိုပါ သံဃာေတာ္သည္ စာတိုက္တြဲအတြင္းရွိ ကုလားထိုင္ေပၚ၀ယ္ သကၤန္းတစ္ထည္ကို ေအာက္ကခင္းၿပီး ထိုင္လ်က္လိုက္ပါလာရသည္။

ထိုအခ်ိန္က အထက္အညာတြင္ ေရနံဆီေစ်းေကာင္းေနေသာေၾကာင့္ စာတိုက္ဗိုလ္ႏွင့္ နားလည္မႈယူကာ တင္ေဆာင္လာေသာ ေရနံဆီပံုးမ်ားႏွင့္ အလုအယက္ တိုးေ၀ွ႔တက္လာၾကေသာ ခရီးသည္မ်ားၾကားထဲမွာ အဆိုပါသံဃာေတာ္သည္ ျဖစ္သလိုထိုင္လ်က္ လိုက္ပါလာသည္။ သကၤန္းစအခ်ဳိ႕မွာလည္း ရထားယိမ္းလႈပ္လိုက္တိုင္း ေရနံဆီပံုးမ်ားႏွင့္ ထိေနေသာေၾကာင့္ ေရနံဆီကြက္ေတြ စြန္းေပေနပါသည္။ အတူပါလာေသာ ဒကာႀကီးမွာလည္း ေခ်ာင္တစ္ေခ်ာင္မွာ ေတာ္သလိုေကြးၿပီး ထိုင္ေနရရွာပါသည္။

သို႔ေသာ္ စာတိုက္ဗိုလ္၏ ကုလားထိုင္ေပၚမွာ တည္ၾကည္ၿငိမ္သက္စြာ လိုက္ပါလာေသာ အဆိုပါသံဃာေတာ္၏ မ်က္ႏွာေပၚမွာ စိတ္ပ်က္သည့္လကၡဏာ မေတြ႕ရဘဲ တစ္စံုတစ္ခုကို ေလးေလးနက္နက္ေတြးေတာဆင္ျခင္ေနပံုသာရပါသည္။ တကယ္ေတာ့ အဆိုပါသံဃာေတာ္မွာ မဟာဂႏၶာ႐ုံဆရာေတာ္ အရွင္ဇနကာဘိ၀ံသျဖစ္ပါသည္။ ထုိစဥ္က ဆရာေတာ့္အသက္မွာ (၇၄) ႏွစ္ရွိပါၿပီ။ ရန္ကုန္သို႔ ကိစၥတစ္ခုႏွင့္ ႂကြေတာ္မူလာၿပီးေနာက္ မႏၲေလးအျပန္မွာ တပည့္ဒကာ၊ ဒကာမမ်ားရွိရာ ႁပြန္တန္ဆာသို႔၀င္သည္။ ထိုမွတဆင့္ ေတာင္ငူသို႔ ဆက္လက္ႂကြေတာ္မူလာျခင္း ျဖစ္သည္။

ရန္ကုန္မွာရွိစဥ္ ဆရာေတာ္ ျပန္ႂကြေတာ့မည္ဆိုေသာအခါ ဒကာ၊ ဒကာမမ်ားက ရထားနဲ႔ျပန္ရင္ ပင္ပန္းပါလိမ့္မယ္။ ဒါေၾကာင့္ ႁပြန္တန္ဆာနဲ႔ ေတာင္ငူကို သူတို႔ကားႏွင့္ လိုက္ပို႔ဖို႔ စီစဥ္ၾကပါသည္။ သို႔ေသာ္ ဆရာေတာ္က ‘‘ယခုအခါ ကားပစၥည္းက အေတာ္ရွားတယ္။ ဓာတ္ဆီကလည္း ေစ်းအလြန္ႀကီးတယ္။ ဘုန္းႀကီးအတြက္ ဒါေလာက္အကုန္အက်မခံပါနဲ႔။ မီးရထားနဲ႔ပဲ ျဖစ္သလို ျပန္ပါ့မယ္’’ဟု မိန္႔ေတာ္မူပါသည္။
ထိုအခါ ဒကာ၊ ဒကာမမ်ားက အကုန္အက်မမ်ားေအာင္ ကားႀကီးတစ္စီးငွားၿပီး လူအမ်ားလည္း လိုက္ပါၾကမယ္ဟု ေလွ်ာက္ထားၾကျပန္သည္။ ထိုကဲ့သို႔ ဒကာ၊ ဒကာမအသိုင္းအ၀ိုင္းႏွင့္ ႀကီးက်ယ္ခမ္းနားစြာ သြားၾကသည္ကို ေနာင္လာေနာက္သားတို႔ အတုယူမွားမွာ စိုးရိမ္ေသာေၾကာင့္ ဆရာေတာ္က လက္မခံျပန္ပါ။ ေနာက္ဆံုးမွာေတာ့ အရာရာကို စဥ္းစားခ်င့္ခ်ိန္ၿပီးမွ ျပဳမူတတ္ေသာ ဆရာေတာ္၏ သာသနာျပဳစိတ္ဓာတ္ကို သေဘာေပါက္သြားၾကေသာေၾကာင့္ လက္ေလွ်ာ့လိုက္ၾကပါေတာ့သည္။ သို႔ေသာ္ ထိုကဲ့သို႔ ျပန္ႂကြလွ်င္ ဆရာေတာ္ဆင္းရဲလိမ့္မည္ဟု ေလွ်ာက္ထားၾကပါေသးသည္။

ထိုအခါ ဆရာေတာ္က ‘‘ကိုယ့္ခႏၶာေတာ့ ဆင္းရဲမွာေပါ့။ ဒါေပမဲ့ စိတ္ေတာ့ မဆင္းရဲပါဘူး။ လူအမ်ားခံစားရတဲ့ ဆင္းရဲကို ကိုယ္လည္း ခံစားရမွ ဗဟုသုတရပါတယ္’’ဟု ျပန္လည္မိန္႔ေတာ္မူပါသည္။
ဆရာေတာ္ အရွင္ဇနကာဘိ၀ံသသည္ ထုိစဥ္အခ်ိန္က တိုင္းသိျပည္သိ အဂၢမဟာပ႑ိတဘြဲ႕တံဆိပ္ေတာ္ရ က်မ္းျပဳအေက်ာ္ ဆရာေတာ္တစ္ပါးျဖစ္ေနပါၿပီ။ အမရပူရရွိ မဟာဂႏၶာ႐ုံေက်ာင္းတိုက္ႀကီးတြင္ စာသင္သား သံဃာအပါး ၅၅၀ ေက်ာ္ကို စီမံအုပ္ခ်ဳပ္ေနခ်ိန္ ျဖစ္သည္။ ထိုကဲ့သို႔ေသာ ဆရာေတာ္ႀကီးက ေလာ္ကယ္ရထားတစ္စီး၏ စာတိုက္တြဲေပၚမွာ သာမန္ခရီးသည္မ်ားႏွင့္ ေရာေႏွာကာ ျဖစ္သလို လိုက္ပါလာပံုကိုေတြးရင္း ကြၽန္ေတာ္ အႀကိမ္ႀကိမ္အံ့ၾသေနမိပါသည္။ ပို၍ အံ့ၾသမိသည္က ဆရာေတာ္မိန္႔ေတာ္မူလိုက္သည့္ စကားျဖစ္သည္။ ‘‘လူအမ်ားခံစားရတဲ့ ဆင္းရဲကို ကိုယ္လည္းခံစားရမွ ဗဟုသုတရပါတယ္’’တဲ့။
ဆရာေတာ့္စကားထဲမွာ သာမန္ လက္လုပ္လက္စား ဆင္းရဲသားမ်ားႏွင့္ ဒိုးတူေပါင္ဖက္ေနထိုင္လိုသည့္ သေဘာ၊ တစ္ေျမတည္းေန တစ္ေရတည္းေသာက္ မိမိ၏ တိုင္းသူျပည္သား ညီအစ္ကိုေမာင္ႏွမမ်ား၏ ဆင္းရဲဒုကၡကို ကိုယ္ခ်င္းစာ နားလည္ေပးခ်င္သည့္ သေဘာေတြကို ေတြ႕ျမင္ေနရပါသည္။ ထို႔အတူ ဆရာေတာ့္ စိတ္ထဲမွာ ‘‘ငါတစ္ေယာက္တည္း ခ်မ္းသာေန႐ုံနဲ႔ မျဖစ္ေသးဘူး။ ငါ့ တိုင္းသူျပည္သားေတြ ပင္ပန္းဆင္းရဲစြာ လုပ္ကိုင္ရွာေဖြစားေသာက္ေနရတာေတြကိုလည္း ငါ သိထားမွ ျဖစ္မယ္’’ဟူေသာ အေတြးလည္း ရွိထားပံုရပါသည္။ ထို႔ေၾကာင့္သာလွ်င္ ကိုယ္ခႏၶာအပင္ပန္းခံၿပီး ဆင္းရဲသူဆင္းရဲသားမ်ားႏွင့္ ရထားတစ္တြဲတည္းမွာ အတူတူလိုက္ပါဖို႔ ဆံုးျဖတ္လိုက္ျခင္း ျဖစ္သည္။ ကြၽန္ေတာ့္စိတ္ထဲမွာ ဆရာေတာ္သည္ တိုင္းသူျပည္သားတို႔၏ အေျခအေနကို ႐ုပ္ဖ်က္ၿပီး စံုစမ္းဖို႔ထြက္လာသည့္ ရွင္ဘုရင္ (သို႔မဟုတ္) ဆင္းရဲသား ျပည္သူတို႔၏ လူေနမႈအဆင့္အတန္းကို ေမးျမန္းစူးစမ္းဖို႔ ထြက္လာသည့္ ေခါင္းေဆာင္မ်ဳိးႏွင့္လည္း တူေနပါသည္။
ႏိုင္ငံတစ္ႏိုင္ငံ၏ အေျခခံလူတန္းစားမွာ ဆင္းရဲသူ၊ ဆင္းရဲသားမ်ားပင္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကို ကမၻာႏွင့္ မယွဥ္ပါနဲ႔ဦး။ ေဒသအတြင္း အာဆီယံႏိုင္ငံမ်ားႏွင့္ ႏိႈင္းယွဥ္ၾကည့္လွ်င္ပင္ ေတာ္ေတာ္ေလးကို ဆင္းရဲရွာပါသည္။ ၁၉၆၂ ခုႏွစ္က ျမန္မာႏိုင္ငံသည္ အာရွတိုက္၏ အခ်မ္းသာဆံုး ၁၀ ႏိုင္ငံစာရင္း၀င္ ျဖစ္သည္။ သို႔ေသာ္ ၁၉၈၈ ခုႏွစ္မွာေတာ့ အာရွတိုက္၏ အဆင္းရဲဆံုး ငါးႏိုင္ငံစာရင္း ၀င္သြားပါသည္။ ၂၀၁၂ ခုႏွစ္မွာ အာရွတိုက္၏ ဒုတိယေျမာက္အဆင္းရဲဆံုးႏိုင္ငံ ျဖစ္သြားပါသတဲ့။
ကြၽန္ေတာ္တို႔ ႏိုင္ငံလူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ စိုက္ပ်ဳိးေရးလုပ္ငန္းျဖင့္သာ အသက္ေမြး၀မ္းေက်ာင္းေနရဆဲ။ ၿမိဳ႕ေနလူတန္းစားမွာ ၂၈ ရာခိုင္ႏႈန္းသာရွိၿပီး ေက်းလက္ေနလူတန္းစားမွာ မူ ၇၂ ရာခိုင္ႏႈန္းရွိသည္ဟု ဆိုပါသည္။ ၂၀၁၃ ခုႏွစ္မွာ ထုတ္ျပန္ေသာ ကမၻာ့ဘဏ္၏ အစီရင္ခံစာအရ ျမန္မာျပည္ရွိ ေက်းရြာေပါင္း ေျခာက္ေသာင္းေက်ာ္အနက္ လွ်ပ္စစ္မီးရသည့္ ရြာေလးေထာင္ေက်ာ္သာရွိ၍ လူေလးေယာက္မွာ သံုးေယာက္က လွ်ပ္စစ္စြမ္းအားမရရွိဟု ဆိုထားပါသည္။ ထို႔အျပင္ လူဦးေရ၏ ၈၅ ရာခိုင္ႏႈန္းသည္ ေန႔စဥ္၀င္ေငြ အေမရိကန္ေဒၚလာ ၂ ဒသမ၂၅ ရာခိုင္ႏႈန္းျဖင့္သာ ရပ္တည္ေနရၿပီး လူဦးေရ၏ ၂၅ ရာခိုင္ႏႈန္းခန္႔သည္ အလြန္အကြၽံဆင္းရဲမြဲေတမႈႏွင့္ ရင္ဆိုင္ေနရပါသည္။ ကေလးငယ္စုစုေပါင္း၏ ၃၂ ရာခိုင္ႏႈန္းကေတာ့ အာဟာရခ်ဳိ႕တဲ့မႈႏွင့္ ရင္ဆိုင္ေနရပါသတဲ့။
ျမန္မာႏိုင္ငံသားတစ္ေယာက္၏ တစ္ႏွစ္၀င္ေငြကို ႏိႈင္းယွဥ္ၾကည့္လွ်င္လည္း ျမန္မာႏိုင္ငံသည္ ေဒသတြင္း အာဆီယံႏိုင္ငံမ်ားထဲမွာ ေနာက္ဆံုးကေနရပ္တည္လ်က္ရွိပါသည္။ ႏိုင္ငံအတြင္းမွာပင္ ယခုအခ်ိန္ထိ အနိမ့္ဆံုးလုပ္ခလစာရရွိဖို႔ တြက္ခ်က္ညႇိႏိႈင္းေနဆဲ။ လစာတိုးေတာင္းသည့္အတြက္ အလုပ္ရွင္ႏွင့္ အလုပ္သမားမ်ားၾကားမွာ မေျပလည္မႈမ်ား ပဋိပကၡမ်ား ျဖစ္ပြားေနဆဲပါပဲ။ ယခုအခ်ိန္ထိေတာ့ အေျခခံအလုပ္သမားအမ်ားစုသည္ အနိမ့္ဆံုးလုပ္ခလစာကို ရင္၀ယ္ပိုက္ၿပီး တရိပ္ရိပ္တက္လာသည့္ ကုန္ေစ်းႏႈန္းႏွင့္ အေထြေထြေစ်းႏႈန္းမ်ားၾကားထဲမွာ မ်က္ကလဲဆန္ပ်ာ႐ုန္းကန္ရင္း ဆင္းရဲတြင္းက နက္ၿမဲနက္ေနဆဲ ျဖစ္ပါသည္။
ကြၽန္ေတာ္တို႔၏ သမၼတႀကီးဦးသိန္းစိန္ကေတာ့ ဆင္းရဲႏြမ္းပါးမႈႏႈန္းကို ၂၀၁၄-၂၀၁၅ ခုႏွစ္တြင္ ၂၆ ရာခိုင္ႏႈန္းမွ ၁၆ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်မည္ဟု ၂၀၁၁ ဇြန္လေလာက္က ကတိေပးခဲ့ဖူးပါသည္။ သို႔ေသာ္ ကြၽန္ေတာ့္အျမင္ တိုင္းသူျပည္သားတို႔၏ ဆင္းရဲဒုကၡကို တကယ္ကိုယ္ခ်င္းစာနားလည္ပါသည္ဆိုလွ်င္ ဆရာေတာ္ အရွင္ဇနကာဘိ၀ံသျပဳမူခဲ့သလို တကယ့္ဆင္းရဲသားလုပ္သားျပည္သူတို႔ႏွင့္အတူ နဖူးေတြ႕၊ ဒူးေတြ႕ ရင္ဆိုင္ခံစားဖူးမွသာ ပို၍ထိေရာက္ေအာင္ စြမ္းေဆာင္ႏိုင္လိမ့္မည္ဟု ထင္ပါသည္။ ထိုကဲ့သို႔ မဟုတ္မူဘဲ ဆင္စြယ္နန္းေတာ္ႀကီးေပၚမွာေနၿပီး ဆီဦးေထာပတ္ေတြ စားေနသူတစ္ေယာက္က ‘‘ေၾသာ္ ဆင္းရဲသားေတြ သနားပါတယ္’’ ဟု ေျပာလာခဲ့ေသာ္ သူ႕စကားကို သင္မည္ကဲ့သို႔ သေဘာထားမည္နည္း။

တစ္ခါတုန္းက ျပင္သစ္ျပည္ နန္းရင္ျပင္ေရွ႕မွာ တစာစာေအာ္ဟစ္ေနေသာ ျပည္သူမ်ားကို ေတြ႕လိုက္ရသည့္ ျပင္သစ္ဘုရင္လူ၀ီ (၁၆)၏ မိဖုရား ေမရီအင္တြိဳင္းနက္က ‘‘သူတို႔ ဘာေတာင္းေနၾကတာလဲ’’ဟု လွမ္းေမးသည္။ ‘‘သူတို႔ ေပါင္မုန္႔ေတာင္းေနၾကတာပါ’’ ဟု ျပန္ေျဖေသာအခါ သူမက ‘‘ေၾသာ္-ေတာ္ေတာ္ခက္တဲ့ လူေတြပဲ။ ေပါင္မုန္႔မရွိရင္ ကိတ္မုန္႔စားၾကပါလား’’ဟု ျပန္ေျပာေလသည္တဲ့။ အခုလည္း ေပါင္မုန္႔ေတာင္းဆိုေနသည့္ ကြၽန္ေတာ္တို႔ ျမန္မာျပည္သူေတြကို ကိတ္မုန္႔ေျပာင္းစားခိုင္းၾကဦးမည္ ဆိုလွ်င္ေတာ့...။ ။
credit: 7day daily
....................
အချိန်ကား ၁၉၇၄ ခုနှစ် နေမွန်းတည့်ချိန် ဖြစ်သည်။ ပြွန်တန်ဆာမှ တောင်ငူသို့ တရွေ့ရွေ့ခုတ်မောင်းနေသည့် လော်ကယ်ရထားတစ်စီးပေါ်ဝယ် သံဃာတော်တစ်ပါးလိုက်ပါလာသည်။ ထိုလော်ကယ်ရထားတွင် အထက်တန်းတွဲ မပါသောကြောင့် အဆိုပါ သံဃာတော်သည် စာတိုက်တွဲအတွင်းရှိ ကုလားထိုင်ပေါ်ဝယ် သင်္ကန်းတစ်ထည်ကို အောက်ကခင်းပြီး ထိုင်လျက်လိုက်ပါလာရသည်။

ထိုအချိန်က အထက်အညာတွင် ရေနံဆီစျေးကောင်းနေသောကြောင့် စာတိုက်ဗိုလ်နှင့် နားလည်မှုယူကာ တင်ဆောင်လာသော ရေနံဆီပုံးများနှင့် အလုအယက် တိုးဝှေ့တက်လာကြသော ခရီးသည်များကြားထဲမှာ အဆိုပါသံဃာတော်သည် ဖြစ်သလိုထိုင်လျက် လိုက်ပါလာသည်။ သင်္ကန်းစအချို့မှာလည်း ရထားယိမ်းလှုပ်လိုက်တိုင်း ရေနံဆီပုံးများနှင့် ထိနေသောကြောင့် ရေနံဆီကွက်တွေ စွန်းပေနေပါသည်။ အတူပါလာသော ဒကာကြီးမှာလည်း ချောင်တစ်ချောင်မှာ တော်သလိုကွေးပြီး ထိုင်နေရရှာပါသည်။

သို့သော် စာတိုက်ဗိုလ်၏ ကုလားထိုင်ပေါ်မှာ တည်ကြည်ငြိမ်သက်စွာ လိုက်ပါလာသော အဆိုပါသံဃာတော်၏ မျက်နှာပေါ်မှာ စိတ်ပျက်သည့်လက္ခဏာ မတွေ့ရဘဲ တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးတောဆင်ခြင်နေပုံသာရပါသည်။ တကယ်တော့ အဆိုပါသံဃာတော်မှာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိ၀ံသဖြစ်ပါသည်။ ထိုစဉ်က ဆရာတော့်အသက်မှာ (၇၄) နှစ်ရှိပါပြီ။ ရန်ကုန်သို့ ကိစ္စတစ်ခုနှင့် ကြွတော်မူလာပြီးနောက် မန္တလေးအပြန်မှာ တပည့်ဒကာ၊ ဒကာမများရှိရာ ပြွန်တန်ဆာသို့ဝင်သည်။ ထိုမှတဆင့် တောင်ငူသို့ ဆက်လက်ကြွတော်မူလာခြင်း ဖြစ်သည်။

ရန်ကုန်မှာရှိစဉ် ဆရာတော် ပြန်ကြွတော့မည်ဆိုသောအခါ ဒကာ၊ ဒကာမများက ရထားနဲ့ပြန်ရင် ပင်ပန်းပါလိမ့်မယ်။ ဒါကြောင့် ပြွန်တန်ဆာနဲ့ တောင်ငူကို သူတို့ကားနှင့် လိုက်ပို့ဖို့ စီစဉ်ကြပါသည်။ သို့သော် ဆရာတော်က ‘‘ယခုအခါ ကားပစ္စည်းက အတော်ရှားတယ်။ ဓာတ်ဆီကလည်း စျေးအလွန်ကြီးတယ်။ ဘုန်းကြီးအတွက် ဒါလောက်အကုန်အကျမခံပါနဲ့။ မီးရထားနဲ့ပဲ ဖြစ်သလို ပြန်ပါ့မယ်’’ဟု မိန့်တော်မူပါသည်။
ထိုအခါ ဒကာ၊ ဒကာမများက အကုန်အကျမများအောင် ကားကြီးတစ်စီးငှားပြီး လူအများလည်း လိုက်ပါကြမယ်ဟု လျှောက်ထားကြပြန်သည်။ ထိုကဲ့သို့ ဒကာ၊ ဒကာမအသိုင်းအဝိုင်းနှင့် ကြီးကျယ်ခမ်းနားစွာ သွားကြသည်ကို နောင်လာနောက်သားတို့ အတုယူမှားမှာ စိုးရိမ်သောကြောင့် ဆရာတော်က လက်မခံပြန်ပါ။ နောက်ဆုံးမှာတော့ အရာရာကို စဉ်းစားချင့်ချိန်ပြီးမှ ပြုမူတတ်သော ဆရာတော်၏ သာသနာပြုစိတ်ဓာတ်ကို သဘောပေါက်သွားကြသောကြောင့် လက်လျှော့လိုက်ကြပါတော့သည်။ သို့သော် ထိုကဲ့သို့ ပြန်ကြွလျှင် ဆရာတော်ဆင်းရဲလိမ့်မည်ဟု လျှောက်ထားကြပါသေးသည်။

ထိုအခါ ဆရာတော်က ‘‘ကိုယ့်ခန္ဓာတော့ ဆင်းရဲမှာပေါ့။ ဒါပေမဲ့ စိတ်တော့ မဆင်းရဲပါဘူး။ လူအများခံစားရတဲ့ ဆင်းရဲကို ကိုယ်လည်း ခံစားရမှ ဗဟုသုတရပါတယ်’’ဟု ပြန်လည်မိန့်တော်မူပါသည်။
ဆရာတော် အရှင်ဇနကာဘိ၀ံသသည် ထိုစဉ်အချိန်က တိုင်းသိပြည်သိ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ကျမ်းပြုအကျော် ဆရာတော်တစ်ပါးဖြစ်နေပါပြီ။ အမရပူရရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးတွင် စာသင်သား သံဃာအပါး ၅၅၀ ကျော်ကို စီမံအုပ်ချုပ်နေချိန် ဖြစ်သည်။ ထိုကဲ့သို့သော ဆရာတော်ကြီးက လော်ကယ်ရထားတစ်စီး၏ စာတိုက်တွဲပေါ်မှာ သာမန်ခရီးသည်များနှင့် ရောနှောကာ ဖြစ်သလို လိုက်ပါလာပုံကိုတွေးရင်း ကျွန်တော် အကြိမ်ကြိမ်အံ့သြနေမိပါသည်။ ပို၍ အံ့သြမိသည်က ဆရာတော်မိန့်တော်မူလိုက်သည့် စကားဖြစ်သည်။ ‘‘လူအများခံစားရတဲ့ ဆင်းရဲကို ကိုယ်လည်းခံစားရမှ ဗဟုသုတရပါတယ်’’တဲ့။
ဆရာတော့်စကားထဲမှာ သာမန် လက်လုပ်လက်စား ဆင်းရဲသားများနှင့် ဒိုးတူပေါင်ဖက်နေထိုင်လိုသည့် သဘော၊ တစ်မြေတည်းနေ တစ်ရေတည်းသောက် မိမိ၏ တိုင်းသူပြည်သား ညီအစ်ကိုမောင်နှမများ၏ ဆင်းရဲဒုက္ခကို ကိုယ်ချင်းစာ နားလည်ပေးချင်သည့် သဘောတွေကို တွေ့မြင်နေရပါသည်။ ထို့အတူ ဆရာတော့် စိတ်ထဲမှာ ‘‘ငါတစ်ယောက်တည်း ချမ်းသာနေရုံနဲ့ မဖြစ်သေးဘူး။ ငါ့ တိုင်းသူပြည်သားတွေ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရှာဖွေစားသောက်နေရတာတွေကိုလည်း ငါ သိထားမှ ဖြစ်မယ်’’ဟူသော အတွေးလည်း ရှိထားပုံရပါသည်။ ထို့ကြောင့်သာလျှင် ကိုယ်ခန္ဓာအပင်ပန်းခံပြီး ဆင်းရဲသူဆင်းရဲသားများနှင့် ရထားတစ်တွဲတည်းမှာ အတူတူလိုက်ပါဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ကျွန်တော့်စိတ်ထဲမှာ ဆရာတော်သည် တိုင်းသူပြည်သားတို့၏ အခြေအနေကို ရုပ်ဖျက်ပြီး စုံစမ်းဖို့ထွက်လာသည့် ရှင်ဘုရင် (သို့မဟုတ်) ဆင်းရဲသား ပြည်သူတို့၏ လူနေမှုအဆင့်အတန်းကို မေးမြန်းစူးစမ်းဖို့ ထွက်လာသည့် ခေါင်းဆောင်မျိုးနှင့်လည်း တူနေပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အခြေခံလူတန်းစားမှာ ဆင်းရဲသူ၊ ဆင်းရဲသားများပင်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာနှင့် မယှဉ်ပါနဲ့ဦး။ ဒေသအတွင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင်ပင် တော်တော်လေးကို ဆင်းရဲရှာပါသည်။ ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံသည် အာရှတိုက်၏ အချမ်းသာဆုံး ၁၀ နိုင်ငံစာရင်းဝင် ဖြစ်သည်။ သို့သော် ၁၉၈၈ ခုနှစ်မှာတော့ အာရှတိုက်၏ အဆင်းရဲဆုံး ငါးနိုင်ငံစာရင်း ၀င်သွားပါသည်။ ၂၀၁၂ ခုနှစ်မှာ အာရှတိုက်၏ ဒုတိယမြောက်အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားပါသတဲ့။
ကျွန်တော်တို့ နိုင်ငံလူဦးရေ၏ ရ၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းနေရဆဲ။ မြို့နေလူတန်းစားမှာ ၂၈ ရာခိုင်နှုန်းသာရှိပြီး ကျေးလက်နေလူတန်းစားမှာ မူ ရ၂ ရာခိုင်နှုန်းရှိသည်ဟု ဆိုပါသည်။ ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာပြည်ရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်အနက် လျှပ်စစ်မီးရသည့် ရွာလေးထောင်ကျော်သာရှိ၍ လူလေးယောက်မှာ သုံးယောက်က လျှပ်စစ်စွမ်းအားမရရှိဟု ဆိုထားပါသည်။ ထို့အပြင် လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် နေ့စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ၂၅ ရာခိုင်နှုန်းဖြင့်သာ ရပ်တည်နေရပြီး လူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်သည် အလွန်အကျွံဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရပါသည်။ ကလေးငယ်စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းကတော့ အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရပါသတဲ့။
မြန်မာနိုင်ငံသားတစ်ယောက်၏ တစ်နှစ်ဝင်ငွေကို နှိုင်းယှဉ်ကြည့်လျှင်လည်း မြန်မာနိုင်ငံသည် ဒေသတွင်း အာဆီယံနိုင်ငံများထဲမှာ နောက်ဆုံးကနေရပ်တည်လျက်ရှိပါသည်။ နိုင်ငံအတွင်းမှာပင် ယခုအချိန်ထိ အနိမ့်ဆုံးလုပ်ခလစာရရှိဖို့ တွက်ချက်ညှိနှိုင်းနေဆဲ။ လစာတိုးတောင်းသည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမားများကြားမှာ မပြေလည်မှုများ ပဋိပက္ခများ ဖြစ်ပွားနေဆဲပါပဲ။ ယခုအချိန်ထိတော့ အခြေခံအလုပ်သမားအများစုသည် အနိမ့်ဆုံးလုပ်ခလစာကို ရင်ဝယ်ပိုက်ပြီး တရိပ်ရိပ်တက်လာသည့် ကုန်စျေးနှုန်းနှင့် အထွေထွေစျေးနှုန်းများကြားထဲမှာ မျက်ကလဲဆန်ပျာရုန်းကန်ရင်း ဆင်းရဲတွင်းက နက်မြဲနက်နေဆဲ ဖြစ်ပါသည်။
ကျွန်တော်တို့၏ သမ္မတကြီးဦးသိန်းစိန်ကတော့ ဆင်းရဲနွမ်းပါးမှုနှုန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟု ၂၀၁၁ ဇွန်လလောက်က ကတိပေးခဲ့ဖူးပါသည်။ သို့သော် ကျွန်တော့်အမြင် တိုင်းသူပြည်သားတို့၏ ဆင်းရဲဒုက္ခကို တကယ်ကိုယ်ချင်းစာနားလည်ပါသည်ဆိုလျှင် ဆရာတော် အရှင်ဇနကာဘိ၀ံသပြုမူခဲ့သလို တကယ့်ဆင်းရဲသားလုပ်သားပြည်သူတို့နှင့်အတူ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ခံစားဖူးမှသာ ပို၍ထိရောက်အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ထင်ပါသည်။ ထိုကဲ့သို့ မဟုတ်မူဘဲ ဆင်စွယ်နန်းတော်ကြီးပေါ်မှာနေပြီး ဆီဦးထောပတ်တွေ စားနေသူတစ်ယောက်က ‘‘သြော် ဆင်းရဲသားတွေ သနားပါတယ်’’ ဟု ပြောလာခဲ့သော် သူ့စကားကို သင်မည်ကဲ့သို့ သဘောထားမည်နည်း။

တစ်ခါတုန်းက ပြင်သစ်ပြည် နန်းရင်ပြင်ရှေ့မှာ တစာစာအော်ဟစ်နေသော ပြည်သူများကို တွေ့လိုက်ရသည့် ပြင်သစ်ဘုရင်လူဝီ (၁၆)၏ မိဖုရား မေရီအင်တွိုင်းနက်က ‘‘သူတို့ ဘာတောင်းနေကြတာလဲ’’ဟု လှမ်းမေးသည်။ ‘‘သူတို့ ပေါင်မုန့်တောင်းနေကြတာပါ’’ ဟု ပြန်ဖြေသောအခါ သူမက ‘‘သြော်-တော်တော်ခက်တဲ့ လူတွေပဲ။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားကြပါလား’’ဟု ပြန်ပြောလေသည်တဲ့။ အခုလည်း ပေါင်မုန့်တောင်းဆိုနေသည့် ကျွန်တော်တို့ မြန်မာပြည်သူတွေကို ကိတ်မုန့်ပြောင်းစားခိုင်းကြဦးမည် ဆိုလျှင်တော့...။ ။
credit: 7day daily

No comments:

Post a Comment