Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

ဘားအံျမဳိ ့နယ္မွာ ဇနီးျဖစ္သူအား ေသနတ္နဲ ့ ပစ္သတ္ကာ အေလာင္းအား ေျမျမဳပ္ေဖ်ာက္ဖ်က္ခဲ့တဲ့ ခင္ပြန္းကို ေရႊက်င္ျမဳိ ့နယ္မွာ ဖမ္းမိ

31 January 2016

ေျမျမဳပ္ေဖ်ာက္ဖ်က္ခဲ့တဲ့ အေလာင္းအား တူးေဖာ္ေတြ ့ရစဥ္။ ဓါတ္ပုံ - ဘားအံသတင္း (facebook)
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ထီဖိုးကလံုးေက်းရြာနဲ ့(၃)ဖာလံုခန္႔အကြာ ၾကက္ေမာက္ၿခံအတြင္းမွာ လူသတ္ကာ အေလာင္းအား ေျမျမဳပ္ထားခဲ့တဲ့ ျဖစ္စဥ္ ျဖစ္ပြား ခဲ့ေၾကာင္း သတင္းရရိွပါတယ္။

ျဖစ္စဥ္မွာ၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ ၂၆ရက္ေန႔ (၁၄၀၀)အခ်ိန္ခန္႔မွာ ဘားအံၿမိဳ႕နယ္၊ ထီးဖိုးကလံုး ေက်းရြာနဲ ့ (၃)ဖာလံုခန္႔ အကြာမွာ နယ္ျခားေစာင္တပ္အမွတ္(၁၀၂၃)မွ အႀကံေပးအရာရွိ၊ စီးပြားေရး ဒုတာ၀န္ခံ ဗိုလ္မ်ိဳးမင္းေအာင္က သူပိုင္ဆိုင္တဲ့ ၾကက္ေမာက္ၿခံကုိ တပ္သားေစာကိုလင္း၊ ေပါက္စီ၊ ေမာင္ေသာင္းတို႔(၃)ဦးကုိ သြားေရာက္ ၾကည္႔ရႈေစခဲ႔ရာ ျခံေစာင့္ မိသားစု ေပ်ာက္ဆုံးေနတာကုိ သိရိွရပါတယ္။


ျခံေစာင္႔ အျဖစ္ ငွားရမ္းထားတဲ့ စိုင္းေအာင္လြင္ႏွင္႔ မသီသီမာတို႔ မိသားစုမွာ ၿခံေစာင္႔တဲမွာ မရိွတာေၾကာင့္ ရွာေဖြရာ တဲအနီး စိုက္ပ်ိဳးထားတဲ့ ဗူးပင္ မွာ ညိွဳးႏြမ္းေနၿပီး ဗူးပင္ေျခရင္းမွ ေျမမွာပြေနျခင္း၊ အနီးမွာလည္း ေပါက္ျပား တစ္လက္ အသင္႔ေတြ႕ရွိေနျခင္း တို႔ေၾကာင္႔ တူးေဖာ္ၾကည္႔ရာမွ အမ်ိဳးသမီး အေလာင္းအား ေတြ႕ရွိ ခဲ႔သည္႔ အတြက္ အပိုင္ရဲကင္းမွ ရဲကင္းမွဴ း ရဲအုပ္ မ်ိဳးေက်ာ္ညြန္႔ထံသို႔ အေၾကာင္းၾကား ခဲ့ပါတယ္။

တာ၀န္ရိွသူမ်ားက အေလာင္းအား တူးေဖာ္စစ္ေဆးခဲ႔ရာ အေလာင္းမွာ ပက္လက္ အေန အထားနဲ ့က်င္းအနက္ (၁)ေပ၊ (၆)လက္မခန္ ့အနက္တူးကာ ျမဳပ္ထားတာကုိ တူးေဖာ္ေတြ ့ရိွ ခဲ့ပါတယ္။

အဆုိပါ အေလာင္းကုိ မႈခင္းဆရာ၀န္ၾကီးမွ စစ္ေဆးရာ ဦးေခါင္း ၀ဲဘက္တြင္ ေပါက္ၿပဲ ဒဏ္ရာ(၁) ခ်က္၊ ၀မ္းဗိုက္တြင္ က်ည္၀င္ဒဏ္ရာ(၁)ခ်က္တို႔ စစ္ေဆးေတြ႕ရွိ ရေၾကာင္း သိရပါတယ္။

ေခတၱၿမိဳ႕နယ္မွဴ းႏွင္႔ အဖြဲ႕မွ အခင္းျဖစ္ေနရာ ၀န္းက်င္ အနီး သဲလြန္စမ်ားရွာေဖြခဲ႔ရာ မသီသီမာ အိပ္သည္႔ တဲအတြင္းရိွ အိပ္ယာခင္း၊ ေခါင္းအံုး၊ ေစာင္တို႔တြင္ ေသြးမ်ား ေပက်ံေနသည္ကို ေတြ႕ရွိရၿပီး တဲႏွင္႔ ဗူးစင္ အၾကားမွ ၉ မမက်ည္ခြံ(၃)ခုအား ေတြ႕ရွိရသည္႔ အတြက္ သက္ေသမ်ား ေရွ႕သိမ္းဆည္း ခဲ႔ေၾကာင္း သိရွိရ ပါတယ္။

ေခတၱၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးႏွင္႔အဖြဲ႕မွ အခင္းျဖစ္ ပတ္၀န္းက်င္ရွိ ေက်းရြာမ်ားသို႔ အဖြဲ႕မ်ားခြဲၿပီး စံုစမ္းခဲ႔ရာ ေပ်ာက္ဆံုးေနသည္႔ စိုင္းေအာင္လြင္မွာ စစ္ေျပး(၁)ဦး ျဖစ္ေၾကာင္း စံုစမ္းသိရွိၿပီး ၄င္းမွာ ေသနတ္အတို (၁)လက္ကိုင္ေဆာင္ေလ႔ ရွိေၾကာင္း(၂၀၁၅) ခုႏွစ္ ႏွစ္ဆန္းပိုင္းေလာက္ အခ်ိန္က ယခုၿခံသို႔ ၿခံေစာင္႔အျဖစ္ လုပ္ကိုင္ ေနထိုင္ခဲ႔ျခင္း ျဖစ္ေၾကာင္း သိရွိရၿပီး ၄င္းႏွင္႔အတူ သားသမီးမ်ားပါ ေခၚေဆာင္ သြားေၾကာင္း သိရွိခဲ႔ရပါတယ္။

ျဖစ္စဥ္အေပၚ မသီသီေအးအား ေသနတ္ျဖင္႔ ပစ္သတ္ကာ အေလာင္းအား ေျမႀကီးအတြင္း ျမဳပ္ထားခဲ႔သူ စိုင္းေအာင္လြင္၊ ၃၁ႏွစ္၊ (ဘ)ဦးထြန္းရီ၊ ထီဖိုးကလံုးေက်းရြာ၊ ဘားအံၿမိဳ႕နယ္ေနသူအား အေရးယူေပးရန္ ပထမေတြ႕ရွိသူ ေစာကိုလင္း(ခ) အငယ္ေကာင္၊ ၂၄ႏွစ္၊ (ဘ)ဦးညြန္႕ နယ္ျခားေစာင္႔တပ္ အမွတ္(၁၀၂၃) မဲေဘာင္ေက်းရြာ၊ ဘားအံၿမိဳ႕နယ္ေနသူမွ တရားလိုျပဳလုပ္ တိုင္တန္းခဲ႔ရာ ဘားအံၿမိဳ႕မ ရဲစခန္းမွ(ပ)၂၄/၂၀၁၆၊ ျပစ္မွဳပုဒ္မ၃၀၂/၂၀၁ျဖင္႔ အမွဳေရးဖြင္႔ခဲ႔ၿပီး အမွဳအား ၿမိဳ႕မရဲစခန္းမွဴး ဒုတိယရဲမွဴး သက္စိုးမွ စစ္ေဆးေဆာင္ရြက္ ခဲ့ပါတယ္။
အမွဳ စစ္မွ စပ္ဆက္နယ္ေျမ ရဲစခန္းမ်ားကုိ တရားခံအား ကူညီစံုစမ္းေပးရန္ အေၾကာင္းၾကား ေဆာင္ရြက္ခဲ့တာေၾကာင့္ ျပစ္မွဳက်ဴးလြန္ၿပီး ထြက္ေျပး တိမ္းေရွာင္သြားသည္႔ စိုင္းေအာင္လြင္အား ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးခရိုင္၊ ေရႊက်င္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ေရႊက်င္ၿမိဳ႕မရဲစခန္းမွ ဇန္န၀ါရီလ ၂၉ ရက္ေန႔ (၁၇၀၀)အခ်ိန္တြင္ ေရႊက်င္ၿမိဳ႕နယ္၊ ၀င္းခနိမ္ေက်းရြာေန မယားညီအကို ေတာ္စပ္သူ ဦးေသာင္း၀င္းေနအိမ္မွ ပါရာ အမ်ိဳးအစား ပစၥတို
ေသ(၁)လက္၊ ၄င္းက်ည္(၅)ေတာင္႔ တို႔ႏွင္႔အတူ ဖမ္းဆီးရမိခဲ႔သျဖင္႔ အမွဳစစ္မွ ဥပေဒႏွင္႔အညီ တရားစြဲတင္ပို႔ႏိုင္ေရး ဆက္လက္ ေဆာင္ရြက္လွ်က္ ရိွေၾကာင္း ဘားအံ သတင္း (facebook) မွာ ေဖာ္ျပထားပါတယ္။

By  သစ္ထူးလြင္

..................................

ဘားအံမြို ့နယ်မှာ ဇနီးဖြစ်သူအား သေနတ်နဲ ့ ပစ်သတ်ကာ အလောင်းအား မြေမြုပ်ဖျောက်ဖျက်ခဲ့တဲ့ ခင်ပွန်းကို ရွှေကျင်မြို ့နယ်မှာ ဖမ်းမိ
31 January 2016

မြေမြုပ်ဖျောက်ဖျက်ခဲ့တဲ့ အလောင်းအား တူးဖော်တွေ ့ရစဉ်။ ဓါတ်ပုံ - ဘားအံသတင်း (facebook)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထီဖိုးကလုံးကျေးရွာနဲ ့(၃)ဖာလုံခန့်အကွာ ကြက်မောက်ခြံအတွင်းမှာ လူသတ်ကာ အလောင်းအား မြေမြုပ်ထားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့ (၁၄၀၀)အချိန်ခန့်မှာ ဘားအံမြို့နယ်၊ ထီးဖိုးကလုံး ကျေးရွာနဲ ့ (၃)ဖာလုံခန့် အကွာမှာ နယ်ခြားစောင်တပ်အမှတ်(၁၀၂၃)မှ အကြံပေးအရာရှိ၊ စီးပွားရေး ဒုတာဝန်ခံ ဗိုလ်မျိုးမင်းအောင်က သူပိုင်ဆိုင်တဲ့ ကြက်မောက်ခြံကို တပ်သားစောကိုလင်း၊ ပေါက်စီ၊ မောင်သောင်းတို့(၃)ဦးကို သွားရောက် ကြည့်ရှုစေခဲ့ရာ ခြံစောင့် မိသားစု ပျောက်ဆုံးနေတာကို သိရှိရပါတယ်။



ခြံစောင့် အဖြစ် ငှားရမ်းထားတဲ့ စိုင်းအောင်လွင်နှင့် မသီသီမာတို့ မိသားစုမှာ ခြံစောင့်တဲမှာ မရှိတာကြောင့် ရှာဖွေရာ တဲအနီး စိုက်ပျိုးထားတဲ့ ဗူးပင် မှာ ညှိုးနွမ်းနေပြီး ဗူးပင်ခြေရင်းမှ မြေမှာပွနေခြင်း၊ အနီးမှာလည်း ပေါက်ပြား တစ်လက် အသင့်တွေ့ရှိနေခြင်း တို့ကြောင့် တူးဖော်ကြည့်ရာမှ အမျိုးသမီး အလောင်းအား တွေ့ရှိ ခဲ့သည့် အတွက် အပိုင်ရဲကင်းမှ ရဲကင်းမှူ း ရဲအုပ် မျိုးကျော်ညွန့်ထံသို့ အကြောင်းကြား ခဲ့ပါတယ်။

တာဝန်ရှိသူများက အလောင်းအား တူးဖော်စစ်ဆေးခဲ့ရာ အလောင်းမှာ ပက်လက် အနေ အထားနဲ ့ကျင်းအနက် (၁)ပေ၊ (၆)လက်မခန် ့အနက်တူးကာ မြုပ်ထားတာကို တူးဖော်တွေ ့ရှိ ခဲ့ပါတယ်။


အဆိုပါ အလောင်းကို မှုခင်းဆရာဝန်ကြီးမှ စစ်ဆေးရာ ဦးခေါင်း ၀ဲဘက်တွင် ပေါက်ပြဲ ဒဏ်ရာ(၁) ချက်၊ ၀မ်းဗိုက်တွင် ကျည်ဝင်ဒဏ်ရာ(၁)ချက်တို့ စစ်ဆေးတွေ့ရှိ ရကြောင်း သိရပါတယ်။

ခေတ္တမြို့နယ်မှူ းနှင့် အဖွဲ့မှ အခင်းဖြစ်နေရာ ၀န်းကျင် အနီး သဲလွန်စများရှာဖွေခဲ့ရာ မသီသီမာ အိပ်သည့် တဲအတွင်းရှိ အိပ်ယာခင်း၊ ခေါင်းအုံး၊ စောင်တို့တွင် သွေးများ ပေကျံနေသည်ကို တွေ့ရှိရပြီး တဲနှင့် ဗူးစင် အကြားမှ ၉ မမကျည်ခွံ(၃)ခုအား တွေ့ရှိရသည့် အတွက် သက်သေများ ရှေ့သိမ်းဆည်း ခဲ့ကြောင်း သိရှိရ ပါတယ်။

ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ အခင်းဖြစ် ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ အဖွဲ့များခွဲပြီး စုံစမ်းခဲ့ရာ ပျောက်ဆုံးနေသည့် စိုင်းအောင်လွင်မှာ စစ်ပြေး(၁)ဦး ဖြစ်ကြောင်း စုံစမ်းသိရှိပြီး ၄င်းမှာ သေနတ်အတို (၁)လက်ကိုင်ဆောင်လေ့ ရှိကြောင်း(၂၀၁၅) ခုနှစ် နှစ်ဆန်းပိုင်းလောက် အချိန်က ယခုခြံသို့ ခြံစောင့်အဖြစ် လုပ်ကိုင် နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ၄င်းနှင့်အတူ သားသမီးများပါ ခေါ်ဆောင် သွားကြောင်း သိရှိခဲ့ရပါတယ်။


ဖြစ်စဉ်အပေါ် မသီသီအေးအား သေနတ်ဖြင့် ပစ်သတ်ကာ အလောင်းအား မြေကြီးအတွင်း မြုပ်ထားခဲ့သူ စိုင်းအောင်လွင်၊ ၃၁နှစ်၊ (ဘ)ဦးထွန်းရီ၊ ထီဖိုးကလုံးကျေးရွာ၊ ဘားအံမြို့နယ်နေသူအား အရေးယူပေးရန် ပထမတွေ့ရှိသူ စောကိုလင်း(ခ) အငယ်ကောင်၊ ၂၄နှစ်၊ (ဘ)ဦးညွန့် နယ်ခြားစောင့်တပ် အမှတ်(၁၀၂၃) မဲဘောင်ကျေးရွာ၊ ဘားအံမြို့နယ်နေသူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ဘားအံမြို့မ ရဲစခန်းမှ(ပ)၂၄/၂၀၁၆၊ ပြစ်မှုပုဒ်မ၃၀၂/၂၀၁ဖြင့် အမှုရေးဖွင့်ခဲ့ပြီး အမှုအား မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သက်စိုးမှ စစ်ဆေးဆောင်ရွက် ခဲ့ပါတယ်။

အမှု စစ်မှ စပ်ဆက်နယ်မြေ ရဲစခန်းများကို တရားခံအား ကူညီစုံစမ်းပေးရန် အကြောင်းကြား ဆောင်ရွက်ခဲ့တာကြောင့် ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်သွားသည့် စိုင်းအောင်လွင်အား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့၊ ရွှေကျင်မြို့မရဲစခန်းမှ ဇန်နဝါရီလ ၂၉ ရက်နေ့ (၁၇၀၀)အချိန်တွင် ရွှေကျင်မြို့နယ်၊ ၀င်းခနိမ်ကျေးရွာနေ မယားညီအကို တော်စပ်သူ ဦးသောင်းဝင်းနေအိမ်မှ ပါရာ အမျိုးအစား ပစ္စတို
သေ(၁)လက်၊ ၄င်းကျည်(၅)တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အမှုစစ်မှ ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေး ဆက်လက် ဆောင်ရွက်လျှက် ရှိကြောင်း ဘားအံ သတင်း (facebook) မှာ ဖော်ပြထားပါတယ်။

By  သစ်ထူးလွင်

No comments:

Post a Comment